House Art

eng btn

အထူးသတင်းများ:
 
 

မိမိတို့ တစ်နိုင်ငံလုံး ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို စောင့်ကြည့်ခဲ့ကြပါသည်။ ဗိုလ်လုပွဲ မတိုင်ခင်က အသံများ၊ ပြိုင်ပွဲပြီးနောက် ကြားရသည့်အသံများက စိတ်ဝင်စားဖို့ ကောင်းပါသည်။ သည်အသံများက မိမိတို့လူမျိုး မိမိတို့တိုင်းပြည်ရဲ့ ပုံရိပ်ကို ပုံဖေါ်နေသလို ဖြစ်နေသည့်အတွက်လည်း စိတ်ဝင်စားဖို့ ကောင်းနေရခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ကမ္ဘာကြီး တစ်နေ့တခြား ပူနွေးလာနေခြင်းနှင့် ရာသီဥတု သိသာစွာ ပြောင်းလဲလာနေခြင်းများကို ကမ္ဘာ့သိပ္ပံပညာရှင်များက
စောင့်ကြည့်လေ့လာနေခဲ့ကြပါသည်။ တစ်နေ့တခြား ရာသီဥတုများ သိသိသာသာ ပြောင်းလဲလာနေသည်ကို ရင်တမမနှင့် စောင့်ကြည့်နေကြရသည့် အချိန်လို့လည်း ပြောလို့ရပါသည်။

Last modified on Wednesday, 17 June 2015 10:12

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လာမည့် လပိုင်းအတွင်း ကျင်းပတော့မည်ဖြစ်ရာ တိုင်းရင်းသား ဒေသများတွင် ပြိုင်ဆိုင်မှုများ ပြင်းထန်လာဖွယ် ရှိနေသည်။

အခုတလော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့တရုတ်ပြည် ခရီးစဉ်အပေါ် ပြည်တွင်း၊ ပြည်ပနိုင်ငံရေး အာရုံစိုက်သူများက ထင်မြင်ချက် အမျိုးမျိုးပေးနေကြသည်မှာ စိတ်ဝင်စားဖို့ ကောင်းပါသည်။

ယခု ရက်ပိုင်းအထိ စာမေးပွဲ အောင်စာရင်း ဂယက်တွေက မငြိမ်သေးပါဘူး။ အောင်တဲ့ ကျောင်းသား မိဘကော ကျရှုံးတဲ့ ကျောင်းသားမိဘတွေကော သောကတွေ ကအတူတူလောက်ပါပဲ။ ကျတဲ့ကျောင်းသား မိဘက သားသမီးအတွက် သောကရောက်ကြရ ပူပန်ရသလို အောင်တဲ့ ကျောင်းသား မိဘများ အဖို့ရာမှာလည်း ကိုယ့် သားသမီး ကျောင်းဆက်ထားနိုင်ရေး အားခဲထားကြရ ပြန်တာပါပဲ။ ဘာ့ကြောင့်များ သည်လောက်အထိ မိဘများအဖို့ သားသမီးပညာရေးကိစ္စ ပူပန်သော ကရောက်နေ ကြရပါလိမ့်။

လွန်ခဲ့သည့် ရက်ပိုင်းက မိမိတို့နိုင်ငံ  ယူ ၂၃ ဘောလုံးအသင်းနှင့် စင်ကာပူနိုင်ငံ အိမ်ရှင်အသင်းတို့ အုပ်စုပွဲစဉ်၌ မိမိတို့ နိုင်ငံသားများ အားကြိုးမာန်တက် ကြည့်ရှုအားပေးခဲ့ကြရပါသည်။ ကံအားလျော်စွာ မိမိတို့မြန်မာအသင်းက စင်ကာပူအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

လွန်ခဲ့သည့်ရက်ပိုင်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်ခဲ့သည်။ မိမိတို့ တနိုင်ငံလုံး စာမေးပွဲဖြေဆို ထားကြသည့် ကျောင်းသားများ၊ ကျောင်းသားမိဘများ အပါအဝင် စိတ်ဝင်စားသူ မည်သူမဆို စိတ်လှုပ်ရှား ရင်ခုန်စွာ စာမေးပွဲအောင်စာရင်းများကို နားစွင့်ကာ ခံစားမှုအဖုံဖုံ ထင်မြင်ချက် အမျိုးမျိုးဖြင့် တနိုင်ငံလုံး ဆူညံလှုပ်ရှားသွားခဲ့ကြရသည်။

မကြာခင် ကျင်းပရန်ရှိသည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီး လွတ်လပ်မှုရှိရေး တရားမျှတမှုရှိရေးနှင့် ပတ်သက်၍ အဖွဲ့အစည်းအသီးသီးက အလေးပေး ပြောဆိုလျက် ရှိကြသည်။ ပြည်တွင်းမှ နိုင်ငံရေးပါတီများ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက စောင့်ကြည့် ဝေဖန်ပြောဆိုနေကြသလို အချို့သော နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ကလည်း စောင့်ကြည့်ပြောဆိုလျက် ရှိကြသည်။ မကြာသေးမီ ရက်ပိုင်းက အမေရိကန် အထက်လွှတ်တော် ကိုယ်စားလှယ် မစ်မက်ကော်နယ်က မြန်မာနိုင်ငံ၏ လာမည့် ရွေးကောက်ပွဲ လွတ်လပ်မျှတမှု မရှိခဲ့လျှင် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံ ပုံမှန် ဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း မီဒီယာကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်း ပြောဆိုမှုနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယမန်နေ့က မည်သည့်နိုင်ငံ၏ ဖိအားပေးမှုကိုမျှ မခံကြောင်းကို တုံ့ပြန်ပြောဆိုသွားသည်။ မှန်ပါသည်။

၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှု ၅၆ မှု ဖြစ်ပွားခဲ့ရာမှာ  ရှမ်းပြည်နယ်တွင် ၁၅ မှု၊ မန္တလေးတိုင်း ဒေသကြီးတွင် ၁၀ မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၇ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၆ မှု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂ မှု၊ မကွေးတိုင်းဒေသကြီးတွင် ၂ မှု၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တွင် ၆ မှုစီ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ၁ မှုစီ ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေး လမ်းပေါ်သို့ စတင်လျှောက်လှမ်းသည်မှာ  ၅ နှစ်နီးပါး ရှိပေတော့မည်။ နိုင်ငံတော် အစိုးရက သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ၊ ပွင့်လင်းမြင်သာမှုရှိသော အစိုးရဖြစ်အောင် ပြောင်းလဲမည်ဟုလည်း စတက်ခါစကတည်းက ကြေညာခဲ့ပေသည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 110 guests and no members online