
|

၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး အပြီး ၂၀၁၅ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ ရာထူးကို တာဝန်ယူမည့် မလေးရှားနိုင်ငံအား ယခုနှစ် ဥက္ကဋ္ဌ ဦးသိန်းစိန်က လွဲအပ်စဉ်။ (ဓာတ်ပုံ- ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
|
မြန်မာမီဒီယာသမားတွေနဲ့ အခုလို စကားပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကို လေးကြိမ်မြောက်ရောက်ရှိခြင်းဖြစ်ပါတယ်။ ဆိုင်ကလုန်း နာဂစ်တိုက်ခတ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ မြန်မာပြည်သူတွေ လိုအပ်မှုတွေကို ဖြစ်နေတဲ့ အချိန်မှာ ကုလသမဂ္ဂအနေနဲ့ သူတို့ဘက်က ရှိနေတယ်ဆိုတာ ဖော်ပြဖို့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေအပေါ် ကျွန်တော့်အနေနဲ့ ထောက်ခံမှုတွေ ပြသဖို့ နှစ်ကြိမ်ထပ်ပြီး လာခဲ့ပါတယ်။ အခု လေးကြိမ်မြောက်လာတာဟာလည်း ဒီလိုထောက်ခံမှုတွေအပြင် မြန်မာနိုင်ငံအနေနဲ့ အလွန်အရေးကြီး အာဆီယံရဲ့ဥက္ကဋ္ဌနေရာကို တာဝန်ယူထားချိန်မှာ ရောက်ရှိလာခြင်းဖြစ်ပါတယ်။
|
အရပ်သား အစိုးရစစ်စစ်ဖြစ်လာရန် တိုက်တွန်း
မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ဆက်လက် မပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ နိုဝင်ဘာ ၁၃ ရက်က တစ်နာရီကျော်ကြာ တွေ့ဆုံမှုတွင် အမေရိကန်သမ္မတ အိုဘားမားက တိုက်တွန်းတိုက်သည်။
|
မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်ကို နိုဝင်ဘာ ၁၃ရက်အထိ အောင်မြင်စွာ ထမ်းဆောင်ပြီးစီးပြီဖြစ်၍ ၂၀၁၅ ခုနှစ်အတွက် အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ ရာထူးအတွက် မလေးရှားနိုင်ငံသို့ လွှဲအပ်လိုက်ပြီ ဖြစ်သည်။
|
မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (နေပြည်တော်)
"သမ္မတကြီးဦးသိန်းစိန်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီလိုလှပတဲ့နိုင်ငံကို နောက်တစ်ခေါက်ထပ်ပြီး လာရတဲ့အတွက်နဲ့ အာဆီယံမိတ်ဖက်နိုင်ငံတွေနဲ့ နီးနီးကပ်ကပ် တိုင်ပင်ဆွေးနွေးဖို့ အခွင့်အရေးရတဲ့အတွက် အလွန်ပဲ ဝမ်းမြောက်မိပါတယ်။
|
ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းနှစ်ခု၏ ပြဿနာများကို အဖြေရှာရာတွင် အခေါ်အဝေါ်ထက်(Terminology) သဟဇာတဖြစ်ရေးကို ဦးတည်သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ပြောကြားသည်။
|
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် ကုန်ပိုင်းတွင် ကျင်းပရန် မျှော်မှန်းထားသည့် အထွေထွေရွေး ကောက်ပွဲကြီးအတွက် ကုလသမဂ္ဂမှ အပြည့်အဝကူညီရန် ပြင်ဆင်ထားသည်ဟု အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုဝင်ဘာ ၁၃ရက်က နေပြည်တော်ရှိ MICC တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
|

ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုအကြောင်း သတင်းစာ ရှင်းလင်းပွဲနှင့် စာနယ်ဇင်း အမေးအဖြေများကို နေပြည်တော် MICC 1 ခန်းမ ၁၀၂၆ တွင် ပြုလုပ်ခဲ့သည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ(ရာမည)၊ မဇ္ဈိမ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ လူနည်းစုတစ်ရပ်အား "ရိုဟင်ဂျာ" သုံးနှုန်းခဲ့မှုအား နှစ်ဖက်လူ့အဖွဲ့အစည်းကြား ကွဲပြားမှုကို ပိုမိုဖြစ်ပေါ်စေမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဦးမောင်မောင်အုန်းက ဘန်ကီမွန်းထံ နိုဝင်ဘာ ၁၃ ရက်က ပေးစားတစ်စောင် ပေးပို့လိုက်သည်။
|
နိုဝင်ဘာလ ၁၃ ရက်က ကျင်းပသည့် အမေရိကန် အာဆီယံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း အမှာစကားပြောကြား
|

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်က ဒုတိယအကြိမ်မြောက် အာဆီယံ အမေရိကန် ထပ်သီးဆွေးနွေးပွဲတွင် အမေရိကန် သမ္မတ အိုဘားမားအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
|

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း နိုဝင်ဘာ ၁၃ရက် နေ့လည် ၁၂နာရီ ၄၀က လွှတ်တော်သို့ လာရောက်ကာ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားတွေ့ဆုံခဲ့သည်။ သူရဦးရွှေမန်းနှင့်မူ ဇမ္ဗူသီရိဆောင်၌ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်မူ အိုင်-၁၂ တွင် တွေ့ဆုံခဲ့သည်။ (ဓာတ်ပုံ- စိုးသန်းလင်း၊ မဇ္ဈိမ) ကုလ အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၅ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၊ အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးကို နေပြည်တော်၌ နိုဝင်ဘာ ၁၂ရက်နှင့် ၁၃ရက်တွင် လာတက်ခြင်းဖြစ်သည်။
|
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ လူနည်းစုတစ်ရပ်အား "ရိုဟင်ဂျာ" သုံးနှုန်းခဲ့မှုအား နှစ်ဖက်လူ့အဖွဲ့အစည်းကြား ကွဲပြားမှုကို ပိုမိုဖြစ်ပေါ်စေမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဦးမောင်မောင်အုန်းက ဘန်ကီမွန်းထံ နိုဝင်ဘာ ၁၃ ရက်က ပေးစားတစ်စောင် ပေးပို့လိုက်သည်။
|
အာဆီယံထိပ်သီး ခေါင်းဆောင်ဆွေးနွေးပွဲ ဒုတိယနေ့ လုံခြုံရေး

နိုဝင်ဘာလ ၁၃ ရက်နေ့ အာဆီယံထိပ်သီးခေါင်းဆောင်ဆွေးနွေးပွဲ ဒုတိယနေ့တွင် လုံခြုံရေးယူထားသည့် အထူးရဲတပ်ဖွဲ့များအားတွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
|
နိုဝင်ဘာလ ၁၃ ရက်က ကျင်းပသည့် အမေရိကန် အာဆီယံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အမေရိကန်သမ္မမှ အမှာစကားပြောကြား
|
ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလတွင် ရှမ်းပြည်နယ်အလယ်ပိုင်းအတွင်း အစိုးရ စစ်တပ်၏ တိုးချဲ့မှုနှင့် ထိုးစစ်ဆင်မှုကို ရပ်ဆိုင်းပေးရန် စသည့် အချက်ငါးချက်ပါဝင်သည့် ထုတ်ပြန်ချက်တစ်ဆောင်ထုတ်ကာ အမေရိကန် သမ္မတ အိုဘားမားအား ရှမ်းလူထု အခြေပြု အဖွဲ့အစည်း ၁၂ ဖွဲ့က နိုဝင်ဘာ ၁၃ရက်က တောင်းဆိုလိုက်သည်။
|
၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးခေါင်းဆောင်းများဆွေးနွေးပွဲ ဒုတိယနေ့

