House Art

eng btn

အထူးသတင်းများ:
 
 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်မှာနေတဲ့ မယမင်းကြိုင်က မေးလ်နဲ့ မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာတစ်စောင် ပေးပို့လာပါတယ်။ သူရေးထားတာ ကတော့ မန္တလေးမြို့မှာ နေထိုင်တဲ့ သူဟာ ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပါတယ်လို့ ပြောပါတယ်။ နေ့စဉ်ထုတ် သတင်း စာတစ်စောင်မှာ လူမှုဖူလုံရေး ဦးစီးဌာနက လူမှုဖူလုံရေး ဝင်ထားတဲ့ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးကို ဆေးကုသဖို့အတွက် ထောက်ပံ့ငွေသိန်း ၂၀ ပေးတာကို ဖတ်လိုက် ရတာကြောင့် စာရေးချင်စိတ် ဖြစ်ပေါ်ပြီး ရေးခဲ့တာပါလို့ ဆိုပါတယ်။

Last modified on Wednesday, 17 June 2015 15:29

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်က ရွာတစ်ရွာမှာ နေပါတယ်လို့ ရေးလာတဲ့ ဦးသောင်းစိန် ရေးလိုက်တဲ့ စာတစ်စောင် ရောက်လာခဲ့ပါတယ်။ စာရေးတဲ့သူက အငြိမ်းစား စစ်မှုထမ်းဟောင်း တစ်ဦး ဖြစ်ပြီး သူတို့ရွာရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတာတွေကို ရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှ ကျောင်းစတက်တဲ့ သူငယ်တန်းကျောင်းသား မြေး စာသင်ကြားတဲ့ ကျောင်းက ဆရာမတွေ ကျူရှင် သင်ကြတဲ့ အကြောင်းကို တခြားသူတွေ သိစေချင်လို့ ရေးသားပေးပို့ ခဲ့တာပါလို့ ဆိုပါတယ်။

Cartoon-2

မဇ္ဈိမ စာဖတ်သူကဏ္ဍကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်မှာ နေတဲ့ ဦးဆန်းမြင့်က စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ သူ့ စာထဲမှာ ရေးထားတာကတော့ မကြာခင်မှာ ကျင်းပပြုလုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တာဝန်ရှိ၊ တာဝန်သိ ပြည်သူ တစ်ဦးအနေနဲ့ ရေးသားတင်ပြခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူရေးတာကို တာဝန်ရှိသူတွေ ဖတ်ပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ပြင်ဆင်ချိန် ရ မရတော့ မသိပေမယ့် ပြည်သူ တစ်ဦးရဲ့ အမြင်ကို ထင်ဟပ်နေတဲ့ စာဖြစ်တဲ့အတွက် ဖော်ပြပေးချင်ပါတယ်။

Cartoon-2

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်မှာ နေတဲ့ ဒေါ်ခင်ဆွေ ရေးသားပေးပို့လိုက်တဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ သူ့ စာထဲမှာ ရေးသားထားတာကတော့ သူဟာ စစ်မှုထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရတဲ့ တပ်မတော်သား တစ်ဦးရဲ့ ဇနီးဖြစ်ပြီး နေဖို့ဝယ်ယူခဲ့တဲ့ မြေကွက်က တရားမဝင် ဖြစ်နေတဲ့အတွက် သူ့လို သောကမျိုး တခြားသူတွေ မခံစားရစေဖို့ စာရေးသား ပေးပို့ခဲ့တာပါလို့ ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းခရိုင်၊ ပေါင်းတည်မြို့မှာနေတဲ့ ဒေါ်ခင်လေးရီက မဇ္ဈိမစာဖတ်သူကဏ္ဍကို မေးလ်နဲ့ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ သူဟာ အငြိမ်းစား ကျောင်းဆရာမ တစ်ဦးဖြစ်ပြီး စာဖတ်ဝါသနာပါသူ ဖြစ်တဲ့အတွက် နေ့စဉ် သတင်းစာ ဖတ်သူဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့ ဖတ်ရတဲ့ သတင်းစာထဲမှာ “ရန်ကုန်ရှိ အခြေခံပညာကျောင်း အချို့၌ လူမှုကွန်ရက်စာမျက်နှာမှ ခိုက်ရန်ဖြစ်ပွားနိုင်သည့် အကြောင်းအရာများ ရေးသားခြင်း၊ ညစ်ညမ်းပုံများ၊ မှတ်ချက်များ ပေးပို့ရေးသားခြင်းများ ပြုလုပ်ပါက ကျောင်းမှ ထုတ်ပယ်သည် အထိ အရေးယူမည်ဟု စည်းကမ်းချက်များ ထုတ်ပြန်ထား” ဆိုတဲ့ ခေါင်းစဉ် ရေးထားတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတာကြောင့် ရေးလိုက်တဲ့ စာပါလို့ ပြောပါတယ်။

