House Art

eng btn

အထူးသတင်းများ:
 
 
Thursday, 09 April 2015 07:50
Thingya-banner

Update News


သင်္ကြန်ကာလ ယာဉ်စီးခပိုမိုကောက်ခံ၍ တိုင်ကြားမှု ၄၀ရှိ

 ဧပြီ ၁၈

  ရန်ကုန်မြို့တွင်း သင်္ကြန်ကာလ ယာဉ်စီးခပိုမိုကောက်ခံ၍ တိုင်ကြားထားသည့် အမှုပေါင်း ၄၀ ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (ဗဟို)မှ ဦးလှအောင်က ပြောသည်။

သင်္ကြန်ကာအတွင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနသို့ ရောက်လာသူ ၇၃၀ဦးရှိပြီး ၅ဦး သေဆုံးခဲ့

 ဧပြီ ၁၈

  သင်္ကြန်ကာလ လေးရက်အတွင်း ရေကစားကာ ထိခိုက်ဒဏ်ရာရမှုကြောင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိလာသည့် လူနာ ၇၃၀ဦး ရှိပြီး သေဆုံးသူ ၅ဦး ရှိခဲ့သည်ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆေးရုံအုပ် ဒေါက်တာ သူရက မဇ္ဈိမကို ပြောသည်။

ညောင်ချောင်းသာကမ်းခြေသို့ သင်္ကြန်တွင်းလည်ပတ်သူ လူငါးသောင်းခန့်ရှိ

 ဧပြီ ၁၈

  ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ရှိ ရန်ကင်းသာ (ညောင်ချောင်းသာ) ကမ်းခြေတွင် သင်္ကြန်ကာလအတွင်း လူဦးရေ ၅၀,၀၀၀ ခန့် ဝင်ရောက်ခဲ့သည်ဟု အဆိုပါ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးဝင်းကြည်က ပြောသည်။

ယခုနှစ် သင်္ကြန်ကာလ ယာဉ်တိုက်မှု ၅၀ဖြစ်ခဲ့ပြီး ယမန်နှစ်ထက် လျော့နည်း

 ဧပြီ ၁၈

  ၂၀၁၅ ခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှု ၅၀မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁ဦးနှင့် ဒဏ်ရာရရှိသူ ၁၃၄ဦး ရှိခဲ့သည်ဟု အမှတ်၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ဇော်မျိုးထွန်းက မဇ္ဈိမကို ပြောသည်။

ယခုနှစ် သင်္ကြန်ကာလ ယာဉ်တိုက်မှု ၅၀ဖြစ်ခဲ့ပြီး ယမန်နှစ်ထက် လျော့နည်း

 ဧပြီ ၁၈

  ၂၀၁၅ ခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှု ၅၀မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁ဦးနှင့် ဒဏ်ရာရရှိသူ ၁၃၄ဦး ရှိခဲ့သည်ဟု အမှတ်၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ဇော်မျိုးထွန်းက မဇ္ဈိမကို ပြောသည်။

သင်္ကြန်ကာလ ကိုးကန့် နှင့် တပ်မတော် တိုက်ပွဲတွင် စစ်သည် ၁၆ဦး ကျဆုံးဟုဆို

 ဧပြီ ၁၇

  အစိုးရ တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့ သင်္ကြကာလအတွင်း တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ တပ်စခန်းများ သိမ်းပိုက်နိုင်ခဲ့ကာ အရာရှိ၊ စစ်သည် ၁၆ ဦး ကျဆုံးကာ စစ်သည် ၁၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

