![]() (အင်တာဗျူး) ၂၀၁၃ ခုနှစ် အကယ်ဒမီဆုချီးမြှင့်ပွဲတွင် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို “နင်စေရင်” ဇာတ်ကားဖြင့် ရရှိခဲ့သည့် မင်းဦးသည် ၁၉၉၀ ပြည့်နှစ်တွင် အနုပညာလောကသို့ စတင်ဝင်ရောက်လာခဲ့ပြီး နှစ်ပေါင်း၂၀ ကြာမှ ရွှေစင်ရုပ်ဆုကို ရရှိပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ခြင်းကြောင့် ၎င်း၏ ရင်တွင်းခံစားမှုတချို့ကို မဇ္ဈိမက ဖွင့်ဟ မေးကြည့်ခဲ့သည်။ ![]() (အင်တာဗျူး) Myanmar Event Park တွင် ဒီဇင်ဘာ ၂၇ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၃ ခုနှစ် အကယ်ဒမီရွေးချယ် ဆုချီးမြှင့်ပွဲတွင် ခိုင်သင်းကြည်သည် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို “စုန်းပြူး”ဇာတ်ကားဖြင့် ရရှိခဲ့သည်။ သရုပ်ဆောင် ခိုင်သင်းကြည်သည် အနုပညာလောကကို ၁၉၉၃ ခုနှစ်မှ စတင်ဝင်ရောက်ကာ အကယ်ဒမီရရှိမည်ဟု အသံထွက်ခဲ့သည့် နှစ်များရှိခဲ့သော်လည်း အကယ်ဒမီဆုနှင့် လွဲချော်ခဲ့သူ တစ်ဦးဖြစ်သည်။ ယခုရရှိသည့်ဆုသည် ၎င်း၏ အနုပညာသက်တမ်းနှစ် ၂၀ ကျော်အတွင်း ပထမဆုံး အကယ်ဒမီဆုလည်း ဖြစ်သည်။ ![]() (သုံးသပ်ချက် ဆောင်းပါး) ဒီဇင်ဘာ ၂၇ ရက်မှာ ကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲဟာ ရုပ်ရှင်သမိုင်းမှာ ပထမဦးဆုံးအကြိမ် အစိုးရ ချုပ်ချယ်မှုမပါဘဲ ရုပ်ရှင် အစည်းအရုံး ကိုယ်တိုင် လွတ်လပ်စွာ ဦးစီး ကျင်းပတဲ့ ပွဲဖြစ်သလို အခင်းကျင်းတွေကိုလည်း ခေတ်မီ ခမ်းနားစွာ Modern Entertainment Style ကျင်းပမယ်လို့ ကြိုတင် ကြားသိထားရတဲ့အတွက် ရှေးယခင်နှစ်များထက် ပြည်တွင်းပြည်ပက မြန်မာပရိသတ်တွေဟာ တီဗီ၊ အင်တာနက်တို့မှ တစ်ဆင့် စိတ်ဝင်တစား ရှုစား အားပေးခဲ့ကြပါတယ်။ ![]() အကယ်ဒမီနှစ်ဆု ရရှိခဲ့ဖူးသော်လည်း “ကြယ်စင်မော်ကွန်း” ရုပ်ရှင်ဇာတ်ကားတွင် ဒါရိုက်တာ ဆုနှင့် လွဲခဲ့သည့် ပန်းချီစိုးမိုးက မိမိတွင် အရည်အချင်း လိုအပ်နေသေးသည့်အပြင် ဒါရိုက်တာ သက်တမ်း ၄၈ နှစ်ကာလအတွင်း၌ ကိုယ့်ကိုယ်ကိုယ် ညံ့မှန်း အကယ်ဒမီ ဆုပေးသည့် ည၌ပင် သိခဲ့ရသည်ဟု ၎င်းက မဇ္ဈိမကို ပြောသည်။ ![]() ၂၀၁၃ ခုနှစ် အကယ်ဒမီ ဆုချီးမြှင့်ပွဲတွင် ဆုမရရှိခြင်းနှင့် ပတ်သက်ပြီး သရုပ်ဆောင် သိင်္ဂီထွန်းက ၎င်း၏ ခံစားချက်အချို့ ကိုဖေ့စ်ဘွတ်ပေါ်၌ ရေးသားခဲ့ရာ ဂုဏ်သိက္ခာ ထိခိုက်သည်အထိ ဝေဖန်သူများ ရှိလာခြင်းကြောင့် မီဒီယာများ ဖိတ်ကြားကာ ဇန်န၀ါရီလအတွင်း ရှင်းလင်းပွဲ ပြုလုပ်မည်ဟု ၎င်းက မဇ္ဈိမကို ပြောသည်။ ![]() ၂၀၁၃ ခုနှစ် အကယ်ဒမီ အခမ်းအနားသည် ပြောင်းလဲမှုများနှင့် ကြီးကျယ်ခမ်းနားမည်ဟု အားလုံးက ထင်မြင်ယူဆခဲ့ကြသည့်အတိုင်း၊ ပြောင်းလဲမှုများ ရှိခဲ့သလို ခမ်းနားမှုများလည်း ရှိခဲ့သည်က အမှန်ပင် ဖြစ်သည်။ သို့သော် အကယ်ဒမီ အပြင်ဘက်မှ အတွင်းဘက်ကို ၀င်ရောက်ချိန်မှာ များပြားလှသည့် လူပေါင်းစုံတို့သည် တစ်စုတစ်ဝေးတည်းဖြစ်ခဲ့သည့်အပြင် မင်းသား မင်းသမီးများကို ရုပ်သံများက သူတို့ အင်တာဗျူးမည့် နေရာများဆီကို ဆွဲခေါ်သွားကြသလို အင်တာဗျူးသမားများကလည်း ယင်းနေရာ၌ပင် ရှုပ်ယှက်ခတ်လျက် မြင်မကောင်းအောင်ဖြစ်၍ နေသည်။ ![]() ၂၀၁၃ ခုနှစ် အကယ်ဒမီဆုချီးမြှင့်ပွဲတွင် ကြယ်စင်မော်ကွန်းဇာတ်ကားဖြင့် တေးဂီတဆု ရရှိခဲ့သည့် စန္ဒရား တင်ဝင်းလှိုင်က ၎င်းရရှိခဲ့သည့် ဇာတ်ကားနှင့်ပတ်သက်ပြီး စင်မြင့်ပေါ်တွင် ကျေးဇူးတင်စကား ပြောကြားရာတွင် ပြောစကား များပြားလာခြင်းနှင့်အတူ နိုင်ငံရေးဆန်သည့် ပြောစကားများကြောင့် ပရိသတ်များ၏ စိတ်ဝင်စားခြင်း ခံရသည်။ ![]() မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲ၊ သို့မဟုတ် ရုပ်ရှင်လအကယ်ဒမီပေးပွဲကို ဒီဇင်ဘာ ၂၇၊ ၂၀၁၄ တွင် ကျင်းပခဲ့ပြီး ပြန်ပေပြီ။ မြန်မာနိုင်ငံ တစ်ဝန်းမှ ရုပ်ရှင်ချစ်ပရိသတ်များက ဆုပေးပွဲအခမ်းအနားကို တိုက်ရိုက်အားပေး ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ထုံးစံအတိုင်း ဝေဖန် ကြတော့သည်။ ဤသည်မှာ တစ်နှစ်တစ်ခါမှ ရနိုင် သော အခွင့်အရေးလည်း ဖြစ်ပါသည်။ ငယ်ရွယ်သူ ပရိသတ်များက ၎င်းတို့ အားပေးချစ်ခင်သော အဓိက သရုပ်ဆောင်များကို ရစေချင်ကြသည်၊ ရသွားကြလျှင် ပျော်ကြသည်။ ![]() ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ချီးမြင့်ပွဲကို ဒီဇင်ဘာ ၂၇ ရက်က စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း ပရိသတ်ခန့်မှန်းချက်နှင့် လွဲမှားမှုများကြုံခဲ့ရသည့် အနုပညာရှင်များကို မဇ္ဈိမမှ လေ့လာကြည့်ဖြစ်ခဲ့သည်။ ![]() ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် နောက်ခံတေးဂီတဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု ခြောက်ဆု ပေးအပ်ခဲ့သည်။ နောက်ခံတေးဂီတဆုကို စန္ဒယား တင်ဝင်းလှိုင်၊ အမျိုးသမီး ဇာတ်ပို့ဆု ခိုင်သင်းကြည်၊ အမျိုးသား ဇာတ်ပို့ဆု မင်းဦး၊ အမျိုးသမီး ဇာတ်ဆောင်ဆု ဝတ်မှုံရွှေရည်၊ အမျိုးသား ဇာတ်ဆောင်ဆု ပြေတီဦး၊ ဒါရိုက်တာဆု ဝိုင်းတို့က အသီးသီး ရရှိခဲ့သည်။ ဆုရရှိသူများက ဆုရပြီးတဲ့နောက် ဘယ်လိုခံစားရလဲ၊ ကျေးဇူးတင်စကားကို ဘာတွေပြောကြလဲ မဇ္ဈိမသတင်းထောက် မြင့်မြင့်စိုးက စုစည်းတင်ပြထားသည်။ ![]() ၂၀၁၃ခုနှစ် အကယ်ဒမီဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့ အနုပညာရှင်များရဲ့ အနုပညာပုံရိပ်များကို မဇ္ဈိမက ဖော်ပြလိုက်ပါတယ်။ ![]() ၂၀၁၃ခုနှစ် အကယ်ဒမီဆုပေးပွဲတွင် "နင်စေရင်"ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သည့် ၀တ်မှုံရွှေရည်ကို ၎င်း၏ မိတ်ကပ်ဖန်တီးသူ မိတ်ကပ်မေးဦးက ကန်ရိပ်သာလမ်းရှိ Escape စားသောက်ဆိုင်တွင် ဂုဏ်ပြုညစာစားပွဲကျင်းပပေးခဲ့သည့် ပုံရိပ်များကို မဇ္ဈိမက ဖော်ပြလိုက်ပါတယ်...။ ![]() ၂၀၁၃ခုနှစ်အကယ်ဒမီပေးပွဲတွင် အကောင်းဆုံးဇာတ်ပို့အမျိုးသမီး ဆုကို "စုန်းပြူး"ဇာတ်ကားဖြင့်ရရှိခဲ့သည် ခိုင်သင်းကြည်က ၎င်း၏အနုပညာမောင်နှမများကို အကယ်ဒမီဆုရရှိသည့်အမှတ်တရပွဲအဖြစ် Summit View Hotelတွင် ကျင်းပခဲ့သည့်ပုံရိပ်များကို မဇ္ဈိမက စုစည်းဖော်ပြလိုက်ပါတယ်။ ![]() ၂၀၁၃ခုနှစ် အကယ်ဒမီပွဲတက်ဝတ်စုံကို ကူညီပံ့ပိုးသည့် စပွန်ဆာများ၏ အ၀တ်အစားများကြောင့် ဒီဇင်ဘာ ၂၇ရက်တွင် တက်ရောက်မည့် အကယ်ဒမီပေးပွဲ၌ အခက်အခဲများတွေ့ခဲ့ ကြရသည်ဟု ဒိန်းဒေါင်က မဇ္စျိမကို ပြောသည်။ အကယ်ဒမီ ဆုပေးသည့် အစီအစဉ် ပြီးစီး![]() (ဓာတ်ပုံ-သက်ကို၊ မဇ္ဈိမ) ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် နောက်ခံတေးဂီတဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု ခြောက်ဆု ပေးအပ်ခဲ့သည်။ နောက်ခံတေးဂီတဆုကို စန္ဒယား တင်ဝင်းလှိုင်၊ အမျိုးသမီး ဇာတ်ပို့ဆု ခိုင်သင်းကြည်၊ အမျိုးသား ဇာတ်ပို့ဆု မင်းဦး၊ အမျိုးသမီး ဇာတ်ဆောင်ဆု ဝတ်မှုံရွှေရည်၊ အမျိုးသား ဇာတ်ဆောင်ဆု ပြေတီဦး၊ ဒါရိုက်တာဆု ဝိုင်းတို့က အသီးသီး ရရှိခဲ့သည်။ ယခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် ညနေ ၄နာရီမှ စတင်ကျင်းပခဲ့ပြီး ဆုချီးမြှင့်မှု အစီအစဉ်ကို ည ၈နာရီတွင် ပြီးဆုံးခဲ့သည်။ ![]() (ဓာတ်ပုံ-သက်ကို၊ မဇ္ဈိမ) ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Parkတွင် ယခုကျင်းပနေသည့် ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲသို့ တက်ရောက်လာသော သရုပ်ဆောင် အနုပညာရှင်များ၏ အမှတ်တရဓာတ်ပုံများကို မဇ္ဈိမပရိတ်သတ်များကို မျှဝေလိုက်ပါသည်။ (ဓာတ်ပုံ-သက်ကို၊ မဇ္ဈိမ) ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုများ![]() ၂၀၁၃ခုနှစ် ရုပ်ရှင်ထူချွန်ဆု အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ဒါရိုက်တာ ဝိုင်း ရိုက်ကူးသည့် နင်စေရင်ဇာတ်ကားဖြင့် အကယ်ဒမီ ပြေတီဦးက ရရှိသွားပြီဖြစ်သည်။ ၂၀၁၃ခုနှစ် ရုပ်ရှင်ထူချွန်ဆု အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို နင်စေရင် ဇတ်ကားဖြင့် သရုပ်ဆောင် ဝတ်မှုံရွှေရည်က ရရှိသွားပြီဖြစ်သည်။ အကောင်းဆုံး ဒါရိုက်တာဆုကို ဒါရိုက်တာဝိုင်းက စေတန်ရဲ့ ကချေသည် ဇာတ်ကားဖြင့် ရရှိသွားပြီဖြစ်သည်။ ၂၀၁၃ခုနှစ် ရုပ်ရှင်ထူချွန်ဆု အကောင်းဆုံး ဇာတ်ပို့ဆုကို မင်းဦးက ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် နင်စေရင် ဇာတ်ကားဖြင့် ရရှိသွားပြီဖြစ်သည်။ ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု အမျိုးသမီး ဇာတ်ပို့ဆုကို ခိုင်သင်းကြည်က စုန်းပြူးဇာတ်ကားဖြင့် ရရှိသွားပြီ။ အကောင်းဆုံး နောက်ခံ အသံဆုကို စန္ဒယား တင်ဝင်းလှိုင်က ကြယ်စင်မော်ကွန်း ဇတ်ကားဖြင့် ရရှိသွားပြီ။ ![]() ဇော်ကကနေသည် ဇာတ်ကားမှာ ဦးပွားအကယ်ဒမီ ရခဲ့တုန်းက ပြောခဲ့တဲ့ စကားကို ပြောချင်ပါတယ်။ "ဝိုင်းအကယ်ဒမီရပါပြီ။" ဒုတိယတစ်ခွန်းကတော့ ကျွန်တော့်ရဲ့ လက်ဦးဆရာတစ်ဦးဖြစ်သူ ဦးကျော်ဟိန်း အကယ်ဒမီရတုန်းက စကားကို ပြောချင်ပါတယ်။ "လူသားအားလုံးကို ကျေးဇူးတင်ပါတယ်" ၆ နာရီ ၃၀ မိနစ်အကယ်ဒမီဆု နှစ်ဆု ကြေငြာအပြီးတွင် သရုပ်ဆောင်၊ ဒါရိုက်တာများ၏ သားသမီးများက ကြယ်စင်လင်းတဲ့ မြန်မာ့ရုပ်ရှင် သီချင်းတွင် သရုပ်ဆောင် ဖျော်ဖြေကြမည်ဖြစ်သည်။ ![]() ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာ ၂၇ရက်တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် ညနေ ၄နာရီမှ စတင် ကျင်းပလျက်ရှိသည်။ အကယ်ဒမီပွဲသို့ တက်ရောက်လာသည့် မင်းသား၊ မင်းသမီးများ၊ ဒါရိုက်တာများ၏ ရင်ခုန်သံစကားများကို မဇ္ဈိမသတင်းထောက် မြင့်မြင့်စိုးက စုစည်းတင်ပြထားသည်။ မြန်မာ့ရုပ်ရှင်ဆုများ ကြေငြာပြီ![]() မြန်မာ့ရုပ်ရှင်ဆုများကို စတင်ကြေငြာပြီဖြစ်သည်။ ပထမဦးဆုံး အနေဖြင့် ရုပ်ရှင် တေးဂီတဆုကို ကြေငြာတော့မည်ဖြစ်သည်။ အကောင်းဆုံး နောက်ခံ အသံဆုကို စန္ဒယား တင်ဝင်းလှိုင်က ကြယ်စင်မော်ကွန်း ဇတ်ကားဖြင့် ရရှိသွားပြီ။ အကယ်ဒမီဆုပေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ် မိန့်ခွန်းပြောရန်ကုန်မြို့ Myanmar Event Park တွင် ဒီဇင်ဘာ ၂၇ရက် ညနေ က ကျင်းပနေသည့် ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲကြီးအတွက် အဖွင့်မိန့်ခွန်းကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ညနေ ၅နာရီ ၁၀မိနစ်တွင် ပြောကြားလျက်ရှိသည်။ ခေတ်သစ်စနစ်အောက်၌ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ထိန်းကျောင်းသူ၊ ဦးဆောင်သူအဖြစ် ပါဝင်တော့မည်မဟုတ်ဘဲ လုပ်ဖော်ကိုင်ဖက် အဖြစ်သာ ပါဝင်တော့မည်ဟု ဦးရဲထွဋ်က ပြောကြားသည်။ ရုပ်ရှင်ရုံများ ပေါ်ပေါက်လာရေး၊ အနုပညာ အတတ်ပညာ မြှင့်တင်ရေး အပါအဝင် နိုင်ငံတကာ အဆင့်မီသည့် ရုပ်ရှင်ဥပဒေ ပေါ်ပေါက်လာရေးများ၌လည်း ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဟု ဝန်ကြီးက ဆိုသည်။ (မဇ္ဈိမ) အကယ်ဒမီပေးပွဲ စတင်ပြီ![]() ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲကြီးကို ဒီဇင်ဘာ ၂၇ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ Myanmar Event Park တွင် စတင်လိုက်ပြီဖြစ်သည်။ အကယ်ဒမီပေးပွဲအတွက် အခမ်းအနားမှူးအဖြစ် အကယ်ဒမီ ရန်အောင်နှင့် တင်မိုးလွင်တို့က ဆောင်ရွက်လျက်ရှိသည်။ အကယ်ဒမီပွဲအတွက် Alpine သောက်ရေသန့်က အဓိက စပွန်ဆာပေးထားပြီး ဧရာဝတီဘဏ်၊ M-150 တို့က Co-sponsor အဖြစ် ပါဝင်ကူညီထားသည်။ အကယ်ဒမီပွဲ စတင်တော့မည် (၄ နာရီ ၀၀ မိနစ်)အကယ်ဒမီပွဲ စတင်တော့မည်ဖြစ်၍ သီဆိုဖျော်ဖြေမှုတွင် ပါဝင်သူများအနေဖြင့် တီးဝိုင်းများအနီးတွင် နေရာယူရန် ကြေငြာနေပြီဖြစ်သည်။ ၃ နာရီ ၀၀ မိနစ်၂၀၁၃ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာ ၂၇ရက်တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် ညနေ ၄ နာရီ၌ စတင် ကျင်းပတော့မည်ဖြစ်သည်။ ညနေ ၃ နာရီခန့်မှ စတင်ကာ အကယ်ဒမီပွဲ တက်ရောက်မည့် မင်းသား၊မင်းသမီးများ တစ်ဖြည်းဖြည်းချင်း ရောက်ရှိလာပြီဖြစ်သည်။ ![]() ၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် အဓိကကူညီသူအဖြစ် တာဝန်ယူခဲ့သည့် Alpine ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းသည် အကယ်ဒမီ ချီးမြှင့်ပွဲသို့ တက်ရောက်ရန် ရည်ရွယ်ထားသော်လည်း ၎င်းအား နေရာချထားပေးမှုသည် အဆင်ပြေကျေနပ်ဖွယ်မရှိခြင်းကြောင့် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဖြစ်မည်မဟုတ်ဟု Alpine ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။ ![]() ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (အကယ်ဒမီပွဲ)ကို စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park (MEP)တွင် ဒီဇင်ဘာ ၂၇ရက် ညနေ ၄နာရီတွင် ကျင်းပမည်ဖြစ်ရာ စမ်းချောင်းမြို့နယ် ပြည်လမ်းတစ်လျှောက် မြေနီကုန်းမီးပွိုင့်မှ အလုံလမ်းအထိ၊ ရှင်စောပုလမ်းတစ်လျှောက် ဦးဝိစာရမီးပွိုင့်မှ ဗဟိုလမ်းမီးပွိုင့်အထိ နေ့လည် ၂နာရီမှ စကာ အခမ်းအနားပြီးသည်အထိ ပိတ်ထားမည်ဟု ရန်ကုန်တိုင်း ဒေသကြီးယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။
|