House Art

eng btn

အထူးသတင်းများ:
 
 
Saturday, 19 July 2014 16:31

မော်ကွန်းချီပြီအနှိုင်းမဲ့ အာဇာနည်

Written by  လသာဖြိုးအောင်

မြန်မာဆိုတဲ့ ဝေါဟာရတစ်ခုဖြစ်ဖို့ 
ကမ္ဘာမြေပုံပေါ်မှာထင်ရှားဖြစ်ဖို့ 
ကိုယ့်အမျိုး၊ ကိုယ့်ဇာတိ၊ ကိုယ့်မြေ၊ ကိုယ့်ရေ
တို့ တစ်တွေပိုင်ဆိုင်တဲ့ အကြောင်းလေ.....
ညီတူထပ်မျှ ဆန္ဒတူညီစေဖို့ 
ညီရင်းအစ်ကိုပြည်နယ်ပြည်မ
ခွဲခြားမခံနှလုံးသားခြင်းထပ်ဖို့ 
တို့ ရဲ့ မြန်မာပြည်မှာပေါ့ ...။

လူငယ်လေးတစ်ဦးပါ........
ဆန္ဒနဲ့ ဘဝအားလုံး ထပ်တူကျစေခဲ့တယ်
လွတ်လပ်ရေးခေါင်းစဉ်တစ်ခုထဲသာ
ဝင်သက်ထွက်သက်တိုင်းမှတ်ယူခဲ့
အရှေ့ ကလာတဲ့ ဂျပန်ဖက်ဆစ်ရိုင်းဒဏ်
အနောက်က နေမဝင်အင်ပါယာရှင်တွေဒဏ်
တွန်းလှန်အားတစ်ခုသူသိခဲ့တယ်
ဒါဟာ....ညီညွတ်မှုပဲ

ဘဝကိုချခင်းလို့ ......
လက်တွဲပြီးကြိုးစားခဲ့တယ်
စစ်ပညာရဖို့ ဂျပန်မှာပါးရင်းခဲ့တယ်
အယောက်သုံးဆယ်ရဲ့ အရှေ့ကျွန်းခရီး

အသားနာဒဏ်ထက်.............
အမျိုးမနာရအောင်ထားတဲ့ စေတနာ

အသက်သေမှာထက်............
လူမျိုးနဲ့ တိုင်းပြည်ဆက်ရှင်သန်ဖို့ ပေါ့ ။
နှစ်ပေါင်းတစ်ရာကျော်ဦးချိုးခံ
ခဲ့ရတဲ့

ဇာတိသွေး၊ ဇာတိမာန်တွေကို
နှလုံး၊လက်ရုံးနဲ့ မောင်းတီးနိုးထစေခဲ့
သူ့ ဦးဆောင်မှုနောက်မှာ
သန်း++ဆယ်ကျော် လန့် နိုးစေခဲ့တယ်
သူ့ အမိန့် အောက်မှာ...
သန်း++ဆယ်ကျော်ဆန္ဒတွေထပ်တူကျစေတယ်
သူ့ စကားသံတွေအောက်မှာ
သန်း++ဆယ်ကျော်စိတ်တွေစစ်ချီစေခဲ့တယ်
ကမ္ဘာကိုသိမ်းတဲ့ နေမဝင်အင်ပါယာရှင်တွေ
သူများနယ်ကျော်တဲ့ ဖက်ဆစ်ရိုင်းတွေ

