House Art

eng btn

win-tin-banner
 
သံမဏိလူသားအတွက် နောက်ဆုံး နှုတ်ဆက်စကားများ

တင်ဇာအောင်၊ ကြယ်ပြာ၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၃ရက်၊ ၂၀၁၄ ခုနှစ် ၂၃ နာရီ ၃၅ မိနစ် မြန်မာစံတော်ချိန်

013ssအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပန အခမ်းအနားကို ဧပြီလ ၂၃ ရက်က မြောက်ဥက္ကလာ ရှိရေဝေး သုဿန်တွင် နေ့လည် ၁၂နာရီမှ ညနေ ၄နာရီ ခွဲအထိ ပြုလုပ်ခဲ့ရာ လူဦးရေ သောင်းနှင့်ချီလာရောက်ခဲ့သည်။

ဈာပနအခမ်အနားတွင် ဆရာကြီး ဦးဝင်းတင်၏ မိသားစုဝင်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် ပါအဝင် နာယက၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် ပါတီဝင်များ၊ နိုင်ငံရေးသမားများ ၊ ပြည်သူလူထုများ လာရောက် ဂါရဝပြုခဲ့သည်။ ဆက်လက်ဖတ်ရှုရန်

စိုးသန်းလင်း၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၃ ရက်၊ ၂၀၁၄ ခုနှစ် ၂၀ နာရီ ၅၉ မိနစ် မြန်မာစံတော်ချိန်

နေပြည်တော်၊ မဇ္ဈိမ။           ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို နေပြည်တော်လူထုက နောက်ဆုံးဂါရ၀ပြုပွဲတစ်ရပ်ကို ဧပြီလ ၂၃ ရက် ညနေ ၆ နာရီတွင် ပျဉ်းမနားမြို့၊ မင်္ဂလာရှမ်းကန်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့မှောက်၌ ပြုလုပ်ခဲ့ကြသည်။  ဆက်လက်ဖတ်ရှုရန်
ဦးဝင်းတင် ဈာပန နောက်ဆုံးနေ့တွင် နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံတကာ သံအမတ်တစ်ချို့နှင့် အနယ်နယ်အရပ်များမှ
ပြည်သူများ သောင်းချီလာရောက် ဂါဝရပြု ဦးညွှတ်ကြသည်ကို ဧပြီလ ၂၃ ရက်နေ့က ရန်ကုန်မြို့ ရေဝေးသုဿန်တွင် တွေ့ရှိရစဉ်။ ဓါတ်ပုံ - ဟောင်ဆာ (ရာမည) ဟံသာဝတီဦးဝင်းတင်၏ ရုပ်အလောင်းအား ရေဝေးသုဿာန်တွင် ဂူသွင်းသဂြုင်္ိလ်မည်ဖြစ်သည်။ ဆက်လက်ကြည့်ရှုရန်
http://www.mizzimaburmese.com/images/APR14/057/byeuwintin12.jpg
စိုးသန်းလင်း၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၃ရက်၊ ၂၀၁၄ ခုနှစ် ၂၀ နာရီ ၂၄ မိနစ် မြန်မာစံတော်ချိန်
နေပြည်တော်၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို နေပြည်တော်လူထုက နောက်ဆုံးဂါရ၀ပြုပွဲတစ်ရပ်ကို ဧပြီလ ၂၃ ရက် ညနေ ၆ နာရီတွင် ပျဉ်းမနားမြို့၊ မင်္ဂလာရှမ်းကန်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့မှောက်၌ ပြုလုပ်ခဲ့ကြသည်။ ဆက်လက်ဖတ်ရှုရန်
naypaydaw1

ဆရာကြီးဦးဝင်းတင်အလောင်းကို ဂူသွင်းနေပြီ
မဇ္ဈိမသတင်းဌာန၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၃ရက်၊ ၂၀၁၄ ခုနှစ် ၁၇ နာရီ ၃၈ မိနစ် မြန်မာစံတော်ချိန်