သင်္ကြန်ကာလအတွင်း ယာဉ်တိမ်းမှောက်မှုနှင့် ခါးပိုက်နှိုက်မှု အများဆုံးဖြစ်

 ဧပြီ ၁၇

  သင်္ကြန် လေးရက်တာ ကာလအတွင်း ရန်ကုန်တိုင်း၌ ယာဉ်တိမ်းမှောက်မှု နှင့် ခါးပိုက်နှိုက်မှု အများဆုံး ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။လေးရက်အတွင်း ယာဉ်တိမ်းမှောက်မှု ငါးမှု ဖြစ်ပွားခဲ့ပြီး နှစ်ဦး သေဆုံးကာ ၄၆ဦး ဒဏ်ရာရခဲ့သည်။

နှစ်ဆန်း ၁ရက် ရက္ခိုင့်တပ်မတော် နှင့် မြန်မာတပ်မတော် တိုက်ပွဲဖြစ်နေ

 ဧပြီ ၁၇

  မြန်မာနှစ်သစ်ကူး အခါတော် သမယ နှစ်ဆန်း ၁ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်တော်မြို့၏ ၁၃မိုင် အကွာတွင် ရက္ခိုင့်တပ်မတော် နှင့် မြန်မာတပ်မတော် စကခ(၉) လက်အောက်ခံတပ် ခမရ-၅၃၉ (ကျောက်တော်) တို့အကြား နံနက် ၉နာရီမှ စပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ရက္ခိုင့်တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

မြောင်းမြတွင် သင်္ကြန်တွင်း ဗုံးလန့်

 ဧပြီ ၁၅

  မြောင်းမြမြို့ ၇လမ်း နှင့် ဦးဘချိုလမ်းတွင် ဘီယာဗူးခွံပုံ MP3တစ်ခု ဧပြီ ၁၅ရက် နံနက် ၁၀နာရီက တွေ့ကာ ဗုံးလန့်မှုဖြစ်ပွားခဲ့သည်ဟု မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ကန်တော်ကြီးကန်အတွင်းမှ အလောင်းပေါ်လာ

 ဧပြီ ၁၅

  ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်ကြီးကန်အတွင်း သင်္ကြန်အကျနေ့ ဧပြီ ၁၄ရက်က ရေဆင်းကူးပြီး ရေနစ်သေဆုံးကာ အကြတ်နေ့ မွန်းတည့်ချိန်က အလောင်းပေါ်လာခဲ့သည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းအောင်က မဇ္ဈိမကို ပြောသည်။

သင်္ကြန်အကြို၊ အကျ နှစ်ရက်အတွင်း ယာဉ်တိမ်းမှောက်မှု လေးခုဖြစ်ပွားပြီး ၃၂ဦး ဒဏ်ရာရ

 ဧပြီ ၁၅

  သင်္ကြန်အကြို၊ အကျ နှစ်ရက်အတွင်း ရန်ကုန်မြို့အတွင်း ယာဉ်တိမ်းမှောက်မှု လေးမှု၊ ယာဉ်တိုက်မှု နှစ်မှု ဖြစ်ပွားခဲ့ပြီး ၃၂ဦး ဒဏ်ရာရခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်ထားသည်။

ပုသိမ်-မောင်တင်လမ်း ယာဉ်တိမ်းမှောက် ၁၀ဦးသေဆုံး

 ဧပြီ ၁၄

  ပုသိမ်-မောင်တင်လမ်း မိုင်တိုင် ၄၃တွင် ဧပြီ ၁၄ရက် သင်္ကြန်အကြိုနေ့ နံနက်ပိုင်းက ဒိုင်နာတင် တိမ်းမှောက်ကာ ၁၀ဦး သေဆုံးပြီး သုံးဦးသေဆုံးခဲ့သည်ဟု မေတ္တာအေး လူမှုရေးအသင်းက ကိုသက်နောင်က မဇ္ဈိမကို ပြောသည်။