ကိုမျိုးသန့်ရေ

    ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး ကျွန်တော်ဟာ နော်ဝေနိုင်ငံကို ရောက်နေပါတယ်။ မေလ ၂၆ ကနေ ၂၈ ရက်နေ့အထိ အော်စလိုမြို့က နိုဘယ်လ် အင်စတီကျုမှာ ကျင်းပတဲ့ The Oslo conference to end Myanmar's systematic persecution of Rohingyas ဆိုတဲ့ နိုင်ငံတကာ ကွန်ဖရင့်တစ်ခု တက်ရောက်ခဲ့တာပါ။ အဲဒီ ကွန်ဖရင့်ကို နိုင်ငံတကာက ထင်ရှားတဲ့ ပညာရှင်တွေ၊ လူ့အခွင့်အရေး ဆိုင်ရာ တာဝန်ထမ်းဆောင်ခဲ့ဖူး သူတွေ၊ အစိုးရတာဝန်ရှိသူတွေ၊ ရိုဟင်ဂျာ လူမျိုးတွေ၊ သတင်းစာ ဆရာတွေ၊ သုတေသီတွေ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံကတော့ ဆရာတော်(၃) ပါး၊ ခရစ်ယာန်ဘုန်းတော်ကြီး (၂) ပါး၊ ကျွန်တော်နဲ့ မန္တလေးမြို့က စာရေးဆရာ ညီပုလေးတို့ အတူတကွ သွားရောက်ခဲ့ကြပါတယ်။ ကျွန်တော်နဲ့ ဆရာညီပုလေးက လေ့လာသူအဖြစ်နဲ့ တက်ရောက်ရတာပါ။ ကွန်ဖရင့်ကို မတက်ရောက်နိုင်တဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေ၊ နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေက ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယို ဖိုင်တွေကနေ တဆင့် အမှာစကားတွေ ပါးခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်မှာ နေတဲ့ သတင်းထောက် ကိုသတ္တိ (အမည်လွှဲ) ရဲ့ မေးနဲ့ ပို့လိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူ ကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ ရေးလိုက်တဲ့ အကြောင်းအရာကတော့ မေလ ၂၇ ရက် ဗိုလ်စိန်မှန်ကွင်းမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ နိုင်ငံရေးပါတီ တစ်ခုရဲ့ ဥက္ကဋ္ဌ တစ်ဦးက မြန်မာနိုင်ငံ သတင်းထောက်များအပေါ် ပြောကြားချက်နဲ့ ပတ်သက်ပြီး ပြောချင်လို့ ရေးလိုက်တဲ့ စာပါလို့ ဆိုပါတယ်။ သူဟာ သတင်းထောက်အဖြစ် ၁၀ နှစ်နီးပါး လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး မရေးချင်ပေမဲ့ သတင်းသမားတွေ အပေါ် ဒီလိုပြောလာတာကို သူနဲ့လည်း ဆိုင်တယ်ထင်လို့ ရေးလိုက်တဲ့ စာပါလို့ ဆိုပါတယ်။

မဇ္ဈိမ စာဖတ်သူကဏ္ဍမှာ နေပြည်တော်နယ်မြေမှ ဦးဆန်းအောင် (အမည်လွဲ)က မေးလ်နဲ့ ပို့လာတဲ့ စာတစ်စောင်ကို ဖော်ပြပေးဖို့ ရွေးချယ် ထားပါတယ်။ ရေးသားပေးပို့ခဲ့သူဟာ ပြည်ထဲရေး ဝန်ကြီးရုံးမှ ဝန်ထမ်း တစ်ဦးဖြစ်ပြီး အစိုးရအဖွဲ့အတွင်း၊ အမြဲတမ်း အတွင်းဝန်များ ခန့်ထားတာနဲ့ ပတ်သက်လို့ သူ့အမြင်နဲ့ သူခံစားချက်ကို ရေးခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်မှာနေတဲ့ မလဝန်းဆွေ (အမည်လွဲ) ရဲ့ မေးလ်နဲ့ ပို့လိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံရရှိခဲ့ပါတယ်။ သူရဲ့ စာထဲမှာ ဖော်ပြထားတာကတော့ သူဟာ ရန်ကုန်မြို့လယ်က အရောင်းစင်တာ တစ်ခုက ဝန်ထမ်း တစ်ဦးဖြစ်ပြီး သူရဲ့ ဇာတိကတော့ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်ထဲက ရွာ တစ်ရွာကပါလို့ ပြောပါတယ်။ သူရေးလိုက်တဲ့ အကြောင်းအရာကတော့ သူရဲ့ လက်ကိုင်ဖုန်း ပျောက်သွားလို့ ဖုန်းကတ် (Sim Card) ပြန်လည် လျှောက်ထားရာမှာ အချိန်ကြာပြီး အခက်အခဲတွေ့ရပုံကို ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်မှာ နေတဲ့ ဦးသာထွန်း ရေးသား ပေးပို့လိုက်တဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ ပေးပို့နေကျစာတွေက မိမိတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အဆင်မပြေမှုတွေကို ရေးသားပေးပို့ကြတာ ဖြစ်ပေမယ့် အခု ရေးပို့လိုက်တဲ့ စာရဲ့ ထူးခြားချက်ကတော့ နိုင်ငံအတွက် လူမျိုးအတွက် ရည်ရွယ်ပြီး ရေးခဲ့တဲ့ စာပါလို့ ဆိုပါတယ်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 108 guests and no members online