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် MICC 1 တွင်ကျင်းပပြုလုပ်သည့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး ခေါင်းဆောင်းများဆွေးနွေးပွဲ ဒုတိယနေ့သို့ တက်ရောက်လာသည့် အမေရိကန် သမ္မတ အိုဘားမားနှင့် အာဆီယံနိုင်ငံခေါင်းဆောင်များ အတူတကွ မှတ်တမ်းဓာတ်ပုံ အရိုက်ခံနေသည်ကို နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ(ရာမည)၊ မဇ္ဈိမ)
|
အမေရိကန် သမ္မတ အိုဘားမား ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး တက်ရောက်

၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး ခေါင်းဆောင်းများဆွေးနွေးပွဲ ဒုတိယနေ့သို့ တက်ရောက်လာသည့် အမေရိကန်သမ္မတ အိုဘားမားအား နိုဝင်ဘာလ ၁၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ(ရာမည)၊ မဇ္ဈိမ)
|
၂၅ ကြိမ်မြောက်၊ အာဆီယံထိပ်သီး အစည်းအဝေးကို နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန-၁ တွင် နိုဝင်ဘာ ၁၂ ရက်ကကျင်းပခဲ့ပြီး ၂၀၁၅ အလွန် အာဆီယံ အသိုက်အဝန်း ထူထောင်ရေးမျှော်မှန်းချက် ဆိုင်ရာ နေပြည်တော် ကြေညာချက်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး အားဖြည့်ခိုင်မာစေရေးနှင့် အာဆီယံ အဖွဲ့အစည်းများ ပြန်လည်သုံးသပ်ရေး ကြေညာချက်တို့ကို အတည်ပြုခဲ့သည်။
|
နိုဝင်ဘာ ၁၃ ရက်| မြန်မာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ၂၀၁၄ အာဆီယံထိပ်သီး အစည်းအဝေး နောက်ဆုံးနေ့
အချိန် |
ခေါင်းစဉ် |
နေရာ |
၉ နာရီ |
၉ ကြိမ်မြောက် အရှေ့-အာရှ အစည်းအဝေးဖွင့်ပွဲနှင့် မျက်နှာစုံညီ အစည်းဝေး |
Ruby Hall, Level-2, MICC_I |
၁၁ နာရီ ၄၅ မိနစ် |
၂ ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး |
Sapphire Hall, Level-2, MICC_I |
၁ နာရီ ၄၅ မိနစ် |
၁၇ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး |
Sapphire Hall, Level-2, MICC_I |
၃ နာရီ |
၁၇ ကြိမ်မြောက် အာဆီယံ + ၃ ထိပ်သီးအစည်းအဝေး |
Ruby Hall, Level-2, MICC_I |
၎ နာရီခွဲ |
အာဆီယံခေါင်းဆောင်များ၏ အာဆီယံစီးပွားရေး အကြံပေးကောင်စီ (ABAC) နှင့် အစည်းအဝေး |
Emerald Hall, Level-2, MICC_I |
၅ နာရီခွဲ |
ပိတ်ပွဲနှင့် နောက်နှစ်အတွက် အာဆီယံ ဥက္ကဋ္ဌ နေရာအတွက် မလေးရှားနိုင်ငံသို့ လွှဲအပ်ပွဲ |
Jade Hall, Level-2, MICC_I |
၆ နာရီမှ ၆ နာရီခွဲ |
သမ္မတ ဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ |
Coral Hall, Level-2, MICC_I |
|
လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် မြန်မာနိုင်ငံ၏အထွေထွေ ရွေးကောက်ပွဲများ၏ ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်သည့် ရွေးကောက်ပွဲများသည် မြန်မာဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါသည် ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောကြားသည်။
|