အဲဒီသတ္တိရှင်တွေဟာ............
ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး
ကိုယ်ပိုင်လွတ်လပ်ဖို့ ရဲတဲ့သွေးလောက်
ဘယ်သူပြိုင်ရဲခဲ့လို့ လဲ
သူ့ ဖွဲ့ စည်းမှုအောက်မှာ
ပေါက်တူးကိုင်တဲ့လက်တွေပါတယ်
လွှကိုင်တူကိုင်တဲ့ လက်တွေပါတယ်
သပိတ်လွယ်ဆွမ်းခံတဲ့ လက်တွေပါတယ်
ကလောင်ကိုင်တဲ့ အနုပညာလက်တွေပါတယ်
ဘွဲ့ ဝတ်စုံကိုစစ်ဝတ်စုံနဲ့ လဲခဲ့ သူပါတယ်
ထမ်းပိုးပစ်ချသေနတ်ကိုင်တဲ့ သူပါတယ်
လက်ဖက်တောထဲကစော်ပွားတွေပါတယ်
နှင်းတောင်ပေါ်က...ဒူးဝါးတွေပါတယ်
ဖားစည်တီးတဲ့ .....ဖရိုတွေပါတယ်
ပင်လယ်ပျော်တဲ့...ကိုရှည်တို့ ပါတယ်
သမိုင်းရှိတဲ့ တိုင်းရင်းသားတွေအကုန်ပါခဲ့တယ်
ကမ္ဘာပတ်သိမ်းသူတွေသွေးမရဲတော့ 
ကာမီကာဆေလုပ်ရဲတဲ့ ငပုတွေပြေးပေါ့ 
ထွေလီကာရီ...မလှည့် ပတ်နဲ့ 
အရှင်းလွတ်လပ်မှုနဲ့ လွတ်လပ်ရေးပဲပေးတဲ့
ရင်ဆိုင်ရဲစွာ....သူတို့ မြေသွားခဲ့ 
ခိုင်မာပြတ်သားစွာချုပ်ဆိုခဲ့ တဲ့ စာချုပ်တွေ
တို့ အမျိုးဆွေလွတ်လပ်ဖို့ ပေါ့
ဘဝမှာကျောင်းသားလေးကနေ
တော်လှန်ရေးကိုဦးစီးခဲ့သူ
အရပ်ပုပု...စကားပြောပြတ်တဲ့
အာရွှင်ရင်မနားတမ်းပြောတတ်သူ
အချိုကြိက်တဲ့ အညာသားလေး
လူငယ်လေးတစ်ဦးပါ............

သိင်္ဂါရရဲ့ အရသာဆိုတာသူ့ ဘဝမှာ
ငှက်ဖျားမိမှတွေ့ ခဲ့ ရတာပါ
ဆေးရုံတက်ရတဲ့ ကာလ...ဘဝမှာအပျော်ဆုံးတဲ့ လေ
သူချစ်ရတဲ့ သူနာပြုဆရာမလေးကြောင့်ပေါ့ 
မိန်းမပိုးဖို့ မတတ်တဲ့ သူ
လူငှားနဲ့ ပိုးရတဲ့ ဘဝ

သြော်......................
ငွေသော်တာရောင်ခြည်....."အကြည်"လေးအတွက်ပေါ့ 
ယူနီဖောင်းသုံးစုံနဲ့ ...ဗိုလ်လုပ်တဲ့သူ
အိမ်မှာနေစွပ်ကျယ်နဲ့ စိုက်ခင်းဝင်သူ
ပကာသနဆိုတာသူမသိ
ရာထူးဂုဏ်သိမ်မမက်မောသူ
အစိုးရပေးတဲ့ ကားပျက်တဲ့နေ့ 
ကန်တော်ကြီးအိမ်ကနေဝန်ကြီးများရုံးထိ
တပည့် ကိုခေါ်လမ်းလျှောက်ရုံးတက်တဲ့ 
တို့ တွေရဲ့ ဝန်ကြီးချုပ်ပေါ့ ။

