House Art

eng btn

Thursday, 18 June 2015 17:49

ရန်ကုန်တိုင်းရဲတပ်ဖွဲ့နှင့် အီးယူတို့ပူးပေါင်း၍ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ Yangon Region Police Media Team ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၈ ရက် နေ့လည် ၁ နာရီက ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်း ကျင်းပပြုလုပ်နေစဉ်။(ဓာတ်ပုံ သက်ကို)

Thursday, 18 June 2015 17:21

လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၄ ရက် ညနေပိုင်းက နေပြည်တော်ရုပ်ရှင်ရုံတွင်ကျင်းပပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊မဇ္ဈိမ)

Wednesday, 17 June 2015 13:47

ရှေးဟောင်း အဆောက်အဦး တစ်ခုဖြစ်သည့် ယခုလက်ရှိ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်အား (မြို့ပြ အမွေအနှစ် အသိအမှတ်ပြု) အပြာရောင် ကမ္ဗည်းတပ်ဆင်သည်ကို ၂၀၁၅ ခုနှစ် ဇွန်လ ၁၇ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ(ရမည)၊ မဇ္ဈိမ) ယခုလက်ရှိ လယ်ယာဖွံ့ဖြိုးရေးဘဏ် အဆောက်အအုံကို ၁၉၃၀ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး ဂရင်းဒလေဘဏ်၏ ရန်ကုန်ဘဏ်ခွဲအဖြစ် အသုံးပြုခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် အမျိုးသား ပြတိုက်အဖြစ် ပြောင်းလဲအသုံးပြုခဲ့သည်။

Wednesday, 17 June 2015 12:42

2015 K Pop Concent Live in Yangon Show ကို ဇွန်လ ၁၆ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် ကျင်းပပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

Monday, 15 June 2015 22:16

စင်္ကာပူနိုင်ငံတွင် လက်ခံကျင်းပနေသည့် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတွင် မြန်မာ ယူ၂၃ ဘောလုံးအသင်းနှင့် ထိုင်း ယူ၂၃ ဘောလုံးအသင်း တို့ ဂျွန်လ ၁၅ ရက်ညနေပိုင်းက ယှဉ်ပြိုင်ကစားရာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံတွင် LED ဘုတ်ဖြင့် လာရောက်ကြည့်ရှုကြသည့် ပရိသတ်များ အားတွေ့ရစဉ်။ (ဓာတ်ပုံ-သက်ကို)
မြန်မာအသင်းသည် ထိုင်းအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ ဘောလုံးဖလားအား လက်ရှိချန်ပီယံ ထိုင်းအသင်းမှ ဆွတ်ခူးသွားခဲ့သည်။

Monday, 15 June 2015 13:40

တောင်ဥက္ကလာမြို့နယ် ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ အာကစားကွင်း ပြန်လည်ရရှိ ရေးဆန္ဒပြမူနှင့် ပါတ်သက်၍ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး အပါအဝင် အမူဖွင့်ခံထားရသူများက ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းရှိ ၈၈ နှင့် ငြိမ်း/ပွင့် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

Monday, 15 June 2015 13:09

ဖမ်းဆီးခံထားရသော အပြစ်မဲ့ ကျောင်းသား၊ ပြည်သူများကို အမြန်ပြန်လွှတ်ပေးရေးအတွက် မန္တလေးမြို့ ဈေးချို ရှေ့ ၂၇×၈၄ လမ်းထောင့်တွင် မန္တလေးခရိုင် ကျောင်းသားများ သမဂ္ဂမှ ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

Saturday, 13 June 2015 11:20

EXO Travel Myanmar 20th Anniversary အခမ်းအနားကို ဇွန်လ ၁၂ ရက် ည ၈ နာရီကရန်ကုန်မြို့ရှိ Strand Hotel တွင်ကျင်းပပြုလုပ်နေစဉ်၊ဓာတ်ပုံ သက်ကို

Friday, 12 June 2015 15:35

၂၀၁၅ ခုနှစ် ဇွန်လ ၁၂ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ဝေါဗွီးရှင်း (မြန်မာ) တို့မှ ပူးပေါင်းဖွင့်လှစ်သော ရေပြင်ရှာဖွေ ကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ရေးနှင့် ၂/၂၀၁၅ အကြိုအခြေခံ မီးသတ်သင်းတန်းဆင်းပွဲတွင် ကယ်ဆယ်ရေး သရုပ်ပြကွက်များကို ပြုလုပ်ကြစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

Friday, 12 June 2015 07:59

လက်ပံတန်း ကျောင်းသား သပိတ် ထောက်ခံဆန္ဒပြမူဖြင့် နိုင်ငံတော်အကြည်ညိုပျက် စေမူအပါဝင်ပုဒ်မ ၄ ခုဖြင့် အမူရင်ဆိုင်နေရသော ဗကသ ကျောင်းသူ ပိုပိုနှင့် ဝန်းရံပြည်သူ ကိုဝင်း ကျော့မှူးကို ရုံးထုတ် ရမန်ယူပြီး ပြန်ထွက်လာစဉ် ဗကသ ကျောင်းသားများက ပြန်လည်လွတ်မြောက်ရေးအတွက် ဆန္ဒဖော်ထုပ်ခဲ့သည်ကို ဇွန်လ ၁၁ ရက် မွန်းလွဲပိုင်းက ကမာရွတ်မြို့နယ် တရားရုံးတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 65 guests and no members online