နေပြည်တော် MICC 1 ရှိ ကျောက်မျက်ခန်းမတွင် ပြုလုပ်သည့် နိုင်ငံ့ခေါင်းဆောင်များ ညစာစားပွဲသို့ တက်ရောက်လာသည့် အမေရိကန် သမ္မတ အိုဘားမားအား နိုဝင်ဘာ ၁၂ ရက် ညက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) သမ္မတ အိုဘားမားက နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီ ၄၀ ခန့်က တရုတ်နိုင်ငံမှ ၎င်း၏ Air Force One လေယာဉ်ဖြင့် နေပြည်တော်သို့ အရှေ့-အာရှအစည်းအဝေး၊ အာဆီယ-အမေရိကန် အစည်းအဝေးများတက်ရန် ရောက်ရှိလာခြင်းဖြစ်သည်။ |
၂၀၁၅ တွင် စတင် အကောင်အထည်ဖော်မည့် အာဆီယံအတွင်း လေကြောင်းပျံသန်းမှုဈေးကွက် တစ်ခု တည်းဖြစ်စေရေး ဦးတည်သည့် National Asian Single Aviation Market စီမံချက်အရ ပြည်တွင်း လေ ကြောင်းလိုင်းများသည် ပိုင်ဆိုင်ခွင့်ဆိုင် ရာစိန်ခေါ်မှုများနှင့် ကြုံတွေ့နိုင်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ညွှန်ချုပ်ဦးဝင်းဆွေထွန်းက မဇ္ဈိမကို ပြောသည်။
|

အမေရိကန် သမ္မတ ဘားရတ်အိုဘားမား စီးနင်းလိုက်ပါလာသည့် Air Force One လေယာဉ်သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီ ၅၀ မိနစ်ခန့်က ရောက်ရှိလာစဉ်။ (ဓာတ်ပုံ- အီးပီအေ) မြန်မာနိုင်ငံက ဥက္ကဋ္ဌတာဝန်ယူသည့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။ ယင်းနောက် နိုဝင်ဘာ ၁၄ရက်တွင် ရန်ကုန်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။
|
အမေရိကန် သမ္မတ အိုဘားမား၏ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်ကို နိုဝင်ဘာ ၁၂ ရက်၊ ညပိုင်း နေပြည်တော်လေဆိပ်မှ တစ်ဆင့် စတင်လိုက်သည်။
|
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် တည်ငြိမ်ရေးသည် အိန္ဒိယနိုင်ငံအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ဆက်လက်ရပ်တည်နေကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Syed Akbaruddin က နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီက နေပြည်တော်ရှိ Golden Myanmar ဟိုတယ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
|
အာဆီယံနိုင်ငံများ၏ စိန်ခေါ်မှုများဖြစ်သော အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒ အပါအဝင် သဘာဝဘေးအန္တရာယ်များ၊ အီဘိုလာရောဂါပိုးကဲ့သို့ ကူးစက်ရောဂါများနှင့် ကမ္ဘာ့စီးပွားရေး မရေမရာမှုများကို စည်းလုံးညီညွတ်စွာ တွန်းလှန်ရန် လိုအပ်သည်ဟု သမ္မတဦးသိန်းစိန်က အလေးအနက် တိုက်တွန်းလိုက်သည်။
|
အာဆီယံနိုင်ငံများအနေဖြင့် အသိုက်အဝန်း တစ်ရပ်အဖြစ် ပေါ်ပေါက်လာပြီး ပေါင်းစည်းမှု အဆင့်သစ် တစ်ရပ်သို့ ရောက်ရှိလာသည့်အချိန်တွင် အလေးထားဆောင်ရွက်ရမည့် အချက်ငါးချက်အား မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က အကြံပြုပြောကြားခဲ့သည်။
|

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ MICC 1 တွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်က ကျင်းပသည့် ၂၅ ကြိမ်မြောက် အာဆီယံအစည်းအဝေးဖွင့်ပွဲအတွက် တက်ရောက်လာသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းအား ကုလသမဂ္ဂ အလံဖြင့် ကြိုဆိုနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နေပြည်တော်ရှိ MICC 1 တွင် ကျင်းပနေပြီး အာဆီယံအပါအဝင် အာဆီယံနှင့် စပ်ဆက်နိုင်ငံများက နိုင်ငံ့ခေါင်းဆောင်များ တက်နေလျက်ရှိသည်။