IC Showပွဲ Gran Royal ဆီက စပွန်ဆာမယူဘဲ ဝင်ကြေးနဲ့တင်ဆက်

 ဧပြီ ၁၄

  လေးနှစ်ဆက်တိုက် ကန်တော်ကြီးအတွင်း Grand Royal၏ စပွန်ဆာဖြင့် သင်္ကြန်မဏ္ဍပ်ဆောက်ကာ ပရိတ်သတ်များအား ဖျော်ဖြေပေးခဲ့သော်လည်း ယခု ငါးနှစ်မြောက်နှစ်တွင် Grand Royalထံမှ စပွန်ဆာမယူတော့ဘဲ Iron Cross အဖွဲ့ကို ဖိတ်ကြားကာ ပန်းခြံဝင်ကြေးသာ ကောက်ခံ၍ အခမဲ့ဖျော်ဖြေခဲ့သည်ဟု ပွဲစီစဉ်သှူStar and Model agncy တည်ထောင်သူ ဂျွန်လွင်က မဇ္ဈိမကို ပြောသည်။

ထော်လာဂျီဖြင့် ရေပက်ခံမထွက်ရန် နေပြည်တော် တွင် ထုတ်ပြန်

 ဧပြီ ၁၄

 ကား၊ ဆိုင်ကယ် မောင်းသူများအနေဖြင့် ယာဉ်၏ ဘေးတံခါးများ နှင့် နောက်ဖုံးများ ဖြုတ်၍ မောင်းနှင်ခြင်းမပြုရန်၊ ထော်လာဂျီကဲ့သို့ အနှေးယာဉ်သုံးကာ ရေကစာခြင်း မပြုရန်၊ နိုင်ငံတကာအလံများ မတပ်ဆင်ရန် စသည့် အချက်များ ထုတ်ပြန်လိုက်သည်။

သင်္ကြန်တွင်း ရန်ကုန်မြို့ လမ်းမအချို့ တစ်လမ်းမောင်းစနစ်လုပ်မည်

 ဧပြီ ၁၂ 

 သင်္ကြန်ကာလ ဧပြီ ၁၂ရက်မှ ၁၆ရက်အတွင်း ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်များသည့် လမ်းများ၊ လူစည်ကားသည့် လမ်းအချို့ကို တစ်လမ်းမောင်းစနစ် ပြုလုပ်မည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်) တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က နိုင်ငံပိုင် သတင်းစာကို ပြောကြားထားသည်။

သင်္ကြန်မှာ KFCကားနဲ့ အခမဲ့ ရေပက်ခံထွက်မယ်

 ဧပြီ ၉ 

 သင်္ကြန် ပွဲတော်တွင်း ရေပတ်ခံထွက်ချင်သူများ အခမဲ့ ရေပတ်ခံထွက်နိုင်ရန် မြန်မာနိုင်ငံတွင် မကြာခင် ဆိုင်ခွဲလာဖွင့်တော့မည့် အမေရိကန် ကြက်ကြော်ကုမ္ပဏီ KFC က ထရပ်ကားများ စီစဉ်ပေးမည်ဖြစ်သည်။

ခြေမျက်စိမှ လည်ပင်းအဆုံး လုံခြုံစွာ ဝတ်ဆင်ဖျော်ဖြေမည်ဟု Grand Royal မဏ္ဍပ် စီစဉ်သူ ကိုဂျွန်လွင်ဆို

 ဧပြီ ၅ 

 ပြီးခဲ့သည့်နှစ် သင်္ကြန်တွင် ထိုင်းနိုင်ငံမှ လာရောက်ဖျော်ဖြေသော အကအဖွဲ့ တစ်ဖွဲ့က ယဉ်ကျေးမှုနှင့် မကိုက်ညီသော ဝတ်စားဆင်ယင်ခဲ့မှုကြောင့် နာမည်ပျက် စာရင်း သွင်းခံခဲ့ရသည်ဆိုသော Grand Royal မဏ္ဍပ်သည် ယခုနှစ်တွင် ခြေမျက်စိမှ လည်ပင်းအဆုံး လုံခြုံစွာ ဝတ်ဆင်ဖျော်ဖြေမည်ဟု မဏ္ဍပ် စီစဉ်သူ Stars & Models INT'L တည်ထောင်သူ ကိုဂျွန်လွင်က ဆိုလိုက်သည်။

