House Art

eng btn

Written by 
Obama-Live-banner
 6:43 p.m

 အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

39-Obama-visits-Yangon-01

မြန်မာနိုင်ငံသို့ ၃ ရက်ကြာ လာရောက်ခဲ့သည့် အမေရိကန် သမ္မတ အိုဘားမား၏ Air Force One လေယာဉ်သည် နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ထွက်ခွာစဉ်။ (ဓာတ်ပုံ-ငြိမ်သစ်ညီ၊ မဇ္ဈိမ)

 8:43 p.m

 အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

 

 6:43 p.m

 37-Obama-visits-Yangon-03-s"ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်"

 လက်ခုပ်တီးအားပေးခြင်းခံရတဲ့  အမေရိကန်သမ္မတနှင့် လူငယ်တွေ့ဆုံပွဲ

အမေရိကန် သမ္မတ ဘားရက် အိုဘားမားက လူငယ်များ အနာဂတ် ဖွံ့ဖြိုးရေး၊ ဦးဆောင်နိုင်ရေးအတွက် အမေရိကန်က ကူညီမည်ဟု ဆိုခဲ့ပြီး "ငုတ်မိသဲတိုင် တက်နိုင် ဖျားရောက်" ဆိုသည့်  မြန်မာစကားပုံကို ခိုင်းနှိုင်း သုံးစွဲခဲ့သည့် အတွက် တက်ရောက်လာသည့် လူငယ်များက လက်ခုပ်တီး အားပေးခဲ့ကြသည်။

 10:20 p.m

 Obama-visits-Yangon-09-sအမေရိကန်သမ္မတနှင့် အရပ်ဖက်အဖွဲ့အစည်းများ လူ့အခွင့်အရေး၊ မီဒီယာ လွတ်လပ်ခွင့်များ ဆွေးနွေး

 အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းအချို့ နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ အမေရိကန်သံရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြရာ လူ့အခွင့်အရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့် စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံခဲ့သူ အချို့က မဇ္ဈိမကို ပြောသည်။

 9:40 p.m

 အိုဘားမား နှင့် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ တွေ့ဆုံဟောပြောပွဲ

 

 6:32 p.m

 Obama-visits-Yangon-01-sသမ္မတ အိုဘားမားနှင့် ၈၈ ခေါင်းဆောင်များ မတွေ့ဖြစ်

 ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ဒုတိယအကြိမ် ရောက်ရှိလာသည့် အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် သီးသန့်တွေ့ ဆုံရန် တရားဝင်ကမ်းလှမ်းလာမှု မရှိသောကြောင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အနေဖြင့် သွားရောက်တွေ့ဆုံခဲ့ခြင်း မရှိဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမြအေးက မဇ္ဈိမကို ပြောသည်။

 

 6:17 p.m

 38-Obama-visits-Yangon-01-sအိုဘားမား မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

 ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသို့ ၃ ရက်ကြာ လာရောက်ခဲ့သည့် အမေရိကန်သမ္မတ အိုဘားမား၏ Air Force One လေယာဉ်သည် နိုဝင်ဘာ ၁၄ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ထွက်ခွာသွားပြီ ဖြစ်သည်။

 

 5:67 p.m

 Obama-Daw-Su-03-s၅၉ (စ) ပြင်ရေး သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် အာရုံထားပြောကြား

 ရန်ကုန် (မဇ္ဈိမ) ။ ။ အမေရိကန်သမ္မတအိုဘားမားနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ရန်ကုန်မြို့၊ ဒေါ်အောင်ဆန်းစုကြည်အိမ်တွင် နိုဝင်ဘာ ၁၄ ရက် နံနက်က တစ်နာရီကြာ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြီးခဲ့သည့် စစ်အစိုးရ လက်ထက်က အဓမ္မ ပြဋ္ဌာန်းခဲ့သော ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဇောင်းပေး ပြောဆိုခဲ့သည်။

 5:37 p.m

 ရာသီဥတု ပြောင်းလဲခြင်းနှင့် ပတ်သက်၍ အာဆီယံ ဒေသတွင်း ဘယ်လိုလုပ်သင့်လဲဟု ဖိလစ်ပိုင်၏ မေးမြန်းမှုကို

