House Art

eng btn

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့

Saturday, 20 September 2014 23:54
International-Peace-Day-Sept-21-banner-1Peace
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းနေ့ လမ်းလျှောက်သူများ ပုဒ်မ ၁၈ ဖြင့်အမှုဖွင့်ခံရ
မဇ္ဈိမသတင်းဌာန တနလာင်္နေ့၊ စက်တင်ဘာ ၂၂ ရက်၊ ၂၀၁၄ ခုနှစ်

Peace-International-Day-20

ပုသိမ်မြို့အတွင်း အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ စီတန်းလှည့်လည်ကြသည့် ဧရာဝတီ လူငယ်ကွန်ရက်မှ အဖွဲ့ ဝင်သုံးဦးကို မြို့မရဲစခန်းက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် စက်တင်ဘာ ၂၂ရက်တွင် ပုသိမ်မြို့မ ရဲစခန်းတွင် အမှု ဖွင့်လိုက်သည်။ အပြည့်အစုံ ဖတ်ရှုရန်

Peaceအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ မြန်မာပြည်သူများ အထူးပါဝင်ဆင်နွှဲ
  မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ စက်တင်ဘာ ၂၂ ရက်၊ ၂၀၁၄ ခုနှစ်
Yangoon-Peace-International-Day-13

ငြိမ်းချမ်းရေးဆာတယ် နှစ်ခြောက်ဆယ်

စက်တင်ဘာ ၂၁ တွင် ကျရောက်သည့် ကုလသမဂ်္ဂ အသိအမှတ်ပြု နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကို နိုင်ငံတော်သမ္မတမှ
စ၍ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများအပြင် အမျိုးသမီးများ၊ အနုပညာရှင်များ နှင့် လူငယ်များပါ ပါဝင်ပြီး ပြည်သူတစ်ရပ်လုံးက ပုံစံအမျိုးမျိုးဖြင့် ပါဝင်ဆင်နွှဲခဲ့ကြသည်။ အပြည်စုံ ဖတ်ရှုရန်

Peaceတောင်ကြီးမြို့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲ
မဇ္ဈိမသတင်းဌာနတနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်

Tounggyi-Peace-International-Day-Ironcross-Recreation-01

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲနှင့် ရံပုံငွေရှာဖွေခြင်းနှင့် လှူဒါန်းခြင်းတေးဂီတ ဖျော်ဖြေပွဲကို ယနေ့ ညပိုင်း ၈း၀၀ နာရီခန့်က တောင်ကြီးမြို့ ကျောက်တိုင်ကွင်းတွင် အိုင်းရင်းခရောစ့် တေးဂီတအဖွဲ့မှ ၀ိုင်ဝိုင်း ၊မျိုးကြီး၊ လေးဖြူ၊ အငဲ တို့မှ သီဆိုဖျော်ဖြေ တင်ဆက်နေသည်ကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)

Peaceနိုင်ကျဉ်းများနှင့် အနုပညာရှင်များ၏ ငြိမ်းချမ်းရေးဘောလုံးပွဲ
မဇ္ဈိမသတင်းဌာန တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်

Pace-International-Day-Footbell-05

စက်တင်ဘာ (၂၁) ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်းများဖြင့် ဖွဲ့စည်းထားသော "ချစ်ကြပါ" ဘောလုံးအသင်းနှင့် အနုပညာရှင်များဖြင့် ဖွဲ့စည်းထားသော "အမုန်းများရပ်" ဘောလုံးအသင်းတို့ အောင်ဆန်း အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြစဉ်။ (ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ) ငြိမ်းချမ်းရေးဘောလုံးပွဲတွင် ချစ်ကြပါ အသင်းက ၂ ဂိုး၊ အမုန်းများရပ် အသင်းက ၁ ဂိုးဖြင့် ချစ်ကြပါအသင်းက အနိုင်ရရှိခဲ့သည်။ ငြိမ်းချမ်းရေး ဘောလုံးအသင်း၌ အနုပညာရှင်များအသင်းမှ လူမင်း၊ ရာဇာနေ၀င်း၊ လင်းလင်း၊ ဟက်ကတ်၊ ကျော်ကျော်ဗို စသူတို့ ပါဝင် ကစားခဲ့ကြပြီး၊ နိုင်ငံရေးအကျဉ်းသားများဘက်က ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချို စသူတို့ ပါဝင် ကစားခဲ့ကြသည်။