မန်းတွင် သင်္ကြန်ကာလအတွင်း မဏ္ဍပ်များ မိုင်းရှင်းလင်းရန် ရဲတပ်ဖွဲ့ဝင် ၄၀ ဖြင့် ဆောင်ရွက်မည်

 ဧပြီ ၄ 

 မန္တလေးမြို့တွင် သင်္ကြန်ကာလအတွင်း မဏ္ဍပ်များ၌ မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ရန် မိုင်းရှင်းလင်းရေး ရဲတပ်ဖွဲ့ဝင် ၄၀ ဦးဖြင့် ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူး သက်နိုင်က မဇ္ဈိမကို ပြောသည်။

မန်းတွင် သင်္ကြန် ရုံးပိတ်ရက်အတွင်း ခရီးသွားမည့် အဝေးပြေးကားလက်မှတ်များ ဝယ်ယူရခက်ခဲနေ

 မတ် ၂၆ 

 သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ခရီးသွားမည့် အဝေးပြေး ကားလက်မှတ်များ ဝယ်ယူရခက်ခဲနေပြီး လက်မှတ်ခ ဈေးနှုန်း ပိုတောင်းပါက တိုင်ကြားနိုင်သည်ဟု မော်တော်ယာဉ်ပေါင်းစုံလုပ်ငန်း ထိန်းသိမ်းရေး ကော်မတီ (အဝေးပြေး)က နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

Photos & Videos


နှစ်ဆန်း၁ရက်နေ့ ရွှေတိဂုံစေတီတော် လူစည်ကား

အူရီဒူးမဏ္ဍပ်တွင် စန္ဒီမြင့်လွင်၏ ဖျော်ဖြေမှု ပုံရိပ်အချို့

ရခိုင်သင်္ကြန်မဏ္ဍပ်

ဘေဘီမောင်၏ ဖျော်ဖြေတင်ဆက်မှု

Interview with John Lwin

ပြေတီဦးနှင့် ခဏတာမေးမြန်းခြင်း

Last modified on Sunday, 19 April 2015 20:04

နေပြည်တော် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးနိုင်ရန် တင်သွင်းခဲ့ပြီး မတ်လ ၂၄ ရက်တွင် ကိုယ်စားလှယ် ရှစ်ဦးနှင့် မတ်လ ၂၅ ရက်တွင် ခြောက်ဦးတို့ ဆွေးနွေးမှု ပြီးဆုံးခဲ့သဖြင့် ဆက်လက်ကြားနာ ဆောင်ရွက်ခဲ့သည်။

Last modified on Monday, 30 March 2015 13:38

မန္တလေး (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း အမြန်ဆုံးအတည်ပြုနိုင်ရေး အထောက်အကူပြုအဖွဲ့ကို မတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများနှင့် မြို့မိမြို့ဖများ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်အပြီး ဖွဲ့စည်းလိုက်သည်။

Last modified on Monday, 30 March 2015 13:41

ရန်ကုန် (မဇ္ဈိမ)။ ။ မတ်လ ၁ဝ ရက်အပါအဝင် ကျောင်းသားသပိတ်နှင့် ကျောင်းသားသပိတ်ထောက်ခံ ဆန္ဒပြသူများကို အစိုးရ ရဲတပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းနေခြင်းသည် အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ ဖြေရှင်း ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက်ကြောင့်ဖြစ်၍  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ တာဝန်ဖြစ်သည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောကြားလိုက်သည်။ "ဒီကိစ္စမှာ ပညာရေး ဝန်ကြီးဌာနမှာ အဓိကတာဝန်ရှိတယ်” ဟု ပြောသည်။

