House Art

eng btn

ဒီဇင်ဘာ ၁၅။ အမေရိကန် လူမည်းသရုပ်ဆောင် တစ်ဦးဖြစ်သူ ဆင်မြူရယ် ဂျက်ဆင်သည် ကျော်ကြားသည့် အနုပညာရှင်များ အားလုံးကို မိမိတို့၏ လူသိများ ထင်ရှားမှုကို အသုံးချကာ ဆန္ဒပြသီချင်း ‘I Can’t Breathe’ ကို သီဆိုပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် လက်နက်မဲ့ လူမည်းများအပေါ် လူဖြူ ရဲအရာရှိများ၏ ပစ်ခတ် သတ်ဖြတ်မှုများကို ဆန္ဒပြကြရန် တိုက်တွန်း စိန်ခေါ်လိုက်သည်။

ဒီဇင်ဘာ ၁၅။ ယခုနှစ်တွင် ‘All About That Bass’ သီချင်းဖြင့် ဂီတစံချိန်များချိုးကာ အောင်မြင်ခဲ့သည့် အဆိုတော် မက်ဂန်ထရိန်နော်က အာရ်အင်န်ဘီ ဂီတ ဘုရင်မကြီး ဘီယွန်းစေးမှာ သူမ၏ ပရိသတ်တစ်ဦးဖြစ်ပြီး သူမ၏ ဟစ်သီချင်းဖြင့် ကရသည်ကို နှစ်သက်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၅။ နှစ်ပေါင်း ၅၀ ကျော် အတွင်း မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ်အဖြစ် ပြန်လည် ၀င်ရောက် ယှဉ်ပြိုင်သည့် Miss World 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ၀ိုင်းလေးမှာ ဆုများဖြင့် လွဲချော်ခဲ့သည်။ ထိုပြိုင်ပွဲတွင် ဆုမရခဲ့ သော်လည်း ၎င်း၏ ပြိုင်ပွဲ အတွေ့အကြုံ များကို Miss World 2015 သို့ ၀င်ရောက် ယှဉ်ပြိုင်မည့် သူအား ဝေမျှပေး သွားမည်ဟု ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် ရေးသားခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၄။ အနုပညာရှင် ၆၆ ဦးပါဝင်သည့် We are Myanmar အဖွဲ့ သည် အလှူရှင်များ အိမ်သို့ လိုက်လံ အလှူငွေ ကောက်ခံ ရာမှ ရရှိသည့် ကျပ် ၂၁၆ သိန်းနှင့် အခြား ပစ္စည်း များကို Lခွန်းရီ ဦးဆောင်သည့် မနော်လာ ကချင်အဖွဲ့အစည်းသို့ လွှဲပြောင်း ပေးအပ်ခဲ့ သည်။ ယင်းပေးအပ်ပွဲကို ဒီဇင်ဘာ ၁၄ ရက်က M3 စားသောက်ဆိုင်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအဖွဲ့ကို Myanmar Media 7 မှ ကိုဝေမင်းမောင်က ဦးဆောင်ခဲ့ပြီး အနုပညာရှင် ၆၆ ဦးက ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ရန်ကုန်မြို့အနှံ့၌ အလှူငွေ လိုက်လံ ကောက်ခံ ခဲ့ကြခြင်း ဖြစ်သည်။

နယူးယော့ခ်၊ ဒီဇင်ဘာ ၁၄။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဆိုနီ ရုပ်ရှင် ထုတ်လုပ်ရေး၏ အချက်အလက် များကို ခိုးယူ ခံခဲ့ရသည့် အရှုပ်တော်ပုံတွင် အသစ် ရိုက်ကူးမည့် ဂျိန်းစ်ဘွန်း ရုပ်ရှင်၏ ဇာတ်ကား အသစ် ‘Spectre’ အတွက် အစောပိုင်း ကာလများက ရေးသား ခဲ့သည့် ဇာတ်ညွန်းများ ပါဝင်ခဲ့သည်ဟု တယ်လီ ဂရပ်ဖ်က ရေးသား ထားသည်။