Peaceငြိမ်းချမ်းရေး ဝတ္ထု၊၊ ကဗျာပြိုင်ပွဲနှင့် ဆုပေးပွဲ
  မဇ္ဈိမသတင်းဌာန တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်
Pace-International-Day-Poem-Declamation-03

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဝတ္ထု၊၊ ကဗျာပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် စက်တင်ဘာ ၂၁ ရက်က Pen Myanmar အဖွဲ့က ဦးစီးကာ ကျင်းပစဉ်။ (ဓာတ်ပုံ မျိုးမင်း၊ မဇ္ဈိမ)

Peaceအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အမျိုးသမီးအခွင့်အရေး တောင်းဆို
မဇ္ဈိမသတင်းဌာန တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အထိမ်းအ­မှတ်အနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် အမျိုးသမီးများပါဝင်လာနိုင်ဖို့ မြန်မာနိုင်ငံဒေသအသီးသီးက အမျိုးသမီးအဖွဲ့အစည်းများသည် စက်တင်ဘာလ ၂၁ရက်နေ့တွင် လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Peaceအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှု
မဇ္ဈိမသတင်းဌာန တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့ အောင်ဆန်းရှေ့တွင် ငြိမ်းချမ်းရေးလှုပ်ရှားသူက စစ်ယူနီဖောင်းဝတ်ကာ သရုပ်ပြနေစဉ်။ (ဓာတ်ပုံ-ငြိမ်သစ်ညီ၊ မဇ္ဈိမ)

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့ အောင်ဆန်းရှေ့တွင် ငြိမ်းချမ်းရေးလှုပ်ရှားသူက စစ်ယူနီဖောင်းဝတ်ကာ သရုပ်ပြနေစဉ်။ (ဓာတ်ပုံ-ငြိမ်သစ်ညီ၊ မဇ္ဈိမ)

Peaceအမျိုးသမီးနှင့် ငြိမ်းချမ်းရေး
သတင်းအဖွဲ့ တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်

(ဆောင်းပါး)

စစ်ပွဲတစ်ပွဲ အောင်နိုင်ဖို့ ရဲရင့်ပြတ်သား ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ လိုပါလိမ့်မယ်။ ဒါမျိုးကို ပုရိသ စစ်ဘုရင် တွေဟာ ပြည်သူတွေရဲ့ အသက်ပေါင်း များစွာနဲ့ စတေးပြီး သက်သေပြခဲ့ ပြီးပါပြီ။ ဒါဆို အမျိုးသမီး တွေက စစ်ရေးနဲ့ နိုင်ငံရေးမှာ ဘယ်လောက် အထိ အရေးပါ သလဲ။ သည်လို မေးလာခဲ့ရင် မိခင်စိတ်နဲ့ ကြင်နာစိတ် ရှိတဲ့ မိန်းမသား တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်း အတွက် မရှိမဖြစ် လိုအပ်တယ်လို့ ပြန်ဖြေ နိုင်ပါတယ်။ စစ်ပွဲ တစ်ပွဲကို နိုင်အောင် တိုက်နိုင်ချင်မှ တိုက်နိုင်မှာ ဖြစ်ပေမယ့် ဒုက္ခ ဖြစ်နေသူ တွေကို ဖေးမ စောင့်ရှောက်တဲ့ နေရာ မှာတော့ မိန်းမသား တွေရဲ့ လက်တွေဟာ အရေးပါတဲ့ နေရာမှာ ရှိပါတယ်။ အပြည့်အစုံ ဖတ်ရှုရန်

Peaceအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လှုပ်ရှားမှု ပုသိမ်တွင်လည်း ပြုလုပ်
မဇ္ဈိမသတင်းဌာနတနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ရန်ကင်းသာရပ်ကွက်တွင် ယနေ့ကျရောက်သည့် အပြည်ပြည် ဆိုင်ရာငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုများအဖြစ် ငြိမ်းချမ်းရေးလိုလားသော အဓိပ္ပာယ်ပါ ဗွီနှိုင်းများ ကိုင်ဆောင်ကာ ဂစ်တာတီပြီး ငြိမ်းချမ်းရေးသီချင်းများ သီဆိုနေကြသည်။

အဆိုပါလှုပ်ရှားမှုတွင် ဧရာဝတီလူငယ်ကွန်ယက်၊ ပညာဒါနအဖွဲ့နှင့် ငြိမ်းချမ်းရေးလိုလားသူ ၁၀၀ ကျော်တို့ ပါဝင်လှုပ်ရှားနေကြသည်ဟု ပုသိမ်မြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

Peace-International-Day-20

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ ရန်ကင်းသာ ရပ်ကွက်တွင် ဗွီနှုင်းများကိုင်ဆောင်ကာ ဂစ်တာဖြင့် ငြိမ်းချမ်းရေးသီချင်းများ သီဆိုနေကြစဉ်၊ (ဓာတ်ပုံ- မဇ္ဈိမ)

