House Art

eng btn

(ကဘူးလ်)။ ။ ပါကစ္စတန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံမှ ဒုက္ခသည် ၂ဒသမ၆သန်းကျော်ကို နိုင်ငံရင်းသို့ အတင်းအကြပ် ပြန်ခိုင်းလျက်ရှိရာ နိုင်ငံတကာလူ့ အခွင့်အရေး လှုပ်ရှားသူများက ယင်းလုပ်ရပ်သည် “လူမဆန်သော လုပ်ရပ်” နှင့် “တရားဥပဒေနှင့် မညီသော လုပ်ရပ်” အဖြစ် အရေးဆိုခဲ့ကြသည်။

ပတ်ရှ်ဝါ ။     ။ပါကစ္စတန်နိုင်ငံတောင်ပိုင်းရှိ ရှီးယိုက်ဗလီတစ်ခုတွင် ဗုံးတစ်လုံးပေါက်ကွဲ၍ လူပေါင်း အနည်းဆုံး ၄၀သေ ဆုံးကြောင်း တာဝန် ရှိသူများ ကပြော သည်။

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိဆိပ်ကမ်းမြို့မှ ရှီကာပါမြို့သို့ မောင်းနှင်လာသော ခရီးသည်တင် ကားတစ်စီးသည် လောင်စာဆီများတင်ဆောင်လာသော ကားတစ်စီးနှင့် ဇန်န၀ါရီ ၁၁ ရက်က တိုက်မိ ခဲ့ရာ လူ ၃၀ ထက်မနည်း သေဆုံးသွားကြောင်း သိရသည်။

တင်းမာမှုများရှိနေသော အိန္ဒိယ-ပါကစ္စတန် နယ်စပ်တွင် ဇန်နဝါရီ ၅ ရက်က နှစ်ဘက် တပ်ဖွဲ့များအကြား အပြန်အလှန် ပစ်ခတ်မှု များ ဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက် တစ်ဦးအပါအဝင် အရပ်သား လေးဦးနှင့် စစ်သားတစ်ဦး သေဆုံးခဲ့သည်။

ဒီဇင်ဘာ ၂၉။ အမေရိကန် နိုင်ငံရေး ရာဇ၀တ်မှု ရုပ်သံ ဇာတ်လမ်းတွဲ တစ်ခု ဖြစ်သော ‘Homeland’ ၏ စတုတ္ထတွဲတွင် ပါကစ္စတန် နိုင်ငံကို စုတ်စုတ်ပြတ်ပြတ် ပုံစံ ပုံဖော် ရိုက်ကူး ထားသည်ဟု ဆိုကာ ပါကစ္စတန် အရာရှိများက ဒေါသထွက် နေကြသည်။ အဆိုပါ ကိစ္စ မတိုင်ခင် ကလည်း အစ္စရေး ၀န်ကြီးချုပ်ဟောင်းကို တာလီဘန် ခေါင်းဆောင်တစ်ဦးနှင့် ခိုင်းနှိုင်း ခဲ့သည့် အတွက် အစ္စရေးများ ထံမှ ဒေါသတကြီး တုံ့ပြန်မှုများကို တွေ့ကြုံခဲ့ရ သေးသည်။

Published in Celebrity

နယူးယော့ခ်၊ ဒီဇင်ဘာ ၂၇။ ပါကစ္စတန် အစိုးရ အနေဖြင့် အကြမ်းဖက် သမားများအား သေဒဏ် စီရင်နေမှု များနှင့် အဆိုပါ ဥပဒေ ပြန်လည် ပြဌာန်းလိုက်ခြင်း ကို ရပ်တန့်ရန် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြား လိုက်သည်။