ရန်ကုန်၊ မဇ္ဈိမ။         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်၏ အလောင်ကိုး ညနေ ၅နာရီ မိနစ် ၂၀ခန့်တွင် ဂူသွင်းသင်္ဂြိုလ်နေပြီဖြစ်သည်။

ဂူမသွင်းမီး မိသားစုက ကန်တော့ခြင်း၊ ဂါရဝပြုခြင်းတို့ ပြုလုပ်ခဲ့သည်။

အလောင်းအား ဂူသွင်းနေစဉ်တွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရေဝေးသုဿန်မှ ပြန်လည် ထွက်ခွာသွားပြီဖြစ်သည်။

ပြည်မြို့နှင့်ရွှေတောင်မြို့တွင် သတင်း စာဆရာကြီး ဦးဝင်တင်အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ပွဲများ ပြုလုပ်

ရေခဲ(ပြည်)၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၃ရက်၊ ၂၀၁၄ ခုနှစ် ၁၇ နာရီ ၂၁ မိနစ် မြန်မာစံတော်ချိန်

ဧပြီလ ၂၁ရက်က အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ဂါရ၀ပြုခြင်းနှင့် ၀မ်းနည်းခြင်း အထိမ်းအမှတ်ပွဲများကို ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့နှင့် ရွှေတောင်မြို့တို့တွင် ဧပြီလ ၂၃ရက်က တစ်ပြိုင်နက် ပြုလုပ်ခဲ့သည်။ ဆက်လက်ဖတ်ရှုရန်
 
Win-TIn-funeral-ceremony-in-Pyay
သတင်းစာဆရာကြီး ဦးဝင်းတင်အတွက် အမှတ်တရ အခမ်းအနားကို ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ် ဦးခင်ဦး၏ နေအိမ်တွင် ဧပြီလ ၂၃ရက် နံနက် ၉နာရီက ပြုလုပ်စဉ်။ (ဓာတ်ပုံ- ရေခဲ၊ ပြည်)
ဦးဝင်းတင် ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြေကွဲကြောင်း HRW ထုတ်ပြန်

မဇ္ဈိမသတင်းဌာန၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၃ရက်၊ ၂၀၁၄ ခုနှစ် ၁၆ နာရီ ၄၁ မိနစ် မြန်မာစံတော်ချိန်

ဘန်ကောက်၊ မဇ္ဈိမ။          ။ မြန်မာနိုင်ငံ၏ ထင်ရှားသော လူ့အခွင့်အရေးလှုပ်ရှားသူ နှင့် သတင်းစာဆရာတစ်ဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြေကွဲရသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ (HRW) က သတင်းထုတ်ပြန်ခဲ့သည်။ ဦးဝင်းတင်သည် နိုင်ငံရေးအကျဉ်းသား တစ်ဦးအဖြစ်ဖြင့် နှစ်ပေါင်းများစွာ အကျဉ်းကျခံခဲ့ရသူ တစ်ဦးဖြစ်သည်။ ဦးဝင်းတင်သည် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် အသက် ၈၄နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့သည်။ (အပြည်အစုံသို့)

ဂါရဝပြုမှု အဆုံးသတ်

မဇ္ဈိမသတင်းဌာန၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၃ရက်၊ ၂၀၁၄ ခုနှစ် ၁၆ နာရီ ၂၅ မိနစ် မြန်မာစံတော်ချိန်

ရန်ကုန်၊ မဇ္ဈိမ။ ။ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်အတွက် ဂါရဝပြုသည့် အခမ်းအနားကို ၄နာရီ ၁၅မိနစ်တွင် အဆုံးသတ်မည်ဖြစ်ပြီး ယင်းနောက်တွင် သူ၏ ရုပ်အလောင်းကို ဂူသွင်းသင်္ဂြိုလ်ရန် အုတ်ဂူရှိရာ နေရာသို့ သွားရောက်ကြမည်ဖြစ်သည်။

