House Art

eng btn

နောက်ဆုံးသတင်းလွင့်တင်ချိန် - ၂၂ နာရီ ၃၀ မိနစ်၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၆ရက်၊ ၂၀၁၄ ခုနှစ်

water-festival-main
သင်္ကြန် အတက်နေ့နောက်ကွယ်က အနုပညာရှင်များ၏ ပုံရိပ်များ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၆ရက်၊ ၂၀၁၄ ခုနှစ်
သင်္ကြန် အတက်နေ့ဖြစ်မည်ကို လူတိုင်း စိုးရိမ်ကြသည်။ နောက်ဆုံးနေ့ဖြစ်ခြင်းကြောင့် လူတိုင်း စိတ်လက် ပေါ့ပါးစွာ ဖြတ်သန်းပျော်ရွှင်ကြသည်ကို နေရာအနှံ့ ၌ များပြားစွာတွေ့မြင်ရသည်။ အလားတူပင် အနုပညာရှင်များသည်လည်း သင်္ကြန် အတက် နေ့တွင် စိတ်လက် ပေါ့ပါးစွာ ဖြင့်ဖြတ်သန်းနေကြသည့် မြင်ကွင်းများကို ဖော်ပြပေး လိုက်ပါသည်။
behine-the-stage-8
သင်္ကြန်အတက်နေ့ နောက်ဆုံးရက်တွင် အနုပညာရှင်များ၏ ခံစားချက်များ
ကြည်ဆုသာ၊ နိုင်ရာ| ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၆ရက်၊ ၂၀၁၄ ခုနှစ်
သင်္ကြန်ရက်အတွင်းပျော်ရွှင်စွာရေကစားကြသူများသည် သင်္ကြန်ရက်များ ကုန်ဆုံးသွားမည်ကို စိုးရိမ်စိတ်များ ဖြစ်မိကြမည်ဖြစ်သည်။ ပျော်ရွှင်စရာနေ့ရက်များကို  ကုန်ဆုံးသွားမည်ကို မည်သူကမျှ အဖြစ်မခံနိုင်ကြပေ။ ယင်းအတွက်ကြောင့်  အနုပညာရှင်များ၏ သင်္ကြန်အတက်နေ့ စိတ်ခံစားချက်များကို မဇ္စျိမကလည်း စိတ်ချင်းဆက်ကာမိ ခံစားခဲ့သည်။
ကြည်ဆုသာ၊ နိုင်ရာ| ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၆ရက်၊ ၂၀၁၄ ခုနှစ်
သင်္ကြန် အတက်နေ့တွင် အနုပညာရှင်များအနေဖြင့် နောက်ဆုံးရက်ဖြစ်သည့်အတွက် လုံခြုံမှုရှိသည့်အပြင် ခေတ်မီဆန်းပြားသည့် အလန်းဆုံး အ၀တ်အစား ဖက်ရှင်များကို ၀တ်စားဆင်ယင်လာကြသည်။ ယင်း ဖက်ရှင်များကို ၀တ်ဆင်ထားသည့် အနုပညာရှင်များရှိရာ မဏ္ဍာပ်များဆီကို လာရောက်ကြသည့် ပရိသတ်များ များပြားကြသည်ကို တွေ့ရသည်။ ယင်းအတွက်ကြောင့် အနုပညာ ရှင်များဝတ်ဆင်ထားသည့် ဖက်ရှင်များ အကြောင်းကို မဇ္စျိမက ဖော်ပြလိုက် သည်။
Shwe-ye-cheel
 
မဇ္ဈိမသတင်းအဖွဲ့၊ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၆ရက်၊ ၂၀၁၄ ခုနှစ်
ခရစ်နှစ်၂၀၁၄ခုနှစ် ဧပြီ ၁၆ရက် (မြန်ုမာသက္ကရာဇ် ၁၃၇၅-၇၆ခုနှစ်တန်ခူး-ကဆုန်) သင်္ကြန်အတက်နေ့တွင် မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူများသည် ပိုမို ပါဝင်ကာ ပျော်ရွှင်စွာ ရေကစားကြသည်ကို တွေ့ရသည်။ ယင်းနေ့ နံနက်ပိုင်းနှင့် ညပိုင်းအချိန် အထိ ရန်ကုန်မြို့ နေရာ အနှံ့အပြားရှိ အထင်ကရ ရေကစား မဏ္ဍာပ်များ၊ အနုပညာရှင်များ လာရောက် ရေကစား ဖျော်ဖြေကြသည့် နေရာများတွင် ပြည်သူများအနေဖြင့် ပိုမို စည်ကားစွာ တွေ့မြင်ရသည်။
day-4-5
 
