House Art

eng btn

Wednesday, 11 March 2015 10:11

အမျိုးသား ပညာရေး ဥပဒေကို ပြေလည်အောင် မရှင်းနိုင်သည့် ပညာရေး ဝန်ကြီး နုတ်ထွက်ပေးသင့် ဟုဆို

Written by  ထက်ထက်အောင်

ရန်ကုန် (မဇ္ဈိမ)။ ။ မတ်လ ၁ဝ ရက်အပါအဝင် ကျောင်းသားသပိတ်နှင့် ကျောင်းသားသပိတ်ထောက်ခံ ဆန္ဒပြသူများကို အစိုးရ ရဲတပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းနေခြင်းသည် အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ ဖြေရှင်း ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက်ကြောင့်ဖြစ်၍  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ တာဝန်ဖြစ်သည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောကြားလိုက်သည်။ "ဒီကိစ္စမှာ ပညာရေး ဝန်ကြီးဌာနမှာ အဓိကတာဝန်ရှိတယ်” ဟု ပြောသည်။

Student-Strike-Lapantan-02

လက်ပံတန်းရှိ ဆန္ဒပြကျောင်းသားများ၊ သံဃာများ၊ မီဒီယာများအပါအဝင် မြင်မြင်သမျှကို ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်များဖြင့် ရိုက်နှက်စဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

ကျောင်းသား၊ လူထုနှင့် အစိုးရကြား သွေးထွက်သံယို အကြမ်းဖက်ဖြိုခွင်းမှုများ၊ ဖမ်းဆီးခံရမှုများအထိ ဖြစ်ပေါ်လာစေခြင်းမှာ အဆိုပါ ဖြစ်စဉ်အစပျိုးရာ အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်ပြီး အများကျေနပ်လက်ခံသည့် ဥပဒေကို ပုံဖော်မပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး သေချာစွာ ဖြေရှင်းကိုင်တွယ်မှုမျိုး မရှိခဲ့ခြင်းကြောင့်  ပညာရေးဝန်ကြီးတွင် တာဝန်ရှိသဖြင့် တာဝန်မယူနိုင်သော ပညာရေးဝန်ကြီးသည် နုတ်ထွက်ပေးသင့်သည်ဟုလည်း Gender and Development Initiative ၏ အမှုဆောင်ဒါရိုက်တာ ဆလိုင်းအိုက် ဇက်ခင်က ဒေါက်တာ ညိုညိုသင်း၏ ဝေဖန်မှုအပေါ် ထောက်ခံပြောကြားလိုက်သည်။

''ကျောင်းသားတွေ အခြေအနေအထိရောက်သွားတာက အစကတည်းက အစိုးရပိုင်းက တာဝန် မယူတဲ့ အတွက်ဖြစ်တယ်။ ဒီလို အကြမ်းဖက်ခံရတဲ့အခြေအနေကိုမရောက်ခင် အစောပိုင်းကတည်းက ပညာ ရေးဝန်ကြီးက သေချာကိုင်တွယ်ပြီး ဖြေရှင်းပေးသင့်တယ်။ မဖြေရှင်းတဲ့ ပညာရေးဝန်ကြီး နုတ်ထွက်သင့်တယ်” ဟု ၎င်းက ပြောသည်။

အစိုးရက စေ့စပ်ညှိနှိုင်းအဖြရှာသော ယဉ်ကျေးမှုထွန်းကားလာနေပြီး ဒီမိုကရေစီ စံချိန်စံညွှန်းများ ရရှိနေကြောင်း၊ လူ့အခွင့်အရေးများ ခံစားနေရပါပြီဟုဆိုသည့်  နိုင်ငံတကာနှင့် မြန်မာပြည်သူများကို ပြောဆို နေသော်လည်း မတ်လ ၁ဝ ရက် အပါအဝင် ကျောင်းသားသပိတ်နှင့် ကျောင်းသားများအား ထောက်ခံဆန္ဒပြသူ များအပေါ် အကြမ်း ဖက်ဖြိုခွင်းမှုဖြစ်စဉ်သည် ၎င်းတို့၏ ပြောကြားမှုများနှင့် ဆန့်ကျင်နေပြီး အစိုးရ၏ပုံရိပ်ကို ထိခိုက်စေသည်ဟုးက ပြောသည်။