ဦးဝင်းတင် ဂါရဝပြုအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ

မဇ္ဈိမသတင်းဌာန၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၃ရက်၊ ၂၀၁၄ ခုနှစ် ၁၆ နာရီ ၁၀ မိနစ် မြန်မာစံတော်ချိန်

ရန်ကုန်၊ မဇ္ဈိမ။          ။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပန ဂါရဝပြုအခမ်းအနားကို ညနေ ၃နာရီ ၅၀ခန့်က ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပြီဟု ထိုနေရာတွင် သတင်းသွားရောက်ယူသည့် မဇ္ဈိမ အယ်ဒီတာက သတင်းပေးပို့သည်။

ဈာပနအခမ်းအနားသို့ အမေရိကန် သံအမတ် ဒဲရစ်မစ်ချဲလည်း လာရောက် ဂါရဝ ပြုခဲ့သေးသည်။

ခန်းမအတွင်း လူများလာသဖြင့် မီဒီယာများလည်း ဝင်ခွင့်မရတော့ပေ။

ဆရာတော် ဦးဝိသုတ

ဘုရားကြီးတိုက်၊ အလယ်တိုက်ကြီး (မန္တလေး)

သံဃာ့သံအမတ်ကြီး အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ

၁၅ နာရီ ၅၂ မိနစ် မြန်မာစံတော်ချိန်

"အခုမန္တလေးကနေ မနက်ကရောက်တယ်။ ဒီလိုတက်လာရတာက မြန်မာနိုင်ငံရဲ့ သတင်းစာဆရာကောင်းတစ်ယောက်၊ ဒီမိုကရေစီအရေးကို ကြံ့ကြံခိုင် လုပ်ဆောင်ခဲ့တဲ့သူ ၈၈ မှာလည်း အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့တဲ့သူ၊ အားကိုးအားထိုက်တဲ့ လူတယောက်ဖြစ်တယ်။ သူ့ကို ဆုံးရှုံးလိုက်ရတာက အရမ်းကြီးမားတဲ့ ဆုံးရှုံးမှုပဲ။ ဘာနဲ့မှ လဲလို့မရဘူး။
အဲဒါကြောင့် ဒီအခမ်းအနား ဈာပနကို ဂုဏ်ပြုဖို့ မဖြစ်ဖြစ်အောင် ရောက်လာတာပါ"ဟု မိန့်ကြားသည်။

မန္တလေး ဘုရားကြီးတိုက်၊ အလယ်တိုက်ကြီးမှ ဆရာတော် ၈ပါး ရန်ကုန်သို့ ကြွရောက်လာခဲ့ခြင်းဖြစ်ပြီး ဦးဝင်းတင်အတွက် ရက်လည်ကိုလည်း မန္တလေးမှာလုပ်မည်ဟု ဆရာတော်က မိန့်ကြားသွားသည်။


ကိုသံခဲ
ဥက္ကဋ္ဌ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဒီမိုကရက်တစ် တပ်ဦး- ABSDF)

"ဘဘဦးဝင်းတင်ဟာ ဒီမိုကရေစီအရေးမှာ အကုန်လုံးနဲ့ နှလုံးသားအထိ ရင်းရင်းနှီးနှီးတိုက်ပွဲဝင်ခ့သူဖြစ်တယ်။ တိုင်းရင်းသားအရေးရော၊ ဒီမိုကရေစီအရေးရော၊ ကျန်တဲ့ကဏ္ဍတွေမှာပါ အချင်းချင်း ကြားထဲမှာ ညီညွတ်ရေး၊ စည်းလုံးရေးအတွက် လုပ်ဆောင်ခဲ့သူဖြစ်တယ်။ ကျွန်တော်တို့အားလုံးရဲ့ အသိအမှတ်ပြုရတဲ့ သူတစ်ယောက်ဖြစ်တယ်။
သူ့ကို ဆုံးရှုံးလိုက်ရတာက တကယ့်ကို အရေးပါတဲ့ ကျောက်တိုင်ကျောက်ခဲကဲ့သို့ မာကျောတဲ့ မှတ်တိုင်တစ်ခုကို ဆုံးရှုံးခဲ့ရသလိုပဲ"

