House Art

eng btn

ရန်ကုန်၊ အောက်တိုဘာ ၆။ အဆိုတော် ဖြူဖြူကျော်သိန်း၏ "နာမည်ကျန်နေရစ်မယ်" ပဉ္စမမြောက် တစ်ကိုယ်တော် အယ်ဘမ်ကို နိုဝင်ဘာ ၁ရက်တွင် The Strand ဟိုတယ်၌ ကျင်းပ ပြုလုပ်မည့် ၎င်း၏ တစ်ကိုယ်တော်ရှိုးပွဲ အပြီး၌ထွက်ရှိရန် စီစဉ် ထားသည်ဟု အဆိုတော် ဖြူဖြူကျော်သိန်းက မဇ္ဈိမကို ပြောသည်။

ရန်ကုန်၊ အောက်တိုဘာ ၆။ “အချစ်လို့ ခေါ်သလား”သီချင်းဖြင့် အထူးပင် အောင်မြင်ခဲ့သည့် အဆိုတော် ထူးအယ်လင်း၏ သီချင်းသစ် တစ်ပုဒ်ကို  Myanmar Music Store တွင် ဖြန့်ချိရန် စီစဉ် နေသည်ဟု ထူးအယ်လင်းက ပြောသည်။ ယင်း တေးသီချင်း အမည်မှာ “မညာနဲ့” ဖြစ်ပြီး ၎င်း၏ ညီဖြစ်သူ တေးရေး အောင်ဖြိုး က ရေးစပ် ပေးထားခြင်း ဖြစ်သည်။

လန်ဒန်၊ အောက်တိုဘာ ၁၀။ ဘောလုံး အကျော်အမော် အက်ရှ်လေကိုးလ်၏ ဇနီးဟောင်း ဖြစ်သူ ပေါ့ပ်အဆိုတော် ချယ်ရီကိုးလ်သည်  ဂီတ လောကထဲသို့ "I don't care" အမည်ရှိ သီချင်းသစ်ဖြင့် ပြန်လည် ခြေဦးလှည့် လာပြီ ဖြစ်သည်။ ချယ်ရီသည် ခင်ပွန်းဟောင်း အက်ရှ်လေကိုးလ်နှင့် လမ်းခွဲပြီး နောက်တွင် သူမ၏ အမည်ရင်း ဖြစ်သည့် ချယ်ရီ ဖာနန်ဒက်ဇ် ဗာစီနီ အမည်ဖြင့် အနုပညာ အလုပ်များကို ပြန်လည် လုပ်ကိုင်လျှက် ရှိသည်။

လော့စ်အိန်ဂျယ်လိစ်၊ အောက်တိုဘာ ၃။ အင်တာနက်တွင် ပျံ့နှံ့ခဲ့သည့် မင်းသမီး များ၏ အ၀တ်ဗလာပုံများ ထဲတွင် ပါဝင်သည့် နာမည်ကြီး အနုပညာ ကြယ်ပွင့် ဆယ်ယောက်ကျော်၏ ကိုယ်စားလှယ် အဖြစ် တာဝန်ယူ ထားသည့် တရားရေး ဆိုင်ရာ အဖွဲ့အစည်းမှ ရှေ့နေ တစ်ဦး ဖြစ်သည့် မာတင်စင်ဂါက အဆိုပါ ပုံများကြောင့် မင်းသမီး များ၏ ပုံရိပ်ကို ထိခိုက် စေသည့် အတွက် ဂူဂဲလ် ကုမ္ပဏီကို ဒေါ်လာ သန်း၁၀၀ တောင်းခံသည့် တရားစွဲဆိုမှု ပြုလုပ်မည်ဟု ခြိမ်းခြောက် လိုက်သည်။  