 
Peaceတောင်ကြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ မြင်ကွင်း
မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်
Peace-Taunggyi
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် တောင်ကြီးမြို့ရှိ လူစည်ကားရာနေရာများ၊ တောင်ကြီးမြို့မဈေးကြီးအတွင်းရှိ ဆိုင်များ၌ ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့မှ လူငယ်များက "တစ်နိုင်ငံလုံး အမုန်းများရပ် ” စာသားပါ စတေကာများ လိုက်လံ ကပ်နေသည်ကို စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီက မြို့မဈေးကြီးအတွင်း တွေ့မြင်ရစဉ်။ (ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)
Peaceအောင်ဆန်းကွင်း၌ ငြိမ်းချမ်းရေး ဘောလုံးပွဲလုပ်မည်
မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် လှည်းတန်းနှင့် သင်္ကန်းကျွန်းမှ စတင်ထွက်သည့် အဖွဲ့ နှစ်ဖွဲ့ပေါင်း လူ ၁၀၀၀ခန့်က အောင်ဆန်းကွင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ညနေ ၄ နာရီတွင် နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးသမားများ ပါဝင်သည့် ဘောလုံးပွဲ ကျင်းပမည်ဖြစ်သည်။ လူထုလမ်းလျှောက်သည့် အဖွဲ့များက ဘောလုံးပွဲအပြီးတွင် ဆူးလေရှိ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် အဖွဲ့များစုံစည်းကာ ညပိုင်းအထိ ဖျော်ဖြေမှုများ၊ ကဗျာရွတ်ဆိုမှုများအပြင် အခြားလှုပ်ရှားမှုများ ပြုလုပ်မည်ဖြစ်သည်။
Peaceမတူကွဲပြားမှုများ သဟဇာတဖြစ်မှ ရေရှည်တည်တံ့မည့် “ငြိမ်းချမ်းရေး” ဖြစ်မည်ဟု သမ္မတဆို
မင်းမင်း၊ တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းခြင်းထက် မတူကွဲပြားမှုများကို သဟဇာတဖြစ်မှ ရေရှည်တည့်တံ့မည့် ငြိမ်းချမ်းရေးဖြစ်မည်ဟု ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့သို့ ပေးပို့သည့် သမ္မတဦးသိန်းစိန်၏ သဝဏ်လွှာတွင် ရေးသားထားသည်။ အပြည့်အစုံ ဖတ်ရှုရန်
Peaceကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ကို သမ္မတဦးသိန်းစိန် ငြိမ်းချမ်းရေးသဝဏ်လွှာတွင် ဂုဏ်ပြု ဖော်ပြ
မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်
ယနေ့ကျရောက်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့အတွက် ပေးပို့သော သ၀ဏ်လွှာတွင် သမ္မတဦးသိန်းစိန်က ကမ္ဘာ့ ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော အာရှ ကိုယ်စားပြု ပထမဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ကို ဂုဏ်ပြုချီးကျူးလိုက်သည်။ အပြည့်အစုံ ဖတ်ရှုရန်
Peaceအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် လမ်းလျှောက်ဆန္ဒထုတ်ဖော်သူ အထိန်းသိမ်းခံရ
မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်
Peace-International-Day-19
နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့တွင် လက်ရှိနိုင်ငံရေးအကျပ်အတည်များကို လေးပွင့်ဆိုင် တွေ့ဆုံဖြေရှင်းပေးရန် ABDDF တပ်ရင်း ၂၀၇ ရဲဘော်ဟောင်း ကိုဇော်မြင့်(ခ) ဇော်ကြီး က အပြည်ပြည်ဆိုင်ရာငြိမ်ချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒပြချိန် ၁၅ မိနစ် ဝန်းကျင်အတွင်း  ပျဉ်းမနားမြို့မရဲစခန်းက တာဝန်ရှိသူများက ခွင့်ပြုချက်မရရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့သည်အတွက် ထိန်းသိမ်းသွားသည်။ အဆိုပါရဲစခန်းက မည်သည့်ပုဒ်မဖြင့် အရေးယူမည်ကို လက်တစ်လော ထုတ်ပြန်ပေးနိုင်ခြင်းမရှိပေ။ (ဓာတ်ပုံ- မောင်သင်တုန်း၊ မဇ္ဈိမ) ဆန္ဒဖော်ထုတ်မှုကို ဗိုတောက်ခင်လမ်း Rain လက်ဖက်ရည်ဆိုင်ရှေ့မှ စတင်လမ်းလျှောက်ခဲ့ပြီး ရွှေချည်နှစ်လမ်းအတိုင်း လမ်းလျှောက်စဉ် ထိန်းသိမ်းခြင်းခံခဲ့ရသည်။ လမ်းလျှောက်ခြင်းဖြစ်သည်ဟုလည်း ကိုဇော်မြင့်က ဆိုသည်။
Peaceငြိမ်းချမ်းရေးနေ့ အခမ်းအနား MPC တွင် ပြုလုပ်
မဇ္ဈိမသတင်းဌာန၊ တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်
Peace-International-Day-17
