House Art

eng btn

ဆိုးလ်၊ နိုဝင်ဘာ ၁၂။ အစွမ်းအစရှိပြီး အများနှင့်မတူ ထူးခြား ကွဲပြားသည့် အသွင်ရှိသည့် တောင်ကိုရီးယား မင်းသမီး ဘေဒူးနာကို ပြင်သစ် ကမ္ဘာကျော် ဖက်ရှင် အမှတ်တံဆိပ် ဖြစ်သည့် လူဝီဗီတွန် (LV) က ကိုယ်စားပြု မော်ဒယ်လ် အဖြစ် ခန့်အပ် လိုက်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၉။ အောင်မြင်သည့် အနုပညာရှင် ဖြစ်ရန် ပူးပေါင်း ဆောင်ရွက်သည့် သဘောတူ စာချုပ် ဖောက်ဖျက် ကျူးလွန်သည်ဟု ဆိုကာ မော်ဒယ် သရုပ်ဆောင် အလင်းရောင်၏ အနုပညာ လုပ်ငန်း လုပ်ကိုင်ခွင့် များကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်မှ စတင်ကာ တားမြစ်လိုက်သည်ဟု Star & Model Agency မှ ဂျွန်လွင်က နိုဝင်ဘာ ၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ကြေညာ ခဲ့သည်။

နယူးယော့ခ်၊ နိုဝင်ဘာ၅။ အမေရိကန် ကျေးလက် အဆိုတော် တေလာဆွဖ်၏ နောက်ဆုံး ထွက်ရှိထားသည့် 1989 တေးသီချင်း အယ်လ်ဘမ် သည် တစ်ပတ် အတွင်း အရောင်းရဆုံး စံချိန်ကို ချိုးဖျက် နိုင်ခဲ့ပြီ ဖြစ်သည်။

ဟောလီးဝုဒ်၊ နိုဝင်ဘာ ၅။ နာမည်ကျော် သရုပ်ဆောင် မင်းသမီး အိန်ဂျလီနာ ဂျိုလီက  ၎င်းလုပ်ဆောင် နေသည့် လူသားချင်း စာနာ ထောက် ထား မှု ဆိုင်ရာ လုပ်ငန်းများမှ တစ်ဆင့် ရည်မှန်းချက်သစ် တစ်ရပ်ကို တွေ့ရှိခဲ့ကြောင်းနှင့် ယခုအခါ နိုင်ငံရေးရာ လုပ်ငန်းများတွင် စိတ်အား ထက်သန်စွာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။

ရန်ကုန်၊ နိုဝင်ဘာ၅။ လူငယ် ပရိသတ် အားပေး မှု အခိုင်အမာ ရရှိ ထားသည့် အဆိုတော် နိုင်ဝမ်းသည် တစ်နှစ် ကျော်ကြာ ခံစား နေရသည့် အာရုံကြောညပ် ရောဂါကို ဘန်ကောက်တွင် သွားရောက် ကုသရန် စီစဉ် နေသည်ဟု အဆိုတော် နိုင်းဝမ်းက မဇ္ဈိမကို ပြောသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက်။ နာမည်ရ အမျိုးသား အိမ်ထောင်ရှိ အမျိုးသား အဆိုတော် တစ်ဦးနှင့် ပတ်သက်နေသည်ဟု ကောလာဟလ ထွက်ပေါ် ခဲ့မှုနှင့် ပတ်သက်ပြီး အဆိုတော် လိမ္မော်သီး (ခေါ်) ဂျူနိုက ယင်းကောလာဟလ ထုတ်လွှင့်သူကို တစ်ပတ်အတွင်း တောင်းပန်ရန် သတိပေးစာ တစ်ရပ်ကို နိုဝင်ဘာ ၁ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထည့်သွင်း သတိပေး ခဲ့သည်။

john-lennon

ဂျွန်လင်နွန်နှင့် ဇနီး ယိုကိုအိုနို။

အင်္ဂလိပ်ရော့ခ်ဂီတအဖွဲ့ “The Beatles” အဖွဲ့ဝင်တစ်ဦးဖြစ်သူ အဆိုတော် ဂျွန်လင်နွန် ရေးသားခဲ့သည့် စာတစ်စောင်ကို အောက်တိုဘာလ ၂၃ ရက်က ပြုလုပ်ခဲ့သည့် လေလံပွဲတစ်ခုတွင် ဒေါ်လာ ၂၈,၀၀၀ ဖြင့် ရောင်းချခဲ့သည်။

Julia-Roberts

မကြာမီရက်ပိုင်းအတွင်း၌ အသက် ၄၇ နှစ်ပြည့်မည်ဖြစ်သည့် အမေရိကန်မင်းသမီးချော ဂျူလီယာရောဘတ်က မျက်နှာခွဲစိတ် ပြုပြင်ခြင်းမပြုဘဲ သဘာဝအတိုင်းနေခြင်းသည် ဟောလိဝုဒ် အနုပညာလောကမှ အသက် ၄၀ ကျော် အမျိုးသမီးများအတွက် အလွန်ကြီးမားသည့် စွန့်စားမှုကြီးဖြစ်သည့်အပြင် သဘာဝအတိုင်းနေနေခြင်းသည် ၎င်း၏ အနုပညာသည် ဘ၀အတွက် အကြီးမားဆုံး စွန့်စားမှုကြီးကို ပြလိုက်ခြင်းဖြစ်သည်ဟု ဂျူလီယာရောဘတ်က ဆိုသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၄။ R ဇာနည်နှင့် ပျဉ်းမနား မြို့သူမြို့သားများ အကြား အထင်လွဲမှု ပြဿနာကို R ဇာနည် ဘက်မှ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ ထက်၌ ပြန်လည် တောင်းပန်ခဲ့ သဖြင့် ပျဉ်းမနား မြို့သူ မြို့သားများ ကျေနပ် ခဲ့သည်ဟု ပျဉ်းမနား မြို့နယ် ဂီတ အစည်းအရုံး ဥက္ကဋ္ဌ ဦးအောင်သန်းက မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၂။ အလှမယ် အိန်ဂျယ်လမုန် သွားရောက် ယှဉ်ပြိုင်မည့် Miss Intercontinental 2014 ပြိုင်ပွဲသည် ဂျော်ဒန် နိုင်ငံမှ ဂျာမနီ နိုင်ငံ မက်ဒဘော့ဂ်မြို့သို့ ရွှေ့ပြောင်း လိုက်သည်ဟု Miss Golden Land Myanmar Organization မှ ကိုဝေယံအောင် က မဇ္ဈိမကို ပြောသည်။ ယင်းပြိုင်ပွဲကို ဂျာမနီ နိုင် ငံ မက်ဒဘော့ဂ်တွင် နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၄ရက် အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး နောက်ဆုံး ပြိုင်ကို ဒီဇင်ဘာ ၄ ရက်၌ ကျင်းပမည် ဖြစ်သည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 109 guests and no members online