House Art

eng btn

အထူးသတင်းများ:
 
 

အခုတလော ကျောင်းသားများရဲ့ ဒီမိုကရေစီပညာရေး တောင်းဆိုလှုပ်ရှားမှုများအပေါ် အဘက်ဘက်က တုန့်ပြန်ပြောဆို ဝေဖန်မှုများ ဒလစပ် ကြားလာနေရပါသည်။ ကောင်းသည့် ဝေဖန်မှုများရှိသလို မကောင်းသည့် ဝေဖန်မှုများလည်း ရှိပါသည်။ ဒါကတော့ တရားသဘောအရကြည့်လျင် သဘာဝလည်းကျပါသည်။ တကယ် လည်း ဝေဖန်ဆန်းစစ်ကြရမည်လည်း ဖြစ်ပါသည်။ မည်သည့်အတွက်ကြောင့်ဟူမူ တိုင်းပြည်ပညာရေးအတွက် ဖြစ်သည်မဟုတ်ပါလား။

ချစ်ခင်လေးစားရပါသော မိတ်ဆွေများနဲ့ စာဖတ်သူများ ခင်ဗျား။

ဒီစာကို ကျွန်တော်ရန်ကုန်မြို့ ပုဇွန်တောင်လမ်းမှာ ရှိတဲ့ မဇ္ဈိမရုံးချုပ်သစ်ကနေ ရေးလိုက်တာပါ။ မဇ္ဈိမ သတင်းဌာနဟာ ပုဇွန်တောင် ရုံးခန်း နေရာသစ်ကို ပြောင်းရွှေ့ခါစဖြစ်ပြီး၊ ပြောင်းလဲ သစ်လွင်နေတဲ့ မြန်မာနိုင်ငံရဲ့ မီဒီယာ ခေတ်သစ်အတွက် ရှေ့ဆောင်လမ်းပြ အနေနဲ့ မဇ္ဈိမရဲ့ မြန်မာဘာသာ နေ့စဉ် သတင်းစာကို ပုံနှိပ်သတင်းစာ အသွင်ကနေ ဒစ်ဂျစ်တယ်၊ အွန်လိုင်း၊ ရုပ်သံ၊ ပုံနှိပ်ပေါင်းစပ်ထားတဲ့ မာလ်တီမီဒီယာကို မတ်လ ၁ ရက်ကနေ စတင်ပြောင်းလဲတော့မှာမို့ အခုကာလဟာ မဇ္ဈိမအတွက် စိတ်လှုပ်ရှားစရာ ကောင်းလှတဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။

Last modified on Sunday, 01 March 2015 11:18

၂၀၁၃ မေလမှ စတင်ထွက်ရှိခဲ့သည့် မဇ္ဈိမသတင်းစာသည် လွတ်လပ်ပြီး အမှီအခိုကင်းသည့် တည်တည်တံ့တံ သတင်းစာတစ်စောင်အဖြစ် ရပ်တည်ခဲ့သည်မှာ နှစ်နှစ်တာ ကာလအတွင်းသို့ ရောက်ရှိခဲ့သည်။ နှစ်နှစ်တာ ကာလအတွင်းတွင် ယနေ့ထုတ် သတင်းစာသည် မဇ္ဈိမသတင်းစာ၏ နောက်ဆုံးထုတ် ပုံနှိပ်သတင်းစာ ဖြစ်သည်။ မဇ္ဈိမသည် ပြီးသွားပြီလားဟု အမေးရှိသော် မပြီးသေးပါ၊ မဇ္ဈိမဒစ်ဂျစ်တယ်သတင်းစာသည် ရှင်သန်ကျန်ရစ်ခဲ့သည်။ ဒစ်ဂျစ်ခေတ် ဒစ်ဂျစ်တယ်လူသားများနှင့် လိုက်လျောညီထွေစွာ မဇ္ဈိမသည် ဒီဂျစ်တယ်သတင်းစာကို တင်ဆက်ခဲ့ပြီးဖြစ်သည်။ လာမည့်ရက်ပိုင်း၊ လပိုင်းများတွင် ပိုမိုကောင်းမွန်၍ ဆွဲဆောင်မှုရှိသော တင်ဆက်မှုများဖြင့် ဒစ်ဂျစ်တယ်သတင်းစာကို ဆက်လက်တင်ဆက်မည် ဖြစ်သည်။ ယခုသတင်းစာ ဖတ်သူကို ဒစ်ဂျစ်တယ်တွင် ပြန်ဆုံကြပါစို့ဟု မဇ္ဈိမက ဖိတ်ခေါ်ပါသည်။