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို မြန်မာ့ငြိမ်းချမ်းရေးအကောင်အထည်ဖော်ရေးစင်တာ (MPC) တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့မှ ခေါင်းဆောင်များနှင့် ဝန်ကြီးဦးခင်ရီ ၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။ (ဓာတ်ပုံ - MPC)
Peaceလှည်းတန်းမှ ထွက်သည့် ငြိမ်းချမ်းရေးအဖွဲ့
မဇ္ဈိမ သတင်းဌာန | တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်
Peace-International-Day-16
လှည်းတန်းကုန်းကျော်တံတားအောက်မှ စထွက်သည့် ငြိမ်းချမ်းရေး လိုလားသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ၉ နာရီ ၂၀ မိနစ်ခန့်တွင် လူထုချီတက်ပွဲကို စတင်ချီတက်စဉ်။ (ဓာတ်ပုံ- ကျော်စွာဝင်း)
Peace
ဖနိဒါ| တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဦးစီးကျင်းပမည် ဖြစ်သည်။ အပြည့်အစုံဖတ်ရှုရန်
Peaceတိုင်းရင်းသား အမျိုးသမီးအဖွဲ့များက အဆို၊အကဖြင့် ဖျော်ဖြေ
မဇ္ဈိမသတင်းဌာန၊ တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုခြင်း အထိမ်းအမှတ်အဖြစ် ကရင်နီအမျိုးသမီး အဖွဲ့အစည်းများက ကဗျာရွတ်ခြင်း၊ သီချင်းများ သီဆိုမည်ဖြစ်ပြီး နံနက် ၁၁ နာရီခွဲခန့်တွင် ရှမ်းတောင်ပိုင်းမှ အမျိုးသမီးများက အကများဖြင့် ဖျော်ဖြေလျက်ရှိသည်။
Peaceအမျိုးသမီးအဖွဲ့များက ငြိမ်းချမ်းရေး မိုးပျံပူပေါင်းလွှတ်ကာ ကုလစာတမ်းဖတ်
ယုဝေ | တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်
ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ရောက်ရှိနေသည့် အမျိုးသမီးအဖွဲ့အစည်းများက ပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့
အတွက် ကြွေးကြော်မှုများ ကြွေးကြော်ကာ စက်တင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီခန့်တွင် မိုးပျံပူပေါင်းများလွှတ်ပြီး ကုလသမဂ္ဂငြိမ်းချမ်းရေးစာတမ်းကို ဖတ်ပြခဲ့သည်။
Peaceငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအပေါ် သူတို့အမြင်
 ယုဝေ| တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်
အမျိုးသမီးလမ်းလျှောက်အဖွဲ့မှ မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက် ကွန်ယက်ရေးရာတာ ၀န်ခံ ဒေါ်မြင့်မြင့်အေး "အခုလိုမျိုး လုပ်တဲ့အတွက် လူထုတွေက ပိုစိတ်ဝင်စားတယ်။ ပိုစိတ်ဝင်စားတဲ့အတွက် အစိုးရအနေနဲ့ အမျိုးသမီးတွေရဲ့ စည်းလုံးမှုကို ကြည့်ပြီးတော့ အမျိုးသမီးတွေ အတွက် တောင်းဆိုတဲ့ ကိစ္စတွေကို ပိုမိုလိုက်လျောလာနိုင်တယ်။ ကိုယ်လိုချင်တဲ့ အခွင့်အရေးကိုလည်း ပိုပြီးတောင်းဆိုရတာ လွယ်ကူတယ်။" အပြည့်အစုံ ဖတ်ရှုရန်
Peaceအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့
မဇ္ဈိမသတင်းဌာန၊ တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်
Peace-International-Day-10
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်သော စက်တင်ဘာလ ၂၁ရက် နံနက်ပိုင်းတွင် ငြိမ်းချမ်းရေးပိုစတာများ ကိုင်ဆောင်ကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်နေသောဖော်နေသာ အမျိုးသမီးများအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ၎င်းအဖွဲ့သည် ကမ္ဘာအေးဘုရားလမ်း ပုလဲကွန်ဒိုရှေ့မှ ကန်တတော်ကြီး မျှော်စင်ကျွန်းအထိ လမ်လျှောက်ကြမည်ဖြစ်သည်။
Peaceငြိမ်းချမ်းရေး လမ်းလျှောက်သည့် အမျိုးသမီးအဖွဲ့များ မျှော်စင်ကျွန်းရောက်ပြီ
မဇ္ဈိမသတင်းဌာန၊ တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် အမျိုးသမီး အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေး လိုလားသည့် အရပ်ဘက် အဖွဲ့အစည်းများက ရန်ကုန်မြို့တွင် လမ်းလျှောက် ချီတက်ပွဲများ စတင်နေပြီဖြစ်ရာ ပုလဲကွန်ဒိုရှေ့မှ ၈ နာရီ ၄၅ မိနစ်တွင် စတင်ထွက်သည့် အမျိုးသမီးအဖွဲ့များက ၉နာရီ ၅၀မိနစ်ခန့်တွင် ကန်တော်ကြီးမျှော်စင်ကျွန်းသို့ ရောက်ရှိပြီဖြစ်သည်။
Peaceလှည်းတန်းနှင့် ကျိုက္ကဆံမှ ငြိမ်းချမ်းရေး လိုလားသည့်အဖွဲ့ စထွက်ပြီ
မဇ္ဈိမသတင်းဌာန၊ တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်

