House Art

eng btn

ကိုမျိုးသန့်ရေ - အခု ဝါရှင်တန်မှာ သစ်ပင်က အရွက်တွေ အရောင်ပြောင်းနေတယ်။ အနီ၊ အဝါ၊ လိမ္မော်နဲ့ အဲဒီ စပ်ကြားအရောင်တွေ။ သစ်ပင် အကြီးကြီးတွေကနေ ပန်းပင် အကြီးကြီးတွေ အဖြစ် ပြောင်းသွားသလိုမျိုး။ ဝါရှင်တန်မှာနေတဲ့ မြန်မာမိသားစု အသိုင်းအဝိုင်းတွေ ကတော့ ဒီအချိန် သူတို့ဆီမှာ လှတယ်တဲ့။ အဲလို သစ်ပင်က အရွက်တွေ ရောင်စုံနဲ့ လှနေတော့ အခြားပြည်နယ်က လူတွေတောင် တကူးတက လာကြည့်ကြတယ် ဆိုပဲ။ ပြီးရင် သစ်ပင်ကြီးတွေ အားလုံး အရွက်တွေ အကုန်ကြွေပြီး ရိုးတန်ပြိုင်းပြိုင်း ဖြစ်ကုန်ကြသတဲ့။ အဲ သဘာဝ ပါတ်ဝန်းကျင်နဲ့ ပါတ်သက်ပြီး RFA အသံလွှင့်ဌာနကနေ ဆောင်းပါးတွေ ထုတ်လွှင့်နေတဲ့ အမစမ်းစမ်းတင် ကတော့ သစ်ပင်တွေ အစာမချက်နိုင်တော့လို့ ခုလို အရွက်တွေ အရောင်ပြောင်း၊ နောက်ပိုင်း ကြွေကုန်တာတဲ့။ အဲ ကျွန်တော်တော့ လွဲသွားပြန်ပြီ။ အလှအပ ဘာညာ ဆိုတာ ရသစာပေ ကျွမ်းကျင်သူတွေ ရေးကြရမှာ။ ကျွန်တော်ကတော့ သတင်းအချက်အလက်တွေ နိုင်ငံရေး ကိစ္စတွေ၊ ရွေးကောက်ပွဲ ကိစ္စတွေ၊ မီဒီယာ ကိစ္စတွေ ရေးရမှာနော၊ ဆောရီး။

Last modified on Tuesday, 04 November 2014 14:04

ကိုမျိုးသန့်ရေ - ကျွန်တော်အခု အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်ကို ရောက်နေပါတယ်။ မြန်မာနိုင်ငံက အခြား သတင်းသမား ၁၄ ယောက်နဲ့အတူ အမေရိကန်နိုင်ငံရဲ့ Midterm Election (ကြားကာလ ရွေးကောက်ပွဲ) ကိုလေ့လာဖို့ပါ။ ဒီအစီအစဉ်ကို အမေရိကန်နိုင်ငံ ဝါရှင်တန် အခြေစိုက် ICFJ လို့ခေါ်တဲ့ International Center for Journalists က စီစဉ်တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ငွေကြေး အကုန်အကျခံ ပံ့ပိုးတာဖြစ်ပါတယ်။ ဒါဟာ ICFJ ရဲ့ မြန်မာသတင်းသမားတွေကို လုပ်ပေးတဲ့ ပထမ ဦးဆုံး အစီအစဉ် ဖြစ်ပြီး နောက်ပိုင်း ဆက်ပြီး ရှိနိုင်သေးတယ်လို့ ဆိုပါတယ်။

Last modified on Tuesday, 04 November 2014 13:28
(နိဂုံးပိုင်း)
(က)

အောင်ပန်းမြို့ဆိုတာက တောင်ကြီး မြို့နယ်ထဲက မြို့ကလေးတစ်မြို့ဖြစ်ပေမယ့် ရှမ်းပြည်နယ်တစ်ခုလုံးမှာ အာလူးအထွက် ဆုံးနဲ့ အရည်အသွေး အကောင်းဆုံးအာလူးထွက်တဲ့မြို့လည်း ဖြစ်ပါတယ်။ မြို့ကလေး က ငယ်တယ်ဆိုပေမယ့် စီးပွားရေးကောင်း လို့လားတော့ မသိပါဘူး။ ဘဏ်ကိုးခုရှိပါတယ်။ လူဦးရေသုံးသိန်း နီးပါး၊ အိမ်ထောင်စု ၈,၀၀၀ ကျော်၊ အိမ်ခြေ ၆,၀၀၀ နီးပါး ရှိပါတယ်။

Last modified on Friday, 17 October 2014 22:06
(က)