 ရန်ကုန် (မဇ္ဈိမ)။ ။ "လူတွေရဲ့ ပြုမူပြောင်းလဲမှုကြောင့် ကမ္ဘာကြီးက ပူနွေးလာတယ်။ ရာသီဥတုတွေ ဖောက်ပြန်လာတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့တွေ တက်လာတယ်။ သမုဒရာရေတွေ တက်လာတယ်။ အဲဒါဟာ ၂၁ရာစုအတွက် စိန်ခေါ်မှုတွေ ဖြစ်လာတယ်။ အဲဒါတွေကို သန့်ရှင်းအောင်လုပ်သင့်တယ်။ အဲဒါတွေကို နေအား၊ လေအားစွမ်းအင်တွေ သုံးပြီးလုပ်သင့်တယ်။ အဲလိုဖြစ်အောင်လုပ်တဲ့ အဓိက တရားခံကလည်း အမေရိကန်နဲ့ တရုတ်ဖြစ်တယ်။

တရုတ်ကတော့ ပိုများတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ကိစ္စကို ၂၀၂၀ခုနှစ်မှာ ဒီကိစ္စကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ ရည်မှန်းချက်တစ်ခုထားပြီး လုပ်ဆောင်သင့်တယ်။ အာဆီယံနိုင်ငံတွေ အအနေနဲ့လည်း ဘယ်လိုလျော့ချမယ်ဆိုတာ ၂၀၁၅ ကနေစပြီးတစ်နိုင်ငံချင်း ဘယ်လို တာဝန်ခံ လုပ်သင့်လဲဆိုတာ လုပ်သင့်တယ်။

အင်ဒိုနီးရှားမှာ သစ်ပင်ခုတ်တာများနေတယ်။ အဲဒါကြောင့် အာဆီယံမှာ ကာဗွန်ထုတ်မှု တဖြည်းဖြည်းလျော့ချဖို့လိုမယ်။
သစ်တောခုတ် လျော့ချဖို့လိုမယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်တာ လျော့ဖို့ တွန်းအားပေရမယ်။ အဲဒီ့အတွက် လူငယ်တွေကပဲ နောက်မျိုးဆက် သစ်တွေအတွက် လူကြီးတွေ ရှေ့က လုပ်ခဲ့တာထက် လူငယ်တွေက ပိုကောင်းအောင် လုပ်ရမယ်။ စိန်ခေါ်မှုတွေကို ကောင်းအောင်လုပ်ရမယ်။ အိမ်မက်ကြီးကြီးထားပြီး လူငယ်တွေက ဦးဆောင်လုပ်ရမယ်"။

 3:37 p.m

 အမေရိကန် သမ္မတ အိုဘားမားနှင့် မြန်မာနိုင်ငံ အရပ်ဘက် လူမှု အဖွဲ့အစည်းအချို့တို့ တွေ့ဆုံပွဲ

Obama-visits-Yangon-01

အမေရိကန် သမ္မတ အိုဘားမားနှင့် မြန်မာနိုင်ငံ အရပ်ဘက် လူမှုအဖွဲ့အစည်းအချို့တို့ တွေ့ဆုံပွဲကို ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတွင် နိုဝင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းကပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အရပ်ဘက်လူ့မှု အဖွဲ့စည်းများမှ ခေါင်းဆောင် ၁၄ ဦး တက်ရောက်ခဲ့သည်။

 3:37 p.m

 အိုဘားမားအား ကြိုဆိုသူများ

39-Obama-visits-Yangon-05

အရပ်ဘက်အဖွဲ့ အစည်းများနှင့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးတွင် တွေ့ဆုံအပြီး ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမသို့ သွားရောက်သည့် အမေရိကန် သမ္မတ အိုဘားမားအား နိုဝင်ဘာ ၁၄ရက် နေ့လည်ပိုင်းက ကြိုဆိုနေကြသူများအား ရန်ကုန်တက္ကသိုလ်အနီး တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

 4:47 p.m

 နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်သည့် မေးခွန်းကိုမူ သမ္မတ အိုဘားမားက