"သူက ကျွန်တော်တို့ကို ဒီမိုကရေစီအရေး တိုင်းရင်းစည်းလုံးညီညွတ်ရေး ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို လမ်းပြသွားတဲ့သူဖြစ်တယ်။ အင်အားအရ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဆုံးရှုံးသွားတယ်။ ဒါပေမယ့် သူညွှန်ပြခဲ့တဲ့၊ နှိုးဆော်ခဲ့တဲ့ နောက်ဆုံးအချိန်အထိ စစ်အာရှင်စနစ်ကို တွန်းလှန်ဖို့ဆိုတဲ့ ယုံကြည်ချက်ကိုတော့ ကျွန်တော်တို့ မျိုးဆက်တွေ လက်ဆင့်ကမ်း သယ်ဆောင်သွားရမယ်။ နောက်ထပ်ရောက်လာမယ့် မျိုးဆက်သစ်တွေအတွက်လည်း တကယ့်ကို ဦးဆောင် နမူနာကောင်းအဖြစ် သူ့လမ်း လမ်းညွှန်ချက်တွေ၊ ယုံကြည်ချက်တွေကို လက်ဆင့်ကမ်းသွားမယ်"

အသုဘလာပို့သူ များလွန်းသဖြင့် မူးလဲသူအချို့ရှိ
မဇ္ဈိမသတင်းဌာန၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၃ရက်၊ ၂၀၁၄ ခုနှစ် (၁၅ နာရီ ၃၈ မိနစ် မြန်မာစံတော်ချိန်)

ရန်ကုန်၊ မဇ္ဈိမ။           ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးဝင်းတင်၏ နောက်ဆုံးခရီးကို အနယ်နယ် အရပ်ရပ်မှ နိုင်ငံရေးသမားများ၊ ပြည်သူများ လိုက်ပါပို့ဆောင်သူ များလွန်းပြီး ရာသီဥတု ပူပြင်းသဖြင့် မူးမေ့လဲသူများ ရှိသည်ဟု ထိုနေရာတွင် သွားရောက်သတင်းယူသည့် မဇ္ဈိမသတင်းထောက် နန်းလွင်နှင်းပွင့်က သတင်းပေးပို့သည်။

မဇ္ဈိသတင်းထောက်ရှိသည့် နေရာ၌ပင် နှစ်ဦး မေ့လဲသွားသဖြင့် နာရေးကူညီမှုအသင်းက ကူညီကာ အပြင်သို့ သယ်ယူသွားရသည်။

ရေဝေးသုဿန်အတွင်း နာရေးလိုက်ပါ ပို့ဆောင်သည့် ကားများ၊ လူများနှင့် ပြည့်နှက်နေသည်။

ဦးဝင်းတင်အတွက် ဂါရဝပြုအခမ်းအနားကို ၁၂နာရီ ခွဲခန့်မှ စတင်၍ ခန်းမ ၁(က)တွင် ပြုလုပ်နေပြီး ညနေ ၅နာရီတွင် ဂူသွင်းသင်္ဂြိုလ်မည် ဖြစ်သည်။

မဇ္ဈိမ ပန်းခြင်း
 
Mizzima-basket
ဦးဝင်းတင်၏ ရုပ်ကလပ်ကို ဦးတင်ဦး ဂါရဝပြု
မဇ္ဈိမသတင်းဌာန၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၃ရက်၊ ၂၀၁၄ ခုနှစ် (၁၃ နာရီ ၀၂ မိနစ် မြန်မာစံတော်ချိန်)

