House Art

eng btn

ဆိုးလ်၊ ဧပြီ ၆။        ။တောင်ကိုရီးယား အဆိုတော်အဖွဲ့ Miss Aမှ ဆူဇီနှင့် KPOP STAR 4 အစီစဉ်တွင် ပါဝင်ယှဉ်ပြိုင် သူဂျောင်ဆောင်ဟွန်းတို့သည် ဧပြီ၅ ရက်ကနှစ်ယောက်တွဲ သီဆိုဖျော်ဖြေ ခဲ့ကြ သည်။ဂျောင်သည် အဆိုပါ အစီစဉ်တွင် ပါဝင်ယှဉ်ပြိုင် သူများအနက် ဆန်ခါတင် ကျန်ရှိသည့် သုံးဦး ထဲတွင် တစ်ဦး အပါအ၀င်ဖြစ်သည်။

ကမ္ဘာကျော် အဆိုတော် နှင့် သရုပ်ဆောင် မက်ဒေါနား၊ သရုပ်ဆောင် ကယ်လီရီပါ နှင့် စူပါမော်ဒယ် စတက်ဖနီဆီမော် တို့၏ အရေပြားအထူးကု ဆရာဝန် နှင့် အသားအရေ အလှအပ ထိန်းသိမ်းပြုပြင်ရေး ပညာရှင်ဖြစ်သူ ဒေါက်တာ ဖရက်ဒရစ်ဘရန့် (Fredric Brandt) မှာ ဖလော်ရီဒါ ပြည်နယ်၊ မိုင်ယာမီ (Miami) ရှိ သူ၏နေအိမ်တွင် တနင်္ဂနွေနေ့ (ဧပြီလ ၅ ရက်နေ့) က ကွယ်လွန်သွား ခဲ့ပြီဖြစ်သည်။

အမေရိကန် မင်းသမီး လင်ဆေး လိုဟန်သည် မတ် ၃၁ ရက်နေ့ လည်က လန်ဒန်မြို့ လယ်ခေါင် တွင်ယောင်္ကျားလေး သူငယ်ချင်းနှင့်နေ့လယ်စာ ထွက်စားချိန် ၎င်း၏သေးသွယ် လှပသော ခန္ဓာကိုယ် အလှကို လှစ်ဟပြသ ခဲ့သည်။

ကမ္ဘာကျော် မင်းသမီး အိန်ဂျလီနာ ဂျိုလီသည် 2015 Kids’ Choice Awards ဆုပေးပွဲသို့ သားသမီးများ ဖြစ်သော Shiloh  ၊Zahara တို့နှင့်အတူ တက်ရောက် ခဲ့ကြောင်းနှင့် ဂျိုလီသည် အဆိုပါ ဆုပေးပွဲတွင် Maleficent ဇာတ်ကားဖြင့်  Favorite Villain ဆုကို ဆွတ်ခူးရရှိခဲ့သည်။

တောင်ကိုရီး ယားမော်ဒယ် လီဂျီယွန်နှင့်  မိန်းကလေး အဆိုရှင် GLAM အဖွဲ့မှ ဒါဟီးတို့သည် မင်းသားလီဗြောင်ဟွန်းကို ခြိမ်းခြောက်ငွေညှစ်မှု အတွက်ထောင် ဒဏ်တစ်နှစ် ကျခံရန်ပြစ်ဒဏ်ချ မှတ်ခံခဲ့ရသော်လည်း ယခုအခါ အယူခံ အောင်မြင်ခဲ့ပြီး တရားရုံးက ၎င်းတို့နှစ်ဦး ကိုပြစ်ဒဏ်လျှော့ချ သတ်မှတ်ခဲ့သည်။

ကန်ထရီး အဆိုတော်တေလာဆွစ်ဖ်နှင့် ကယ်လ်ဗင်ဟာရစ်တို့ နှစ်ဦးကို   အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီးလ်မြို့တွင် အတူဈေးဝယ် ထွက်နေ သည်ကိုတွေ့ ရှိခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး တွဲနေသည် ဟုကောလဟာလ သတင်းများ ထွက်ပေါ် လျက်ရှိသည်။

တောင်ကိုရီးယားမင်းသား လီမင်ဟို သည်ဟောင်ကောင်သို့ မထွက်ခွာမီ  အင်ချောင်နိုင်ငံ တကာလေဆိပ်တွင် ၎င်း ၏ရွှေရောင်ဆံပင် စတိုင်အသစ်ကို မတ်လ ၂၀ ရက်က ထုတ်ဖော်ပြသခဲ့သည်။

ကနေဒါအဆိုတော် ဂျပ်စတင်ဘီဘာက ၎င်း၏ Comedy Central ဝေဖန်ပွဲပြု လုပ်ပြီးနောက် ဆိုးရွားသော အပြုအမူများ အတွက်တောင်း ပန်ခဲ့သည်။ မတ် ၁၄ ရက်ကပြုလုပ်သော ဂျပ်စတင်ဘီဘာ၏ Comedy Centralဝေဖန်ပွဲ အသံသွင်းမှု ကိုပြုလုပ် စဉ်အတွင်း အနုပညာရှင် အစီအစဉ် တင်ဆက် သူများက ဘီဘာ၏ အကြောင်း ကိုဝေဖန်ရေး ဟာသတစ်ခု အဖြစ်ပြော ကြားခဲ့သည်။

Pinocchio ဒရမ်မာ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ သူတောင်ကိုရီးယား မင်းသမီး ပက်ခ်ရှင်ဟေးသည်  အင်္ဂလန်နိုင်ငံ  လန်ဒန်မြို့  စားသောက်ဆိုင်တွင် ဆဲလ်ဖုန်း အခိုးခံ ခဲ့ရသည်။

ဗြိတိန်အဆိုတော် ဆမ်စမစ်သည် ယခုသီတင်းပတ်က ဗြိတိန် တစ်ကိုယ်တော်နှင့်တေး သီချင်းအယ်လ်ဘမ် ဇယားနှစ်ခုစလုံးတွင် ထိပ်ဆုံးက ရပ်တည် လျက်ရှိ ပြီးဆမ်စမစ် ၏တေး သီချင်း အယ်လ်ဘမ်  "In the Lonely Hour"တေးအယ် ဘမ်သည် Spells ခြောက်ခုရရှိ ကာတေး အယ်လ်ဘမ် ဇယား သမိုင်းတွင် နံပါတ် (၁)နေရာကို ရရှိခဲ့ပြီး စံချိန်သစ်တစ်ရပ် တင်နိုင်ခဲ့သည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 133 guests and no members online