 "ဒီလိုမျိုးလုပ်တဲ့အခါ လူမျိုးစုတစ်ခုတည်းကို ရွေးပြီး ကာကွယ်လို့ မရသလို အားလုံးကို သူတို့ ပြောချင်တာ
ပြောခွင့်ပေးရမယ်။"

၎င်းက အမေရိကန်တွင် ဖြစ်ခဲ့သည့် အခြေအနေကို ဥပမာပေးကာ "အသားအရောင်ပေါင်းစုံ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ
ရှိကြတယ်။ ဒါပေမယ့် ဘာနိုင်ငံသားလဲဆိုရင် အမေရိကန် နိုင်ငံသားလို့ပဲ ဖြေကြမယ်။ အမျိုးသားရေး လက္ခဏာ
ဆောင်ရမယ်။မြန်မာနိုင်ငံမှာလည်း လူမျိုးစုတွေ ရှိကြတယ်။ အမျိုသားရေး လက်က္ခဏာမဆောင်ရင် မကောင်းဘူး။
လူအများစုကလည်း လူနည်းစုကို အဲ့လိုဖြစ်ဖို့ အမိန့်ပေးလို့မရဘူး။ လူနည်းစုကလည်း လူများစု သဘောကို ကြည့်ရတယ်"
ဟု ဖြေကြားခဲ့သည်။

 4:38 p.m

 အိုဘားမားသာ မြန်မာသမ္မတ တစ်ယောက်ဆို ဘာလုပ်မလဲ

ရန်ကုန် (မဇ္ဈိမ)။ ။ ဥပဒ ကျောင်းသား ကျော်သီဟကို ၏ မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ကြုံတွေနေပြီး အခက်အခဲများလည်း ရင်ဆိုင်ရလျက်ရှိရာ အိုဘားမားသာ မြန်မာနိုင်ငံ သမ္မတတစ်ယောက် ဖြစ်ပါက ယင်းအခြေအနေကို ဘာလိုလုပ်ဆောင်မလဲဟု မေးမြန်းမှုကို ....

နိုင်ငံမှာ ပြပြင်ပြောင်းလဲမှုတွေ ရှိတယ်။ အိုဘားမားသာ မြန်မာသမ္မတဖြစ်ရင် ဘာလုပ်မလဲ?

"စိန်ခေါ်မှုတွေ အများကြီးရှိတာကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ၂၀၁၅လို ရွေးကောက်ပွဲကို နောက်မကျဘဲ လုပ်သင့်တယ်။ အရပ်သားအစိုးရ လုံးဝဖြစ်လာအောင် လုပ်မယ်။ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းမယ်။ ဥပမာ-သတင်းစာ လွတ်လပ်ခွင့်၊ စီတန်းလှည့်လည်ခွင့်စတဲ့ ဥပဒေတွေ သေချာပြဋ္ဌာန်းမယ်။ ပြီးတော့ ဒီမိုကရေစီ အဆောက်အဦးတွေ ခိုင်မာအောင်လုပ်မယ်။"

ထို့ပြင် လူငယ်များ၏ ပညာရေး အရေးကြီးပုံနှင့် ပတ်သက်၍လည်း "နောက်ထပ် မလွဲမသွေ လုပ်ရမှာကတော့ စီးပွားရေးဖွံ့ဖြိုးအောင်လုပ်မယ်။ အဲဒီ့မှာ
အဓိကလုပ်ရမှာ လူငယ်တွေရဲ့ ပညာရေးကို မဖြစ်မနေ လုပ်ပေရမယ်။ နည်းပညာတိုးတက်အောင် သိပ္ပံနည်းကျဖြစ်လာအောင် ဘယ်လိုလုပ်မလဲ။..."စသဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

 4:23 p.m

 ဘာသာရေး၊ လူမျိုးရေး ကိစ္စများ၌ အချင်းချင်း လေးစားနားလည်ရန် အိုဘားမားပြော

 ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်က ကိုအောင်ကျော်ဝင်း၏ ၎င်းနေထိုင်ရာ ဒေသတွင် ဖြစ်ပေါ်နေသည့် လူမျိုးရေး ပြဿနာများကို လူငယ်များက ဘယ်လို သည်းခံ နေထိုင်သင့်သနည်း။ လူငယ်များကို သမ္မတ အိုအားမားအနေဖြင့် ဘာပြောချင်သလဲဆိုသည့် မေးခွန်းကို ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။

