House Art

eng btn

Thursday, 18 June 2015 11:19

ဂရိအကျပ်အတည်း စိုးရိမ်သောကများကြောင့် အာရှရှယ်ယာများ ဆက်လက်ကျဆင်း

Written by 

Exchae-1တိုကျိုမြို့တော်ရှိ အီလက်ထရွန်းနစ် စတော့ရှယ်ယာ ဘုတ်ပြားကို တွေ့ရစဉ်။ (ဓာတ်ပုံ - ရိုက်တာ)

သည် စထရိတ်တိုင်းစ် (စင်ကာပူ)။ ။ ဂရိအကျပ်အတည်း ပိုမိုနက်ရှိုင်း သည်းသန်လာမှုကြောင့် စိုးရိမ်ရသည့်အပြင် အမေရိကန် ဗဟိုဘဏ်၏ အစည်းအဝေးမတိုင်မီ သတိထားနေသောကြောင့်လည်း အာရှ ရှယ်ယာများမှာ ဒုတိယမြောက်နေ့ အဖြစ် မတည်မငြိမ် ဖြစ်နေသည်။

ဝေါလမ်းမနှင့် ဥရောပတွင် ရုတ်တရက် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများက တရုတ်ခေါင်းဆောင် သည့် အာရှ ရှယ်ယာ ရောင်းချမှုအတွက် အခြေအနေ အခင်းအကျင်းကို ဖန်တီးပေးခဲ့သည်။

အလုံးအရင်းနှင့် အများပိုင် ရှယ်ယာထုတ်ရောင်းမှုများက ရန်ပုံငွေများကို စုပ်ယူနိုင်တဲ့ အလားအလာအပေါ် စိုးရိမ်နေကြသောကြောင့် ရှန်ဟိုင်း အစုရှယ်ယာ ညွှန်းကိန်းသည် ၃ ဒသမ ၅ ရာခိုင်နှုန်း ထိုးဆင်းသွားခဲ့ပြီး ရှန်ကျန်း အစုရှယ်ယာက ၃ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားသည်။

ဟောင်ကောင် နိုင်ငံရေး တင်းမာမှုများကလည်း ဟန်ဆန်းရှယ်ယာကို ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားစေခဲ့ပြီး ဟန်ဆန်း တရုတ်စီးပွားရေးလုပ်ငန်းများ ညွှန်းကိန်းကိုလည်း ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားစေခဲ့သည်။ စင်ကာပူရှယ်ယာဟာလည်း ၀ ဒသမ ၇၅ ရာခိုင်နှုန်း ကျဆင်းသွား သည်။  

အများပိုင် ရှယ်ယာများအတွက် လျှောက်ထားခြင်းများ မတိုင်မီ ကြီးမားသည့် ငွေဖြစ်လွယ်မှုက ရှိပြီးသား ရှယ်ယာများမှ အကျိုးအမြတ်များကို ကုန်ခမ်းသွားစေမည်ကို ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်လာသောကြောင့် တရုတ်ရှယ်ယာများမှာ ဆက်လက်ကျဆင်းနေခဲ့သည်။ လက်ရှိတွင် အများပိုင် ရှယ်ယာ ရန်ပုံငွေတွေ ပြန်လည် စီးဝင်မလာမချင်း ဇွန်လ ၂၄ ရက်လောက်အထိ တရုတ်ဈေးကွက် သည် ဆက်လက် ကျဆင်းနိုင်သည်ဟု IG ဈေးကွက်ဗျူဟာ ပညာရှင် ဘားနတ်အောက ပြောကြားသည်။

‘‘ရှန်ဟိုင်း အစုရှယ်ယာတွေကို ညွှန်းကိန်းနဲ့ယှဉ်ရင် ပိုမိုမြင့်မားတဲ့ တန်ဖိုးဖြတ်မှုတွေနဲ့ ရောင်းဝယ်နေကြတယ်ဆိုတဲ့ သတင်းတွေလည်း ရှိနေပါတယ်’’ဟု ၎င်းက ထပ်လောင်းပြောကြား ခဲ့သည်။

Read 4639 times

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832