House Art

eng btn

အထူးသတင်းများ:
 
 

လူတွေ စုတ်တသပ်သပ်နဲ့ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရတဲ့ ရာဇဝတ်မှုခင်းတွေကတော့ အများကြီးရှိပါတယ်။ ဥပမာ အရွယ်
မရောက်သေးတဲ့ မိန်းမငယ်လေးတွေ အဓမ္မပြုကျင့်ခံရတဲ့ သတင်းမျိုး၊ အရွယ်မရောက်သေးတဲ့ အိမ်ဖော်မိန်းကလေးကို ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်လိုက်တဲ့ သတင်းမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုသတင်းမျိုးတွေက လူတွေရဲ့ စိတ်ကို ထိခိုက်စေရုံသာရှိပြီး တချို့သော သတင်းမျိုးတွေကျတော့ အမျိုးသားဂုဏ်သိက္ခာကိုထိခိုက်ရလောက်အောင် ဖြစ်စေတဲ့ ရဇဝတ်မှုခင်းမျိုးတွေလည်း ရှိပါတယ်။ ဥပမာ အလွတ်သတင်းထောက် ကိုပါကြီးအဖြစ်အပျက်မျိုး၊ လက်ပန်းတောင်းတောင်က
ဒေါ်ခင်ဝင်းသတင်းမျိုးနဲ့ ဒီရက်ပိုင်းအတွင်း လူတွေ စိတ်မချမ်းသာ အဖြစ်ဆုံးဖြစ်စေတဲ့ ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့်ပြီးမှ ရက်စက်စွာ အသတ်ခံရတဲ့သတင်းမျိုး ဖြစ်ပါတယ်။ မြင်မကောင်းရှုမကောင်း အမျိုးသမီး ရုပ်အလောင်းနှစ်လောင်းပုံဟာ အင်တာနက်
လူမှုကွန်ရက်ပေါ်မှာ ပလူပျံခဲ့ပါတယ်။

Last modified on Wednesday, 28 January 2015 09:06

ဦးသိန်းစိန် အစိုးရသက်တမ်းကား တစ်နှစ်စွန်းသာ ကျန်တော့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကား လာလေပြီ။ နိုင်ငံရေး
ပါတီများကား ပြင်ဆင်နေကြပြီ။ ရွေးကောက်ပွဲအတွက် မီဒီယာများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကလည်း ပိုမိုစိတ်ဝင်တစား စောင့်ကြည့်လာကြသည်။ ဤတွင် အရေးတကြီး လုပ်ဆောင်သင့်သည်မှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မှန်ကန် မျှတရေးအတွက် ပံ့ပိုး ဆောင်ရွက်ခြင်းပင် ဖြစ်သည်။

၂ဝ၁၅ နှစ်စတွင်ပင် စိတ်မချမ်းမြေ့ ဖွယ်သေနတ်သံများမြန်မာပြည်မြောက်ဖျား ကချင်ဒေသ တွင်ပြန်လည်ကြား လာရပြန်သည်။ မငြိမ်း ချမ်းနိုင်သေး သည့်ဒေ သတွင်း ပစ်ခတ်မှု များနှင့် သေကြေကျ ဆုံးမှုများသည် တစ်နှစ်လည်း မဟုတ် နှစ်ပေါင်း ၆ဝ နီးပါး ကြာမြင့်ခဲ့ ပြီဖြစ်သည်။

မြန်မာ့ ပညာရေးကို လာမည့်အနာဂန်နှစ်များတွင် ထုဆစ်အကောင်အထည်ဖော်မည့် အမျိုးသားပညာရေး ဥပဒေသည် အားနည်းချက်များ ရှိသည်ဟု ယူဆချက်များ၊ ကန့်ကွက်မှုများကြားမှ အတည်ပြုထွက်ပေါ် လာခဲ့ပြီးနောက် မန္တလေးမှ ရန်ကုန်သို့ စုန်ဆင်းလျက် ကျောင်းသားထုက အပြင်းအထန် ကန့်ကွက်လာခဲ့ကြသည်။

Last modified on Friday, 23 January 2015 08:56

မြန်မာပြည်နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်ပြီး အကျဉ်းထောင်မှ လွတ်မြောက်လာသော ထောက်လှမ်းရေး အကြီးအကဲဟောင်း၏ စကားက စိတ်ဝင်စား ဖို့ ကောင်းပါသည်။ စကားလုံး အတိအကျမဟုတ်သော်လည်း သူပြောသည့် စကား၏အနှစ်ချုပ်မှာ ယခုသွားနေသော နိုင်ငံရေးလမ်းကြောင်းဆိုသည်မှာ သူဦးဆောင်သို့ မဟုတ်သူပါဝင်ရေးဆွဲခဲ့သည့် လမ်းပြမြေပုံအတိုင်းသွားနေသော လမ်းကြောင်းပင် ဖြစ်သည်ဟူသည့် စကားပင်ဖြစ်သည်။