"နိုင်ငံတိုင်းမှာ ဘာသာရေးအရ၊ လူမျိုးရေးအရ ကွဲပြားခြားနားမှုတွေရှိတယ်။ တစ်ယောက်နဲ့တစ်ယာက် ယုံကြည်မှု ဘယ်လိုရအောင်လုပ်မလဲ။ အဓိက အားဖြင့် လူတိုင်းက တူညီတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားချစ်ကြည်ဖို့လိုတယ်။ ထင်မြင်ယူဆချက်တွေကို ကြောက်ရွံ့ဖို့ မလိုဘဲ ပြောနိုင်ဖို့ အခွင့်အရေး ရှိဖို့လိုတယ်။ အဲလိုဖြစ်ဖို့အတွက် တစ်ဦးချင်းအနေနဲ့ စပြီး လုပ်ဖို့လိုတယ်။"

"အစိုးရ အနေနဲ့လည်း လုပ်ဖို့ တာဝန်ရှိတယ်။ သို့သော် တစ်ဦးချင်းအနေနဲ့လည်း အချင်းချင်း လေးစားဖို့၊ သည်းခံဖို့၊ စိတ်ရှည်ဖို့
လိုတယ်။"

 3:53 p.m

 အိုဘားမားက "ငုတ်မိသဲတိုင်၊ တတ်နိုင်ဖျားရောက်"ဟု မြန်မာလိုပြောကြား

ရန်ကုန် (မဇ္ဈိမ)။ ။ "ငုတ်မိသဲတိုင်၊ တတ်နိုင်ဖျားရောက်" ဟူသည့် စကားကို အမေရိကန် သမ္မတ အိုဘားမားက မြန်မာလို ပြောကြားခဲ့စဉ် ပွဲတက်လာသည့် လူငယ်များက လက်ခုတ်တီးကာ ကြိုဆိုခဲ့သည်။

သမ္မတ အိုဘားမားက ၎င်း၏ မိန့်ခွန်းတွင် အမေရိကန်၏ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေ လာမည်ဖြစ်ပြီး အပြန်အလှန် ပူးပေါင်းမှုတွေ လုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ်အတွင်း တိုးတက်မှုများကို မြင်ရသော်လည်း  အချို့ကိစ္စများ၌ နောက်ပြန်ဆုတ်သည့် အနေအထားများ တွေ့ရှိရပြီး မြန်သင့်သလောက်မမြန်ဆန်သည်ကို တွေ့ရသည်ဟုဆိုသည်။ ၎င်းက ရခိုင်တွင်
လူနည်းစုများ ဖိနှိပ်ခံရမှု၊ သတင်းထောက်များအား ဖမ်းဆီးမှုများကို ဥပမာပေး၍ ပြောကြားခဲ့သည်။

 3:33 p.m

 အိုဘားမားနှင့် အရပ်ဘက်အဖွဲ့ အစည်းများ တွေ့ပြီ

 ရန်ကုန် (မဇ္ဈိမ)။ ။ အမေရိကန် သမ္မတ အိုဘားမားနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ် ၁၃ ဦးတို့ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ အမေရိကန်သံရုံးတွင် နိုဝင်ဘာ ၁၄ ရက် နေ့လည် ၃ နာရီခန့်က တွေ့ဆုံခဲ့သည်။

သမ္မတအိုဘားမားက နံနက်ပိုင်းတွင် ရန်ကုန်မြို့ အတွင်းဝန်ရုံးဟောင်းသို့ သွားရောက်ခဲ့သည်။ ယင်းနောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်၌ သွားရောက်တွေ့ဆုံခဲ့သည်။ တစ်နာရီခန့် တွေ့ဆုံမှုအပြီး၌ ၎င်းတို့ နှစ်ဦးက ပူးတွဲ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပြီး အိုဘားမားက သံရုံးသို့ ဆက်လက်ထွက်ခွာခဲ့သည်။