ခိုင်ဘာ၊ ဒီဇင်ဘာ ၂၇။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် ပတ်ရှဝါမြို့ စစ်တပ် စာသင်ကျောင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအား ကြိုးကိုင်ခဲ့သူ တာလီဘန် ခေါင်းဆောင်ကို ဒီဇင်ဘာ ၂၆ ရက်က ပါကစ္စတန် အစိုးရ လုံခြုံရေး တပ်ဖွဲ့များဖြင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင် အသေဖမ်းဆီး ရမိခဲ့သည်။ ကလေးငယ် ၁၃၂ ဦး သေဆုံးခဲ့မှုတွင် အဓိက တာဝန်ရှိသူ ဆက်ဒမ်ဟု အမည်ရသည့် အဆိုပါ တာလီဘန် ခေါင်းဆောင်သည် လုံခြုံရေး တပ်ဖွဲ့များ၏ ရုတ်တရက် ၀င်ရောက် တိုက်ခိုက်မှုတွင် သေဆုံးသွား ခဲ့ခြင်း ဖြစ်သည်။

အစ္စလမ်မာဘတ်၊ ဒီဇင်ဘာ ၂၅။ အကြမ်းဖက်မှု ဆိုင်ရာ ကိစ္စရပ်များကို စစ်ဆေးဆုံးဖြတ်မည့် စစ်ဘက် တရားရုံးများကို ဖွဲ့စည်း တည်ထောင် သွားရန် ပါကစ္စတန် ခေါင်းဆောင်များက ဒီဇင်ဘာ ၂၄ ရက်တွင် သဘောတူ ခဲ့ကြသည်။ နိုင်ငံတွင် တာလီဘန်တို့က ပတ်ရှဝါမြို့ရှိ စာသင်ကျောင်း ကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း အာဏာပိုင်များက အကြမ်းဖက်မှု ဆိုင်ရာ အမျိုးသား စီမံချက် တစ်ခုအတွက် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြ ပြီးနောက် သဘောတူခဲ့ ကြခြင်း ဖြစ်သည်။

ခြောက်နှစ်ကြာ ရပ်ဆိုင်းထားသည့် သေဒဏ်ကို ပြန်သုံးကာ အကြမ်းဖက်သမား ၅၀၀ ကိုကွပ်မျက်မည်

အစ္စလမ္မာဘတ်၊ ဒီဇင်ဘာ ၂၂။ ပါကစ္စတန်နိုင်ငံ ပတ်ရှ်ဝါမြို့ ရှိ စစ်တပ်ပိုင် စာသင်ကျောင်း၌ တာလီဘန်တို့က လူအစုလိုက် သတ်ဖြတ် မှုကြီး ပြုလုပ်ပြီးနောက်တွင် အစိုးရ၏ အကြမ်းဖက်သမားများ အပေါ် သည်ခံမှု ကုန်ဆုံးသွားခဲ့ကာ သေဒဏ်ပေး ခြင်းကို ပြန်လည် ကျင့်သုံးပြီး လာမည့် သီတင်းပတ်များ အတွင်း အကြမ်းဖက် စစ်သွေးကြွ ၅၀၀ ကို ကွပ်မျက် တော့မည်ဟု တာဝန်ရှိသူများက ဒီဇင်ဘာ ၂၂ရက်တွင် ပြောကြားသည်။

မွမ်ဘိုင်း၊ ဒီဇင်ဘာ ၁၉။ ၂၀၀၈ ခုနှစ်အတွင်းက အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ဟိုတယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအား ကြိုးကိုင်လှုပ်ရှားမှုဖြင့် တရားရင်ဆိုင် နေရသူ တစ်ဦးအား ပါကစ္စတန် တရားရုံးက အာမခံပေးလိုက်သည်။

အရပ်သား  ၁၆၅ ဦးနှင့် အကြမ်းဖက်သမား ကိုးဦး သေဆုံးခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအား စီစဉ် မှုဖြင့် တရားစွဲဆိုခံရသူ ခုနစ်ဦးရှိနေပြီး ၎င်းတို့အနက် တစ်ဦးဖြစ်သူ ဇာကီအာရာမန်လာခါဗီအား ယခုကဲ့သို့ အာမခံပေးလိုက် ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် အိန္ဒိယနှင့် ပါကစ္စတန်တို့ အကြား ငြိမ်းချမ်းရေး ကြိုးပမ်းမှု ရပ်ဆိုင်းခဲ့ရသည်။

Page 1 of 3

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 134 guests and no members online