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၆ရက်၊ ၂၀၁၄ ခုနှစ်
Water-Festival-on-Kabaaye-road-2
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၆ရက်၊ ၂၀၁၄ ခုနှစ်
Mandalay-water-festival-day-3-3
မြန်မာ အမျိုးသမီးများ ဒေါ်စုလို ၀တ်စားဆင်ယင်သင့်သည်ဟု ပြောဆိုလိုက်သည့် ရောခ်ကာကြီး ဇော်ဝင်းထွဋ်
အင်္ဂါနေ့၊ ဧပြီလ ၁၅ရက်၊ ၂၀၁၄ ခုနှစ်
မြန်မာ အမျိုးသမီးများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ၀တ်စားဆင်ယင်နေသည့် မြန်မာဆန်ဆန် ၀တ်စားဆင်ယင်မှုပုံစံ မျိုးးကဲ့သို့ ၀တ်ဆင်သင့်သည်ဟု ရော့ခ်ဂီတ သီဆိုမှုများကို နှစ်ပေါင်းကြာရှည်စွာ ဖြတ်သန်းနေသော ဇော်ဝင်းထွဋ်က ဧပြီ ၁၅ရက်တွင် မြိုင်ဟေ၀န်ပန်းခြံ သင်္ကြန်ဖျော်ဖြေရေး၌ မဇ္စျိမသို့ ပြောကြားလိုက်သည်။ ဆက်လက်ဖတ်ရှုရန်
Zaw-Win-Htut-3
သင်္ကြန်တွင်း အနုပညာရှင်များ၏ စင်မြင့် နောက်ကွယ်က ပုံရိပ်များ
အင်္ဂါနေ့၊ ဧပြီလ ၁၅ရက်၊ ၂၀၁၄ ခုနှစ်
သင်္ကြန် အတွင်း မဏ္ဍာပ်များတွင် အနုပညာရှင်သည် လည့်လည်ကာ သွားရောက် ဖျော်ဖြေကြသည်များသည် မြန်မာနိုင်ငံ အတွင်းရှိ နေရာဒေသ အသီးသီး၌ သွားရောက် ဖျော်ဖြေကြသည်များ အများအပြား ရှိကြသည်။ အဆိုပါ အနုပညာရှင်များသည် သီဆိုဖျော်ဖြေကြရန်အတွက်  ဖျော်ဖြေမည့် နေရာများ၏ စင်မြင့် နောက်ကွယ်၌  နေထိုင်ကာ စောင့်ဆိုင်းလျက်ရှိကြသည့် ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။ ဆက်လက်ဖတ်ရနှ်နှင့်ကြည့်ရှုရန်
new-band
AGD Bank ရေသဘင်မဏ္ဍပ်တွင် ဖျော်ဖြေနေသော Iron Cross အဖွဲ့နှင့် အဆိုတော် မျိုးကြီး
အင်္ဂါနေ့၊ ဧပြီလ ၁၅ရက်၊ ၂၀၁၄ ခုနှစ်
ရန်ကုန်မြို့ ပြည်လမ်းရှိ AGD Bank ရေသဘင်မဏ္ဍပ်တွင် ဖျော်ဖြေနေသော Iron Cross အဖွဲ့နှင့် အဆိုတော် မျိုးကြီးအား ၂၀၁၄ ခုနှစ် ဧပြီလ ၁၅ရက် သင်္ကြန်အကြတ်နေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်)
Iron-Cross-Water-festival-2
အနုပညာရှင်များ၏ သင်္ကြန်အတွင်း စိတ်ခံစားချက်များနှင့် နှစ်သစ် စကားသံများ
ကြည်ဆုသာ၊နိုင်ရာ |အင်္ဂါနေ့၊ ဧပြီလ ၁၅ရက်၊ ၂၀၁၄ ခုနှစ်
ဧပြီ၁၅ရက်တွင် ကျရောက်သည့် သင်္ကြန်အကြတ်နေ့တွင် အနုပညာရှင်များသည်လည်း နေရာအနှံ့အပြားတွင် သွားရောက်ကာပျော်ရွှင်စွာဖြင့် အနုပညာ အလုပ်များကို လုပ်ကိုင်ရင်း ဖြတ်သန်းကြသည်ကိုတွေ့မြင်ရသည်။ ယင်းသင်္ကြန်အကြတ်နေ့တွင် တွေ့မြင်ခဲ့ရသည့် အနုပညာရှင်များ၏ သင်္ကြန်တွင်း ရင်တွင်း ခံစားချက် အပျော်များ၊ တွေ့ကြုံကြရသည်များနှင့် နှစ်သစ် ဆုတောင်းစကားများကို မဇ္စျိမက မေးကြည့်ခဲ့သည်။ဆက်လက်ဖတ်ရှုရန်နှင့် ကြည့်ရှုရန်
Tanta-Win-Interview
သင်္ကြန်အကြတ်နေ့တွင် နာမည်ကြီး အနုပညာရှင်များ အထင်ကရနေရာများ၌ ဖျော်ဖြေ
အင်္ဂါနေ့၊ ဧပြီလ ၁၅ရက်၊ ၂၀၁၄ ခုနှစ်
သင်္ကြန် အကြတ်နေ့တွင် နာမည်ကြီး အနုပညာရှင်များသည် အထင်ကရနေရာများဖြစ်သည် မရမ်းကုန်း မြို့နယ် မြိုင်ဟေ၀န် ပန်းခြံရှိ အင်ပါယာ တေးဂီတီးဝိုင်းနှင့်အတူ ဇော်ဝင်းထွဋ် ၊ အနဂ္ဂ၊ ဘာဘူ၊ အဲလက်စ်၊ စည်သူလွင်၊ စောအဂ္ဂ၊ ချိုပြုံ၊၊နွဲ့ယဉ်ဝင်း၊ ဟေမာနေ၀င်း၊ သံသာဝင်း၊ ရွှေရည်ဖြိုးမောင်၊ရှင်ဖုန်းနှင့်တခြားအနုပညာရှင်များလာရောက်ဖျော်ဖြေကြသည်။ဆက်လက်ဖတ်ရှုရန်နှင့် ကြည့်ရှုရန်
Zaw-Win-Htut-1
မြိုင်ဟေဝန်ပန်းခြံအတွင်း ဇော်ဝင်းထွဋ် ဖျော်ဖြေနေစဉ်။ ဓာတ်ပုံ- ဘုန်းနေလ
သင်္ကြန်အကြတ်နေ့တွင် တွေ့ရသည့် အနုပညာရှင်များ၏ ဖက်ရှင်များ
အင်္ဂါနေ့၊ ဧပြီလ ၁၅ရက်၊ ၂၀၁၄ ခုနှစ်
ဧပြီ ၁၅ရက်တွင် ကျရောက်သည့် သင်္ကြန်အကြတ်နေ့တွင် အနုပညာရှင်များ၏ လွတ်လပ်ပေါ့ပါးသည့် ဖက်ရှင်များကို တွေ့ရသည်။ ဆက်လက်ဖတ်ရှုရန်နှင့် ကြည့်ရှုရန်
Bobby-Soxer
ထက်ထက် (Bobby Soxer)  (ဓာတ်ပုံ- နိုင်ရာ)
ကိုကာကိုလာ သင်္ကြန်မြင်ကွင်း
အင်္ဂါနေ့၊ ဧပြီလ ၁၅ရက်၊ ၂၀၁၄ ခုနှစ်

