၂၀၁၃၊ ဒီဇင်ဘာ ၅ ရက်မှာ ကွယ်လွန်အနိစ္စရောက်သွားတဲ့ နယ်လ်ဆင်မင် ဒဲလားဟာ အကျဉ်းထောင် ထဲမှာ ၂၇ နှစ် ကြာနေရချိန်၊ ရော်ဘင်ကျွန်းမှာ ကျောက်ထုနေရချိန်၊ ဘ၀တစ်လျှောက်လုံး ရန်သူနဲ့ ရင် ဆိုင် ယှဉ်ပြိုင်ရချိန်တွေမှာ သူ့ရဲ့ စိတ်ဓာတ်အင်အားတွေကို အင်္ဂလိပ်ကဗျာဆရာကြီး ၀ီလျံအားနက်စ် ဟင်လေရဲ့ “အနိုင်မခံ” ကဗျာကနေ ရယူခဲ့တယ်လို့ မကြာခဏ ပြောလေ့ရှိပါတယ်။ ဒီကဗျာကို သူ အလွန် နှစ်သက်သလို တခြားသူတွေကိုလည်း ဝေမျှပြီး ကဗျာထဲကအတိုင်း ကျင့်သုံးဖို့ တိုက်တွန်းတတ် ပါတယ်။