Last modified on Monday, 30 March 2015 13:37

နေပြည်တော် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ကိစ္စဆောင်ရွက်နေသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများ သည် နိုင်ငံမနာစေရန် ကြည့်ရမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

Last modified on Monday, 30 March 2015 13:36

အမျိုးသား ပညာရေး ဥပဒေကို လွှတ်တော်တွင် ကြားနာရန် ဖိတ်ကြားခံရသော်လည်း ပိတ်ဆို့တားဆီးထားခြင်းကြောင့် ပညာရေးဆွေးနွေးမည့် ကြားနာပွဲသို့ မတက်ရောက်နိုင်တော့ကြောင်း လက်ပံတန်းတွင် ဆန္ဒပြ သပိတ်မှောက်နေသည့် ဒီမိုကရေစီပညာရေး သပိတ် ပင်မစစ်ကြောင်းက မတ်လ ၅ ရက် နေ့လည်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

Last modified on Monday, 30 March 2015 13:26

ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက မတ်လ ၅ ရက်တွင် ကြားနာမည့် အစီအစဉ်သို့ ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီက ကျောင်းသား ကိုယ်စားလှယ် ခြောက်ဦး၊ ပြန်ကြားရေး ကော်မတီမှ နှစ်ဦး စုစုပေါင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ် (ဗကသ)မှ ကိုယ်စားလှယ် ၈ ဦး တက်ရောက်တော့မည် မဟုတ်ဟု ဗကသမှ အတွင်းရေးမှူး ကိုမင်းသွေးသစ်က မတ်လ ၄ ရက် ည ၁၁ က မဇ္ဈိမကို ပြောသည်။

Last modified on Monday, 30 March 2015 13:29

နေပြည်တော် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကြမ်း ကိစ္စဆွေးနွေးလာရောက်သည့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသား ကိုယ်စားလှယ်အချို့ နေပြည်တော်သို့ဝင်ရောက်လာချိန်မှ စတင်၍ လုံခြုံရေးရဲတပ်ဖွဲ့များ အနေဖြင့် ကျောင်းသားများစီးနင်းလာသောယာဉ်နောက်သို့ ထပ်ကြပ်မကွာနောက်ယောင်ခံ လိုက်နေခြင်းသည် လွတ်လပ်ပြီးပွင့်လင်းမြင်သာမှု မရှိဟု ကျောင်းသားခေါင်းဆောင်အချို့က ပြောသည်။

Last modified on Monday, 30 March 2015 13:36

လက်ပံတန်း (မဇ္ဈိမ)။ ။ လုံခြုံရေးတင်ကြပ်စွာချထားသည့် လက်ပံတန်းမြို့မှ မတ်လ ၃ ရက် နံနက် ကိုးနာရီက စတင်ထွက်ခွာပြီး နှစ်ရက်အတွင်း ရန်ကုန်သို့အရောက် သပိတ်စစ်ကြောင်းချီတက်မည်ဟု အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက် ဆန္ဒပြသည့် ကျောင်းသားခေါင်းဆောင်များက မတ်လ ၂ ရက် ညနေပိုင်းတွင် သတင်းစာရှင်းလင်း ပွဲပြုလုပ်ပြီး ပြောဆိုလိုက်သည်။

Last modified on Wednesday, 04 March 2015 12:46

လက်ပန်တန်း (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်ဆန္ဒပြသည့် ကျောင်းသားများက မတ်လ ၃ ရက်တွင် ၎င်းတို့ ရပ်နားနေရာ လက်ပံတန်းမြို့မှ သာယာဝတီမြို့သို့ လမ်းလျှောက်ကာ အရောက်သွားမည်ဟု မတ်လ ၂ ရက် ညနေက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကျောင်းသားများက ပြောကြားလိုက်သည်။