၂၀၁၄ခုနှစ် ဧပြီလ ၁၅ရက် သင်္ကြန်အကြတ်နေ့ မွန်းလွဲပိုင်းက စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ ကိုကာကိုလာ ကစားကွင်းတွင် လာရောက်စားနေကြသူများအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)ဆက်လက်ကြည့်ရှုရန်

CocaCola-Water-Festival-16
ထီးရိုးရျည် သံချပ်တီးဝိုင်း
အင်္ဂါနေ့၊ ဧပြီလ ၁၅ရက်၊ ၂၀၁၄ ခုနှစ်
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်အိပ်ရှေ့တွင်ဖျော်ဖြေနေသော ထီးရိုးရျည် သံချပ်တီးဝိုင်းအား ၂၀၁၄ခုနှစ် ဧပြီလ ၁၅ရက် သင်္ကြန်အကြတ်နေ့ ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)
thanchatday3
 
နိုင်ငံခြားသားများ ရေကစား
Foreign-play
၂၀၁၄ခုနှစ် ဧပြီလ ၁၅ရက် သင်္ကြန်အကြတ်နေ့ ညနေပိုင်းရေကစားနေသော  နိုင်ငံခြာသား ၂နှစ်အား ဓမ္မစေတီလမ်းတွင်တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)
မရမ်းကုန်းမြို့နယ် မြိုင်ဟေ၀န်မဏ္ဍာပ် နှင့် Myanmar Event Park တို့တွင် ၀င်ကြေးများ သတ်မှတ်ကောက်ခံသော်လည်း လာရောက် ပျော်ရွှင်ကြသူများပြား
အင်္ဂါနေ့၊ ဧပြီလ ၁၅ရက်၊ ၂၀၁၄ ခုနှစ်
မရန်းကုန်းမြို့နယ် မြိုင်ဟေ၀န်မဏ္ဍာပ် နှင့်ရှင်စောပုလမ်းရှိ Myanmar Event Park တို့တွင် ၀င်ကြေးများ သတ်မှတ်ကောက်ခံသော်လည်း လာရောက် ပျော်ရွှင်ကြသူများ အထူးများပြားလျက်ရှိသည်။ ဆက်လက်ဖတ်ရှုရန်နှင့် ကြည့်ရှုရန်
Thingyan-Yangon-3
ရှင်စောပုလမ်းရှိ Myanmar Event Park တွင် Myanmar Summer Festival 2014 ဖျော်ဖြေပွဲ၌ ပရိသတ်များ တိုးဝှေ့နေကြစဉ်။ ဓာတ်ပုံ - နိုင်ရာ
ဧပြီ၁ ၅ရက် သင်္ကြန် အကြတ်နေ့ မြင်ကွင်းများ
အင်္ဂါနေ့၊ ဧပြီလ ၁၅ရက်၊ ၂၀၁၄ ခုနှစ်
မြန်မာသက္ကရာဇ် ၁၃၇၅-၇၆ ခုနှစ် ၊ ခရစ်သက္ကရာဇ် ၂၀၁၄ခုနှစ် ဧပြီ၁၅ရက်တွင် ကျရောက်သည့် သင်္ကြန်အကြတ်နေ့တွင် မရမ်းကုန်းမြို့နယ် ရှစ်မိုင်ရှိ မြိုင်ဟေ၀န်ပန်းခြံတွင် အင်ပါယာတေးဂီတအဖွဲ့နှင့် တခြား တေးဂီတအဖွဲ့ များမှလည်း လာရောက် ဖျော်ဖြေကြရာ  ပရိသတ်များ အထူးစည်ကားစွာဖြင့် အားပေးကြသည်။ ဆက်လက်ဖတ်ရှုရန်နှင့် ကြည့်ရှုရန်
Yangon-Thingya-Day-3-8
သံချပ်တီဝိုင်းမဏ္ဍပ်
တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ်
ဗဟန်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သံချပ်တီဝိုင်းမဏ္ဍပ်တွင် လာရောက်ဖျော်ဖြေနေသော ပေးဆပ်သူများ သံချပ်တီးဝိုင်းအား ၂၀၁၄ခုနှစ် ဧပြီလ ၁၄ရက် သင်္ကြန်အကျနေ့ ညပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် နှစ်ကြိပ်ရှစ်ဆူ ဓမ္မာရုံအနီး တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) 
thanchat-3
သင်္ကြန်ကာလအတွင်းတွင် ၀မ်းရေး အတွက် ဖြေရှင်းကြရသူများ
တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ်
သင်္ကြန်ကာလအတွင်းတွင် ၀မ်းရေးအတွက် လှည့်လည် တောင်းရမ်းကာ စားသောက်ဖြေရှင်းကြရသည့် သက်ကြီးရွယ်အိုများကို ၂၀၁၄ခုနှစ် သင်္ကြန်ကာလတွင် တွေ့မြင်ရမှုသည် ပိုမို များပြားလာသည်။ အဆိုပါသက်ကြီးရွယ်အိုများသည် ယင်းကာလအတွင်း၌ ၀မ်းရေးအတွက် ဖြေရှင်းကြရာတွင် လာရောက်လှူဒါန်းကြသည့်သူများသည် များပြားကြခြင်းကြောင့် ၀င်ငွေများပြားသည်ဟု ဆိုကြသည်။
final-2
တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ်
သင်္ကြန်အတွင်း အရက်များမရောင်းချရန် အစိုးရပိုင်းအနေဖြင့် တားမြစ်ထားသော်လည်း ဘီယာများနှင့် အရက်များကို  လက်တွင်ကိုင်ကာ ရောင်းချသူတချို့သည် လှည်လည်ရောင်းချလျက်ရှိသည်။ ယင်းကဲ့သို့ရောင်းချမှုများကို ကမ္ဘာအေးဘုရားလမ်းရှိ မဏ္ဍာပ်များတွင် ရောင်းချသူများကို တွေ့မြင်ရခြင်းဖြစ်သည်။ အဆိုပါရောင်းချသူများသည် အရွယ်ရောက်သူများနှင့် အရွယ်မရောက်သေးသည့် ကလေးသူငယ်များကိုယ်တိုင် ရောင်းချနေကြခြင်းဖြစ်သည်။
