House Art

eng btn

Saturday, 08 November 2014 14:51

Prisoners-released-banner

News M logoဖွဲ့စည်းပုံပြင်ရန် လူထုအားဖြင့် လုပ်ဆောင်ရန် ဒေါ်စုတိုက်တွန်း

အောင်ကိုဦး

လွိုင်ကော် (မဇ္ဈိမ)။ ။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ လွှတ်တော်အတွင်းတွင် မနိုင်နိုင်သောကြောင့် ပြည်သူလူထု အားဖြင့်သာ ဆောင်ရွက်မှရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ သတင်းအပြည့်အစုံ ဖတ်ရှု့ရန်

DASSK-Kayar-State-Travel-Orate

News M logoလွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးသည် ပြည်သူကို ကိုယ်စားပြု၊ မပြု ဆုံးဖြတ်မည့်ပွဲဟု ဒေါ်စုသတိပေး

မင်းမင်း

လွိုင်ကော် (မဇ္ဈိမ)။ ။ မကြာခင် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးတော့မည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမှုများသည်
ပြည်သူကို ကိုယ်စားပြု၊ မပြု၊ ဆွေးနွေးမည့် အမတ်များ၏ ဒီမိုကရေစီစံနှုန်းလေးစားလိုက်နာမှုများကို အဖြေပေးမည့်
ပွဲဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောဆိုလိုက်သည်။
 သတင်းအပြည့်အစုံ ဖတ်ရှု့ရန်

DASSK-Kayar-State-Travel-Orate

News M logoအာဏာရှင်ဆန်သူဖြစ်ပါက မဲမပေးဘဲ ဒဏ်ခတ်ပစ်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

မင်းမင်း

လွိုင်ကော် (မဇ္ဈိမ)။ ။ ပြည်သူ့မျက်နှာမကြည့်ဘဲ အာဏာနှင့် ပါတီကောင်းကျိုးအတွက်သာ ရှေ့တန်းတင်တတ်သူ ဖြစ်ပါက ထိုသူကို ရွေးကောက်ပွဲတွင် မဲမပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း
ပြောဆိုလိုက်သည်။
သတင်းအပြည့်အစုံ ဖတ်ရှု့ရန်

DASSK-Kayar-State-Travel-Orate

Peaceဒေါ်အောင်ဆန်းစုကြည် ကယားလူထုနှင့် တွေ့ဆုံဟောပြော

DASSK-Kayar-State-Travel-Orate

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကယားဒေးကွင်းအတွင်း ပြည်သူလူထုနှင့် တွေ့ဆုံဟောပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်အား
နိုဝင်ဘာ ၈ ရက်၊ ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ငြိမ်သစ်ညီ၊ မဇ္ဈိမ) အဆိုပါ ဟောပြောပွဲသို့ ဒေသခံများ သောင်းဂဏန်းထိ လာရောက်ခဲ့သလို
ပြည်သူများသိလိုသည့် မေးခွန်းဆယ်ခု အား ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။ အချိုးကျကိုယ်စားပြုစနစ် (PR) သည် လက်ရှိအ
အချိန်တွင် မဖြစ်နိုင်သည့် ရွေးကောက်ပွဲစနစ်တစ်ခုဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဟောပြောပွဲတွင် ပြောဆိုသွားသည်။ ထို့ပြင် ဖက်ဒရယ်စနစ်မှာ တိုင်းပြည်ကို ပိုမိုခိုင်မြဲစေသည့် စနစ်ဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားများအား ထည့်သွင်းပြောဆိုခဲ့သည်။
 ဓာတ်ပုံ ကြည့်ရှု့ရန်

 News M logoကယားပြည်နယ် လူထုဟောပြောပွဲစတင်

ဒေါ်အောင်ဆန်းစုကြည်၏ ကယားပြည်နယ်လူထုနှင့် တွေ့ဆုံဟောပြောပွဲ အခမ်းအနားကို နိုဝင်ဘာ ၈ ရက် ညနေ ၄ နာရီတွင် စတင်လိုက်ပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့်က လွှတ်တော်တွင် ဆွေးနွေးနေသည့် PRစနစ်အကြောင်း စတင် ဟောပြောမည်ဖြစ်သည်။

News M logo“ပြည်ထောင်စု” ဟု ပါတီနာမည် တပ်စရာမလို၊ အလုပ်နှင့်သာ သက်သေပြရန်လိုဟု ဒေါ်စုပြော

မင်းမင်း

လွိုင်ကော်(မဇ္ဈိမ)။ ။ ပြည်ထေင်စုကို အားထားသော်လည်း ပါတီကို “ပြည်ထောင်စု” ဟု အမည်တပ်ခေါ်စရာမလိုဘဲ အလုပ်၊ စေတနာ တို့ဖြင့် သက်သေပြရန်သာ လိုသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၈ရက်က ကယားပြည်နယ်ခရီးစဉ်အတွင်း ရှမ်းပြည်နယ် ဖယ်ခုံမြို့အရောက် လူထုအား ပြောဆိုလိုက်သည်။ သတင်းအပြည်အစုံ ဖတ်ရှု့ရန်

Peaceဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ် ခရီးစဉ်

DASSK-Kayar-State-travel

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့သို့ နိုဝင်ဘာ ၈ ရက်နေ့လည်ပိုင်းတွင် ရောက်ရှိလာသည့် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ပဒေါင်တိုင်းရင်းသူ အမျိုးသမီးတစ်ဦးက အားရဝမ်းသာ ကြိုဆိုနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါဒေသသို့ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ပထမဆုံး ပြန်လည်ရောက်ရှိလာသည့် ခရီးစဉ်ဖြစ်သည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။ ဓာတ်ပုံ ကြည့်ရှု့ရန်

News M logoNLD က ပြည်ထောင်စုပါတီသာဖြစ်ဟု ဒေါ်စုပြော

 မင်းမင်း

 ဖယ်ခုံ (မဇ္ဈိမ)။ ။ ဗမာလူမျိုး အများစုနေထိုင်သည့် နိုင်ငံဖြစ်၍ ပါတီတွင်း၌ ဗမာများသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပြည်ထောင်စု ပါတီသာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သူ၏ ကယားပြည်နယ် ခရီးစဉ်အတွင်း ရှမ်းပြည်နယ် ဖယ်ခုံမြို့သို့ ရောက်ရှိစဉ် ကြိုဆိုနေသည့် လူထုကို ပြောကြားလိုက်သည်။

 "NLD ပါတီက ဗမာပါတီမဟုတ်ပါဘူး။ ပြည်ထောင်စု ပါတီသာဖြစ်တယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

 ယင်းအပြင် ဖယ်ခုံလူထုက ဒေါ်အောင်ဆန်းစုကြည်အား ဘင်ခရာတီးဝိုင်းဖြင့် ကြိုဆို၍ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ တစ်သက်တာတွင် ဘင်ခရာတီးဝိုင်းဖြင့် ကြိုဆိုဖူးသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်၍ အလွန် ဝမ်းသာမိသည်ဟု ပြောကြားခဲ့သည်။

Last modified on Saturday, 08 November 2014 23:11

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832