သံရုံးတွင် သမ္မတ အိုဘားမားက နေ့လည်စာ သုံးဆောင်ပြီး နေ့လည် ၃ နာရီကျော်တွင် အရပ်ဘက် အဖွဲ့များနှင့် တွေ့ဆုံခြင်းဖြစ်သည်။ ယင်းနောက်တွင် ရန်ကုန်တက္ကသိုလ်ရှိ စိန်ရတု ခန်းမသို့ သွားရောက်ကာ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ဟောပြောပွဲ ပြုလုပ်မည် ဖြစ်သည်။

 3:03 p.m

 Barak Obama meets Daw Aung San Suu Kyi in Yangon

 

 2:43 p.m

 ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမသို့ အိုဘားမား သွားရောက်မည်

 

 အမေရိကန် သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၄ ရက် နံနက် က ရန်ကုန်မြို့သို့ရောက်ရှိလာပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ နေ့လည်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး၊ ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမတွင် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

 2:13 p.m

 ရန်ကုန်တက္ကသိုလ်အနီး မြင်ကွင်း

 Sein-Ya-Tu-Khama-01

သမ္မတ အိုဘားမားက နိုဝင်ဘာ ၁၄ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံဟောပြောပွဲကို တက်ရောက်ရန် ရန်ကုန်တက္ကသိုလ်အနီး ကြိုတင် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ- လင်းဆက်အောင်၊ မဇ္ဈိမ)

 1:23 p.m

 Obama-Daw-Su-01-s ရွေးကောက်ပွဲတွင် NLD နည်းမှန် လမ်းမှန်နဲ့သာ နိုင်လိုဟု ဒေါ်စုပြော

 အမေရိကန် သမ္မတ အိုဘားမားနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ နိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ လုပ်ရာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆန္ဒကို ပြည်သူတွေက ထောက်ခံတယ်လို့ မြင်တယ်။ ကျွန်မတို့ အနေနဲ့ကတော့ ကျွန်မတို့နဲ့ သဘောမတူတဲ့လူတွေနဲ့လည်း ဒီကိစ္စကို ညှိနှိုင်းဆွေးနွေးဖို့ အဆင်သင့် ရှိပါတယ်။" ဟု ပြောကြားခဲ့သည်။

 1:53 p.m

 အမေရိကန် သမ္မတ အိုဘားမား ဝန်ကြီးများရုံးသို့ ရောက်ရှိ

 

 12:40 p.m
 သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ နိုဝင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီ ခွဲခန့်မှ စ၍ တစ်နာရီခန့် တွေ့ဆုံခဲ့ပြီးနောက် ၁၂ နာရီခွဲတွင် ပြည်တွင်း ပြည်ပ မီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပြီဖြစ်သည်။

 

 12:13 p.m

 အိုဘားမား ရန်ကုန်လေဆိပ် ရောက်ရှိ

 

 12:25 p.m

 အိုဘားမား အတွင်းဝန်ရုံးဟောင်းအတွင်း ကြည့်ရှု

Obama-visits-Yangon 

ရန်ကုန်သို့ နိုဝင်ဘာ ၁၄ ရက်က လာရောက်နေသည့် အမေရိကန် သမ္မတ အိုဘားမားသည် ရန်ကုန်အတွင်းဝန် ရုံးဟောင်းအတွင်း လှည့်လည်ကြည့်ရှုရာ မြန်မာသမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ရှင်းပြနေစဉ်။ (ဓါတ်ပုံ - အေအက်ဖ်ပီ) အမေရိကန် သမ္မတအိုဘားမားက ရန်ကုန်သို့ နိုဝင်ဘာ ၁၄ရက်က နံနက် ၁၀နာရီ ၄၅မိနစ်က ရောက်ရှိလာပြီး ရန်ကုန်အတွင်း ဝန်ရုံးဟောင်းသို့ ဦးစွာ သွားရောက်၍ ရုံးအတွင်း လှည့်လည်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်ကာ တွေ့ဆုံဆွေးနွေးနေသည်။