|
၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ဖွင့်ပွဲ

၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ဖွင့်ပွဲတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းကို နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက် နှစ်ရက် ကျင်းပမည်ဖြစ်ပြီး အမေရိကန်သမ္မတ အိုဘားမား အပါအဝင် အာဆီယံနှင့် ဆက်စပ်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်လျက်ရှိသည်။
|
နိုဝင်ဘာ ၁၂ ရက်| မြန်မာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ၂၀၁၄ အာဆီယံထိပ်သီး အစည်းအဝေး ပထမနေ့
အချိန်
|
ခေါင်းစဉ်
|
နေရာ
|
၉ နာရီ |
၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးဖွင့်ပွဲ |
Jade Hall, Level-2, MICC_I |
၁၀ နာရီ |
အာဆီယံ အစိမ်းရောင်စီးပွားရေး ကြေငြာချက် |
Ruby Hall, Level-2, MICC_I |
၁၀ နာရီ ၁၅ မိနစ် |
၂၅ ကြိမ်မြောက် အာဆီယံခေါင်းဆောင်ကြီးများ မျက်နှာဆုံညီ ထိပ်သီးအစည်းအဝေးပွဲ |
Ruby Hall, Level-2, MICC_I |
၁ နာရီ ၄၅ မိနစ် |
၁၂ ကြိမ်မြောက် အာဆီယံ-အန္ဒိယ ထိပ်သီးအစည်းအဝေး |
Sapphire Hall, Level-2, MICC_I |
၃ နာရီ |
၁၇ ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေး |
Sapphire Hall, Level-2, MICC_I |
၎ နာရီ ၁၅ မိနစ် |
၆ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေး |
Sapphire Hall, Level-2, MICC_I |
၅ နာရီခွဲ |
အာဆီယံ-သြစတြေးလျ နှစ် ၄၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး |
Sapphire Hall, Level-2, MICC_I |
၆ နာရီ ၄၅ မိနစ် |
၆ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး |
Emerald Hall, Level-2, MICC_I |
၈ နာရီ |
အာဆီယံဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့က တည်ခင်းဧည့်ခံသည့် မိတ်ဆုံ ညစာစားပွဲ။ |
|
|
အာဆီယံအဆင့် စီးပွားရေးစွန့်ဦး တီထွင်ဆု ရရှိသည့် မြန်မာနိုင်ငံမှ BOOM ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းထွန်းနိုင် (ဝဲမှယာ ၇ ယောက်မြောက်) အပါအဝင် အာဆီယံအဆင့် ဆုရသူများနှင့် အာဆီယံ ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ နိုဝင်ဘာ ၁၁ရက်က အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
|
ဆီယံအဆင့် စီးပွားရေးစွန့်ဦး တီထွင်မှု အကောင်းဆုံးခြောက်ဆုအနက် မြန်မာနိုင်ငံမှ နည်းပညာအခြေပြု လုပ်ကိုင်နေသည့် Blue Ocean ကုမ္ပဏီကို ယနေ့ကျင်းပသည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် ဆုချီးမြှင့်ခဲ့သည်။
|
