House Art

eng btn

အထူးသတင်းများ:
 
 
Friday, 05 June 2015 11:03

လူဦးရေ ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေကြမ်းက ခေတ် နောက်ပြန်ဆွဲနေ

Written by 

အငြင်းပွားဖွယ် လူဦးရေထိန်းချုပ်ရေး ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို သမ္မတ ဦးသိန်းစိန်က မေ ၂၃ ရက်တွင် ဥပဒေဖြစ်အောင် လက်မှတ်ရေးထိုးခဲ့သည်။

မီဒီယာအများစု၏ ဖော်ပြချက်များတွင် ဥပဒေ၏ သက်ရောက်မှုများမှာ ဘင်္ဂါလီ ဆိုသူများအပေါ်တွင် ရှိမည်ဟု အဓိက ဖော်ပြနေသည်။ ထောင်ပေါင်းများစွာသော ဘင်္ဂါလီများမှာ အန်ဒမန်ပင်လယ်တွင် မျောပါနေ ဆဲဖြစ်သည်။ ယင်း ဥပဒေသည် အထူးသဖြင့် လူနည်းစုများနှင့် အမျိုးသမီးများ၏ အခွင့်အရေးကို ဆိုးဝါးသည့် ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။ ထို့ထက်ပို လျော့ပြော၍ မဖြစ်နိုင်ပါ။

ဥပဒေအရ ဒေသခံအာဏာပိုင်များသည် ၎င်းတို့၏ ဧရိယာအတွင်း ရွှေ့ပြောင်းအခြေချ သူများစွာ မြင့်မားနေမှု၊ လူဦးရေ တိုးနှုန်းမြင့်မားမှု၊ သို့မဟုတ် မွေးနှုန်းမြင့်မားမှုတို့ကြောင့် အရင်းအမြစ်များ မမျှမတ ဖြစ်သည်ကို ဆုံးဖြတ်ရန် စစ်တမ်းများ ကောက်ယူနိုင်သည်။ ထို့နောက် အာဏာပိုင်များသည် အမျိုးသမီးများ နောက်ထပ် ကလေးတစ်ယောက် မယူမီ အနည်းဆုံး ၃၆ လ စောင့်ဆိုင်းရမည့် ဥပဒေပြဋ္ဌာန်းပေးရန် ဗဟိုအစိုးရထံ တောင်းခံနိုင်သည်။ မတ်လက အဆိုပြုထားသော ပညာရေး ဥပဒေကြမ်းကို ဆန့်ကျင်ဆန္ဒပြ သည့် ကျောင်းသားများကို အကြမ်းဖက် နှိမ်နင်းမှုနှင့်အတူ ယခု ဥပဒေကို ဖန်တီးခဲ့သည်။ ယင်းဥပဒေက မြန်မာနိုင်ငံ၏ ရှေ့ကိုသွားရန် ကြိုးပမ်းသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် နှောက်ယှက်နေသည့် ခေတ်နောက်ပြန်ဆွဲ လုပ်ရပ်တစ်ခုဖြစ်သည်။

ယခု ဥပဒေကြမ်းသည် အမျိုးဘာသာ သာသနာ ကာကွယ်ရန် အဆိုပြုထားသည့် ဥပဒေကြမ်း လေးခုအနက် တစ်ခုဖြစ်သည်။ ထို့အပြင် လူမျိုးစုအုပ်စုများနှင့် နောက်ထပ် သွေးကွဲမှုများ ဖြစ်လာနိုင်ပြီး ယင်းဥပဒေက ၎င်းတို့အား ခွဲခြားဆက်ဆံရန် ကြိုးပမ်းသည့် အားထုတ်မှုတစ်ခုအဖြစ် ခရစ်ယာန်ဘာသာဝင် တို့ကလည်း မြင်လာနိုင်သည်။

ကိုးကွယ်သည့် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကလည်း ဗုဒ္ဓဘာသာမှ အခြားဘာသာ တစ်ခုသို့ ကူးပြောင်းလိုသူသည် နိုင်ငံတော်အဆင့် အဖွဲ့ကြီးတစ်ခုမှတစ်ဆင့်သာ လျှောက်ထားရမည်ဟု တောင်းဆိုထားသည်။

ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းက ဗုဒ္ဓဘာသာဝင် အမျိုးသမီးများနှင့် အခြားဘာသာမှ အမျိုးသားများ လက်ထပ်ခြင်းကို ရှင်းလင်းတိကျစွာ သီးသန့်ပစ်မှတ်ထား၍ စည်းကမ်းသတ်မှတ်သည်။

တစ်လင် တစ်မယားစနစ် ဥပဒေကြမ်းကလည်း အိမ်ထောင်ပြင်ပ ဆက်ဆံမှု ကျူးလွန်နိုင်သည့် အလားအလာများ အပါအ၀င် လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်နှင့် မိသားစုအပေါ် အကြွင်းမဲ့ အာဏာရှင် ဆန်ဆန် ၀င်ရောက်စွက်ဖက်နိုင်သည့် ပြဋ္ဌာန်းချက်အသစ်များကို မိတ်ဆက်ထားသည်။

ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းတို့မှာ ပင်ကိုယ်သဘောအရပင် ချွတ်ယွင်းချက်များ ရှိနေသည့်အတွက် လုံးဝပယ်ဖျက်သင့်သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားသည်။

တစ်လင် တစ်မယားစနစ် ဥပဒေကြမ်းနှင့် လူဦးရေထိန်းချုပ်ရေး ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းများမှာလည်း လေးလေးနက်နက် သုံးသပ်မှုများ ပြုလုပ်ရန် လိုအပ်နေသည်။ ထို့အပြင် ခွဲခြားဆက်ဆံသည့် ပုံစံအားလုံးကို ဆန့်ကျင်သည့်အချက်များ လုံလောက်စွာ မပါဝင်ပေ။

ဥပဒေကြမ်းများသည် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံသည့် ပုံစံအားလုံး ဖယ်ရှားရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလကွန်ဗင်းရှင်းတို့အတွက် နိုင်ငံတော် အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာ၏ တရားရေးတာဝန်များ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ၊ စံနှုန်းတို့နှင့် ကိုက်ညီမှုမရှိဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားသည်။

ဦးသိန်းစိန် အစိုးရသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ချီးကျူးခြင်း ခံရသော်လည်း အဆိုပါ ဥပဒေကြမ်းများကို ထည့်သွင်းစဉ်းစားခြင်း၊ လူဦးရေ ထိန်းချုပ်မှု ဥပဒေကြမ်းကို ဥပဒေအဖြစ် ပြဋ္ဌာန်းပေးခြင်းတို့က ပိုမိုပွင့်လင်းသည့် ဒီမိုကရက်တစ် အနာဂတ်မျှော်လင့်ချက်များကို ထိခိုက်စေသည်။ အစိုးရသည် အစွန်းရောက် ၀ါဒီတို့၏ တောင်းဆိုမှုများကို အပြည့်အ၀ ပယ်ချရမည်ဖြစ်ပြီး လူမျိုးရေး ခွဲခြား ဝေဖန် ပြောဆိုမှုများကို လိုက်လျောရန်ထက် ဆန့်ကျင်လုပ်ဆောင်ရမည် ဖြစ်သည်။

Read 1395 times Last modified on Friday, 05 June 2015 08:05

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 129 guests and no members online