ဂျော်ဒန် နိုင်ငံတွင် အောက်တိုဘာ၂၇ရက်၌ ကျင်းပမည့် ၄၃ ကြိမ်မြောက် Miss Intercontinental 2014 ပြိုင်ပွဲ ကိုဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် Miss Intercontinental Myanmar 2014 အိန်ဂျယ်(လ်) လမုန်သည် အောက်တိုဘာ ၁၇ ရက် တွင် မြန်မာနိုင်ငံ မှ ထွက်ခွာ မည် ဟု ၎င်း က မဇ္ဈိမ ကို ပြောသည်။

ဆိုးလ်၊ အောက်တိုဘာ ၁။ တောင်ကိုရီးယား အမျိုးသား အဆိုရှင် လေးဦးဖြင့် ဖွဲ့စည်းထားသော ကေပေါ့ အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Big Bang ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး “Angel Eyes” ရုပ်သံ ဇာတ်လမ်းတွဲ၏ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်သည့် ဆောင်ရီသည် ယာဉ်မတော်တဆ မှုကြောင့် ဆေးရုံတက်ခဲ့ ရပြီးနောက် ဆေးရုံမှပြန်ဆင်း လာခဲ့သော်လည်း ငါးရက် အကြာတွင် နောက်တစ်ကြိမ် ဆေးရုံ ပြန်တက်ခဲ့ရသည်။

ရန်ကုန်၊ စက်တင်ဘာ ၂၈။ စက်တင်ဘာ၂၇ ရက်တွင်ကျင်းပ ခဲ့သည့် Miss Myanmar World2014 ပြိုင်ပွဲကို The Strand Hotel ၌ ကျင်းပခဲ့ရာ ယင်းပြိုင်ပွဲ တွင် အိပ်မက်ဆုံရာ Season - 4 မှ ၀ိုင်းလေးသည် သိန်းနှစ်ရာတန် သရဖူနှင့် အတူ Winner ဆုကို ရွေးချယ်ခြင်း ခံရခြင်းကြောင့် ယင်းပွဲကိုကြည့်ရှု ကြသည့် ရုပ်မြင်သံကြား ပရိသတ်များ၊ ပွဲတွင်း၌ သွားရောက် ကြည့်ရှုခဲ့ ကြသည့် ပရိသတ်များ၏ ဝေဖန်ချက်များ အမျိုးမျိုး ထွက်ပေါ်ခဲ့ သောကြာင့် လူအများ စိတ်ဝင်တ စား ရှိခဲ့ကြသည်။

ရန်ကုန်၊ စက်တင်ဘာ၂၆။ ဟောင်ကောင်တွင် အောက်တိုဘာ ၁၇ရက်၌ ကျင်းပ ပြုလုပ်မည့် Mr. Asia Contest 2014 ပြိုင်ပွဲ အတွက် စက်တင်ဘာ၂၆ ရက်မှ အောက်တိုဘာ ၁၆ရက် ည ၁၂နာရီ အထိ မဲပေးသည့် စနစ်စတင် ပြီဖြစ်သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၆။ MRTV 4 မှ ရိုက်ကူးသည့် The Sing Of Love ဇာတ်လမ်းတွဲနှင့် လူသိများလာသည့် သရုပ်ဆောင် ဝင့်ယမုံလှိုင်က ဇာတ်ပို့ နေရာမှ ရိုက်ကူးရန် ကမ်းလှမ်း လာပါက လက်ခံ ရိုက်ကူးသွားမည် မဟုတ်ဘဲ အဓိက ဇာတ်ဆောင် နေရာမှသာ လက်ခံ ရိုက်ကူး မည်ဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

လော့အိန်ဂျလိစ်၊ စက်တင်ဘာ၂၃။ ကမ္ဘာကျော် အဆိုတော် မိုင်လီဆိုင်းရပ်စ် ၏ နေအိမ်ကို ဖောက်ထွင်းကာ ၎င်း၏ မက်ဆာရတီ  ကားကို ခိုးယူခဲ့သူ နှစ်ဦး ဖြစ်သည့် နာယိုမီချားလ်စ်နှင့် တိုင်လာစကော့ တို့ စုံတွဲသည် ထောင်ဒဏ်ကျခံ ရတော့မည် ဖြစ်သည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 149 guests and no members online