 12:13 p.m

 အိုဘားမား ရန်ကုန်ခရီးစဉ် ရန်ကုန်လေဆိပ် လုံခြုံရေး

 

 11:20 a.m

 ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအတွင်း မီဒီယာသမားများ ရောက်နေပြီ

 ရန်ကုန် (မဇ္ဈိမ)။ ။ အမေရိကန် သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ လုပ်ရန်အတွက် သတင်းယူမည့် မီဒီယာသမားများ နံနက် ၁၁နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝန်းအတွင်း ရောက်ရှိနေပြီဖြစ်သည်။

 11:15 a.m

 အိုဘားမား ခရီးစဉ် လုံခြုံရေး

44-Security-in-Yangon-02

 ရန်ကုန်မြို့သို့ ဒုတိယအကြိမ် ရောက်လာမည့် အမေရိကန်သမ္မတ အိုဘားမားအား ၎င်းလာမည့်လမ်း တစ်နေရာဖြစ်သည့် ကမ္ဘာအေးဘုရားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့် (ကုက္ကိုင်းမီးပွိုင့်)တွင် နိုဝင်ဘာ ၁၄ ရက် နံနက်က အိုဘားမားပုံရိုက်နှိပ်ထားသည့် တီရှပ်ဝတ်ဆင်ကာ အမေရိကန်အလံ ကိုင်၍ ကြိုဆိုနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)

 10:56 a.m

 အိုဘားမား ရန်ကုန်ရောက်ပြီ

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက နိုဝင်ဘာ ၁၄ရက် ၁၀နာရီ ၄၅မိနစ်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပြီဖြစ်သည်။ ၎င်းက နေပြည်တော်မှ နံနက် ၁၀နာရီတွင် ထွက်ခွာခဲ့သည်။

ရန်ကုန်လေဆိပ်မှ စတင်၍ အိုဘားမား လာမည့် လမ်းတစ်လျောက်တွင် လုံခြုံရေးများ အပြည့်ချထားပြီး ရန်ကုန်မြို့တွင်း နေရာအတော်များများ၌လည်း လုံခြုံရေး ယူထားသည်ကို တွေ့ရသည်။ ၎င်းကို ကြိုဆိုသူများမှာ ၂၀၁၂ခုနှစ်က လာစဉ်ကကဲ့သို့ မများပေ။

 9:59 a.m

 ဒုတိယအကြိမ် ရောက်လာမည့် အမေရိကန် သမ္မတ အိုဘားမား ကြိုဆို42-Obama-visits-Yangon-01

ရန်ကုန်မြို့သို့ ဒုတိယအကြိမ် ရောက်လာမည့် အမေရိကန် သမ္မတ အိုဘားမားအား ၎င်းလာမည့်လမ်း တစ်နေရာဖြစ်သည့် ကမ္ဘာအေးဘုရားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့် (ကုက္ကိုင်းမီးပွိုင့်)တွင် နိုဝင်ဘာ ၁၄ရက် နံနက်က အိုဘားမားပုံရိုက်နှိပ်ထားသည့် တီရှပ်ဝတ်ဆင်ကာ အမေရိကန်အလံ ကိုင်၍ ကြိုဆိုနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)

 9:55 a.m
 အိုဘားမား ဂရက်ဖတီ မိုးကာစဖြင့် ဖုံးခံရ

41-Grp

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ် ရွှေဂုံတိုင် ကုန်းကျော်တံတားအဆင်း Excel Tower ရှေ့တွင် အိုဘားမားအား ဂရက်ဖတီရေးဆွဲ ကြိုဆိုထားသည်ကို နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် မိုးကာစဖြင့် ဖုံးကာလိုက်ပြီဖြစ်သည်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

 9:07 a.m
 အမေရိကန် သမ္မတ အိုဘားမားကို ကြိုဆိုသည့် ဂရက်ဖတီ43-Grp

မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်သည့် အမေရိကန်သမ္မတ အိုဘားမားကို ကြိုဆိုသည့် အနေဖြင့် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Excel Tower ရှေ့တွင် ဂရက်ဖတီဆွဲထားသည်ကို နိုဝင်ဘာ ၁၄ရက် နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ) သမ္မတ အိုဘားမားက ရန်ကုန်မြို့သို့ ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပြီး ယနေ့ (နိုဝင်ဘာ ၁၄ရက်) ညပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာကာ သြစတြေးလျနိုင်ငံသို့ သွားမည်ဖြစ်သည်။

