House Art

eng btn

အထူးသတင်းများ:
 
 

“ပန့်ခ်” လိုဆိုလိုက်တာနဲ့ မြန်မာနိုင်ငံမှာ ကလေး၊လူကြီးအားလုံး မျက်စိထဲတန်းမြင်တာက ဆံပင်ထိုးထိုးထောင်ထောင်နဲ့ လမ်းသရဲပုံစံ လူငယ်တွေကိုပါ။ ဒီလူငယ်တွေကို ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ အင်္ကျီ၊ ဘောင်းဘီအကျပ်တွေ ဆွဲကြိုး၊ နားကွင်း၊ လက်ကောက်တွေ၊ တံတောင်လောက်ရှိတဲ့  ဆံပင်ထိုးထိုးထောင်ထောင် ဖက်ရှင်တွေနဲ့ လမ်းသလားနေတာ မြင်လိုက်ရင် လူအများစုက မနှစ်သက်တတ်ကြပါဘူး။ ဒါပေမယ့် သူတို့တွေဟာ လူငယ်တွေပါ။

ကေဇူး၊ ဟိန်းကိုစိုး စုစည်းသည်။

၂၀၁၅ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားထားပြီးဖြစ်ရာ လက်ရှိအချိန်မှာ ပြည်တွင်းတွင် ရွေးကောက်ပွဲအတွက် စိတ်ဝင်စားမှု မြင့်တက် နေချိန်ဖြစ်ရာ မဇ္ဈိမက ပဲခူးတိုင်းအတွင်းရှိ လူငယ်များနှင့် တွေ့ဆုံပြီး ၎င်းတို့၏ ရွေးကောက်ပွဲနှင့်  ပတ်သက်သည့် အမြင်များကို စုစည်း တင်ပြပေးထားခြင်း ဖြစ်သည်။

Friday, 12 June 2015 12:42

၂၀၀၈ လောဂျစ်

ဇွန်လ(၁) ရက်နေ့မှစပြီး (တစ်ဆင့်ပြီး တစ်ဆင့်) လွှတ်တော်အသီးသီးမှာ မီဒီယာသမားတွေကို ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော် နာယက သူရ ဦးရွှေမန်းက “ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၉ ရက်မြောက်နေ့ ၃၁.၃.၁၅ ရက်မှာ လွှတ်တော်အတွင်း စက်ခလုတ် အသုံးပြုပြီး မဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက မဲခွဲချိန်မှာ ရှိမနေဘဲ အနီးအနားက လွှတ်တော်ကိုယ်စားလှယ်အတွက်ပါ မဲပေးနေတဲ့ သတင်းဓာတ်ပုံ များကို ဖော်ပြခဲ့ပါတယ်။ ဒီလိုဖော်ပြချက်အရ လွှတ်တော်အနေနဲ့ သိရှိပြီး ဒီလိုဆောင်ရွက်ခဲ့တဲ့ ကာယကံရှင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနဲ့ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့ ခေါင်းဆောင်များကို ပြည်ထောင်စုလွှတ်တော် နာယက ကိုယ်စား ဒုတိယ နာယက က ခေါ်ယူတွေ့ဆုံပြီး သတိပေးရှင်းလင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်” လို့ ကန့်သတ်မှုရဲ့ အခြေခံအကြောင်း ဖြစ်ပျက်ခဲ့ပုံကို ဦးစွာ ပြောပါတယ်။

သိပ်မကြာသေးခင်က ဘီဘီစီ ရေဒီယိုရဲ့ သတင်းတစ်ပုဒ်ကို မောင်မှန် နားထောင်မိတယ်။ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ (လွှတ်တော် ကိုယ်စားလှယ် မဟုတ်ဘဲ) NLD ပါတီ စီအီးစီတွေ တွေ့ဆုံကြတဲ့ သတင်းပါ။ သတင်းကြေညာအပြီးမှာ သတင်းကြေညာသူက တွေ့ဆုံပွဲ မှာပြောတဲ့ ဒေါ်စုရဲ့ စကားတွေကို ထောက်ရှုပြီး ၂၀၀၈ ဖွဲ့စည်းပုံ မပြင်လည်း ရွေးကောက်ပွဲဝင်မယ့် သဘောမှာ ရှိတယ်လို့ မှတ်ချက် ပြုသွားခဲ့ပါတယ်။

ပုသိမ် (မဇ္ဈိမ)။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (န.အ.ဖ) အစိုးရလက်ထက်က အစပြုပြီး အသက်ဝင်လာခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျင့်သုံးလာခဲ့သည်မှာ ၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက်တွင် သက်တမ်းအားဖြင့် (၇) နှစ်တိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။

သတင်းစာထဲတွင် ဧည့်စာရင်းဖြင့် ရက်ပေါင်း ၁၈၀ နေထိုင်ခဲ့ပြီးပါက ရွေးကောက်ပွဲတွင် ဆန္ဒမဲ ထည့်ဝင်ခွင့်ရှိ၍ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပုံစံဖြည့်စွက် လျှောက်ထားနိုင်ကြောင်း ဖတ်လိုက်ရသည်။ ထိုသတင်းကို ဖတ်ပြီး မအေးဘုံ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားမိသည်။ ရွေးကောက်ပွဲတွင် မဲထည့်ချင်သော မအေးဘုံ ဆန္ဒပြည့်ဝလေပြီ။ အိမ်ငှားဘဝနှင့် နေရသူမို့ အငှားစာချုပ်တိုင်း အိမ်လခတွေ ထပ်တိုးတောင်းကြသည်တွင် အဆင်မပြေသည့်အတွက် တစ်ရပ်ကွက်လျှင် ၆ လ နေပြီး မကြာခဏ ပြောင်းနေရသည့် သူဖြစ်တော့ မဲထည့်ခွင့်ရဖို့က မလွယ်သည့် ဘဝ။