ရန်ကုန်၊ မဇ္ဈိမ။               ။ မွန်းတည့် ၁၂ ခွဲခန့်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဦးတင်ဦးက ဦးဝင်းတင် ရုပ်အလောင်းဘေးတွင် ၅မိနစ်ခန့် စကားပြောပြီး ၂မိနစ်ခန့် အားလုံးငြိမ်သက်ခဲ့ပြီးနောက်
အလေးပြုခဲ့သည်။

ဦးတင်ဦး ဂါရဝပြုအပြီးတွင် ဦးဝင်းတင်၏ မိသားစုများ ဂါရဝပြုခဲ့သည်။ ယင်းနောက်တွင် အသုဘအခမ်းအနား လာရောက်သည့် ဧည့်သည်များကို ငါးယောက်တစ်ဖွဲ့စီ ဝင်စေပြီး ဂါဝရပြုခွင့်ပေးလျှက်ရှိသည်။

ယင်းသို့ ဂါရဝ လာရောက်ပြုသည့် အထဲတွင် တိုင်းရင်းသား အဖွဲ့များလည်း ပါဝင်သည်။

ဂါရဝပြုပွဲလုပ်ရန် ပြင်ဆင်ထားပြီးဖြစ်
မဇ္ဈိမသတင်းဌာန၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၃ရက်၊ ၂၀၁၄ ခုနှစ် (၁၂ နာရီ ၅၀ မိနစ် မြန်မာစံတော်ချိန်)

ရန်ကုန်၊ မဇ္ဈိမ။                 ။  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ဈာပနအခမ်းအနားနှင့် ဂါရဝပြုပွဲ အခမ်းအနား ပြုလုပ်ရန် နေ့လည် ၁၂နာရီခွဲအချိန်က မြောက်ဥက္ကလာရှိ ရေဝေးသုဿန် ခန်းမ ၈(က)တွင် ပြင်ဆင်ထားပြီဖြစ်သည်။

ဦးဝင်းတင်၏ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်သူ များပြားလွန်းသဖြင့် ခန်းမအတွင်းသို့ အခမ်းအနား ပြင်ဆင်သူများကိုသာ ဝင်ခွင့်ပေးထားသည်။

အသုဘအခမ်းအနားသို့ လိုက်လံပို့ဆောင်သည့် ကား ၆၀၀ခန့်ရှိပြီး ကားရပ်ရန် နေရာမရှိတော့သဖြင့် ကားအချို့မှာ လမ်းသွယ်များတွင် ရပ်ကာ လမ်းလျှောက်ဝင်လာရသည်။

လမ်းလျှောက်ပို့ဆောင်သည့် ကိုမိုးသီးဇွန်နှင့် အဖွဲ့ကမူ ရေဝေးသုဿန်သို့ မရောက်ရှိသေးပေ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ တတိယမြောက်နေ့ ဈာပန အခမ်းအနားကို ဧပြီလ ၂၃ ရက် နံနက်က ရန်ကုန်မြို့ ပြည်လမ်းရှိ ယုဒသန် ခန်းမတွင် ကျင်းပစဉ်။ (ဓာတ်ပုံ- ဟိန်းထက်) ဧပြီ ၂၃ ရက် နံနက် ၁၁နာရီခန့်တွင် ယုဒသန်မှ ရေဝေးသုဿန်သို့ ဦးဝင်းတင်၏ နောက်ဆုံးခရီးအတွက် ကားအစီး ၁၀၀ကျော်ဖြင့် ပို့ဆောင်နေပြီဖြစ်ပြီး ဦးဝင်းတင်၏ ရုပ်ကလပ်ကို ညနေ ၅နာရီတွင် ဂူသွင်းသင်္ဂြိုလ်မည်ဖြစ်သည်။ ဆက်လက်ကြည့်ရှုရန်
http://mizzimaburmese.com/images/APR14/055/T02.jpg
နန်းလွင်နှင်းပွင့်၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၃ရက်၊ ၂၀၁၄ ခုနှစ် (၁၂ နာရီ ၁၆ မိနစ် မြန်မာစံတော်ချိန်)
ရန်ကုန်၊ မဇ္ဈိမ။ ။ ၈၈ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမိုးသီးဇွန်ခေါင်းဆောင်ကာ လူ ၁၅၀ခန့်သည် ဦးဝင်းတင်၏ နောက်ဆုံးခရီးအတွက် မြောက်ဥက္ကလာ အဝိုင်းမှ စတင်ကာ လမ်းလျှောက် ပို့ဆောင်ရန် ဧပြီလ ၂၃ရက် နံနက် ၁၁နာရီခွဲတွင် စတင်ထွက်ခွာနေပြီဖြစ်သည်။ ဆက်လက်ဖတ်ရှုရန်
U-Win-Tin-last-journey
 
