House Art

eng btn

နယူးယော့ခ်၊ဖေဖော်ဝါရီ ၊ ၆။       ။ ကွယ်လွန် သူပေါ့ပ် အဆိုတော် ဝှစ်တနီ ဟျူစတန်၏ သမီးဖြစ်သူ အသက် ၂၁ နှစ် အရွယ်ဘော်ဘီ ခရစ္စတီနာ ဘရောင်းန် အသက်ဆက်လက် ရှင်သန်နိုင်မည့် အခွင့်အလမ်း နည်းပါးလာပြီဖြစ် ဟုဗုဒ္ဓဟူးနေ့က ဆရာဝန်များက ထုတ်ဖော်ပြော ဆိုလိုက်သည်။ ယင်းအတွက်ကြောင့်၎င်း ၏မိသားစုဝင် များသည် ၄င်းအားနောက် ဆုံးနှုတ်ဆက် သည့်သဘောဖြင့် သွားရောက်ကြည့် ရှုလျက် ရှိကြသည်။

နယူးယော့ခ်၊ ဖေဖော်ဝါရီ၊ ၆။       ။ ကနေဒါပေါ့ အဆိုတော် ဂျက်စတင်ဘီဘာ သည်ပြီးခဲ့သည့်နှစ် ကပြုလုပ် ခဲ့သည့် အပြုမှုများနှင့် ပတ်သက်ပြီး ၄င်ကိုယ်တိုင် ပွင့်ပွင့် လင်းလင်းပြော ကြားထား သည့်ဗီဒီယိုဖိုင် ကိုပြီးခဲ့သည့် လနှောင်းပိုင်းက ကိုယ်တိုင် တင်ခဲ့သည်။ ၄င်း၏မာနထောင် လွှားပြီး ဆိုးရွာသော ၄င်း၏ အပြုမှု များအတွက် လည်းတောင်းပန်းကြောင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

ပါရီ၊ဖေဖော်ဝါရီ၊ ၆ ။      ။ပြည်ပရောက်  အီရန် ရုပ်ရှင် မင်းသမီး ဂိုးလ်ရှစ်ဖ်ထ် ဖာရာဟန်နီ သည်ပြင်သစ် မဂ္ဂဇင်း Egoïste မျက်နှာဖုံးတွင် ကိုယ်လုံးတီး ဓာတ် ပုံအရိုက်ခံ ခဲ့ခြင်းသည် အီရန်နိုင်ငံ တီဟီရန်ရှိ အယာတို လာဦးဆောင်သော ဘာသာရေး အာဏာရှင်များကို အာခံကြောင်း ထပ်မံပြသ ခဲ့ဖြစ်သည် ဟုပြင်သစ် သတင်းစာ တစ်စောင်က ကြာသပတေးနေ့ ကဖော်ပြ ခဲ့သည်။

နယူးယော့ခ်။    ။ကမ္ဘာကျော် အဆိုတော် ရီဟားနား သည် အမေရိကန် အမျိုးသမီး မဂ္ဂဇင်း ဖြစ်သည့် ဟာပါ့စ်ဘဇား မဂ္ဂဇင်း၏ မျက်နှာဖုံး ဓာတ်ပုံ ရိုက်ကူးခဲ့ရာ တွင်ငါးမန်း များနှင့်အတူရေကူး ခဲ့ပြီး ရိုက်ကူး ခဲ့ခြင်းကြောင့် ထိုဓာတ်ပုံ သည်အင်တာနက်တွင် ပျံ့နှံ့လျက် ရှိသည်။

နယူးယော့ခ်။     ။အမေရိကန်ပေါ့ ကြယ်ပွင့် နီကိုးလ် ရှာဇင်ဂါကို  ချစ်သူဖြစ်သူ လူးဝစ်ဟာ မင်လ်တန်က လက်ထပ် ရန်ဆန္ဒမ ရှိခြင်းကြောင့် လမ်းခွဲ လိုက်ပြီဟု ၄င်းက ထုတ်ဖော်ပြော ကြားခဲ့သည်။