မတ်လ ၁ဝ ရက် နေ့လယ် တစ်နာရီခန့်တွင် လက်ပံတန်းမြို့တွင် သပိတ်ဆင်နွှဲနေသည့်  ရဲတပ်ဖွဲ့ဝင်များက ကျောင်းသားများ စီးနင်းလာသည့် သပိတ်ကားကို ရိုက်နှက်ထားပြီး ကျောင်းသားများအား စတင်ဖမ်းဆီးကာ အကြမ်းဖက်နှိမ်နှင်းခဲ့သည်။ အလားတူပင် ရန်ကုန်မြို့ လှည်းတန်း စိုက်ပျိုးရေးမှတ်တိုင်အနီးတွင်လည်း အကြမ်းဖက်နှိမ်နှင်းခဲ့ပြီး ပိတ်မိနေသော ရန်ကုန်ကျောင်းသားသပိတ်မှ ကျောင်းသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များ က ဖမ်းဆီးခေါ်ဆောင်သွားရာ ကျောင်းသားနှင့်ရဲတပ်ဖွဲ့ဝင်များအကြား ညှိနှိုင်းခဲ့ရာပြေလည်သဖြင့် ပြန်လွှတ် ပေးခဲ့သည်။

Read 9999 times Last modified on Monday, 30 March 2015 13:37

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

နောက်ဆုံးရ သတင်းများ

ထိုင်းနိုင်ငံတွင် မားစ်ရောဂါလက္ခာဏာရှိသူတစ်ဦးကို ပထမဆုံးအကြိမ်တွေ့ရှိ ထိုင်းနိုင်ငံတွင် မားစ်ရောဂါလက္ခာဏာရှိသူတစ်ဦးကို ပထမဆုံးအကြိမ်တွေ့ရှိ ထိုင်းနိုင်ငံတွင် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ (မားစ်) လက္ခဏာရှိသူ အသက် ၇၅နှစ်...
မလေးရှား အတိုက်အခံမဟာမိတ်အဖွဲ့ ပြိုလဲ မလေးရှား အတိုက်အခံမဟာမိတ်အဖွဲ့ ပြိုလဲ မလေးရှားနိုင်ငံမှ အတိုက်အခံညွန့်ပေါင်းမဟာမိတ်အဖွဲ့သည် ခေါင်းဆောင် အန်ဝါအီဘရာဟမ် ဓမ္မတာေ...
အမေရိကန်တွင် လူမည်းဘုရားရှိခိုးကျောင်းကို သံသယရှိလူဖြူတစ်ဦးက သေနတ်ဖြင့်ဝင်ပစ် အမေရိကန်တွင် လူမည်းဘုရားရှိခိုးကျောင်းကို သံသယရှိလူဖြူတစ်ဦးက သေနတ်ဖြင့်ဝင်ပစ် အမေရိကန်နိုင်ငံတောင်ပိုင်း ကယ်လီဖိုးနီးယားရှိ ချားလစ်တန်မြို့တွင် သမိုင်းဝင်လူမည်းဘုရ...
၂၀၁၄ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကုန်ကျစရိတ် ဒေါ်လာ ၁၄ ဒသမ ၃ ထရီလီယံရှိ ၂၀၁၄ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကုန်ကျစရိတ် ဒေါ်လာ ၁၄ ဒသမ ၃ ထရီလီယံရှိ ကင်ဘာရာ၊ ဇွန် ၁၈ ။    ။ ၂၀၁၄ခုနှစ်က ကမ္ဘာလုံးဆိုင်ရာစစ်ပွဲ ကုန်ကျစရိတ်မှာ ဒေါ်လာ၁၄ဒသမ၃ထ...
ယန်စီမြစ်အတွင်း တရုတ်ကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက် အသေအပျောက်မသိရသေး ယန်စီမြစ်အတွင်း တရုတ်ကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက် အသေအပျောက်မသိရသေး ရှန်ဟိုင်း၊ ဇွန်-၁၈ ။        ။ တရုတ်နိုင်ငံရှေ့ပိုင်း နန်ကျင်းမြို့အနီး ယန်စီမြစ်...
မွတ်စလင်အများစုနေထိုင်ရာ ရှင်ကျန်းဒေသတွင် အစိုးရ၀န်ထမ်းများ ရာမဒန်ဥပုသ်စောင့်ခွင့် တရုတ်အစိုးရ တားမြစ်ပိတ်ပင် မွတ်စလင်အများစုနေထိုင်ရာ ရှင်ကျန်းဒေသတွင် အစိုးရ၀န်ထမ်းများ ရာမဒန်ဥပုသ်စောင့်ခွင့် တရုတ်အစိုးရ တားမြစ်ပိတ်ပင် ပေကျင်း၊ ဇွန်-၁၈ ။   ။ တရုတ်အစိုးရက မွတ်စလင်အများစုနေထိုင်သည့် ရှင်ကျန်းဒေသအတွင်း အစို...
NNER ၏ ညီလာခံက ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေးအပါအ၀င် အချက်နှစ်ချက်တောင်းဆို NNER ၏ ညီလာခံက ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေးအပါအ၀င် အချက်နှစ်ချက်တောင်းဆို ရန်ကုန်၊ ဇွန် ၁၈ ။      ။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER)၏...

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832