House Art

eng btn

အထူးသတင်းများ:
 
 

အခုဆိုရင် ရခိုင်ပြည်နယ်ထဲမှာ အစိုးရ လဝက ဝန်ကြီးဌာနက ပြန်လည်သိမ်းဆည်းလိုက်တဲ့ ယာယီ သက်သေခံလက်မှတ် White Card တွေအစား အစိမ်းရောင်နဲ့ ပန်းနုရောင် နှစ်မျိုးစပ် ကတ်တစ်မျိုးကို ပြန်လည်ထုတ်ပေးနေပါပြီ။ (အခု ဆောင်းပါးမှာတော့ အများ မှတ်မိလွယ်ကူအောင် အစိမ်းရောင်ကတ်လို့ပဲ သုံးနှုန်းပါ့မယ်။) White Card ဆိုတာ ဘယ်လို ကတ် အမျိုးအစားတွေလဲ၊ အဲဒီ ကတ်နဲ့ ပတ်သက်ပြီး ဘာပြဿနာတွေ ဖြစ်ခဲ့သလဲ၊ အစိုးရက White Card တွေ အစား အခု ပြန်ထုတ်ပေးလိုက်တဲ့ အစိမ်းရောင်ကတ်တွေကရော ဘယ်လို အမျိုးအစားလဲ၊ ဒီ အစိမ်းရောင်ကတ်တွေ ထုတ်ပေးလိုက်ခြင်းအားဖြင့် ရခိုင်ပြည်နယ်ထဲက အစ္စလာမ် ဘာသာကိုးကွယ်တဲ့ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး ပေါ်ပေါက်နေတဲ့ ပြဿနာတွေ ဖြေရှင်းရာမှာ အထောက်အကူ ဖြစ်စေမှာလား ဆိုတာ ဒီကနေ့ လေ့လာသုံးသပ် တင်ပြသွားပါ့မယ်။

မိမိတို့ တစ်နိုင်ငံလုံး ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို စောင့်ကြည့်ခဲ့ကြပါသည်။ ဗိုလ်လုပွဲ မတိုင်ခင်က အသံများ၊ ပြိုင်ပွဲပြီးနောက် ကြားရသည့်အသံများက စိတ်ဝင်စားဖို့ ကောင်းပါသည်။ သည်အသံများက မိမိတို့လူမျိုး မိမိတို့တိုင်းပြည်ရဲ့ ပုံရိပ်ကို ပုံဖေါ်နေသလို ဖြစ်နေသည့်အတွက်လည်း စိတ်ဝင်စားဖို့ ကောင်းနေရခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ကမ္ဘာကြီး တစ်နေ့တခြား ပူနွေးလာနေခြင်းနှင့် ရာသီဥတု သိသာစွာ ပြောင်းလဲလာနေခြင်းများကို ကမ္ဘာ့သိပ္ပံပညာရှင်များက
စောင့်ကြည့်လေ့လာနေခဲ့ကြပါသည်။ တစ်နေ့တခြား ရာသီဥတုများ သိသိသာသာ ပြောင်းလဲလာနေသည်ကို ရင်တမမနှင့် စောင့်ကြည့်နေကြရသည့် အချိန်လို့လည်း ပြောလို့ရပါသည်။

Last modified on Wednesday, 17 June 2015 10:12

Sithuaungmyint-1

အခုဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီစဉ်နေတဲ့ အမှိုက်သိမ်း လုပ်ငန်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးဖို့၊ အမှိုက်သိမ်းခ သုံးဆကနေ လေးဆ ကောက်ခံမယ့်ကိစ္စ လူထုသဘောထား ဆန္ဒကောက်ခံတဲ့ကိစ္စ အဖြေထွက်လာပါပြီ။ ဒီကိစ္စ သဘောထား ဆန္ဒပေးသူ ၈၀ ရာခိုင်နှုန်းကျော်က သဘောမတူဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ရန်ကုန်စည်ပင်ဟာ အမှိုက်သိမ်းတာကို ကိုယ့်ဖာသာကိုယ်ပဲ ဆက်လုပ်မယ်ဆိုပြီး မြို့တော်ဝန်က ပြောလာပါပြီ။ ရန်ကုန်မြို့တော်က အမှိုက်သိမ်းတဲ့ကိစ္စ စည်ပင်က ခုလို ကိုင်တွယ်ဖြေရှင်းပုံဟာ မှန်ကန်ပါရဲ့လား။ အမှိုက်သိမ်းတဲ့ကိစ္စ ဘယ်လို ဖြစ်သင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လာမည့် လပိုင်းအတွင်း ကျင်းပတော့မည်ဖြစ်ရာ တိုင်းရင်းသား ဒေသများတွင် ပြိုင်ဆိုင်မှုများ ပြင်းထန်လာဖွယ် ရှိနေသည်။