ကမ္ဘာ့တိုက်မည်းကြီးဟု တင်စားခေါ်ဆိုခံရသည့် အာဖရိကတိုက်မြေပေါ်က ကင်ညာနိုင်ငံမှာ ကျောင်းမြေအသိမ်းခံရခြင်းအပေါ် မကျေနပ်သည့်အတွက် ကျောင်း သားများက ဆန္ဒပြကြသည့်အခါ ရဲများက မျက်ရည်ယိုဗုံးများအသုံးပြုပြီး လူစုခွဲသည့် အတွက် ကျောင်းသားများ ဆေးရုံရောက်ရသည့်သတင်းကို မိမိတို့ ဖတ်ခဲ့ကြရပါသည်။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးစုများ စုပေါင်းဖွဲ့တည်သည့် ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ယခင်စစ်အစိုးရ တက်လာကာ စတုန်းက ဆိုလျှင် မိမိတို့တိုင်း ပြည်၌ လူမျိုးစု စုစုပေါင်း ၁၃၃ မျိုးအထိ ရှိသည် ဟူ၍ပင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ဆိုလိုသည်မှာ လူမျိုးစုများ အခုလိုကွဲပြားမြားမြောင်နေသည့်အတွက် လူမျိုးစုပြဿနာကို ရုတ်တရက်ဖြေရှင်းလို့ မလွယ်ကူဘူးဟူသည့်သဘော ပြောချင်ဟန် တူခဲ့ပါသည်။ ဝမ်းနည်း ဖို့ကောင်းသည်မှာ မိမိတို့တိုင်းပြည်လူမျိုးစုများအရေးမှာ သာမန်ဖြေရှင်းရခက်သော ပြဿနာမဟုတ်သည့် အပြင် သွေးစွန်းသောပြဿနာအဖြစ် နှစ်ပေါင်း ၆ဝ ကျော် ဖြစ်တည်လာခဲ့ရသည့်အဖြစ်မှာ အမှန်တကယ်ပင် ကြေကွဲတုန်လှုပ်ဖို့ကောင်း သည့် ပြဿနာ ဖြစ်ပါသည်။

မကြာသေးမီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လာမည့် အောက်တိုဘာလ နောက်ဆုံးပတ် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်တွင် ရွေးကောက်ပွဲကို ကျင်းပမည့်အကြောင်း ကြေညာခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲဖြစ်၍ လူအများက ၂ဝ၁၅ ရွေးကောက်ပွဲဟု လွယ်လွယ်သိထားကြသည့် ရွေးကောက်ပွဲ ဖြစ်သည်။

ပုဂ္ဂလိက သတင်းစာများသည် သက်တမ်းနှစ်နှစ်တွင်း ဝင်လာသည်အထိ ရုန်းကန်နေရဆဲဖြစ်သည်။ မူလက သတင်းစာများ ထွက်ပြီး ခြောက်လ၊ တစ်နှစ်ကြာလျှင် အရည်အချင်း စစ်ဆေးပြီး ဖြစ်သွားမည်၊ ကျန်သတင်းစာများ အောင်ပွဲခံ ရှင်သန်နိုင်ကြလိမ့်မည်ဟု သတင်းစာပညာနှင့် သတင်းစာဈေးကွက်ကို နားလည်သူများက ခန့်မှန်းခဲ့ကြဖူးသည်။ သူတို့ မှားလေပြီ။

ရက်ပိုင်းအတွင်း စတင်ဝင်ရောက်လာပြီဖြစ်သည့် ၂၀၁၅ ခုနှစ်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်သည်မှာ အားလုံး အသိပင်ဖြစ်သည်။ မည်သည့် အကြောင်းကြောင့် အရေးကြီးသနည်းဟုဆိုသော် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲကြောင့်၊ တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်လက် မှတ်ရေး နိုင်ရေး နိုင်ငံရေးပြဿနာများကို အဖြေရှာဆွေးနွေးနိုင်ရေး မျှော်လင့်ချက်စသည့် အချက်များကြောင့် အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်သည်ဟု ဆိုရပေမည်။ ထို့အပြင် ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် အစိုးရ ၏ ပြုပြင်ပြောင်းလဲမှုများ ရှေ့သို့ ဆက်လက်ရွေ့လျား ဖို့ရာ သက်ဆိုင်သည့် ကဏ္ဍအသီးသီးမှ တာဝန်ကျေကြ ဖို့လိုသည်။

Last modified on Friday, 16 January 2015 07:20

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 151 guests and no members online