အသေးစားနှင့် အလတ်စား လုပ်ငန်းများ (သေး၊ လတ် လုပ်ငန်းများ) ဖွံ့ဖြိုးရေးကို အာရုံထား လုပ်ကိုင်ခြင်းဖြင့် အာဆီယံဒေသတွင်း ဆင်းရဲချမ်းသာ အဟကို လျော့ချပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မည်ဟု အာဆီယံ ဥက္ကဋ္ဌ မြန်မာသမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၁၁ က ကျင်းပသော အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် ပြောကြားလိုက်သည်။
|
စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကမ္ဘာ့အရေးပါ ဒေသဖြစ်လာမည်ဟုဆိုသည့် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံဒေသ၏ ထိပ်သီးစည်းဝေးပွဲနှင့် ဆက်စပ်ထိပ်သီးစည်းဝေးပွဲများတွင် ခေါင်းဆောင်များ၏ ဆွေးနွေးမှုများသည် လူထုအပေါ် သက်ရောက်နိုင်မည်လားဟု မေးခွန်းကို လူ့အခွင့်အရေးသမားများနှင့် ပြည်သူ့ဖိုရမ် ဆောင်ရွက်သူများက ဆုတ်ဆုတ်ဆိုင်းဆိုင်း သုံးသပ်ကြပြီး အစိုးရရပ်တည်ချက်သာ အရေးကြီးကြောင်း ပြောဆိုကြသည်။
|
အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ် လုံခြုံရေးအတွက် အမေရိကန် စစ်သင်္ဘော တစ်စင်း ရခိုင် ကမ်းရိုးတန်းတွင် ရောက်ရှိနေသည်ဟူသော သတင်းများထွက်ပေါ်နေခြင်းကို သမ္မတ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က နေရာအတည်ပြုချက် မပေးနိုင်ဟု မဇ္ဈိမကို ပြောသည်။
|
အာဆီယံအသိုင်းအ၀န်းကို ၂၀၁၅ ဒီဇင်ဘာ ၃၁ မှ စတင်ပြီး ထူထောင်တော့မည်ဖြစ်ရာ ယခုနှစ် ၂၀၁၄ မြန်မာက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သည့် အာဆီယံထိပ်သီး စည်းဝေးပွဲမှာ အလွန် အရေးပါကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဗီယက်နမ်နိုင်ငံသား မစ္စတာ လီလောင်မင်းက ပြောသည်။
|
နိုဝင်ဘာ ၁၁ ရက်| အာဆီယံ စီးပွားရေး ဆုရရှိသူများနှင့် အထိမ်းအမှတ် ညစာစားပွဲ
၎ နာရီခွဲ |
ဧည့်သည်တော် မှတ်တမ်းရေး |
၅ နာရီခွဲ |
၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ၁၅ မိနစ် ညီလာခံ အဖွင့်စကားပြောမည်။ |
၅ နာရီ ၄၅ မိနစ် |
၂၀၁၄ အာဆီယံ စီးပွားရေး ဝန်ကြီးများ ဥက္ကဋ္ဌ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ကံဇော်က ၁၀ မိနစ်ခန့် အဖွင့်စကားပြောမည်။ |
၅ နာရီ ၅၅ မိနစ် |
၂၀၁၄ အာဆီယံစီးပွားရေး အကြံပေး ကောင်စီဥက္ကဋ္ဌ၊ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ၁၀ မိနစ်ခန့် စကားပြောမည်။ |
၆ နာရီ ၁၅ မိနစ်မှ ၇ နာရီ ၄၅ မိနစ် |
National Winners ၂၁ ဦး၊ ASEAN Runner-up Winners ၁၃ ဦး၊ ASEAN Winners ၆ ဦးတို့ကို ဆုပေးပွဲ အစီအစဉ်များ။ |
၈ နာရီ |
အထိမ်းအမှတ် ညစာ စားပွဲ။ |
၉ နာရီ |
အခမ်းအနားပြီး။ |
|
အမေရိကန်သမ္မတ ဘားရက်အိုဘားမား ယခု သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ ဒုတိယ အခေါက် ရောက်လာပေဦးတော့မည်။ မြန်မာနိုင်ငံတွင်တော့ သူ ၂၀၁၂ က ထက်ထက်သန်သန် အမွှမ်းတင် ထောက်ခံခဲ့သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် ရပ်တန့်နေပြီ (သို့မဟုတ်) နောက်ပြန်လှည့်သွား ပြီဟူ၍ပင် လေ့လာဝေဖန်သူတို့၏ စိုးရိမ်နေချိန်တွင် အိုဘားမား နောက်တစ်ခေါက် ရောက်လာခြင်း ဖြစ်သည်။