Last modified on Wednesday, 04 March 2015 12:42

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

နောက်ဆုံးရ သတင်းများ

ထိုင်းနိုင်ငံတွင် မားစ်ရောဂါလက္ခာဏာရှိသူတစ်ဦးကို ပထမဆုံးအကြိမ်တွေ့ရှိ ထိုင်းနိုင်ငံတွင် မားစ်ရောဂါလက္ခာဏာရှိသူတစ်ဦးကို ပထမဆုံးအကြိမ်တွေ့ရှိ ထိုင်းနိုင်ငံတွင် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ (မားစ်) လက္ခဏာရှိသူ အသက် ၇၅နှစ်...
မလေးရှား အတိုက်အခံမဟာမိတ်အဖွဲ့ ပြိုလဲ မလေးရှား အတိုက်အခံမဟာမိတ်အဖွဲ့ ပြိုလဲ မလေးရှားနိုင်ငံမှ အတိုက်အခံညွန့်ပေါင်းမဟာမိတ်အဖွဲ့သည် ခေါင်းဆောင် အန်ဝါအီဘရာဟမ် ဓမ္မတာေ...
အမေရိကန်တွင် လူမည်းဘုရားရှိခိုးကျောင်းကို သံသယရှိလူဖြူတစ်ဦးက သေနတ်ဖြင့်ဝင်ပစ် အမေရိကန်တွင် လူမည်းဘုရားရှိခိုးကျောင်းကို သံသယရှိလူဖြူတစ်ဦးက သေနတ်ဖြင့်ဝင်ပစ် အမေရိကန်နိုင်ငံတောင်ပိုင်း ကယ်လီဖိုးနီးယားရှိ ချားလစ်တန်မြို့တွင် သမိုင်းဝင်လူမည်းဘုရ...
၂၀၁၄ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကုန်ကျစရိတ် ဒေါ်လာ ၁၄ ဒသမ ၃ ထရီလီယံရှိ ၂၀၁၄ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကုန်ကျစရိတ် ဒေါ်လာ ၁၄ ဒသမ ၃ ထရီလီယံရှိ ကင်ဘာရာ၊ ဇွန် ၁၈ ။    ။ ၂၀၁၄ခုနှစ်က ကမ္ဘာလုံးဆိုင်ရာစစ်ပွဲ ကုန်ကျစရိတ်မှာ ဒေါ်လာ၁၄ဒသမ၃ထ...
ယန်စီမြစ်အတွင်း တရုတ်ကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက် အသေအပျောက်မသိရသေး ယန်စီမြစ်အတွင်း တရုတ်ကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက် အသေအပျောက်မသိရသေး ရှန်ဟိုင်း၊ ဇွန်-၁၈ ။        ။ တရုတ်နိုင်ငံရှေ့ပိုင်း နန်ကျင်းမြို့အနီး ယန်စီမြစ်...
မွတ်စလင်အများစုနေထိုင်ရာ ရှင်ကျန်းဒေသတွင် အစိုးရ၀န်ထမ်းများ ရာမဒန်ဥပုသ်စောင့်ခွင့် တရုတ်အစိုးရ တားမြစ်ပိတ်ပင် မွတ်စလင်အများစုနေထိုင်ရာ ရှင်ကျန်းဒေသတွင် အစိုးရ၀န်ထမ်းများ ရာမဒန်ဥပုသ်စောင့်ခွင့် တရုတ်အစိုးရ တားမြစ်ပိတ်ပင် ပေကျင်း၊ ဇွန်-၁၈ ။   ။ တရုတ်အစိုးရက မွတ်စလင်အများစုနေထိုင်သည့် ရှင်ကျန်းဒေသအတွင်း အစို...
NNER ၏ ညီလာခံက ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေးအပါအ၀င် အချက်နှစ်ချက်တောင်းဆို NNER ၏ ညီလာခံက ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေးအပါအ၀င် အချက်နှစ်ချက်တောင်းဆို ရန်ကုန်၊ ဇွန် ၁၈ ။      ။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER)၏...
ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 55 guests and no members online