ကိုရီးယား ချေးငွေ ဒေါ်လာ ၁၃၇ သန်းနဲ့ ရန်ကုန်မြို့တော်နဲ့ ဒလမြို့အကြား မြန်မာ- ကိုရီးယား ချစ်ကြည်ရေး တံတားဆောက်ဖို့
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြလာပါတယ်။

Last modified on Wednesday, 27 May 2015 11:35

စကိတ်စီး အားကစားနည်းဟာ မြန်မာလူငယ်တွေနဲ့ ရင်းနှီးတဲ့ အားကစားတစ်ခု မဟုတ်ပေမယ့် နောက်ပိုင်းနှစ်တွေမှာ လူငယ်တွေအကြား ကျယ်ပြန့်လာပြီး ရင်းနှီးမှု ရှိလာပါတယ်။ ရန်ကုန်မြို့၊ လှည်းတန်းဂုံးကျော် တံတားအောက်မှာဆိုရင် စကိတ်စီး ကစားနေတဲ့ လူငယ်တွေကို နေ့စဉ် မြင်တွေ့နေရပါတယ်။  မြန်မာလူငယ်တွေ စကိတ် အားကစားနည်းကို အင်တာနက်၊ ဗီဒီယိုတွေက တစ်ဆင့် သိရှိနားလည်လာပြီး အတုခိုးကစားလာတာ အခုဆိုရင် အဖွဲ့အစည်းတွေ၊ ပြိုင်ပွဲတွေနဲ့ စနစ်တကျ ကစားလာနိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ။ လမ်းပေါ်မှာ ကစားခဲ့ရတဲ့ ကစားနည်းကနေ စည်းမျဉ်းတွေနဲ့ ပုံစံတကျကစားနိုင်ဖို့ မြန်မာနိုင်ငံက စကိတ်ဝါသနာရှင် လူငယ်တွေကို ဗဟုသုတတွေ ဖြန့်ဝေပေးနေသလို အနာဂတ်မှာ စကိတ်အားကစားနည်းအနေနဲ့ အဖွဲ့ချုပ်တည်ထောင်ပြီး နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ ဝင်ပြိုင်နိုင်ဖို့ လူငယ်တစ်စုဟာ ကြိုးစားနေကြပါတယ်။

ထက်ထက်အောင်  စုစည်းသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာတဲ့ အချိန်မှာ ဝင်ရောက် ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်း အမျိုးသမီးတွေကလည်း မိမိတို့သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပြီဖြစ်သလို ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလက ရွေးချယ်ခံ ကိုယ်စားလှယ်တွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတွေကလည်း မိမိတို့ရဲ့ တာဝန်တွေ အသီးသီးထမ်းဆောင်
လာခဲ့ကြတာဟာ အခုဆိုရင် လွှတ်တော် သက်တမ်းရဲ့ ၉၀ ရာခိုင်နှုန်းကို ကျော်လာခဲ့ပါပြီ။ ဒီလိုဖြတ်သန်းလာခဲ့တဲ့ ကာလမှာ သူတို့ ဘယ်လိုဖြတ်သန်းခဲ့သလဲ၊ လာမယ့် ရွေးကောက်ပွဲမှာရော ဘာတွေမျှော်မှန်း ထားကြလဲဆိုတာကို ပြောထားတဲ့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်အချို့ရဲ့ အသံတွေကို ဒီကဏ္ဍကနေ စုစည်းတင်ဆက်လိုက်ပါတယ်။

Last modified on Monday, 25 May 2015 10:20

မြန်မာနိုင်ငံမှာ ဘောလုံး အားကစားပြီးရင် အရူးအမူးအားပေးကြတဲ့ နောက်ထပ်အားကစားနည်းကတော့ မြန်မာ့ရိုးရာ လက်ဝှေ့
ကစားနည်းပါ။ မြန်မာ့ရိုးရာ လက်ဝှေ့ အားကစားနည်းကို မြန်မာလူမျိုးတိုင်း နှစ်သက်အားပေးလေ့ရှိပြီး ရိုးရာလက်ဝှေ့
ကစားသမားတွေကိုလည်း ချစ်ခင်အားပေးတတ် ကြပါတယ်။ မြန်မာ့ရိုးရာ လက်ဝှေ့ ကစားနည်းဟာ မြန်မာရိုးရာ ကစားနည်း စစ်စစ်ဖြစ်ပြီး ကမ္ဘာက မြန်မာကို သိစေတဲ့ အားကစားနည်းပြောနိုင်ပါတယ်။ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်လောက်က စပြီး မြန်မာ့ရိုးရာ လက်ဝှေ့ဖိတ်ခေါ် ပြိုင်ပွဲတွေကို ပြည်ပနိုင်ငံသားတွေ လာရောက်ယှဉ်ပြိုင်ကြသလို ပြည်ပနိုင်ငံတွေမှာ ကျင်းပပြုလုပ်တဲ့ ရိုးရာလက်ဝှေ့ ဖိတ်ခေါ်ပြိုင်ပွဲတွေကိုလည်း မြန်မာ့လက်ဝှေ့သမားတွေ သွားရောက်ယှဉ်ပြိုင့်ခဲ့ကြပါတယ်။

Last modified on Monday, 18 May 2015 12:11

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 71 guests and no members online