House Art

eng btn

အထူးသတင်းများ:
 
 

ယနေ့ခေတ်သည် တစ်ခေတ်ကလို အိမ်ထောင်ဦးစီး ဖခင်ကြီးက အလုပ်လုပ်ပြီး၊ မိခင်ကြီးက အိမ်ထောင်ကို ထိန်းသိမ်းကာ သားသမီးများကို လိမ္မာရေးခြားရှိ၍ ပညာတတ်ကြီးများဖြစ်အောင် မွေးမြူစောင့်ရှောက်ရသည့်ခေတ် မဟုတ်တော့ပါ။တောရောမြို့ပါ အိမ်ထောင်စုတိုင်းတွင် အရွယ်ရောက်ပြီးသူတိုင်း အလုပ်လုပ် ပြီး ရှာဖွေစားသောက်နေရသည့် ခေတ်ဖြစ်လေသည်။ တစ်နည်းဆိုရသော် ခေတ်ကျပ်ဖြစ်သည်။ ကလေးငယ်များပင်လျှင် ကျောင်းနုတ်ကာ အလုပ်လုပ် ခိုင်း ရသောခေတ်၊ ကမ္ဘာမီးလောင် သားကောင်ချနင်းရသော ခေတ်ဟုပင် ဆိုရပေချိမ့်မည်။

ယခုတလော အင်တာနက် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် လက်ပံတန်း၌ ဖမ်းဆီးခံကြရသည့် ဆန္ဒပြ ကျောင်းသားများ ရုံးထုတ်သည့်သတင်းနှင့် လောက်ကိုင်စစ်ပွဲအကြောင်း ဝေဖန်ကြသည့် အသံများကို မြင်နေ ဖတ်နေကြရပါသည်။

ရာသီဥတုသည် အင်မတန် ပူပြင်းလှပြီး ပြည်သူများအတွက် မည်သည့်အလုပ်မှ မလုပ်ဘဲနေလျှင်ပင် ပင်ပန်းဆင်းရဲစွာ နေထိုင်နေရသည့် အခိုက်အတန့် ဖြစ်သည်။ ရန်ကုန်လို မြို့ကြီးများတွင် အလုပ် လုပ်ကိုင် ရှာဖွေ စားသောက်ရသူများမှာကား ရုံးတက်ရုံးဆင်း အလုပ်သွား အလုပ်ပြန်တွင် ဘတ်စ်ကားကျပ်ကျပ်ပေါ်၌ ပေါင်းအိုးထဲ ၀င်နေရသကဲ့သို့ ခံစားရသည်။ အထက်အညာ ရပ်ရွာများတွင် ပိုမိုပူပြင်း ဒုက္ခများကြရသည်။

မေလအတွင်းတွင် မှတ်မှတ်ရရ မြန်မာကဗျာဆရာကြီး ငြိမ်းချမ်းရေးဝါဒီ ဒဂုန်တာရာနှင့် အိန္ဒိယတိုက်ငယ်က စာပေနိုဗယ်ဆုရှင် ရာဘင်ဒြာနတ် တဂိုးတို့၏ မွေးနေ့များနှင့် ကြုံခဲ့ကြရသည်။ တဂိုးက မေလ ၈  ရက်နေ့တွင် ၁၅၄ နှစ်မြောက် မွေးနေ့ဖြစ်ခဲ့ပြီး ဆရာကြီး ဒဂုန်တာရာ၏ ၉၆ နှစ်မြောက်မွေးနေ့သည် မေလ ၁၀ ရက်နေ့ ဖြစ်ခဲ့သည်။

လွန်ခဲ့သည့် တစ်လလောက် ကတည်းက ဖုန်ကြားရှင်ဟု တောက်လျှောက် ခေါ်ဝေါ်သုံးစွဲလာခဲ့သည့် သတင်းမီဒီယာ တချို့တွင် မနေ့တနေ့ကစပြီး ဦးဖုန်ကြားရှင်ဟု ပြောင်းလဲခေါ်ဝေါ် သုံးစွဲလာသည်ကို သတိပြုမိကြမည် ထင်ပါသည်။

Last modified on Tuesday, 12 May 2015 09:56

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းကို ဧပြီလလယ်တွင် တိုင်းရင်းသား လက်နက်ကိုင် များနှင့် အစိုးရ ကိုယ်စားလှယ်တို့ သဘောတူ လက်မှတ်ထိုးပြီးနောက် ငြိမ်းချမ်းရေး ရောင်ခြည်သမ်းလာပြီဟု တစ်နည်း၊ ငြိမ်းချမ်းရေး အလင်းတန်း ပေါ်ထွက်လာပြီဟု တစ်ဖုံ အနည်းနည်း အဖုံဖုံ ထောပနာပြုကြသည်။

မြန်မာ့ သတင်းမီဒီယာ အတိုင်းအတာ တစ်ခုထိ လွတ်လပ်ခွင့် ရလာသည့်နောက် အခွင့်အရေးများနှင့် စိမ်ခေါ်မှုများ တွဲလျက်ပင် ပါလာသည်ကို တွေ့ရပေ သည်။

မိမိတို့သည် ပညာရှိစကား၊ ခေါင်းဆောင်များ၏ စကား၊ တွေးခေါ်ပညာရှင်များ၏ စကားအစရှိသည့် လူပုဂ္ဂိုလ်အမျိုးမျိုး၏ စကားအထွေထွေကို လေးစားစွာ လက်ခံရပါသည်။ ယုံကြည်သက်ဝင်စွာ သင်ခန်းစာ ယူကြရပါသည်။ လိုက်နာကျင့်ကြံကြရပါသည်။

ယခုနှစ် အောက်တိုဘာလနှောင်း သို့မဟုတ် နိုဝင်ဘာ လဆန်းတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပ ပေတော့မည်။ ပြည်သူအများက ၂၀၁၀ ပြည့်ခုနှစ် ရွေးကောက်ပွဲထက် ပိုပြီးစိတ်ဝင်စားမှုရှိသည့် ရွေးကောက်ပွဲလည်းဖြစ်၊ မြန်မာနိုင်ငံရေး အလှည့်အပြောင်းတစ်ခု ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားကြသည့်အတွက်ကြောင့် လာမည့်ရွေးကောက်ပွဲသည် အရေးပါသည်။

ယခုအခါ ဘတ်စ်ကားဆရာများ အပြောအဆို ကြမ်းတမ်းခြင်း၊ ကားမောင်းကြမ်းခြင်း၊ ရုံးဝန်ထမ်းများ အကျင့်ပျက်ပြားခြင်း၊ ရပ်ကွက်သူ ရပ်ကွက်သားများ သန့်ရှင်းရေးကို လစ်လျူရှုခြင်း၊ ဈေးသည်များ အတိုင်းအဆ မမှန်ခြင်း၊ ကျောင်းဆရာ ဆရာမများ တာဝန်ပေါ့လျော့ခြင်း၊ လူငယ်များ သောက်စားမူးယစ်မှု ပိုဖြစ်လာခြင်း စသည်စသည် ပြည်သူ့စာမျက်နှာ ဘဝအထွေထွေ အခြေအနေအရပ်ရပ် ယိုယွင်းပျက်စီးလာ နေမှုများကိုသာ တရစပ် ကြားနေရ မြင်နေရ ဖတ်နေကြရပါသည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 155 guests and no members online