|

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကျင်းပမည့် ၂၄ ကြိမ်မြောက် အာဆီယံ အစည်းအဝေးပွဲကြီး ပြုလုပ်မည့် နေပြည်တော် ဒက္ခိဏသိရိမြို့နယ် MICC 1 ခန်းမ အဝင်ဝတွင် လုံခြုံရေးယူထားသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ မော်တော်ယဉ်များကို စစ်ဆေးနေသည်ကို နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) ယခုပြုလုပ်ကျင်းပမည့် အာဆီယံ အစည်းအဝေးသို့ အမေရိကန် သမ္မတ ဘားရက်အိုဘားမား လည်းတက်ရောက်မည်ဖြစ်သည်။
|
|
မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် အမေရိကန် သမ္မတ အိုဘားမားကို ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ဘင်္ဂလီ ဒုက္ခသည် အချို့က အိတ်ဖွင့်ပေးစာ ပေးသွားမည်ဟု မောင်တော ဒုက္ခသည်စခန်းမှ ခေါင်းဆောင် ဦးကျော်ဝင်းက မဇ္ဈိမကိုပြောသည်။
|
အမေရိကန် သမ္မတ ဘားရက်အိုဘားမားသည် ဒေသတွင်း ထိပ်သီးအစည်းဝေးအတွက် နိုဝင်ဘာ ၁၀ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိခဲ့ပြီး ၎င်း၏ တစ်ပတ်ကြာ အာရှခရီးစဉ်တွင် ပထမဆုံး သွားရောက်သည့် နေရာဖြစ်သည်။
|
နေပြည်တော်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ အမေရိကန်သမ္မတ အိုးဘားမား အပြင် အာရှနှင့် အရှေ့တောင်အာရှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည့်အတွက် လုံခြုံရေးအဝါရောင်အဆင့် သတ်မှတ်ကာ ရဲတပ်ဖွဲ့ဝင်အင်အား နှစ်သောင်းကျော်ဖြင့် လုံခြုံရေး အထူးဆောင်ရွက်နေကြောင်း ရဲမှူးကြီးဇော်ခင်အောင်က အတည်ပြု ပြောသည်။
|
အမေရိကန် သမ္မတ အိုဘားမား တက်ရောက်မည့် အာဆီယံထိပ်သီး အစည်းအဝေးများ ကျင်းပစဉ် အတွင်း ပြည်တွင်းပြည်ပသို့ ခရီးသွားလာသူများအပေါ် စိစစ်ဆေးမှုများကို တိုးမြှင့်မည်ဖြစ်၍ နိုင်ငံသား စိစစ်ရေးလက်မှတ် သို့မဟုတ် ခိုင်လုံသော အထောက်အထားများ မပျက်မကွက် ယူဆောင်လာကြရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
|
နေပြည်တော်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေး လာရောက်တက်မည့် အမေရိကန် သမ္မတ အိုဘားမားသည် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် နိုဝင်ဘာ ၁၃ ရက်သည် အခြေခံဥပဒေအစီရင်ခံစာ ဆွေးနွေးမည့်ရက်နှင့် တိုက်ဆိုင်နေသည်။ |
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ(၁)တွင် လာမည့် နိုဝင်ဘာ ၁၁ နှင့် ၁၂ ရက်၌ ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် အမေရိကန် သမ္မတ အိုဘားမားတက်ရောက်မည်ဖြစ်၍ လုံခြုံရေးအင်အား သောင်းနှင့်ချီ ချထားမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
|
အမေရိကန် သမ္မတ အိုဘားမား အပါအဝင် နိုင်ငံခေါင်းဆောင်များ တက်ရောက်မည့် ထိပ်သီး အစည်းအဝေး မတိုင်မီ နေပြည်တော် လုံခြုံရေးနှင့် ကြိုဆိုရေးပိုင်း ကိစ္စများကို စတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှု ခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ် စိုးမြိုင် က ပြောသည်။
|