နယူးယော့ခ်၊ ဒီဇင်ဘာ ၁၄။ ကမ္ဘာတစ်ဝှမ်းတွင် ၀င်ငွေအရ အောင်မြင်မှုမြင့်မားခဲ့ပြီး ရုပ်ရှင်ဆုပေးပွဲ များတွင် ဆုများစွာ ရရှိခဲ့သည့် ‘American Hustle’ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ခဲ့ကြသည့် မင်းသားများထက် မင်းသမီးများ၏ အနုပညာကြေးသည် အတော်လေး လျော့နည်းစွာ ရရှိခဲ့သည်ဟု ဆိုနီရုပ်ရှင် ထုတ်လုပ်ရေး၏ ခိုးယူခံရသည့် အချက်အလက်များ အရသိရသည်။

ဆိုးလ်၊ဒီဇင်ဘာ ၁၀။ တောင်ကိုရီးယားငွေကြယ်ပွင့်စုံတွဲဖြစ်သည့် မင်းသားလီဗြောင်ဟွန်းနှင့် မင်းသမီး လီမင်ဂျောင်း တို့သည် ရှေ့နှစ် အစောပိုင်းအထိ အမေရိကန်နိုင်ငံတွင် နေထိုင်ဖွယ်ရှိကြောင်း သတင်းများက ရေးသားကြသည်။

နယူးယော့ခ်၊ ဒီဇင်ဘာ ၁၀။ ဟောလီးဝုဒ်နာမည်ကြီး စုံတွဲ မင်းသားဘရတ်ပစ်ဒ်နှင့် မင်းသမီး အိန်ဂျယ်လီနာဂျိုလီတို့သည် ၄င်းတို့၏ သားသမီးများက ဆေးမင်ကြောင် ထိုးချင်သည့် ကိစ္စနှင့်ပတ်သက်ပြီး အထိတ်တလန့် ဖြစ်နေကြသည်။

နယူးယော့ခ်၊ဒီဇင်ဘာ ၈။ နာမည်ကြီး ဟယ်ရီပေါ်တာ ၀တ္ထုများကို ရေးသားသူ ဗြိတိန် စာရေး ဆရာမ ဂျေကေရိုးလင်းသည် ဟယ်ရီ ပေါ်တာ ဇာတ်ကောင်များ ကို အခြေခံ ထားသည့် ဇာတ်လမ်း အသစ် ၁၂ ပုဒ်ကို ဒီဇင်ဘာ ၁၂ ရက်မှ ၂၃ ရက်အထိ တစ်နေ့လျှင် တစ်ပုဒ်နှုန်းဖြင့် ထုတ်ပြကာ ပရိသတ်ကို အံ့အားသင့် စေ မည်ဟု ဆိုသည်။

လန်ဒန်၊ ဒီဇင်ဘာ ၃။ အင်္ဂလိပ် အဆိုတော်၊ မော်ဒယ်လ်၊ ရုပ်သံ တင်ဆက်သူနှင့် စီးပွားရေး လုပ်ငန်းရှင် ကေတီပရိုက်စ်သည် ညှို့အားပြင်းသည့် အသွင် ရရှိရန် အတွက် နှစ်ပေါင်း ၂၀ အတွင်း ရင်သားခွဲစိတ်မှု အကြိမ်ကြိမ် ပြုလုပ်ကာ ရင်သားကို ကြီးမား လှပအောင် ပြုလုပ်ခဲ့ သော်လည်း နောက်ဆုံးတွင် ၎င်း၏ ပင်ကိုယ် အရွယ်အစားကို ပြန်လည် ရရှိအောင် ခွဲစိတ်မှုပြုလုပ်ကာ လျော့ချ ပစ်ခဲ့သည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 151 guests and no members online