အရပ်...ခပ်ပုပု...အသားညိုညိုနဲ့ 
အညာသားလေးတစ်ယောက်ရှေ့ မှာ
ဖက်ဆစ်ဂျပန်လဲလက်မြောက်ခဲ့ 
အင်ပါယာရှင်ကြီးတွေလဲဒူးထောက်ခဲ့ 
အားလုံးသေချာတဲ့ နေခြည်သန်းမှ
အသားထဲကလောက်ထွက်....."တောက်"
အာဏာခွေးရူးတစ်စုအကိုက်ခံရ
လက်တွဲဖော်တစ်စုနဲ့ အသက်စွန့် ခဲ့ရ
ဂျူလိုင်မိုးလားမျက်ရည်မိုးလား..ပြည်လုံးသည်းခဲ့
မြန်မာ့အလံတရားဝင်ထောင်ခွင့်
မြန်မာ့အလင်းရောင်မနက်ခင်း
သူမရှိတော့ဘူးလေ။
မြန်မာပြည်ကိုမြန်မာစအုပ်ချုပ်ချိန်မှာ
အခမ်းအနားဘယ်လောက်ခမ်းနားပေမယ့် 
သူမရှိတော့ ဘူးလေ။
မြန်မာပြည်မြေပုံဆိုတာ
ကမ္ဘာ့ မြေပုံမှာပိုင်ဆိုင်ဖို့ 
အာဇာနည်တွေရဲ့ အလောင်းတွေထပ်ခင်းခဲ့ ရ
အာဇာနည်တွေရဲ့ သွေးနဲ့ နယ်နိမိတ်စည်းဆွဲခဲ့ ။

ဒါ...........မြန့် မာ့သွေး
မြန်မာ့သား
မြန်မာ့အား
မြန်မာ့ဓါး.............။
မြန်မာပြည်သူတိုင်းအတွက်
ခုချိန်မှာသူဟာ....ဖခင်...
ခုချိန်မှာသူဟာ....အဖိုး...
ဒါကိုတော့ ....လက်ခံဖို့ လိုတာပေါ့ ။
ဒီအဖေ....ဒီအဖိုး....ငါတို့ အဖေအဖိုးပါ။

သူသာရှိရင်..............
အာရှရဲ့ ပထမဆုံးကျားဟာ
ဒို့ မြန်မာဆိုတာသေချာမှာပါ။
သူသာရှိရင်..............
အာရှတစ်လွှားကကျောင်းသားတွေ
ရန်ကုန်တက္ကသိုလ်တက်ရဖို့ လာတန်းစီနေမှာ
သူသာရှိရင်..............
မြန်မာ့ လေယာဉ်တင်သင်္ဘောဆိုတာ
တရုတ်ထက်ဦးအောင်ပိုင်ခဲ့နိုင်မှာ။
သူသာရှိရင်..............
အိုဘားမားလိုသမ္မတတွေ...တစ်နှစ်တစ်ခါ
သီတင်းကျွတ်တိုင်းလာကန်တော့နေမှာ။
သူသာရှိရင်..............
ပြည်တွင်းစစ်ဆိုတာယုံတမ်းစကား
ပုံပြင်တစ်ပုဒ်လေလားမေးယူရမှာ။
သူသာရှိရင်..............
ပေါက်တူးကိုင်တဲ့ လက်တွေကစပါးထွက်နှုန်း
ကွန်ပြူတာနဲ့ ထိုင်တွက်နေရမှာ
သူသာရှိရင်..........
လပေါ်မှာ...မြန်မာ့အလံ...စိုက်လို့ 
ကိုယ်ပိုင်ဂြိုလ်တုနဲ့ ဆက်သွယ်ရေးကောင်းနေမှာ
သူသာရှိရင်..............
ကမ္ဘာ့ အိုလံပစ်အားကစားပွဲ
မြန်မာအိမ်ရှင်အဖြစ်ကျင်းပရမှာ
လူငယ်လေးတစ်ဦးပါ...........
မြန်မာပြည်ရဲ့ လူငယ်လေးတစ်ဦးပါ...

ဒို့ မြန်မာပြည်ရဲ  လူငယ်လေးတစ်ဦးလေ
 ကမ္ဘာ့ အလယ်မှာ.....သမိုင်းချီစွာပေါ့ 
မော်ကွန်းချီပြီအနှိုင်းမဲ့ အာဇာနည်......။ ။

**********************************

(၆၇)နှစ်မြောက်အာဇာနည်နေ့ကို ယခုကဗျာဖြင့် ဂုဏ်ပြုပါ၏။

ကျဆုံးနေပြီးသောဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်စစ်စစ်များအားထာဝရ ဦးညွှတ်အလေးပြုပါသည်။

လသာဖြိုးအောင်

Read 2973 times

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 161 guests and no members online