ဆိုးလ်။     ။K-pop အဖွဲ့ဝင်ဖြစ်သည့်CNBLUE အဖွဲ့မှဂျောင်ရှင် KBS ရုပ်သံလိုင်း၏ Thanks MY Son ဒရမ်မာ ဇာတ်ကား တွင်ခေါင်းဆောင် မင်းသားနေရာ မှပါဝင် သရုပ်ဆောင် သွားမည်ဟု ၄င်း၏အေဂျင်စီ ကဖေဖော်ဝါရီ ၅ရက် တွင်ပြော ကြားသည်။

ရန်ကုန်(မဇ္ဈိမ)။    ။အဆိုတော်ဂရေဟမ်နှင့် သမီးဖြစ်သူ ပန်းရောင်ခြယ် တို့၏ Wake Up Daddyအော်ဒီယို အယ်ဘမ် သည်ဖေဖော်ဝါရီ ၉ ရက်တွင် The Sun Music Production မှဖြန့်ချိမည် ဟု၎င်း ကပြောသည်။ ကိုယ်ပိုင်သံစဉ် အများအပြား ပါဝင်မည့် ယင်းအယ်ဘမ်တွင် ပန်းရောင်ခြယ် ကိုယ်တိုင်ရေး သားသီဆို ထားသည့် သီချင်းလေးပုဒ် လည်းပါဝင် မည်ဖြစ် ပြီးရွှေဂျော်ဂျော်၊ ဇ၀ါ၊ရယ်ဂျီ၊ ဒီယံ ၊အောင်ကိုမြင့် တို့ရေးစပ် ထားသည့် သီချင်းများ ပါဝင် မည်ဟု ဂရေဟမ် ကပြောသည်။

ဆိုးလ်။     ။K-popအဖွဲ့ဝင်များဖြစ်ကြသည့် EXO အဖွဲ့မှ တာအိုနှင့် GOT7အဖွဲ့မှ  ဂျက်ခ်ဆွန်တို့သည် MBC ရုပ်သံလိုင်းမှ ရိုက်ကူးနေသည့် 2015 Idol Star Atheletics ရှိုးအစီစဉ်တွင် ပါဝင်သရုပ်ဆောင်ရွက်စဉ်အတွင်း ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့သည်ဟု မီဒီယာ ကဖေဖော်ဝါရီ ၃ ရက်တွင် သတင်း ထုတ်ပြန်သည်။

လော့စ်အိန်ဂျလိစ် ၊ဖေဖော်ဝါရီ၊ ၃။    ။“The Bold and the Beautiful” ဇာတ်ကားထဲမှ မင်းသမီး လင်စီဂေါ့ဒ်ဖရီ သည်တနင်္လာနေ့ မွန်းလွဲပိုင်း ကလော့စ်အင် ဂျလိစ်ရှိ လူသွားစင်္ကြံ တစ်ခုပေါ်တွင် ရှိနေစဉ်၌၄င်းကို ကားတစ်စီးက ဝင်တိုက်မိ ခဲ့ခြင်းကြောင့်၎င်း ၏ခြေထောက်နှစ်ချောင်းလုံး ကျိုးသွား ခဲ့သည်ဟု ရဲတပ်ဖွဲ့ က ဆိုသည်။

ဆိုးလ်၊ဖေဖော်ဝါရီ ၃။     ။တောင်ကိုရီးယာ မင်းသမီး ဘီဒိုနာနှင့် ဆောင်းဟေဂျို တို့သည် မကြာမီလ များအတွင်း ရုပ်ရှင်ကား အသစ်နှစ် ကားကို ရိုက်ကူးကာ ရုပ်ရှင်လောက အတွင်း သို့ပြန်လည် ၀င်ရောက် မည်ဖြစ်ပြီး၎င်း သည်ပြည် တွင်းနှင့်နိုင်ငံ တကာ ပရိတ်သတ် များကို ဆွဲဆောင်ရန် စီစဉ်လျက် ရှိသည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 138 guests and no members online