selling-beer-and-drinking-1
တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ်
သင်္ကြန်တွင်း အစားအစာများရောင်းချမှုသည် ယခင်နေ့များထက် ပိုမိုဈေးတင်ကာရောင်းချကြသည်ဟု မဏ္ဍာပ်များတွင် ဈေးရောင်းချနေသည့် ဈေးသည်များက မဇ္စျိမသို့ပြောသည်။
vendor-1
ကြည်ဆုသာ| တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ်
John-Lwin
ထိုင်းနိုင်ငံမှ နာမည်ကြီး အမျိုးသမီးအကအဖွဲ့၊ ပြည်ပမှ နာမည်ကြီး DJ နှင့် ဂျွန်လွင်(Star &  Model) ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်
တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ်
ထိုင်းနိုင်ငံမှနာမည်ကြီး အမျိုးသမီးအဖွဲ့(Bangkok Dancer Group) သည် ဂျွန်လွင်(Star & Model )၏ ဖိတ်ကြားချက်ဖြင့် ဧပြီ ၁၃ရက်မှစတင်ကာ သင်္ကြန်ကာလပြီးသည့်အထိ ကပြဖျော်ဖြေနေကြသည်။ ယင်းအကအဖွဲ့တွင် Chompoo၊ Nidta၊Oata၊ Puifai၊ Deardy၊ Ninew၊ Numpueng၊ Yinggy ရှစ်ယောက်အဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။
Bangkok-Dancer-Group
မဇ္စျိမသတင်းအဖွဲ့| တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ်
ဧပြီ၁၄ရက်တွင် ကျရောက်သည့်သင်္ကြန်အကျနေ့ တွင် အနုပညာရှင်များ သည်နေရာ အနှံ့ သွားရောက်ဖျော်ဖြေကြသည်။ အနုပညာရှင်များအနေဖြင့်နေရာ အနှံ့ သွားရောက်ဖျော်ဖြေကြသော်လည်း ၄င်းတို့၏ ရင်တွင်း ကိုယ်ဆီ၌ စိုးရိမ်စိတ်များဖြင့် သွားရောက်ကာ ဖျော်ဖြေ နေကြရသည် ဟု ၄င်းတို့ကမဇ္စျိမသို့ပြောသည်။
Phyu-Phyu-Kyaw-Thein-2
မဇ္စျိမသတင်းအဖွဲ့| တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ်
ဧပြီ ၁၄ရက်တွင် ကျရောက်သည့်အင်္ကြန်အကျနေ့တွင် အနုပညာရှင်များဝတ်စား ဆင်ယင်ထားသည့် ဖက်ရှင်များသည် တစ်ဆင်သစ်လွင်ပြီး အမြင်ဆန်းစေသည့် ဖက်ရှင်များဖြစ်ကြသည်။ ဆက်လက်ဖတ်ရှုရန်နှင့် ကြည့်ရှုရန်
Irish-Zen-Ma-Myint-2
မျှော်စင်ကျွန်းရှိ အနုပညာရှင်များ နားနေခန်းအပြင်ဘက်တွင် တွေ့ရသည့် အိုင်ရင်းဇင်မာမြင့်၏ သင်္ကြန်အကျနေ့ ဖက်ရှင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်)
မဇ္စျိမသတင်းအဖွဲ့| တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ်
ကန်တော်ကြီး မျှော်စင်ကျွန်းတွင် နာမည်ကြီး အနုပညာရှင်များသည်သင်္ကြန်ကာလအတွင်းတွင် နေ့စဉ် လာရောက်ဖျော်ဖြေ ကြမည်ဖြစ်သည်။ ဆက်လက်ဖတ်ရှုရန်နှင့် ကြည့်ရှုရန်
Phyu-Phyu-Kyaw-Thein
ဖြူဖြူကျော်သိန်း ဖျော်ဖြေစဉ်။ ဓာတ်ပုံ - ဘုန်းနေလ
မဇ္စျိမသတင်းအဖွဲ့| တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ်
ကန်တော်ကြီး အပန်းဖြေ ဥယျာဉ်တွင် ပြည်သူများ စိတ်ဝင်စားစေရန်အတွက် ဖျော်ဖြေရေးနေရာများကို နေရာအပိုင်းများ ခွဲကာ ဆွဲဆောင် လျက်ရှိသည်။ ဆက်လက်ဖတ်ရှုရန်
ygan-thingyan-2
ကန်တော်ကြီး မျှော်စင်ကျွန်းတွင် အနုပညာရှင်များ ဖျော်ဖြေကြသည်ကို ပရိသတ်များ အားပေးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်
မဇ္စျိမသတင်းအဖွဲ့| တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ်
 
kandawgyi-water-festival-3
(ဓာတ်ပုံ- ဟိန်းထက်)
တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ်
Rakhine-tranditional-thingyan-1

ရခိုင်ရိုးရာ ရေသဘင်ပွဲကို ရန်ုကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) ဆက်လက်ကြည့်ရှုရန်