 8:25 a.m
 အမေရိကန်က မြန်မာကို အကူအညီ သန်း ၄၀၀ နီးပါးပေးပြီးဖြစ်

 အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ၂၀၁၂ ခုနှစ်က စတင်ကာ ကူညီထောက်ပံ့မှုများပေးခဲ့ပြီး ၂၀၁၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃၇၅ သန်း ပေးခဲ့ပြီးဖြစ်သည်။

၂၀၁၂ -၂၀၁၃ ခုနှစ်တွင် ကန်ဒေါ်လာ ၂၂၅ သန်းပေးခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်း ဒေါ်လာ သန်း ၁၅၀ ထပ်မံပေးအပ်ခဲ့သည်။

ယင်းကူညီမှုများသည် အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာရေး၊ စီးပွားရေးဖွံ့ဖြိုးမှု၊ နိုင်ငံတွင်းရွှေ့ပြောင်း ဒုက္ခသည်များနှင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် အိမ်ဖြူတော်၏ နိုဝင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။

 8:20 a.m
 အိုဘားမားခရီးစဉ် လေဆိပ်ဝန်းကျင် လုံခြုံရေး44-Security-in-Yangon-Air-Port-02

နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်းကျင်၌ လုံခြုံရေးချထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ) သမ္မတအိုဘားမားက နေပြည်တော်ရှိ အရှေ့-အာရှ အစည်းအဝေးမှ တစ်ဆင့် ရန်ကုန်သို့ လာရောက်ခြင်းဖြစ်သည်။

 NOV 14
 အိုဘားမားလာမည့် ရန်ကုန်တွင် လုံခြုံရေး တင်းကျပ်ထားSecurity-in-Yangon-s

 ရန်ကုန်သို့ အမေရိကန် သမ္မတ အိုဘားမား လာရောက်မည်ဖြစ်သည့်အတွက် လုံခြုံရေးအခြေအနေ တင်းကျပ်မှုများ ရှိမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောသည်။

 

 NOV 13

 နိုင်ငံ​ရေးတွင် စစ်တပ်မပါဝင်ရန် အိုဘားမား​ပြော45-2nd-ASEAN-U-S-Summit-10-s

 အရပ်သား အစိုးရစစ်စစ်ဖြစ်လာရန် တိုက်တွန်း

 မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ဆက်လက် မပါဝင်ရန် ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် လွှတ်​တော်ဥက္ကဋ္ဌများနှင့် လွှတ်​တော်ကိုယ်စားလှယ်များ ​နိုဝင်ဘာ ၁၃ ရက်က တစ်​နာရီ​ကျော်ကြာ ​တွေ့ဆုံမှုတွင် အ​မေရိကန်သမ္မတ အိုဘားမားက တိုက်တွန်းတိုက်သည်။

 NOV 13

47-US-President-Obama-25th-ASEAN-Summit-Conference-01-s  ရှမ်းပြည်နယ်တွင်း စစ်အင်အားတိုးချဲ့မှုရပ်ရန် အိုဘားမားထံ ရှမ်းအဖွဲ့များတောင်းဆို

 ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလတွင် ရှမ်းပြည်နယ်အလယ်ပိုင်းအတွင်း အစိုးရ စစ်တပ်၏ တိုးချဲ့မှုနှင့် ထိုးစစ်ဆင်မှုကို ရပ်ဆိုင်းပေးရန် စသည့် အချက်ငါးချက်ပါဝင်သည့် ထုတ်ပြန်ချက်တစ်ဆောင်ထုတ်ကာ အမေရိကန် သမ္မတ အိုဘားမားအား ရှမ်းလူထု အခြေပြု အဖွဲ့အစည်း ၁၂ ဖွဲ့က နိုဝင်ဘာ ၁၃ရက်က တောင်းဆိုလိုက်သည်။

