House Art

eng btn

Women's Forum Myanmar Asean 14

Written by 

women-forum-banner

မြန်မာ - အာဆီယံ အမျိုးသမီးဖိုရမ် ၂၀၁၄ ရန်ကုန်

(ရုပ်သံသတင်း တင်ဆက်မှု)

11-Women-Forun-Myanmar-ASEAN-Yangon-03-ssအမျိုးသမီးအကြမ်းဖက်မှု ကာကွယ်ရေးဥပဒေ မြန်မာရောက် နိုင်ငံခြားသူများ အပေါ်တွင်ပါ အကျိုးရှိစေမည်

အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ပေးရန် ရည်ရွယ်၍ ရေးဆွဲနေသော "အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေး စောင့်ရှောက်ရေး ဥပဒေ" သည် မြန်မာအမျိုးသမီးများကိုသာမက ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် စတင် အသက်ဝင်မည့် အာဆီယံ စီးပွားရေး အသိုက်အ၀န်း (AEC) အရ မြန်မာနိုင်ငံ သို့ရောက်ရှိလာမည့် နိုင်ငံခြားသူများ အပေါ်တွင်ပါ အကျိုးရှိစေမည့် ဥပဒေဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်မာထွန်းက ပြောသည်။

09-Women-Forun-Myanmar-ASEAN-Yangon-01-ssအုပ်ချုပ်ရေးကဏ္ဍတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရန် လက်ရှိစနစ်ကို
ပြောင်းလဲသင့်ဟုဆို

အမျိုးသမီးများ အုပ်ချုပ်ရေး ကဏ္ဍတွင် ပိုမိုပါဝင်လာရန် လက်ရှိကျင့်သုံးနေသော စနစ်ကို ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်နေပြီဟု ကမ္ဘာ့ကုလသမဂ္ဂဌာန ညှိနှိုင်းရေးမှုးရုံးမှ အကြီးတန်း အကြံပေးပုဂ္ဂိုလ် ဒေါ်စုစုသာထွန်းက ဒီဇင်ဘာ ၆ ရက်က ရန်ကုန်မြို့၌ကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးဖိုရမ် ဒုတိယနေ့တွင် ပြောကြားလိုက်သည်။

ကမ္ဘာ့ အမျိုးသမီးဖိုရမ် မြန်မာ ဒုတိယနေ့အဖြစ် ရန်ကုန်မြို့၊ ချက်ထရီယမ် ဟိုတယ်တွင် ကျင်းပ

09-Women-Forun-Myanmar-ASEAN-Yangon-01-s

ကမ္ဘာ့ အမျိုးသမီးဖိုရမ် မြန်မာ ၂၀၁၄ ဒုတိယနေ့အဖြစ် ဒီဇင်ဘာ ၆ ရက်က ရန်ကုန်မြို့၊ ချက်ထရီယမ် ဟိုတယ်တွင် ကျင်းပနေသည်ကို တွေ့ရစဉ်၊(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)။ အဆိုပါ ဖိုရမ်ကို ဒီဇင်ဘာ ၅ ရက်က နေပြည်တော်တွင် ကျင်းပခဲ့ပြီး သမ္မတ ဦးသိန်းစိန် အပါအဝင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ မိန့်ခွန်း ပြောဆိုခဲ့သေးသည်။

မြန်မာ - အာဆီယံ အမျိုးသမီးဖိုရမ် ၂၀၁၄ နေပြည်တော်

(ရုပ်သံသတင်း တင်ဆက်မှု)

Women-Forun-Myanmar-ASEAN-Daw-Su-sနိုင်ငံရေးနှင့် ဦးဆောင်မှုတို့တွင် အမျိုးသမီးများ ပိုမိုပါဝင်ရန်
ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နိုင်ငံရေး ဦးဆောင်မှုများတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၅ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး ဖိုရမ်တွင် ပြောကြားလိုက်သည်။

Women-Forun-Myanmar-ASEAN-1-sနိုင်ငံရေးသည် အကူးအပြောင်း အားလုံး၏ အဓိက သော့ချက်ဟု
ဒေါ်အောင်ဆန်းစုကြည် ပြော

ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၈၊ ပုဒ်မ ၃၅၀၊ ၃၅၁နှင့် ၃၅၂တွင် ပြဌာန်းထားသည့် နိုင်ငံသားတိုင်း တန်းတူညီမျှ အခွင့်အရေး ရရှိစေရေးဆိုသည့် ခေါင်းစဉ်အောက်တွင် အမျိးသမီးများ၏ ရပိုင်ခွင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မည်ဟု သမ္မတ ဦးသိန်းစိန်၏ ကတိပြုချက်ကို အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှား သူများက စောင့်ကြည့်မည်ဟု ပြောကြားလိုက်သည်။

Women-Forun-Myanmar-ASEAN-sအမျိုးသမီးများ၏ ရပိုင်ခွင့် ကာကွယ်စောင့်ရှောက်မည် ဟူသော သမ္မတ ကတိကို စောင့်ကြည့်မည်

ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၈၊ ပုဒ်မ ၃၅၀၊ ၃၅၁နှင့် ၃၅၂တွင် ပြဌာန်းထားသည့် နိုင်ငံသားတိုင်း တန်းတူညီမျှ အခွင့်အရေး ရရှိစေရေးဆိုသည့် ခေါင်းစဉ်အောက်တွင် အမျိးသမီးများ၏ ရပိုင်ခွင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မည်ဟု သမ္မတ ဦးသိန်းစိန်၏ ကတိပြုချက်ကို အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူများ က စောင့်ကြည့်မည်ဟု ပြောကြားလိုက်သည်။

ကမ္ဘာ့ အမျိုးသမီး ဖိုရမ် မြန်မာ ၂၀၁၄ နေပြည်တော်တွင် ကျင်းပ

21-Women-Forun-Myanmar-ASEAN-Napyitaw-13-sကမ္ဘာ့ အမျိုးသမီးဖိုရမ် မြန်မာ ၂၀၁၄ ကို နေပြည်တော်ရှိ မြန်မာ ကွန်ဗားရှင်းစင်တာ (MICC-2) တွင် ဒီဇင်လာလ ၅ ရက်နေ့က ကျင်းပနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ၎င်းအခမ်းအနားကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၊အမျိုးသမီးဖိုရမ် (ဦးဆောင်အရာရှိချုပ်) Ms jacqueline၊ ပြင်သစ်နိုင်ငံဖွံ့ဖြိုးရေးနှင့် ဘာသာစကားထွန်းကား ပြန့်ပွားရေဝန်ကြီး Ms Annick Girardin နှင့် လူ/ကယ်/ပြန်ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုံးခင်တို့တက်ရောက် အမှာစကားပြောကြားခဲ့သည်။

ပါဝင်ဆွေးနွေးမည့်သူများ

ASEAN

2013-Women-Forun-ASEAN-sအောင်မြင်ခဲ့သည့် ၂၀၁၃ အမျိုးသမီးဖိုရမ်

၂၀၁၃ ခုနှစ်သည် မြန်မာနိုင်ငံရှိ အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေးအတွက် ကောင်းမွန်သော နှစ်တစ်နှစ်ဖြစ်ခဲ့ သည်။ အောက်တိုဘာလ ၁၃ ရက်တွင် မြန်မာ အမျိုးသမီးရေးရာ ကော်မတီ၊ လူသိများသော NGO များနှင့် အမျိုးသမီး အုပ်စုများသည် နိုင်ငံရေး၊ ဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုင်ရာများ၊ ကျန်းမာရေး၊ ပညာရေး၊ အကျပ်အတည်းများ၊ အရေးပေါ်ကိစ္စရပ်များနှင့် ရင်းနှီးမြှုပ်နှံမှုရေးရာ ကဏ္ဍများ အပါအဝင် ကဏ္ဍ ၁၂ ခုတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရန် အစီအစဉ် ဆွဲနိုင်ခဲ့သည်။

AA-sကိစ္စ ပြဿနာတိုင်းဟာ အမျိုးသမီးများရဲ့ ကိစ္စ ပြဿနာပဲ ဖြစ်တယ်

မြန်မာ အမျိုးသမီးဖိုရမ် ၂၀၁၄

အကူးအပြောင်းသို့ ချီတက်နေသည့် မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍက ပို၍ ပို၍ အရေးပါလာလျက်ရှိသည်။ ၂၀၁၁ ခုနှစ် ကျမှ အဆုံးသတ်သွားသည့် အမျိုးသားများသာ ကြီးစိုးထားသော စစ်အုပ်ချုပ်ရေးအောက်တွင် လိင်ကွဲပြားမှုအရေး၊ ဘာသာရေးဆိုင်ရာ ကဏ္ဍများနှင့် တိုင်းရင်းသား လူမျိုးစုများ အရေးတို့တွင် လုပ်ဆောင်မှု နည်းပါးခဲ့သည်။

အမျိုးသမီး ဖိုရမ် ဘယ်လို ဖြစ်ပေါ်လာသလဲ

စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ အမျိုးသမီးများ ဖိုရမ်ကို ၂၀ဝ၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ယင်းဖိုရမ်သည် အဓိက
ကျသည့် လူမှုစီးပွားဆိုင်ရာ ပြဿနာရပ်များနှင့် ပတ်သက်၍ အမျိုးသမီးများ၏ ထင်မြင်မှု များဆိုင်ရာ ကမ္ဘာ့ ဦးဆောင်စင်မြင့်
တစ်ခုဖြစ်သည်။ WEFCO ဖိုရမ်သည် အမျိုးသမီးများအတွက် အခက်အခဲ အတားအဆီးများ ကျော်လွှားခြင်းနှင့် အခွင့်အလမ်း
များ ဖန်တီးခြင်းများအတွက် လက်တွေ့ကျသည့် နည်းလမ်းများအပေါ်ဆွေးနွေးခြင်းဖြင့် အမျိုးသမီးများ၏ ကျွမ်းကျင်မှုကို
အသုံးချရန် ကြိုးပမ်းနေသည်။

မြန်မာ-အာဆီယံ အမျိုးသမီးများ ဖိုရမ်မှာ ဘာတွေဆွေးနွေးကြမလဲ

(ရုပ်သံသတင်း တင်ဆက်မှု)

Read 22178 times Last modified on Friday, 12 December 2014 12:47

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832