House Art

eng btn

အဆိုတော် ၀ိုင်းလေး ၏မေလတွင် ထွက်ရှိမည့် တစ်ကိုယ်တော်  အခွေတွင် Miss World 2104 ပြိုင်ပွဲ၌ သီဆိုခဲ့ပြီး  ကိုယ်တိုင်ရေး သားထားသည့် သီချင်းတစ် ပုဒ်ကိုပြန်လည် ထည့်သွင်း သွားမည်ဟု အဆိုတော် ၀ိုင်းလေးက မဇ္ဈိမကိုပြောသည်။

ပေါ့ပ်အဆိုတော် မက်ဒေါနားသည် ဆယ်စုနှစ်နှစ်စု ကြာကောလာဟလ သတင်းများ ထွက်ပေါ် ခဲ့ပြီးနောက် ရက်ပ် အဆိုတော် တူပက်စ်ရှာကူနှင့် တွဲခဲ့ကြောင်း ၀န်ခံပြော ကြားသည်။

K-pop နှစ်ယောက်တွဲ အဆိုတော်   Super Junior D&E အဖွဲ့၏ Growing Pains တေးသီချင်း  အယ်လ်ဘမ်သည်  အာရှ တစ်ဝန်း တွင်အောင်မြင် မှုများ ရရှိ ခဲ့ကြောင်းနှင့်ဟောင်ကောင်၊ ထိုင်း၊ထိုင်ဝမ်၊ စင်ကာပူ၊ ဗီယက်နမ်၊မာကူ၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ရှိ iTunesတေးဂီတ ဇယားတွင် ထိပ်ဆုံးမှ ရပ်တည် လျက်ရှိသည်။

ပေါ့ပ် အဆိုတော် မက်ဒေါနားသည် ၎င်း၏ Rebel Heart တေးသီချင်း အယ်လ်ဘမ် အရောင်းမြှင့် တင်ရေး အတွက် အလုပ်ရှုပ်နေသော် လည်းမကြာသေးမီက Out မဂ္ဂဇင်းနှင့်ပြုလုပ်ခဲ့သောတွေ့ ဆုံမေးမြန်းခန်းတစ်ခုတွင်အမျိုးသမီးအခွင့် အရေးကြိုးပမ်းမှုအကြောင်းနှင့် ၎င်းအလေးထားသော ကိစ္စရပ်များနှင့် စပ်လျဉ်း ၍ဆွေးနွေး မှုများပြု လုပ်ခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ မတ် ၆။     ။ အမေရိကန် သရုပ်ဆောင်မင်းသား ဟယ်ရီဆန်ဖို့ဒ် လိုက်ပါစီးနင်း သွားသောလေယာဉ်ငယ်သည် မတ် ၅ ရက် တွင်လေယာဉ် ကွင်းအနီးမှ ပျံတက်ပြီး မကြာမီလော့စ်အိန်ဂျ လိစ်ဂေါက်ကွင်းတွင် ပျက်ကျခဲ့ကြောင်း သတင်းပြန်ကြားပေးသူ ကပြောကြားသည်။

ဆိုးလ်၊ မတ် ၆။   ။ တောင်ကိုရီးယားအဆိုတော်အဖွဲ့ JYJ အဖွဲ့ဝင်ဂျေဂျောင်သည် မတ်၃၁ရက်တွင် စစ်မှုထမ်းတာဝန်များ ထမ်းဆောင်တော့ မည်ဖြစ်ကြောင်း C-JeS ဖျော်ဖြေရေးကုမ္ပဏီက မတ် ၅ ရက် တွင်ပြော ကြားသည်။

ကမ္ဘာကျော် အမျိုးသမီး အဆိုတော် ရှနိုင်းယားတွိန်း (Shania Twain) သည် သူမ၏နောက်ဆုံး ဂီတခရီးစဉ် ကိုကြေညာ လိုက်ပြီဖြစ်သည်။

“The Big Bang Theory” ရုပ်သံ ဇာတ်လမ်း တွဲအား ပူးတွဲ ဖန်တီး ခဲ့သူ ချက်က်လောရ် (Chuck Lorre) သည် “Star Trek” ဇာတ်လမ်း တွဲထဲမှ၊ ကွယ်လွန်သူ မင်းသားကြီး လီယိုနာ့ဒ်နစ်မွိုင်း (Leonard Nimoy) အား ဂုဏ်ပြုချီး ကျူးစကား ဆိုခဲ့သည်။ 

Last modified on Friday, 06 March 2015 20:59

နယူးယောက်ခ်၊ မတ်၃။     ။ ပေါ့ပ်ဘုရင်မ  မက်ဒေါနားသည်  Rebel Heart တေးသီချင်း  အယ်လ် ဘမ်သစ် အရောင်းမြှင့် တင်ရေး အတွက် သြဂုတ် လတွင် မီယာမီမြို့ရှိ American Airlines Arena တွင်ဖျော်ဖြေ ပွဲပြုလုပ် ကာနိုင်ငံ တကာဖျော်ဖြေရေး  ခရီးစဉ်ကို စတင်သွား မည်ဖြစ်ကြောင်းနှင့် ပွဲဖြစ်မြောက်ရေး ကမ ကထပြုသည့် Live Nationဖျော်ဖြေရေး ကုမ္ပဏီ ကပြော ကြားသည်။

နယူးယောက်ခ်၊ ဖေဖော်ဝါရီ ၂၇။    ။လင်ဆေးလိုဟန်သည် ပြီးခဲ့သည့်နှစ်က ၀က်စ်အက်ဒ်ပြဇာတ်တွင် မဖွယ်မရာသရုပ်ဆောင် ခဲ့မှုအတွက် အမိန့်ချမှတ်ခဲ့ရာ လိုဟန်သည် လူမှုရေး လုပ်ငန်းများကို ၁၂၅နာရီကျော်ကြာ ထပ်မံ လုပ်ဆောင် သွားရမည် ဟုလော့စ်အိန်ဂျလိစ် တရားသူကြီး ကပြောကြားသည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 259 guests and no members online