House Art

eng btn

အထူးသတင်းများ:
 
 
Sunday, 07 June 2015 13:05

ဒီခေတ်မှာ မြေကြီးကို လက်ညှိုးထိုးပြီး ရောင်းတဲ့ သူတွေ ရှိသေးလား

Written by 

Cartoon-2

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်မှာ နေတဲ့ ဒေါ်ခင်ဆွေ ရေးသားပေးပို့လိုက်တဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ သူ့ စာထဲမှာ ရေးသားထားတာကတော့ သူဟာ စစ်မှုထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရတဲ့ တပ်မတော်သား တစ်ဦးရဲ့ ဇနီးဖြစ်ပြီး နေဖို့ဝယ်ယူခဲ့တဲ့ မြေကွက်က တရားမဝင် ဖြစ်နေတဲ့အတွက် သူ့လို သောကမျိုး တခြားသူတွေ မခံစားရစေဖို့ စာရေးသား ပေးပို့ခဲ့တာပါလို့ ဆိုပါတယ်။

သူ ရေးထားတာကတော့ ခင်ပွန်းဖြစ်သူ မရှိတော့တဲ့အတွက် တပ်ထဲကနေ ထွက်လာပြီး ကလေး ၂ ယောက်ရဲ့ ပညာရေးအတွက် ရန်ကုန်မြို့နယ်မှာပဲ နေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သူတတ်တဲ့ စက်ချုပ်ပညာနဲ့ အထည်ချုပ် စက်ရုံတစ်ရုံမှာ ဝင်လုပ်လို့ ရွှေပြည်သာမြို့နယ်မှာ အိမ်ငှားနေထိုင်ခဲ့ပါတယ်လို့ ပြောပါတယ်။ ကြီးပြင်းလာမယ့် သားသမီးတွေ နောင်ရေးအတွက် အနောက်ပိုင်း တက္ကသိုလ်နားက ဝါးတရာရွာမှာ ပေ ၂၀၊  ပေ ၆၀ တစ်ကွက်ကို ၇ သိန်းနဲ့ ရောင်းတယ်လို့ မိတ်ဆွေတွေက ပြောတာနဲ့ သွားကြည့်တဲ့အခါ တခြား သူတွေလည်း ဝယ်နေကြတာနဲ့ သူလည်းရှိသမျှ စုပြီး ဝယ်လိုက်ပါတယ်။

ရောင်းတဲ့သူက စာချုပ် တစ်ရွက်မှာ နှစ်ဦးနှစ်ဘက် လိပ်စာ၊ နိုင်ငံသား မှတ်ပုံတင်အမှတ်၊ တန်ဖိုးငွေ နဲ့ ရောင်းချတဲ့ အကြောင်းအရာ တွေကို ရေးပြီးပေးလို့ လက်မှတ်ထိုးဖို့ စာချုပ်ကို ဖတ်ကြည့်တော့ ဒီစာချုပ် ချုပ်ဆိုတဲ့ နေ့မှစ၍ ၄ လအတွင်း တရားဝင် မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ကို ပြီးမြောက်အောင် ဆက်လက်ချုပ်ဆိုပေးရန် ရောင်းသူ တာဝန်ယူပါသည်လို့ ရေးထားတာ ဖတ်ရပါတယ်။

(အခု တစ်နှစ်ခွဲနီးပါးမှာ သွားပြောပေမဲ့ ဘာမှလုပ်မပေးခဲ့ပါဘူး) ဆက်ပြီး ဖတ်တဲ့အခါမှာလည်း ဖော်ပြပါ ရောင်းချသည့် အိမ်မြေနှင့် ပတ်သက်၍ ပေါင်နှံထားခြင်း၊ လွှဲပြောင်းထားခြင်း၊ အမွေစား အမွေခံ ပေးကမ်းထားခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းထားခြင်းတို့မှ ကင်းရှင်းပါကြောင်း ရောင်းသူက တာဝန်ခံ ကတိပြုပါသည်လို့ ရေးထားတဲ့ အပြင် နောက်နောင် အရှုပ်အရှင်း ပေါ်ပေါက်လာပါက ဝယ်ယူသူတွင် နစ်နာဆုံးရှုံးမှု မရှိစေဘဲ မိမိတို့ စရိတ်ဖြင့် ပြေလည်ကင်းရှင်းသည်အထိ တာဝန်ယူ ဖြေရှင်းပေးမည်ဖြစ်ကြောင်း ရောင်းသူက ဝန်ခံသဘောတူပါသည်လို့ ဖတ်ရတော့ သူလည်း ကျေနပ်တာနဲ့ လက်မှတ်ထိုးလိုက်တယ်လို့ ပြောပါတယ်။