သင်္ကြန်တွင်း အန္တရယ်ကင်းရှင်းစေရန် မန္တလေးတွင် စစ်ဆေး
တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ်
သင်္ကြန်တွင်း အန္တရယ်ကင်းရှင်းစေရန် မန္တလေးမြို့၌ ဧပြီလ ၁၄ရက်တွင် ကားများကို လိုက်လံစစ်ဆေးနေစဉ်။ (ဓာတ်ပုံ -အောင်ကိုဦး) ကားများပေါ်တွင် တုတ်၊ ဓါးများ၊ အရက်များ ပါမပါစစ်ဆေးနေခြင်းဖြစ်ပြီး အရက်ဘီယာများကို အိတ်ဖြင့်သာ ယူဆောင် ခွင့်ပြုသည်။
သင်္ကြန်တွင်း အန္တရယ်ကင်းရှင်းစေရန် မန္တလေးမြို့၌ ဧပြီလ ၁၄ရက်တွင် ကားများကို လိုက်လံစစ်ဆေးနေစဉ်။ (ဓာတ်ပုံ -အောင်ကိုဦး) ကားများပေါ်တွင် တုတ်၊ ဓါးများ၊ အရက်များ ပါမပါစစ်ဆေးနေခြင်းဖြစ်ပြီး အရက်ဘီယာများကို အိတ်ဖြင့်သာ ယူဆောင် ခွင့်ပြုသည်။
မဇ္စျိမသတင်းအဖွဲ့| တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ်
ကန်တော်ကြီးမျှော်စင်ကျွန်းတွင် သင်္ကြန်ကာလအတွင်း၌ အပန်းဖြေကြမည့်သူများကို ၀င်ကြေးအဖြစ် သတ်မှတ်ခြင်းသည် ယခင်ကာလထက် ပိုမို ကောက်ခံလျက်ရှိသော်လည်း လာရောက်ကြသူများ ပိုမိုများပြားလျက်ရှိသည်။ ဆက်လက်ဖတ်ရှုရန်
kandawgyi-water-festival-1
ကန်တော်ကြီး မျှော်စင်ကျွန်းအတွင်းရှိ Grand Royal မဏ္ဍပ်တွင်ရေကစားနေကြသူများအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) မျှော်စင်ကျွန်း ဝင်ကြေးကို ယခင်ထက်ပိုမိုကောက်ခံထားသော်လည်း ဝင်ရောက်သူများပြားလျက်ရှိသည်။
တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ်
ဧပြီ ၁၄ရက်တွင် ကျရောက်သည့် သင်္ကြန်အကျနေ့တွင် ရန်ကုန်တွင် အကြိုနေ့ထက် နေရာအများတွင် ရေပက်ကစားကြသည်ကို တွေ့မြင်ရသည်။ ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း၊ မျှော်စင်ကျွန်း၊ ကမ္ဘာအေးဘုရားလမ်းတို့တွင် အုပ်စုဖွဲ့လမ်းလျှောက် ရေပက်ခံ ထွက်ကြခြင်းများ၊ ရေပက်ခံ ကားများဖြင့် လည်ပတ်ကြသည်များနှင့် ရေပက်ခံ မဏ္ဍာပ်များတွင် ရေပက်ကစားကြသည့် ပျော်ရွှင်ဖွယ်မြင်ကွင်းများကို တွေ့မြင်ရသည်။
ygn-thingyan
 
တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ်
Mandalay-water-festival-day-2-2
 
မန္တလေးမြို့ သင်္ကြန်အကျနေ့မြင်ကွင်းများ (ဓာတ်ပုံ- အောင်ကိုဦး)
မန္တလေးမြို့တော်ဝန်မဏ္ဍပ် ဖွင့်လှစ်
တနင်္ဂနွေနေ့၊ ဧပြီလ ၁၃ရက်၊ ၂၀၁၄ ခုနှစ်
Mandaly-day-1-1
 
Mandaly-day-1-2
မန္တလေးမြို့တော်ဝန်မဏ္ဍပ်ကို ဧပြီလ ၁၃ရက် ညနေ ၆နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် မြို့တော်ဝန် ဦးအောင်မောင်းတို့က ဖွင့်လှစ်ပေးပြီး အလှပြယာဉ်များ ဖျော်ဖြေစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး)
ဧပြီ ၁၃ရက် သင်္ကြန်အကြို အနုပညာရှင်များ၏ ရင်ခုန်သံများ

တနင်္ဂနွေနေ့၊ ဧပြီလ ၁၃ရက်၊ ၂၀၁၄ ခုနှစ်

ဧပြီ ၁၃ရက်တွင် ကျရောက်သည့် သင်္ကြန်အကြိုနေ့ ၌ ရန်ကုန် မြို့တွင်း ရှိမဏ္ဍာပ် များတွင်  လာရောက်ရေကစားကြသည့် အနုပညာရှင် များ၏ သင်္ကြန်ရင်ခုန်သံများနှင့်သင်္ကြန်တွင်း ဗုံးခွဲမည်ဆိုသည့် သတင်းထွက်ပေါ်နေခြင်းကြောင့် ၄င်းတို့၏ ရင်တွင်း ခံစားမှု၊ပျော်ရွှင်မှုများကို ဖော်ပြပေးလိုက်ပါသည်။ ဆက်လက်ဖတ်ရှုရန်
celebrity-2
 

၂၀၁၄ခုနှစ် ရေစိုစိုသင်္ကြန် မှာအနုပညာ ရှင်များ၏ ဖက်ရှင်များ

၂၀၁၄ ခုနှစ် သင်္ကြန် ဖြစ်သည့် ယခုနှစ် သင်္ကြန်အကြိုနေ့တွင် အနုပညာရှင်များ ၏ သင်္ကြန်ဖက် ရှင်များသည် လုံခြုံမှု များရှိကာ ခေတ်နှင့်အညီဝတ်စားဆင်ယင် လာသည်ကို တွေ့မြင့်ရသည်။၎င်းတို့၏ ဖက်ရှင်များသည်သင်္ကြန်ရေစိုစိုတွင် ပိုမိုလှပ ပေါ်လွင်လျက်ရှိသည်ကို တွေ့မြင်ခဲ့ရသည်။

sanyadi-moe-myint

ဆက်လက်ကြည့်ရှုရန်

တနင်္ဂနွေနေ့၊ ဧပြီလ ၁၃ရက်၊ ၂၀၁၄ ခုနှစ်
water-festival-view-day-1-2
 
water-festival-view-day-1-9

၂၀၁၄ ခုနှစ် ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ ရန်ကုန်မြို့တွင် ရေကစားနေကြသူများအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) ဆက်လက်ကြည့်ရှုရန်