ဦးဝင်းတင်၏ နောက်ဆုံးခရီးစဉ်အတွက် ကိုမိုးသီးဇွန် ဦးဆောင်သည့် အဖွဲ့ မြောက်ဥက္ကလာ အဝိုင်းထိပ်မှ ရေဝေးသုဿန်အထိ လမ်းလျောက် ပို့ဆောင်သည်ကို ဧပြီလ ၂၃ရက် နံနက် ၁၁နာရီခွဲခန့်က တွေ့ရစဉ်။ (ဓာတ်ပုံ - စည်သူမောင်မောင်)
 
ဧရာဝတီတိုင်းမှ ကားအစီး ၁၀၀ကျော်ဖြင့် ဦးဝင်းတင် နောက်ဆုံးခရီးလိုက်ပို့
မဇ္ဈိမသတင်းဌာန၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၃ရက်၊ ၂၀၁၄ ခုနှစ် (၁၂ နာရီ ၀၉ မိနစ် မြန်မာစံတော်ချိန်)
ရန်ကုန်၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်၏ နောက်ဆုံးခရီးစဉ်အတွက် ဧရာဝတီတိုင်း တစ်တိုင်းတည်းကပင် ကားအစီး ၁၀၀ကျော်ဖြင့်ရှိသည်ဟု ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှ လိုက်လံပို့ဆောင်သည့် ကိုစည်သူက ပြောသည်။
 
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၂၆မြို့နယ်မှ လိုက်လံပို့ဆောင်ခြင်းဖြစ်ပြီး ပုသိမ်မြို့မှ လိုက်ပါသူ ကား ၅စီးနှင့် အထက်ရှိသည်ဟု ဆိုသည်။
ဦးဝင်းတင်အတွက် မင်းကိုနိုင်ပြောသည့် အမှတ်တရစကား ကောက်နှုတ်ချက်
မဇ္ဈိမသတင်းဌာန၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၃ရက်၊ ၂၀၁၄ ခုနှစ် (၁၁ နာရီ ၀၉ မိနစ် မြန်မာစံတော်ချိန်)

ရန်ကုန်မြို့၊ ပြည်လမ်းရှိ ယုဒသန်ခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးဝင်းတင် ကွန်လွန်ခြင်းအခမ်းအနားတွင် ဧပြီလ ၂၃ရက် နံနက်က ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့ အစည်းမှ ဦးမင်းကိုနိုင် ပြောကြားခဲ့သည့် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဂုဏ်ပြုစကားမှ အချို့ကို မဇ္ဈိမက ကောက်နှုတ်ဖော်ပြလိုက်သည်။