ဒီလို စာချုပ်မှာ လက်မှတ်ထိုးပြီးမှ ရောင်းတဲ့သူက ဒီခြံကွက်ကို တစ်နှစ်အတွင်း လွှဲပြောင်းရောင်းချခြင်း မပြုရနဲ့ စာချုပ်ရဲ့ နောက်ကျောမှာ နှစ်ဦးနှစ်ဘက် သဘောတူ လက်မှတ် ရေးထိုးပါသည်။ ရောင်းချခဲ့ပါလျှင် သိမ်းဆည်းခြင်းကို လက်ခံပါသည်လို့ ထပ်ရေးပြီး လက်မှတ်ထိုးခိုင်း ပြန်ပါတယ်။ သူလည်း နေဖို့ ဝယ်တာဖြစ်ပြီး ပြန်ရောင်းမှာ မဟုတ်တဲ့အတွက် အသာတကြည်ပဲ လက်မှတ်ထိုးပေးခဲ့တယ်လို့ ပြောပါတယ်။

နောက် ၃ လ လောက်ကြာတော့ အိမ်လာဆောက်ပါ၊ အိမ် မဆောက်ရင် ပြန်သိမ်းမယ်ဆိုပြီး ဖုန်းဆက်ပါတယ်။ ဒါနဲ့ သူလည်း အရင်တပ်ထဲမှာ ရင်းနှီးခဲ့တဲ့ မိတ်ဆွေတစ်ဦးကို ပြန်တွေ့တော့ ဝမ်းသာအားရနဲ့ မြေဝယ်ထားတဲ့အကြောင်း အိမ်ဆောက်ရမယ် မဆောက်ရင် မြေပြန်သိမ်းမယ် ပြောတယ်လို့ ပြောပြတဲ့အခါမှာ သူက ဘယ်နေရာလဲ မေးလို့ ပြောတော့ အဲဒီနေရာကို သူ သိသလို ရောက်လည်း ရောက်ဖူးတယ်လို့ ဆိုပါတယ်။

ဒီနေရာက လယ်မြေတွေကို အကွက်တွေ ရိုက်ပြီး ရောင်းတာ၊ ဒီလိုမျိုး ရောင်းခွင့် မရှိသလို အိမ်ဆောက်ခွင့်လည်း မရှိဘူးလို့ ပြောပါတယ်။ မိုးရွာရင် ရေမြုပ်နေတဲ့ လယ်ကို သူငွေများများ ရအောင် လူတွေကို လိမ်ပြီးရောင်းတာ၊ စာချုပ်မှာပါတဲ့ ရေးထားတဲ့ အချက်တွေကို ဖတ်ကြည့်ရင် သိသာနေတာကို သူက ဥပဒေနားမလည်လို့ သတိမထားမိတာလို့ ပြောကြောင်း ရေးပါတယ်။ သူ့မိတ်ဆွေက လယ်မြေကို အိမ်သွားမဆောက်နဲ့ ဆောက်ခွင့်မရှိဘဲ ဆောက်ခဲ့ရင် အရေးယူတာ ခံရမှ ထောင်ထဲမှာ နေစရာရနေဦးမယ်။ ငွေ ၇ သိန်းပေးရပြီး ငွေဆုံးရှုံးတဲ့အပြင် ရဲစခန်းနဲ့ တရားရုံးတွေ သွားရ၊ ထောင်ကျနဲ့ ဟုတ်ပေ့ ဖြစ်နေမယ်လို့ သတိပေးပါတယ်လို့ ရေးပါတယ်။

သူတို့ ဒီလိုရောင်းနေတာကို ဒီ ရပ်ကွက်ကျေးရွာ၊ မြို့နယ်ကို အုပ်ချုပ်နေတဲ့ လူကြီးမင်းတွေ မသိကြဘူးလား။ ဥပဒေနဲ့ မညီတာကို သူရောင်းကတည်းက တာဝန်ရှိသူတွေက အရေးယူခဲ့ဖို့ ကောင်းပါတယ်။ သူ့လိုဝယ်ထားတဲ့ သူတွေ အများကြီးမို့ သူကတော့ ငွေတွေ အများကြီးရသွားပြီး ကျန်တဲ့သူတွေကတော့ မသိလို့ ဝယ်မိတာကြောင့် နစ်နာဆုံးရှုံးခဲ့ရတာကို ဘယ်လိုလုပ်ပေးကြမှာ လဲဆိုတာ ရေးရင်း သူ့လို တခြားသူတွေ နစ်နာဆုံးရှုံးမှု မရှိအောင် မဇ္ဈိမ စာဖတ်သူကဏ္ဍမှာ ဖော်ပြပေးပါလို့ ရေးသားလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

Read 4169 times

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 83 guests and no members online