တနင်္ဂနွေနေ့၊ ဧပြီလ ၁၃ရက်၊ ၂၀၁၄ ခုနှစ်
စကိုင်းနက် Sky Net သင်္ကြန်မဏ္ဍာပ် ဖွင့်ပွဲကို ဧပြီ၁၃ရက် မွန်းလွဲ ၃နာရီ ၄၀ခန့်က ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ၁၉ လမ်းထောင့်တွင် ကျင်းပခဲ့သည်။ယင်းဖွင့်ပွဲ ကိုရဲမှူးကြီး ဦးတင်သိန်း၊ ရွှေအက်ဖန်မှ တာဝန်ရှိသူဖြစ်သည့် ဒေါ်နန်းမောဝ့်လောက်ဆိုင် နှင့် Unilever Country Director ဦးဇော်မျိုးလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ကြသည်။

Sky Net သင်္ကြန်မဏ္ဍာပ် ဖွင့်ပွဲ ကျင်းပ

တနင်္ဂနွေနေ့၊ ဧပြီလ ၁၃ရက်၊ ၂၀၁၄ ခုနှစ်

Sky-net-pavilion-1

Sky Net ရေသဘင် မဏ္ဍပ်ဖွင့်ပွဲကို ၂၀၁၄ခုနှစ် ဧပြီလ ၁၃ရက် ညနေပိုင်းက ရန်ကုန်မြို့ လသာမြို့နယ် အနော်ရထာလမ်းတွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)

မဇ္စျိမသတင်းအဖွဲ့၊ တနင်္ဂနွေနေ့၊ ဧပြီလ ၁၃ရက်၊ ၂၀၁၄ ခုနှစ်
သုဝဏ္ဏ အားကစား ရုံတွင်ကျင်းပသည့်(၁၁)ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ၂၀၁၄ ကိုဧပြီ ၁၃ရက်မွန်လွဲ ပိုင်းတွင်ဖွင့်လှစ်ကာကျင်းပခဲ့သည်။ယင်းသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဌာနမှကြီးမှူးးကာ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့(ရန်ကုန်) နှင့် ရခိုင်လူမှုရေးအသင်းများကစီစဉ် ကျင်းပခြင်းဖြစ်သည်။ ဆက်လက်ဖတ်ရှုရန်
တနင်္ဂနွေနေ့၊ ဧပြီလ ၁၃ရက်၊ ၂၀၁၄ ခုနှစ်
Rakhine-Thingyan-2
ရခိုင်ရိုးရာ ရေသဘင်ပွဲကို ရန်ုကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) ၎င်းရေသဘင်ပွဲသို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်လာရောက် အားပေးခဲ့သည်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သံချပ်တီဝိုင်း

တနင်္ဂနွေနေ့၊ ဧပြီလ ၁၃ရက်၊ ၂၀၁၄ ခုနှစ်

တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သံချပ်တီဝိုင်းလိုက်လံဖျော်ဖြေနေသည်ကို ၂၀၁၄ခုနှစ် ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ တာမွေ အဝိုင်းအနီးတွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)

တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သံချပ်တီဝိုင်းလိုက်လံဖျော်ဖြေနေသည်ကို ၂၀၁၄ခုနှစ် ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ တာမွေ အဝိုင်းအနီးတွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)

မဇ္စျိမသတင်းအဖွဲ့၊ တနင်္ဂနွေနေ့၊ ဧပြီလ ၁၃ရက်၊ ၂၀၁၄ ခုနှစ်
တာမွေမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့၏ "အပ္ပမာဒေနသမ္ပာဒေထ သံချပ်အဖွဲ့သည် ဧပြီ၁၃ရက် သင်္ကြန်အကြိုနေ့တွင် ရန်ကုန်တိုင်းဒေသ အတွင်းရှိမြို့တော်ဝန်မဏ္ဍာပ် နှင့်ဖိတ်ကြားထားသည့် နေရာလေးနေရာ တို့အပြင် ဒေါပုံမြို့တို့တွင် လှည့်လည်ဖျော်ဖြေကြမည်ဖြစ်သည်။ ဆက်လက်ဖတ်ရှုရန်
၂၀၁၄ မန္တလေးအတာသင်္ကြန် အကြိုနေ့ မြင်ကွင်းများ
၁၄ နာရီ ၂၀ မိနစ်၊ တနင်္ဂနွေနေ့၊ ဧပြီလ ၁၃ရက်၊ ၂၀၁၄ ခုနှစ်
၂၀၁၄ မန္တလေးအတာသင်္ကြန် အကြိုနေ့ မြင်ကွင်းများ (ဓာတ်ပုံ- အောင်ကိုဦး)

 

water-festival-mandalay-2014-11

 

water-festival-mandalay-2014-18

 

water-festival-mandalay-2014-15
၂၀၁၄ မန္တလေးအတာသင်္ကြန် အကြိုနေ့ မြင်ကွင်းများ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္စျိမ)

 ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မြန်မာရိုးရာ ရေကစားမဏ္ဍပ်ဖွင့်ပွဲမြင်ကွင်း

တနင်္ဂနွေနေ့၊ ဧပြီလ ၁၃ရက်၊ ၂၀၁၄ ခုနှစ်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မြန်မာရိုးရာ ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ၂၀၁၄ခုနှစ် ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်း တိုင်းဒေသကြီးလွတ်တော်ရှေ့တွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) ၎င်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေတက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မြန်မာရိုးရာ ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ၂၀၁၄ခုနှစ် ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်း တိုင်းဒေသကြီးလွတ်တော်ရှေ့တွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) ၎င်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေတက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