၂၀၁၄ ခု၊ အောက်တိုဘာလ ၄ ရက်၊ စနေနေ့။ကားပေါ်က ဆင်းလိုက်တယ်ဆိုရင်ပဲ မြင်ကွင်းတွေက ဆန်းသစ်လွန်းနေတယ်။ လမ်းဘေးနှစ်ဖက်မှာ အရောင်တောက်တောက် ခေါင်းပေါင်းနီနီ၊ ဝတ်စုံအနက် ဝတ်ထားတဲ့ ဓနုတိုင်းရင်းသူ ဈေးသည်တွေက ကျွန်တော့်စိတ်ကို ဆွဲဆောင်ညှို့ယူလိုက်ပါတယ်။ ငါးရက် မှတစ်ခါဖွင့်တဲ့ အပေါ်ဈေးလို့ခေါ်တဲ့ ဈေးလမ်းထဲဝင်လိုက်ပြီ၊ ဈေး လမ်းထဲ ရောက်သွားပြီဆိုပေမယ့်လည်း လူအုပ်ထဲတိုးဝင်လာတဲ့သုံးဘီးနဲ့ မြင်းလှည်း တွေကို မနည်းကြည့်ရှောင်ရပါသေးတယ်။

Last modified on Friday, 17 October 2014 22:34
(က)
၂၀၁၄ ခု၊ အောက်တိုဘာလ ၆ ရက်၊ တနင်္လာနေ့။

တောင်အောက်ခြေက “အောင်ပန်းမြို့” ကလေးဆီ လက်ညှိုးညွှန်ပြီး ရပ်တော်မူနေ တဲ့ ဘုရားရုပ်တုကြီးအောက်မှာ ခေတ္တခဏတွေပြီး ရပ်နေမိတယ်။ တောင်ရဲ့ အောက်ဘက်မှာ အောင်ပန်းမြို့ကလေးကို တစ်မြို့ လုံးနီးပါး လှမ်းမြင်နေရတယ်။ လှပကျယ် ပြန့်သစ် လွင်တဲ့ မြို့ကလေးတစ်မြို့ကို အပေါ် ဆီးက လှမ်းမြင်လိုက်ရတာမို့ ကျွန်တော့်မှာ တော်တော်လေးကို အံ့သြမှင်တက် ဖြစ်သွား ရပါတယ်။ သွပ်မိုးဖြူဖြူ အိမ်ကလေးတွေ၊ လမ်းကလေးတွေ၊ အနီရောင် အဆောက် အအုံတချို့ကို မြင်နေရတယ်။ မြို့ကလေးရဲ့ ဟိုဘက်ထိပ် လွယ်မယ်တောင်ပေါ်ကို ကွေ့ကောက်ကာ လိမ်ပြီးတက်သွားနေတဲ့ လမ်းကလေးတစ်ခုကိုလည်း မြင်ရတယ်။ ဒီလမ်းကလေးက
အောင်ပန်းမြို့ အောက်ဈေးလို့ခေါ်တဲ့ ကုန်စည်လက်ကားဒိုင်များ ရှိရာ ဈေးထိပ်က ထွက်လာတဲ့လမ်းကလေး ဖြစ်မယ်လို့ ထင်ရပါတယ်။

Last modified on Friday, 17 October 2014 22:29

ချမ်းအေးတဲ့ရာသီမှာ ရှမ်းပြည်နယ် ခရီးစဉ်ကို သွားရမယ်ဆိုတော့ စိတ်ကူး အိပ်မက်တွေနဲ့ ကျွန်မ ပျော် ရွှင်ပေါ့ပါး နေခဲ့ရပါတယ်။ ဒီခရီးစဉ်အတွင်း ချယ်ရီကိုလည်း မြင်ဖူးချင်၊ အလုပ်ကိစ္စလည်း ပါတာကြောင့် အလုပ်တွေလည်း လွတ်မသွားစေချင်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတိပြန်ပေးရတဲ့အထိ ဖြစ်ရပါသေး တယ်။

ဟံလင်း ပျူမြို့တော်ဟောင်းကြီး၏ ကောင်းကင်ထက်တွင်မူ နေမင်းက သူ၏အစွမ်းကို ပို၍ပြလာချေပြီ။ ဆောင်း နှောင်းရာသီ ဖြစ်သောကြောင့်သာ အပူ ဒဏ်ခံရမှု နည်းနည်းသက်သာပါ၏။ သို့သော် အရိပ်မရှိ သော လွင်တီးခေါင်ထဲတွင် ခန္ဓာကိုယ်မှချွေးများ ထွက်လာစေသည်။