"ထောင်ထဲမှာ ဘဘနဲ့ စတွေ့တုန်းက ကျွန်တော်တို့ စာအရမ်းဖတ်ချင်ခဲ့တယ်။ အဲဒီ့အချိန်က စာရွက်တစမိရင် အရေပြားတွေ စုတ်ပြတ်လောက်အောင် ခဲတံတစ်ချောင်းမိရင် နံရိုးတစ်ချောင်း ကျိုးလောက်အောင် ပြစ်ဒဏ်မျိုးပေးခဲ့တယ်။ အဲဒီ့အချိန်တုန်းက ဘဘဟာ သက်ရှိစွယ်စုံကျမ်းတစ်ခုလို ကျွန်တော်တို့ကို ပြောပြပေးခဲ့တယ်။ သူနဲ့အတူနေခဲ့တဲ့ လူငယ်မျိုးဆက်တွေအတွက်ကို စာပေနဲ့ ပတ်သက်ပြီး တာဝန်ကျေခဲ့တယ်။ ကျွန်တော်တို့ မေးတဲ့အခါ သူက မသိရင် မသိဘူး
ဝန်ခံတတ်တယ်။ သိရင်လည်း ထမင်းမစား၊ ဟင်းမစား တနေကုန်ထိုင်ပြီး ရှင်းပြတတ်တယ်။ အခုတော့ သက်ရှိစွယ်စုံကျန်းဟာ ထာဝရ ချုပ်ငြိမ်းသွားပြီ။ "

"အဲဒါဟာ သိပ်ပြီး ဝမ်းနည်းကောင်းတာပဲ။ သူ့ရဲ့ ရပ်တည်ချက်အတွက် ကျွန်တော်တို့က ဂုဏ်ပြုရမယ်။
ကျွန်တော်တို့ ပြည်သူတွေက သူ့ကို ချစ်ပေမယ့်  နှစ်ပေါင်းများစွာ ခြိမ်းခြောက်ခဲ့တဲ့ ထောက်လှမ်းရေးတွေက မုန်းခဲ့တယ်။ ဒါပေမယ့် ရန်သူကိုယ်တိုင် ဘဘကို မချီးကျိုးဘဲ မနေနိုင်ဘူး။ သူတို့ကိုယ်တိုင် ဘဘကို ချီးကျူးခဲ့တာကို ကျွန်တော်ကိုယ်တိုင် နားနဲ့ ဆက်ဆက် ကြားခဲ့တယ်"

"သူဟာ တရားမျှတမှုအတွက် ရဲရင့် မျှတခဲ့တယ်။ သူဆုံးခါနီးအထိ သူဟာ ပြည်သူ့ဘက်တော်သား ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုစေချင်တယ်လို့ ပြောခဲ့တယ်"

"ဘဘ ဆေးရုံတက်နေချိန်မှာ ဗမာစကား တောင်မပြောတတ်တဲ့၊ သူ့ကို တခါမှ မမြင်ဘူးတဲ့ တိုင်းရင်းသား လူမျိုးတွေက သူ့ကို ချစ်ခင်လွန်းလို့ တောင်ပေါ်ဒေသက ဆေးမြစ်တွေနဲ့ ရန်ကုန်ကို လာကုသပါရစေလို့ ပြောတာမျိုးတွေလည်းရှိတယ်။ ပြည်ပကို ရောက်နေတဲ့ မြန်မာတွေက သူတို့ ဆုဆောင်းထားတဲ့ ပိုက်ဆံတွေ ကုန်ရင် ကုန်ပါစေ။ ဘဘကို လာပြီး
ကုသပါရစေလို့ ပြောတာရှိတယ်။ အဲဒီ့အကြောင်းကို ပြောပြတဲ့အခါမှာတော့ သူဟာ အင်မတန် နာကျင်ခံစားနေရတဲ့အထဲက 'ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်စမ်းပါဗျာ'လို့ ပြောသေးတယ်။"

"အခုက နိုင်ငံတော်ဈာပန မဖြစ်ခဲ့ပေမယ့် တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ဈာပနဖြစ်ခဲ့တယ်။ သူဟာ နိုင်ငံရေးအပြင် အနုပညာကဏ္ဍ၊ အခြားကဏ္ဍတွေမှာ ထူးချွန်ခဲ့သူဖြစ်တယ်။ "