လှည်းတန်းကုန်းကျော်တံတားအောက်မှ စထွက်သည့် အဖွဲ့နှင့် သင်္ကန်းကျွန်း ကျိုက္ကဆံကွင်းမှ စထွက်မည့် ငြိမ်းချမ်းရေး
လိုလားသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ၉ နာရီ ၂၀ မိနစ်ခန့်တွင် လူထုချီတက်ပွဲကို စတင်လိုက်ပြီဖြစ်သည်။

၎င်းတို့ အဖွဲ့နှစ်ဖွဲ့က အောင်ဆန်းအားကစားကွင်းတွင် ဆုံကြမည်ဖြစ်သည်။

Peaceအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို လူစုချီတက်ပွဲနှင့် စတင်လိုက်
မဇ္ဈိမသတင်းဌာန၊ တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် အမျိုးသမီး အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေး လိုလားသည့် အရပ်ဘက် အဖွဲ့အစည်းများက ရန်ကုန်မြို့တွင် လမ်းလျှောက် ချီတက်ပွဲများ စတင် ပြုလုပ်နေပြီဖြစ်သည်။ အပြည့်အစုံ ဖတ်ရှုရန်
Peaceတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ခုမှ အမျိုးသမီးနှစ်ဦးကို ငြိမ်းချမ်းရေးဆုပေးအပ်
ထက်ထက်အောင်၊ စနေနေ့၊ စက်တင်ဘာ ၂၀ ရက်၊ ၂၀၁၄ ခုနှစ်
ဒုတိယအကြိမ်မြောက်ကျင်းပသည့် အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ်တွင် အမျိုးသမီး ငြိမ်းချမ်းရေးဆုကို ကရင်အမျိုးသား အစည်းအရုံး(KNU) ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နှင့်  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် စောမြရာဇာလင်းတို့ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ မတိုင်မီ တစ်ရက်အလို စက်တင်ဘာ ၂၀ရက်တွင် အမျိုးသမီး ဖိုရမ်၌ ပေးအပ်ခဲ့သည်။ ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းနှင့် ကန်တော်ကြီး သစ်တောကျွန်းတို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။
Peaceအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ကြိုတင်ပြင်ဆင်မှု
စနေနေ့၊ စက်တင်ဘာ ၂၀ ရက်၊ ၂၀၁၄ ခုနှစ်
စက်တင်ဘာလ ၂၁ ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် ပြင်ဆင်ထားသောထားသာ ဘေဘုတ်အား ပြည်လမ်း အင်းယားကန်ဘောင်တွင် စက်တင်ဘာလ ၁၉ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် လမ်းလျှောက်ခြင်းများ ပျော်ပွဲရွှင်ပွဲများနှင့် ဂီတဖျော်ဖြေပွဲများကို ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းနှင့် ကန်တော်ကြီး သစ်တောကျွန်းတို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။
စက်တင်ဘာလ ၂၁ ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် ပြင်ဆင်ထားသောထားသာ ဘေဘုတ်အား ပြည်လမ်း အင်းယားကန်ဘောင်တွင် စက်တင်ဘာလ ၁၉ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် လမ်းလျှောက်ခြင်းများ ပျော်ပွဲရွှင်ပွဲများနှင့် ဂီတဖျော်ဖြေပွဲများကို ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းနှင့် ကန်တော်ကြီး သစ်တောကျွန်းတို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။
