House Art

eng btn

အထူးသတင်းများ:
 
 
Sunday, 07 June 2015 12:52

ပြည်သူ့အပေါ် တာဝန်ခံမှု ရှိရမည့် အချိန်

Written by 

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေး လမ်းပေါ်သို့ စတင်လျှောက်လှမ်းသည်မှာ  ၅ နှစ်နီးပါး ရှိပေတော့မည်။ နိုင်ငံတော် အစိုးရက သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ၊ ပွင့်လင်းမြင်သာမှုရှိသော အစိုးရဖြစ်အောင် ပြောင်းလဲမည်ဟုလည်း စတက်ခါစကတည်းက ကြေညာခဲ့ပေသည်။

အစိုးရဆိုသည့်အထဲတွင် အုပ်ချုပ်ရေး တာဝန်ကို ယူထားသည့် ဝန်ကြီးဌာနများနှင့်အတူ နိုင်ငံကာကွယ်ရေး တာဝန်ကို ယူထားသည့် တပ်မတော်လည်း အပါအဝင် ဖြစ်ပါသည်။

အစိုးရသစ်က ပြောဆိုခဲ့သော ရည်မှန်းချက်များဖြစ်သည့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ၊ ပွင့်လင်းမြင်သာမှုရှိသော အစိုးရဖြစ်အောင် မည်မျှ စွမ်းဆောင်ခဲ့ကြ ပြီလဲဆိုသည့် မေးခွန်းများကို ပြည်သူများက ယခုအခါ မေးရမည့် အနေအထားပင်။
အဘယ်ကြောင့်ဆိုသော် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ တွင် ပေးထားသော ကတိကို အကောင်အထည်ဖော်သည့် လွှတ်တော် ကိုယ်စားလှယ်များကို ဆန္ဒမဲ ပေးမည် ဖြစ်သည်ကလည်း အကြောင်းတစ်ချက် ဖြစ်သောကြောင့်ပင်။ ပွင့်လင်းမြင်သာ မှုနှင့် ပတ်သက်၍ ပြောရလျှင် ယခု ရက်ပိုင်းအတွင်း ပြည်ထောင်စုလွှတ်တော် နာယကကြီးက သတင်း မီဒီယာကို ရှင်းပြခဲ့သည့် ကိစ္စရပ်တစ်ခု ရှိသည်။

ယင်းကိစ္စမှာ တပ်မတော်သားကိုယ်စားလှယ်အချို့က အခြားတပ်မတော်သား ကိုယ်စားလှယ် ကိုယ်စားမဲပေးသည့် ခလုတ်ကို နှိပ်သည့် သတင်းဓာတ်ပုံဖော်ပြခဲ့ပြီးနောက် လအနည်းငယ်အကြာ တွင် လွှတ်တော်တွင်း သတင်းမီဒီယာ ဝင်ရောက်သတင်းယူခွင့် ကန့်သတ်လိုက်သည့် ကိစ္စပင်ဖြစ်သည်။

ကန့်သတ်လိုက်သည့် အကြောင်းရင်းကို လွှတ်တော်နာယက က ပြောဆိုရာတွင် မလိုလားအပ်သည့် ကိစ္စရပ်များ မဖြစ်ပွားရအောင်ဟု ပြောဆိုခဲ့သည်။ မည်သည့် အကြောင်းကြောင့် မလိုလားအပ်သည့်ကိစ္စ ဖြစ်ပွားလာမည်နည်းဟု ရှင်းရှင်းလင်းလင်း ပြည်သူကို ရှင်းပြရန် လိုအပ်လိမ့်မည် ဖြစ်သည်။

မြန်မာပို့စ်ဂလိုဘယ် အပတ်စဉ်ထုတ် ဂျာနယ်၏ ဖော်ပြချက်သည် လွှတ်တော်၏ ဆုံးဖြတ်ချက် ချမှတ်မှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တာဝန်ခံမှုကို မေးခွန်းထုတ်လိုက်သည့် ဖော်ပြချက်သာ ဖြစ်ပေသည်။

မဏ္ဍိုင် သုံးရပ်ကို စောင့်ကြည့်၍ ဥပဒေနှင့် ညီ/မညီ၊ လုပ်ထုံးလုပ်နည်းနှင့် ညီ/မညီထောက်ပြ ရေးသားရမည့် တာဝန်မှာ သတင်းမီဒီယာ၏ အဓိက အကျဆုံး တာဝန်ဖြစ်ပေသည်။

ထို့ကြောင့် ယခုဖြစ်ရပ်တွင် မီဒီယာအလုပ်ကို မီဒီယာက လုပ်ဆောင်ခြင်းသာ ဖြစ်ပေသည်။ သတင်းမီဒီယာသည် မဏ္ဍိုင်သုံးရပ်၏ ကောင်းသတင်းများကိုသာ ဖော်ပြရန် ဝတ္တရား မရှိပေ။ ယင်းအချက်ကို ဥပဒေပြု မဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်တို့က နားလည် သဘောပေါက်ဖို့ လိုအပ်လှပေသည်။

အခြားတစ်နည်းဖြင့် ရှင်းအောင်ပြောရလျှင် လွှတ်တော်ထဲတွင် မည်သည့် အကြောင်းကိစ္စ ဆွေးနွေးကြသည်၊ မည်သည့် ဆုံးဖြတ်ချက် ချမှတ်သည်သာလျှင် သတင်း မဟုတ်ဘဲ ယင်းကိစ္စကို မည်သို့ မည်ပုံ ဆွေးနွေးကြသည်။ မည်သို့ မည်ပုံ ဆုံးဖြတ်ကြသည် ဆိုသည့် နည်းလမ်းသည်လည်း သတင်းဖြစ်ပေသည်။

ဆုံးဖြတ်ပုံ ဆုံးဖြတ်နည်း ပွင့်လင်းမြင်သာမှု ရှိမရှိ၊ မှန်ကန်မှု ရှိမရှိကို စောင့်ကြည့်ရ မည်မှာလည်း မီဒီယာ၏ တာဝန်ဖြစ်ပေသည်။ ယင်းအကြောင်းကြောင့် အထက်ပါ ဖြစ်စဉ်တွင် သတင်းမီဒီယာမှာ အမှားအယွင်း တစ်စုံတစ်ရာ မရှိဘဲ ဥပဒေပြုလွှတ်တော် သည်သာလျှင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိဖို့အရေးကြီးကြောင်း မဇ္ဈိမက ထောက်ပြရေးသား လိုက်ရပေသည်။

Read 1449 times

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 157 guests and no members online