House Art

eng btn

နယူးယော့ခ်၊ ဒီဇင်ဘာ ၁။ နာမည်ကြီး ရပ်ပ်အဆိုတော် အီမီနမ်က အဆိုတော် ရီဟားနားနှင့် ဆက်ဆံရေးသည် သူငယ်ချင်း၊ ရဲဘော် ရဲဘက်ထက် ပိုခြင်းကို အရိပ်အမြွက် ပြောထားသည့် စာသား အချို့ကို သူ၏ သီချင်း အသစ်တွင် ထည့်သွင်း ရေးစပ် ထားသည်။

အမေရိကန် ရုပ်ရှင် မင်းသားနှင့် ဒါရိုက်တာ တစ်ဦး ဖြစ်ပြီး ထရန်စဖော်မာ ဇာတ်ကားများဖြင့် ကမ္ဘာကျော် ခဲ့သည့် ရှိုင်ယာလဘော့ဖ်က ယခုနှစ် အစောပိုင်း က ပြုလုပ်ခဲ့သည့် ၎င်း၏ ပါဖော်မန့် အနုပညာ ပြသမှု အတွင်း အမျိုးသမီး တစ်ဦး၏ မဖွယ်မရာ လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခြင်း ခံခဲ့ရကြောင်း ဖွင့်ဟ ပြောကြား သည်။

Last modified on Sunday, 30 November 2014 14:59

ရန်ကုန်၊ နိုဝင်ဘာ၂၈။ Miss Tourism 2014 ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာ နိုင်ငံ ကိုယ်စားပြု အလှမယ် ဂျူးစံသာ Miss Tourism Myanmar 2014 သည် နိုဝင်ဘာ ၂၈ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြိုင်ပွဲ ကျင်းပမည့် ဗင်နီဇွဲလား နိုင်ငံသို့ ထွက်ခွာ သွားပြီ ဖြစ်သည်။ ယင်း ပြိုင်ပွဲသည် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာလ (၁၀)ရက် အထိ ကျင်းပမည် ဖြစ်ပြီး နိုင်ငံပေါင်း (၈၀) ကျော်မှ နိုင်ငံကိုယ်စားပြု အလှမယ်လေးများ ပါဝင် ယှဉ်ပြိုင်ကြ မည် ဖြစ်သည်။

Last modified on Friday, 28 November 2014 19:21

ရန်ကုန်၊ နိုဝင်ဘာ ၂၈။ အဆိုတော် ရဲရင့်အောင်၏ ပထမဆုံး တကိုယ်တော် အယ်လ်ဘမ် ဖြစ်သည့် ''သဝေထိုး ခကွေးယပင့်'' အယ်ဘမ်ကို ဒီဇင်ဘာ ၂၅ တွင် ဘိုဘို တေးထုတ်လုပ်ရေးမှ အော်ဒီယို အဖြစ် ဖြန့်ချိမည်ဟု ၎င်းက ပြောသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၆။ အဆိုတော် သရုပ်ဆောင် ချစ်သုဝေက မသန်စွမ်း အနုပညာ ပွဲတော်တွင် သံတမန် အဖြစ်ပါဝင်မှုနှင့် သီဆိုဖျော်ဖြေမှု များအတွက် လာရောက် ကမ်းလှမ်းသည့် အချိန်၌ များစွာ စိတ်မကောင်း ဖြစ်ခြင်းကြောင့် လိုအပ် နေသည့် ကွက်လပ်တစ်ခု အတွက် အစွမ်းကုန် ကူညီပေးသွား မည်ဟု ၎င်းက မဇ္စျိမကို ပြောသည်။

အလှမယ် အိန်ဂျယ်လမုန် Miss Intercontinental Myanmar 2014 ၏ နိုင်ငံကိုယ်စားပြု ဝတ်စုံကို ဒီဇိုင်နာ မပုံ့ (My Favourite) က တိုင်းရင်းသား လူမျိုးစု များ၏ ရိုးရာဓလေ့ ဆင်ယင် ထုံးဖွဲ့မှုများကို ယင်းဝတ်စုံ တစ်စုံထဲ၌ ထည့်သွင်းပေါင်းစပ် တီထွင် ပေးထားသည်ဟု Miss Golden Land Myanmar Organization မှ ကိုဝေယံအောင် က မဇ္ဈိမကို ပြောသည်။

ဆိုးလ်၊ နိုဝင်ဘာ ၂၄။ တောင်ကိုရီးယား အမျိုးသမီး အဆိုရှင်အဖွဲ့ 2NE1 မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပါ့ခ်ဘွမ်သည် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် စွပ်စွဲမှု တစ်ရပ်ကြောင့် ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ လူမြင်ကွင်းနေရာများတွင် သွားလာခြင်းကို ရှောင်နေခဲ့ပြီး ယခုအခါ ၄င်း၏ ပရိသတ်များက ပါ့ခ်ဘွမ်ကို အားပေးထောက်ခံသည့် အနေဖြင့် လူမှုကွန်ယက် မီဒီယာများမှတစ်ဆင့် လှုပ်ရှားမှု တစ်ခု ပြုလုပ်မည် ဖြစ်သည်။

ရန်ကုန်၊ နိုဝင်ဘာ၂၁။ အလှမယ် အိန်ဂျယ်လမုန်သည် ဂျာမနီ နိုင်ငံတွင် ကျင်းပမည့် Miss Intercontinental 2014 ကို ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၂၄ရက် ညနေ ၆ နာရီခွဲ၌ ထွက်ခွာမည်ဟု Miss Golden Land Myanmar Organization မှ National Director ကိုဝေယံအောင်က ၎င်း၏ ဖေ့ဘွတ် စာမျက်နှာတွင် ကြေညာ ထားသည်။ ယင်းပြိုင်ပွဲသည် မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ၀င်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု ကိုဝေယံအောင်က ပြောသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၉။ အနုပညာပျိုးခင်း (၂) အစီအစဉ်တွင် ပါဝင် ရွေးချယ်ခြင်း ခံရသည့် စင်တင် သရုပ်ဆောင်သစ် များသည် ယင်းအဖွဲ့နှင့်ချုပ်ဆို ထားသည့် စာချုပ်ပါ စည်းကမ်းချက် တစ်ခုခုကို  ဖောက်ဖျက်ပါက ငွေကျပ်သိန်း ၃၀၀ လျော်ကြေး ပေးဆောင် ရမည်ဟု ရွေးချယ် ခံခဲ့ရသည့် သရုပ်ဆောင် ရွှေသမီးက မဇ္စျိမကို ပြောသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၇။ အိုင်းရင်းခရော့စ် တေးဂီတ၀ိုင်းမှ လိဒ်ဂစ်တာသမား ချစ်စမ်းမောင်က ယနေ့ အချိန်အထိ ၎င်းတို့ အဖွဲ့ အောင်မြင် နေခြင်း သည် ဖြစ်ပေါ် လာသည့် ပြဿနာ များကို စုပေါင်းကာ ဖြေရှင်းပြီး အချင်းချင်း နားလည်မှု များဖြင့် လျှောက်လှမ်း ကြခြင်းကြောင့် ဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 155 guests and no members online