Wednesday, 25 February 2015 21:01

ဘာလုပ်မှာလဲ ပြော

၂၀၁၅ ကား အားလုံး မျှော်လင့်ကြသော နှစ်တစ်နှစ်ဖြစ်သည်။ ပြည်တွင်း ပြည်ပမှ အကဲခတ်များက မြန်မာ့အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် နှစ်အဖြစ် ၂၀၁၅ ကို ရှုမြင်ကြသည်။ ဤတွင် နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်သူများအား မေးရမည့် မေးခွန်းတစ်ခုရှိနေသည်။ ဘာလုပ်မှာလဲ ပြော။

ယခုလ ၁၈ ရက်နေ့နေ့စွဲဖြင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်မည့် အမိန့် ကြေညာစာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လက်မှတ်ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့တဲ့အပတ်ထဲမှာ ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင် ၅,၇၆၆ ဦးကို တာဝန်ပျက်ကွက်မှု၊ ဥပဒေချိုးဖောက်မှုအရ အပြစ်ပေး အရေးယူခဲ့ရတယ်လို့ ပြည်သူ့လွှတ်တော်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါဟာ ငါးနှစ်အတွင်း အရေးယူအပြစ်ပေးခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Last modified on Tuesday, 24 February 2015 07:43

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မြေဧရိယာ အကျယ်အ၀န်းအားဖြင့် ဒုတိယအကြီးဆုံး နိုင်ငံဖြစ်ပြီး၊ သဘာဝ သယံဇာတများ လည်း ပေါကြွယ်ဝသောကြောင့် တိုင်းသူပြည်သားများသည် ကြွယ်ပိုးကြွယ်ဝ နေထိုင်နိုင်ကောင်းသည်ဖြစ်သော်လည်း ထိုသို့ မနေကြရပါ။ မနေကြရသည့်အပြင် ၁၉၄၈ လွတ်လပ်ရေး ရပြီးကတည်းက ပူးတွဲပါလာသော ပြည်တွင်းစစ်မီးကြောင့် ယနေ့တိုင် မငြိမ်းချမ်းနိုင်ဘဲ စိုးရိမ်သောက ဗျာပါဒနှင့် နေထိုင်နေရဆဲဖြစ်သည်။

Last modified on Sunday, 22 February 2015 19:47

၂၀၁၅ သည် စိန်ခေါ်မှုများရော အခွင့်အလမ်းများကိုပါ သယ်ပိုးထားသည်။ ပြည်တွင်း ပြည်ပ အကဲခတ်တချို့ သုံးသပ်ကြသလို တိုင်းပြည်နှင့် လူထုကို မျက်နှာမူ သူများကြောင့် ၂၀၁၅ သည် တိုင်းပြည်ကောင်းချိန် လူထုသာချိန် ဖြစ်နိုင်သည်။

၂ဝ၁၅ ခုနှစ် ဝင်ရောက်ခါစတွင်ပင် နိုင်ငံတွင်း ပြဿနာများတစ်ခုပြီး တစ်ခုမရိုးရအောင် ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိသည်။
ပြဿနာများ ဖြစ်ပွားလာနေခြင်းက တစ်နည်းအားဖြင့်ဆိုလျှင် ဖြေရှင်းစရာ ကိစ္စများ ထွက်ပေါ်လာနေသည်ဟု ဆိုလျှင်လည်း ဆိုနိုင်ပါသည်။

Last modified on Friday, 20 February 2015 07:50

ယခုနှစ် ၂ဝ၁၅မျက်မှောက်မြန်မာ့နိုင်ငံရေးတွင် အကျပ်အတည်းပေါင်းများစွာ ရှိနေသောကြောင့် တိုင်းပြည် နှင့်လူထုကို မျက်နှာမူ၍ ထိန်းထိန်းသိမ်းသိမ်း စဉ်းစား၊ ဆင်ခြင်၊ ဆုံးဖြတ်ပြီး အပြော၊ အပြ၊ အလုပ် ညီညွတ်စွာဖြင့် ကျော်ဖြတ်ကြရန် နိုင်ငံ၏ ဒေါက်တိုင်
သုံးရပ်အား စတုတ္ထဒေါက်တိုင်ဖြစ်သည့် သတင်းမီဒီ ယာသမားများက ဝေဖန်သုံးသပ်ရေးသားနေစဉ်မှာပင် လောက်ကိုင်အပါအဝင် ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ် ခွင့်ရဒေသ၌ အစိုးရတပ်နှင့် ဖုန်ကြားရှင်ခေါင်းဆောင်သော လက်နက်ကိုင်တို့၏ တိုက်ခိုက်မှုများရှိခဲ့သဖြင့် နှစ်ဘက်အကျအဆုံးများ ရှိသကဲ့သို့ အပြစ်မဲ့ပြည်သူများလည်း သေကြေပျက်စီးခဲ့သည်။

Last modified on Thursday, 19 February 2015 07:28

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 143 guests and no members online