"ဘဘနဲ့ နေဖူးခဲ့သူအားလုံးဟာ သူကို ဆည်းပူးခဲ့တဲ့အနေနဲ့ သူညွှန်ကြားခဲ့တဲ့စာတွေ၊ သူကျင့်ကြံခဲ့တဲ့ ပုံစံတွေကို ကြိုးစားပြီး စာတွေ ရေးသားကြပါ။ ပြန်ပြီး ဖြန့်ဝေကြပါ။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ရေးပါမယ်။ အခုချိန်မှာ ငိုနေမယ့်အစား ခေါင်ေးဆာင်ကောင်းအဖြစ် သူဘယ်လိုနေခဲ့တယ်ဆိုတာ ကျွန်တော်တို့ ထုတ်ဖော်ရေးသားရလိမ့်မယ်။ အဲဒါမှ သူ့ရဲ့ အမွေဆိုတဲ့ အနှစ်သာရကို ရလိမ့်မယ်။ "

ဦးဝင်းတင်ကို နှင်းဆီပန်းဖြင့် ဂါရဝပြု
မဇ္ဈိမသတင်းဌာန၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၃ရက်၊ ၂၀၁၄ ခုနှစ်

ရန်ကုန်၊ မဇ္ဈိမ။             ။ ယုဒသန်ခန်းမတွင် ဧပြီလ ၂၃ရက် နံနက် ၁၀နာရီ ၃၀ခန့်က ကွယ်လွန်ခဲ့ပြီဖြစ်သော NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်ကို ဂုဏ်ပြုသူများက ဦးဝင်းတင်၏ ဓာတ်ပုံရှေ့တွင် နှင်းဆီပန်း အဖြူ၊ အနီ တစ်ပွင့်ချကာ ဂုဏ်ပြုလျှက်ရှိသည်။

အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးက ဂုဏ်ပြုထားသည့် ပန်းခြင်းများ၊ ပန်းခွေများကိုလည်း ကားများပေါ် စတင် တင်နေပြီဖြစ်ပြီး မကြာခင် မြောက်ဥက္ကလာပ မြို့နယ်ရှိ ရေဝေးသုဿန်သို့ သွားရောက်၍ ဂါရဝပြုပွဲနှင့် ဈာပနအခမ်းအနား ပြုလုပ်ရန် ယုဒသန်ခန်းမက ထွက်ခွာတော့မည်ဖြစ်သည်။

ဦးဝင်းတင်အတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲလုပ်
မဇ္ဈိမသတင်းဌာန၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၃ရက်၊ ၂၀၁၄ ခုနှစ်
ရန်ကုန်မြို့၊ ပြည်လမ်းရှိ ယုဒသန်ခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ဈာပနအခမ်းအနား တတိယမြောက်နေ့အဖြစ် ဧပြီလ ၂၃ ရက်တွင် ကျင်းပနေပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲကို နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ဂျွန်ချစ်ငြိမ်း၊ အင်္ဂါနေ့၊ ဧပြီလ ၂၂ရက်၊ ၂၀၁၄ ခုနှစ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်အတွက် ရက်လည် ဆွမ်းကပ်၊ အမျှတန်း
ပေးဝေသည့် အလှူကို ဧပြီ ၂၇ ရက်တွင် တောင်ကြီးမြို့၊ မင်းကျောင်း ပရိယတ္တိ စာသင်တိုက်တွင် ပြုလုပ်မည်ဟုတောင်ကြီး ခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုး က မဇ္ဈိမကို ပြောသည်။
ဦးဝင်းတင် ဈာပန အခမ်းအနား ပြင်ဆင်နေစဉ်
uwt10
Last modified on Thursday, 24 April 2014 01:28

Mizzima-Daily-1-year-anniversary-banner-left-edited

newspaper-daily-for-sidebar

newspaper-daily-for-sidebar

nptemp

"

twitter facebook

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

Win-Tin-Related-news-1

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 122 guests and no members online