Peace2
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အကြိုလှုပ်ရှားမှုအဖြစ် ရွှေသံစဉ် တေးဂီတအဖွဲ့က ငြိမ်းချမ်းရေးသီချင်းများဖြင့် ရန်ကင်းစင်တာရှေ့တွင် စက်တင်ဘာ ၂၀ရက် က ဖျော်ဖြေနေစဉ်၊ (ဓာတ်ပုံ-မင်းမင်း၊ မဇ္ဈိမ)။ အဆိုပါ တေးဂီတအဖွဲ့က “မြန်မာပြည်ငြိမ်းချမ်းပါစေ” ဟုလည်း ဆန္ဒပြုစကားများ ပြောဆိုသွားသည်။
Peaceဖြူနှင်းထွေး လွတ်ငြိမ်းခွင့်ရရန် အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ်မှ တစ်ဆင့် တောင်းဆိုမည်
သောကြာနေ့၊ စက်တင်ဘာ ၁၉ ရက်၊ ၂၀၁၄ ခုနှစ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ရာတွင် ပါဝင်သည်ဟုဆိုကာ မုံရွာအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသူ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဖြူနှင်းထွေး လွတ်ငြိမ်းခွင့်ရရန် အမျိုးသမီးငြိမ်းချမ်းရေး ဖိုရမ်သို့တက်ရောက်လာသည့် အမျိုးသမီးများက လက်မှတ်ထိုး၍ တောင်းဆိုသွားရန် မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက် ကွန်ယက်ရေးရာတာ ၀န်ခံ ဒေါ်မြင့်မြင့်အေးက ဖိုရမ်တွင် တောင်းဆိုလိုက်သည်။
Peaceကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဂီတဖျော်ဖြေပွဲတွင် ပါဝင်ရန် ဖြူဖြူကျော်သိန်း နယ်သာလန်သို့ ထွက်ခွာ
သူဇာလင်း| သောကြာနေ့၊ စက်တင်ဘာ ၁၉ ရက်၊ ၂၀၁၄ ခုနှစ်
နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ် မြို့၌ စက်တင်ဘာ၂၁ရက်တွင်ကျင်းပမည့် "ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့" ဂီတ ဖျော်ဖြေပွဲတွင် အဆိုတော် ဖြူဖြူကျော်သိန်းကို ပါဝင် ဖျော်ဖြေရန် ဖိတ်ကြား ခံရခြင်းကြောင့် စက်တင်ဘာ ၁၆ရက်က ရန်ကုန်မြို့မှ စတင် ထွက်ခွာ သွားပြီ ဖြစ်သည်။
Peace
မိုးသူ| တနင်္လာနေ့၊ စက်တင်ဘာ ၁၅ ရက်၊ ၂၀၁၄ ခုနှစ်
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက်။ စက်တင်ဘာ၁၄ရက်တနင်္ဂနွေနေ့ထုတ် ကြေမုံသတင်းစာမျက်နှာဖုံးအညွှန်း၌ပါဝင်သည့် "ခရီးသွားပြည်သူများ စိတ်အနှောက် အယှက်မဖြစ်စေရန်လိုအပ် "ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး ကဗျာချစ်သူများအသင်း(PLA) မှကဗျာ ဆရာမောင် ဆောင်းခက ၄င်းတို့ အနေဖြင့် ကဗျာရွတ် ဆိုခြင်းသည်အများပြည်သူအတွက်အနှောင့်အယှက်ဖြစ်ပါက ရပ်ဆိုင်းသွားမည်ဖြစ်ပြီး အစိုးရဘက်က ကဗျာရွတ်ဆိုမှုကို ပိတ်ပင်တားမြစ်သွားပါက ရပ်တန့်မည် မဟုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားမည် ဟုကဗျာဆရာမောင်ဆောင်းခမဇ္ဈိမကိုပြောသည်။
Vol-6-Issue-86-Cover

"

twitter facebook

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832
Mizzima-journal-Vol-1-No-10