သင်္ကြန်အကြိုနေ့တွင် ရေကစားနေကြသူများ
တနင်္ဂနွေနေ့၊ ဧပြီလ ၁၃ရက်၊ ၂၀၁၄ ခုနှစ်
သင်္ကြန်အကြိုနေ့တွင် ရေကစားနေကြသူများအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ရှိရေကစားမဏ္ဍပ်တွင်တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)
သင်္ကြန်အကြိုနေ့တွင် ရေကစားနေကြသူများအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ရှိရေကစားမဏ္ဍပ်တွင်တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)
သင်္ကြန်အကြိုနေ့တွင် ရေကစားနေကြသူများအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ရှိရေကစားမဏ္ဍပ်တွင်တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)
သင်္ကြန်အကြိုနေ့တွင် ရေကစားနေကြသူများအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ရှိရေကစားမဏ္ဍပ်တွင်တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)
မြန်မာသက္ကရာဇ် ၁၃၇၅ခုနှစ် နှစ်ကူးကာလ သင်္ကြန်ကာလအတွင်းကလေးငယ်များရေကစားနေသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်)
မြန်မာသက္ကရာဇ် ၁၃၇၅ခုနှစ် နှစ်ကူးကာလ သင်္ကြန်ကာလအတွင်းကလေးငယ်များရေကစားနေသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်)
သင်္ကြန်ကာလအတွင်း အရက်မရောင်းရန် သတိပေး
မြန်မာသက္ကရာဇ် ၁၃၇၅ခုနှစ် နှစ်ကူးကာလ သင်္ကြန်ကာလအတွင်းကလေးငယ်များရေကစားနေသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်)
သင်္ကြန်ကာလအတွင်း လမ်းဘေးဈေးသည်များ အရက်မရောင်းရန် လိုက်လံသတိပေးနေသော တာဝန်ကျရဲလုံခြုံရေးများအားတွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)

 လှုပ်လှုပ်ရှားရှား ၂၀၁၄ ခုနှစ်သင်္ကြန်ပုံရိပ်များ

မဇ္စျိမသတင်းအဖွဲ့၊ တနင်္ဂနွေနေ့၊ ဧပြီ ၁၃ရက်၊ ၂၀၁၄ခုနှစ်။

၂၀၁၄ခုနှစ်ဧပြီ ၁၃ရက်နေ့ တွင်  မဟာသင်္ကြန် ကျရောက်သည့် အချိန်တွင်မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူများ နှင့် မဏ္ဍာပ်ဆောက်လုပ်ကြသည့် သူများသည် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကို ကြိုဆိုကြသည်။ ယင်းသို့ကြိုဆိုကြရာတွင် ရန်ကုန်တိုင်းအတွင်းရှိ သင်္ကြန်မဏ္ဍာပ်များသည် သက်ဆိုင်ရာ နေရာ အသီးသီး၌ ပျော်ရွှင်စွာဖြင့် ဖွင့်လှစ်ခဲ့ကြသည်။

ခရစ်၂၀၁၄ခုနှစ်ဧပြီ၁၃ရက်(မြန်ုမာသက္ကရာဇ် ၁၃၇၅-၇၆ခုနှစ်တန်ခူး-ကဆုန်)တွင်ကျရောက်သည့်မဟာသင်္ကြန် အကြိုနေ့တွင်  နံနက် ၈နာရီ၌ ရန်ကုန်မြို့တော် ၀န်မဏ္ဍာပ်ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုူပ် ဦးမြင့်ဆွေ ကဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါဖွင့်ပွဲတွင် အနုပညာရှင်များ ဖြစ်သည့် ဂရေဟမ်၊တူးတူး၊မြန်မာပြည်သိန်း တန်၊ယုဇန၊ရွှေရည်ဖြိုးမောင် နှင့်မို့မို့လွင် တို့ကဖွင့်လှစ်ပေး ခဲ့ကြပြီးယဉ်ကျေး မှုတက္ကသိုလ် မှကျောင်းသူများ၏ ယိမ်း အဖွဲ့က မြနန္ဒာသီချင်း ဖြင့် ဖွင့်ပွဲကို ကြိုဆိုဖွင့် လှစ်ခဲ့ကြသည်။

ခရစ်၂၀၁၄ခုနှစ် ဧပြီ၁၃ရက်(မြန်ုမာသက္ကရာဇ် ၁၃၇၅-၇၆ခုနှစ်တန်ခူး-ကဆုန်)တွင်ကျရောက်သည့်မဟာသင်္ကြန် အကြိုနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍာပ်ကို ပြည်လမ်းရှိလွှတ်တော် အဆောက် အအုံရှေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ ကဖွင့်လှစ်ပေးခဲ့ပြီး အမေများအဖွဲ့ နှင့်မမများအဖွဲ့က "မြနန္ဒာသီချင်း"ဖြင့်သံပြိုင်သီဆိုကပြခဲ့ကြသည်။

တနင်္ဂနွေနေ့၊ ဧပြီ ၁၃ရက်၊ ၂၀၁၄ခုနှစ်။
water-festival-mandalay-2014-4
မန္တလေးမြို့တွင် သင်္ကြန်ကာလ လည်ပတ်မည့် ကားများ ဆိုင်ကယ်များ အစဉ်အလာအတိုင်း ဘုရားကြီးနှင့် မန္တလေး ဘိုးဘိုးကြီးကို ဦးခိုက်ပူဇော်စဉ်။ (ဓာတ်ပုံ-အောင်ကိုဦး)
စနေနေ့၊ ဧပြီ ၁၂ရက်၊ ၂၀၁၄ခုနှစ်။
security-camera-in-pavilion
ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲ

စေနေနေ့၊ ဧပြီ ၁၂ရက်၊ ၂၀၁၄ခုနှစ်။

Rakhine-water-festival-1

ရခိုင်ရိုးရာ နံ့သာသွးပြိုင်ပွဲကို ၂၀၁၄ ခုနှစ် ဧပြီလ ၁၂ ရက် မွန်းလွှဲပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ရခိုင်ဓမ္မာရုံတွင် ပြုလုပ်ကျင်းပသည်။ (ဓါတ်ပုံ - ဟိန်းထက်) ၎င်းပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၆ သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ခင်မြတ်မြတ်ဝေ| စနေနေ့၊ ဧပြီ ၁၂ရက်၊ ၂၀၁၄ခုနှစ်။
မသန်စွမ်းသူများအတွက် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က ဦးစီးကာ ပထမအကြိမ်ပြုလုပ်ပေးသည့် ရေကစားမဏ္ဍပ်တွင် မသန်စွမ်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေမည်ဟု ယင်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်ကိုမြင့်က မဇ္ဈိမကို ပြောသည်။ ဆက်လက်ဖတ်ရှုရန်
ခင်မြတ်မြတ်ဝေ| စနေနေ့၊ ဧပြီ ၁၂ရက်၊ ၂၀၁၄ခုနှစ်။
ရန်ကုန်၊ မဇ္ဈိမ။                 ။ ပြည်ပက ကားများ တင်သွင်းခွင့်ပြုလိုက်သဖြင့် ၂၀၁၄ခုနှစ် အတာသင်္ကြန်ကာလအတွက် ရန်ကုန်မြို့တွင်း ကားဖြင့် လည်ပတ်ရန် ကားစင်းလုံးငှားရမ်းနှုန်းသည် ယခင်နှစ်ထက် ကျဆင်းသွားပြီး ဘုရားဖူးထွက်ရန် ငှားသူသာ များပြားသည်ဟု ကားငှားရမ်းသည့် လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။ ဆက်လက်ဖတ်ရှုရန်
သင်္ကြန်မိုးရုပ်ရှင် အမှတ်တရပွဲ မန္တလေးတွင် ကျင်းပ

စေနေနေ့၊ ဧပြီ ၁၂ရက်၊ ၂၀၁၄ခုနှစ်။

water-festival-rain

မန္တလေးမြို့ရှိ သင်္ကြန်မိုးချစ်သူ မြို့ခံ စာရေးဆရာ၊ ကဗျာဆရာများက သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကား အမှတ်တရပွဲကို မန္တလေးမြို့၊ ကုသိုလ်တော် ဘုရားဝင်းတွင် ဧပြီ ၁၂ ရက် နံက် ၁၀ နာရီမှ စတင်ကျင်းပနေစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး) ထိုပွဲ၌ သင်္ကြန်မိုးဇာတ်ကားတွင် ပါဝင်သည့် တေးသီချင်းများကို သီဆိုကြသည်။ သင်္ကြန်မိုး အမှတ်တရပွဲကို နောင်နှစ်များတွင်လည်း နှစ်စဉ် ကျင်းပသွားမည်ဟု ပွဲဖြစ်မြောက်အောင်စီစဉ်သူ စာရေးဆရာဇော်ခိုင်ဦးက မဇ္ဈိမကို ပြောသည်။

 
 Rakhine-water-festival
မြန်မာ သက္ကရာဇ် ၁၃၇၅ ခုနှစ် ရခိုင်ရေသဘင် အတွက် ပြင်ဆင်နေသည်ကို ၂၀၁၄ခုနှစ် ဧပြီလ ၁၁ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင်တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)
နန်းလွင်နှင်းပွင့်| သောကြာနေ့၊ ဧပြီ ၁၁ရက်၊ ၂၀၁၄ခုနှစ်။
တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ဧပြီလ ၁၂ ရက်မှ ၁၅ရက်အတွင်း နိုင်ငံရေးနှင့် သက်ဆိုင်သည့် သံချပ်ထိုး သီချင်းသီဆိုမှုများ၊ သရုပ်ဖော် ပြဇာတ်ကပြမှုများကို မဏ္ဍပ် ၂၀ ကျော်တွင် လိုက်လံ ဖျော်ဖြေမည်ဟု တကသ (တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ)မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုစည်သူမောင်က မဇ္ဈိမကို ပြောသည်။ ဆက်လက်ဖတ်ရှုရန်
ကြောသပတေးနေ့၊ ဧပြီ ၁၀ရက်၊ ၂၀၁၄ခုနှစ်။
 
m5
၂၀၁၄ခုနှစ် အတာသင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အင်းယားကန်ဘောင်အနီးတွင် ရေကစားကဏ္ဍပ်များ ဆောက်လုပ်နေသည်ကို ဧပြီလ ၁၀ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်)

စစ်တွေတွင် သင်္ကြန်မဏ္ဍပ်တစ်ခုသာ ဆောက်မည် လုံခြုံရေးအတွက် စစ်တပ် အကူအညီယူမည်

ရန်ကုန်၊ မဇ္ဈိမ။            ။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သင်္ကြန်မဏ္ဍပ် တစ်ခုသာဆောက်လုပ်မည်ဖြစ်ပြီး လုံခြုံရေးအတွက် စစ်တပ်အကူအညီယူမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးလှဟန်က ဧပြီ ၁၀ရက်တွင် မဇ္ဈိမကိုပြောသည်။ ဆက်လက်ဖတ်ရှုရန်

Thingyan
ရန်ကုန်၊ မဇ္ဈိမ။          ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ မဟာသင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မကိုက်ညီသော လွန်ကဲသည့်ဝတ် စားဆင်ယင်မှုကို ရှောင်ကြဉ်ရန် ဧပြီ ၈ရက်က ထုတ်ပြန် ကြေညာလိုက်သည်။ ဆက်လက်ဖတ်ရှုရန်

 Mizzima-Daily-1-year-anniversary-banner-web

Last modified on Monday, 21 April 2014 09:37

Mizzima-Daily-1-year-anniversary-banner-left-edited

newspaper-daily-for-sidebar

newspaper-daily-for-sidebar

nptemp

"

twitter facebook

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 75 guests and no members online