“ပန့်ခ်” လိုဆိုလိုက်တာနဲ့ မြန်မာနိုင်ငံမှာ ကလေး၊လူကြီးအားလုံး မျက်စိထဲတန်းမြင်တာက ဆံပင်ထိုးထိုးထောင်ထောင်နဲ့ လမ်းသရဲပုံစံ လူငယ်တွေကိုပါ။ ဒီလူငယ်တွေကို ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ အင်္ကျီ၊ ဘောင်းဘီအကျပ်တွေ ဆွဲကြိုး၊ နားကွင်း၊ လက်ကောက်တွေ၊ တံတောင်လောက်ရှိတဲ့  ဆံပင်ထိုးထိုးထောင်ထောင် ဖက်ရှင်တွေနဲ့ လမ်းသလားနေတာ မြင်လိုက်ရင် လူအများစုက မနှစ်သက်တတ်ကြပါဘူး။ ဒါပေမယ့် သူတို့တွေဟာ လူငယ်တွေပါ။

Sithuaungmyint-1

အခုဆိုရင် အများမျှော်လင့်နေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း လွှတ်တော်ထဲ တင်သွင်းလိုက်ပါပြီ။ ဒီမူကြမ်းဟာ လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ပြည်ခိုင်ဖြိုး ပါတီရဲ့ သဘောထားတွေလို့ ဆိုနိုင်ပြီး လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်သား အမတ်တွေဘက်က သဘောတူရင်တော့ အတည်ဖြစ်လာစရာ ရှိပါတယ်။ တပ်မတော်သား အမတ်တွေ တစ်နည်းပြောရရင် ကာကွယ်ရေး ဦးစီးချုပ်က သဘောမတူတဲ့ အချက်တွေကို အတည်ပြုနိုင်မှာ မဟုတ်သလို၊ ဥပဒေ မူကြမ်းထဲတောင် ပါမလာတဲ့ အချက်တွေဆိုရင်တော့ ပြင်ဆင်နိုင်ဖို့ အလွန်အလှမ်းဝေးပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ကနေ တားမြစ်ထားတဲ့ ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ဖို့ကိစ္စ၊ အင်န်အယ်လ်ဒီဘက်က လိုလားတဲ့  လွှတ်တော်တွင်း အမတ်စုစုပေါင်းရဲ့ တစ်ဝက်ကျော်က သဘောတူရင် ဖွဲ့စည်းပုံကို ပြင်နိုင်မယ့် ပုဒ်မ ၄၃၆ လို ကိစ္စမျိုးကတော့ ပြင်နိုင်ဖွယ် လုံးဝ မရှိပါဘူး။ တိုင်းရင်းသားတွေ လိုလားနေတဲ့ အချက်တချို့ကိုရော ပြင်ဆင်နိုင်ဖွယ်ရှိသလား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အခုတလော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့တရုတ်ပြည် ခရီးစဉ်အပေါ် ပြည်တွင်း၊ ပြည်ပနိုင်ငံရေး အာရုံစိုက်သူများက ထင်မြင်ချက် အမျိုးမျိုးပေးနေကြသည်မှာ စိတ်ဝင်စားဖို့ ကောင်းပါသည်။

ကေဇူး၊ ဟိန်းကိုစိုး စုစည်းသည်။

၂၀၁၅ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားထားပြီးဖြစ်ရာ လက်ရှိအချိန်မှာ ပြည်တွင်းတွင် ရွေးကောက်ပွဲအတွက် စိတ်ဝင်စားမှု မြင့်တက် နေချိန်ဖြစ်ရာ မဇ္ဈိမက ပဲခူးတိုင်းအတွင်းရှိ လူငယ်များနှင့် တွေ့ဆုံပြီး ၎င်းတို့၏ ရွေးကောက်ပွဲနှင့်  ပတ်သက်သည့် အမြင်များကို စုစည်း တင်ပြပေးထားခြင်း ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်မှာနေတဲ့ မယမင်းကြိုင်က မေးလ်နဲ့ မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာတစ်စောင် ပေးပို့လာပါတယ်။ သူရေးထားတာ ကတော့ မန္တလေးမြို့မှာ နေထိုင်တဲ့ သူဟာ ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပါတယ်လို့ ပြောပါတယ်။ နေ့စဉ်ထုတ် သတင်း စာတစ်စောင်မှာ လူမှုဖူလုံရေး ဦးစီးဌာနက လူမှုဖူလုံရေး ဝင်ထားတဲ့ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးကို ဆေးကုသဖို့အတွက် ထောက်ပံ့ငွေသိန်း ၂၀ ပေးတာကို ဖတ်လိုက် ရတာကြောင့် စာရေးချင်စိတ် ဖြစ်ပေါ်ပြီး ရေးခဲ့တာပါလို့ ဆိုပါတယ်။

Last modified on Wednesday, 17 June 2015 15:29

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 119 guests and no members online