Read 28933 times Last modified on Saturday, 15 November 2014 14:51

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

နောက်ဆုံးရ သတင်းများ

ထိုင်းနိုင်ငံတွင် မားစ်ရောဂါလက္ခာဏာရှိသူတစ်ဦးကို ပထမဆုံးအကြိမ်တွေ့ရှိ ထိုင်းနိုင်ငံတွင် မားစ်ရောဂါလက္ခာဏာရှိသူတစ်ဦးကို ပထမဆုံးအကြိမ်တွေ့ရှိ ထိုင်းနိုင်ငံတွင် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ (မားစ်) လက္ခဏာရှိသူ အသက် ၇၅နှစ်...
မလေးရှား အတိုက်အခံမဟာမိတ်အဖွဲ့ ပြိုလဲ မလေးရှား အတိုက်အခံမဟာမိတ်အဖွဲ့ ပြိုလဲ မလေးရှားနိုင်ငံမှ အတိုက်အခံညွန့်ပေါင်းမဟာမိတ်အဖွဲ့သည် ခေါင်းဆောင် အန်ဝါအီဘရာဟမ် ဓမ္မတာေ...
အမေရိကန်တွင် လူမည်းဘုရားရှိခိုးကျောင်းကို သံသယရှိလူဖြူတစ်ဦးက သေနတ်ဖြင့်ဝင်ပစ် အမေရိကန်တွင် လူမည်းဘုရားရှိခိုးကျောင်းကို သံသယရှိလူဖြူတစ်ဦးက သေနတ်ဖြင့်ဝင်ပစ် အမေရိကန်နိုင်ငံတောင်ပိုင်း ကယ်လီဖိုးနီးယားရှိ ချားလစ်တန်မြို့တွင် သမိုင်းဝင်လူမည်းဘုရ...
၂၀၁၄ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကုန်ကျစရိတ် ဒေါ်လာ ၁၄ ဒသမ ၃ ထရီလီယံရှိ ၂၀၁၄ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကုန်ကျစရိတ် ဒေါ်လာ ၁၄ ဒသမ ၃ ထရီလီယံရှိ ကင်ဘာရာ၊ ဇွန် ၁၈ ။    ။ ၂၀၁၄ခုနှစ်က ကမ္ဘာလုံးဆိုင်ရာစစ်ပွဲ ကုန်ကျစရိတ်မှာ ဒေါ်လာ၁၄ဒသမ၃ထ...
ယန်စီမြစ်အတွင်း တရုတ်ကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက် အသေအပျောက်မသိရသေး ယန်စီမြစ်အတွင်း တရုတ်ကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက် အသေအပျောက်မသိရသေး ရှန်ဟိုင်း၊ ဇွန်-၁၈ ။        ။ တရုတ်နိုင်ငံရှေ့ပိုင်း နန်ကျင်းမြို့အနီး ယန်စီမြစ်...
မွတ်စလင်အများစုနေထိုင်ရာ ရှင်ကျန်းဒေသတွင် အစိုးရ၀န်ထမ်းများ ရာမဒန်ဥပုသ်စောင့်ခွင့် တရုတ်အစိုးရ တားမြစ်ပိတ်ပင် မွတ်စလင်အများစုနေထိုင်ရာ ရှင်ကျန်းဒေသတွင် အစိုးရ၀န်ထမ်းများ ရာမဒန်ဥပုသ်စောင့်ခွင့် တရုတ်အစိုးရ တားမြစ်ပိတ်ပင် ပေကျင်း၊ ဇွန်-၁၈ ။   ။ တရုတ်အစိုးရက မွတ်စလင်အများစုနေထိုင်သည့် ရှင်ကျန်းဒေသအတွင်း အစို...
NNER ၏ ညီလာခံက ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေးအပါအ၀င် အချက်နှစ်ချက်တောင်းဆို NNER ၏ ညီလာခံက ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေးအပါအ၀င် အချက်နှစ်ချက်တောင်းဆို ရန်ကုန်၊ ဇွန် ၁၈ ။      ။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER)၏...

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832