ဟံလင်း ပျူမြို့တော်ဟောင်းကြီး၏ ကောင်းကင်ထက်တွင် နေမင်းက နေရာယူနေပေပြီ။ မြောက်ပြန်လေ လက်ကျန်လေးသည် ဟံလင်းပျူမြို့တော်ဟောင်းဆီသို့ ခပ်ညှင်းညှင်း ဖြတ်သန်းတိုက်ခတ် နေသေးသဖြင့် မွန်းတည့်ချိန် ရောက်သည့်တိုင် အပူဓာတ်သိပ်မပြင်းထန်လှသေးပေ။ အိုးခြမ်းပဲ့ စာရေးဟောင်း ဦးညိုကြီး ၏ ၀ါးကယ်မိုးထရံကာအိမ်သို့ ရောက်လာကြသည်။ အိမ်ရှေ့“၀ဲတဲ” ထဲရှိ တန်းလျားရှည်ကြီး တစ်ခုပေါ် အားပါးတရ ထိုင်ချအနားယူလိုက်မိသည်။ ကြုံတုန်းကြွားရပေဦးမည်။ မြို့ကြီးပြကြီးရှိ တိုက်ကြီးများပေါ်မှ ဆိုဖာကြီးများလို မအိစက်မညက်ညောသလို ထိုင်သည်မှာ ကြာသည်နှင့်အမျှ တင်ပါးများပူပူလာပြီ။ ချွေး စို့ ပူအိုက်ခြင်းမျိုးလည်းမရှိ။ ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ၀ါးကြမ်းခင်းပြားများကြားက လေးအေးအေး လေးများက တင်ပါးကိုအေးမြမြအရသာ ပေးနေကြသည်။ ကြမ်းပြားဇောင်းများကလည်း တင်ပါးကို မိမိဖိ အားနှင့် မိမိကိုနှိပ်နယ်ပေးသည့်နှယ်။ ကျောမှီလိုက်ပါကလည်း ကျောပြင်ကို သစ်သားပြားဇောင်း များက ကြိတ်၍ နှိပ်နေဘိသကဲ့သို့။ လေနု အေးကလည်း ကျောပြင်တစ်ခုလုံးကို အေးမြသွားစေ၏။ ညောင်းညာ သဖြင့် လဲလျောင်းလိုက်မိသည်။ ထိုအခါ “အုန်းထား” ခေါ် “တန်းလျားလက်ရန်း” က မိမိ၏ ဂုတ်ပိုးကို နှိပ်ပေးနေပြန်၏။

ဟံလင်းပျူမြို့တော်ဟောင်းကြီး၏ ကောင်းကင်ထက်တွင် နေမင်းကနေရာယူနေပေပြီ။ မြောက်ပြန်လေ လက်ကျန်လေးသည် ဟံလင်းပျူမြို့တော်ဟောင်းဆီသို့ ခပ်ညှင်းညှင်းဖြတ်သန်း တိုက်ခတ်နေသေး သဖြင့်မွန်းတည့်ချိန် ရောက်သည့်တိုင် အပူဓာတ်သိပ်မပြင်းထန် လှသေးပေ။ အိုးခြမ်းပဲ့ စာရေးဟောင်း ဦးညိုကြီး၏ ၀ါးကပ်မိုးထရံကာအိမ်သို့ ရောက်လာကြသည်။ အိမ်ရှေ့ - “၀ဲတဲ” ထဲရှိတန်းလျားရှည်ကြီး တစ်ခုပေါ် အားပါးတရထိုင်ချအနားယူလိုက်မိသည်။ ကြုံတုန်း ကြွားရပေဦးမည်။ မြို့ကြီးပြကြီးရှိ တိုက် ကြီးများပေါ်မှ ဆိုဖာကြီးများလို မအိစက်မညက်ညောသလို ထိုင်သည်မှာကြာသည်နှင့်အမျှ တင်ပါးများ ပူပူလာပြီး ချွေးစို့ပူအိုက်ခြင်းမျိုးလည်း မရှိ။ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ၀ါးကြမ်း ခင်းပြားများကြား က လေးအေးအေးလေးများက တင်ပါးကို အေးမြမြအရသာ ပေးနေကြသည်။ ကြမ်းပြားဇောင်းများက လည်းတင်ပါးကို မိမိဖိအားနှင့်မိမိကို နှိပ်နှယ်ပေးသည့် နှယ်။ ကျောမှီလိုက်ပါကလည်း ကျောပြင်ကိုသစ် သားပြားဇောင်းများက ကြိတ်၍ နှိပ်နေဘိသကဲ့သို့။ လေနုအေးကလည်း ကျောပြင်တစ်ခုလုံးကို အေးမြ သွားစေ၏။ ညောင်းညာသဖြင့် လဲလျောင်းလိုက်မိသည်။ ထိုအခါ “အုန်းတား” ခေါ် - “တန်းလျားလက်ရန်း” က မိမိ၏ဂုတ်ပိုးကို နှိပ်ပေးနေပြန်၏။

“နမ္မဒါမြစ်(မန်းချောင်း)”ကူးတံတားပေါ် ကားဖြတ်ကူးတော့ ကျွန်တော်ကကားဆရာကို ခပ်ဖြည်းဖြည်း မောင်းပေး ပါရန် တောင်းပန်စကား ပြောမိသွားသည် ...
Last modified on Tuesday, 15 October 2013 09:10

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832