House Art

eng btn

Thursday, 07 May 2015 20:04

ဟာသသရုပ်ဆောင် (ဦး) ကင်းကောင် ဦးနှောက်အတွင်း သွေးခဲနေမှုကြောင့် ဆေးကုမှု ခံယူနေ

Written by  ပန်းမြတ်ဇော်

ရန်ကုန် ၊ မေ ၇။  ။ ဟာသသရုပ်ဆောင်(ဦး)  ကင်းကောင်သည် မတော်တဆ ချော်လဲရာမှ ဦးနှောက် အတွင်း သွေးကြော တစ်ခုသွေးခဲနေသောကြောင့်မေလ ၆ရက် ညပိုင်းတွင် မန္တလေးမြို့ရှိ နန်းတော် ဆေးရုံ၌ ဆေးကုသ မှု ခံယူ နေရကြောင်း ၄င်း၏ အမျိုးသမီး မအေးအေးမွန်က မဇ္ဈိမကို ပြောသည်။

mg-khingမန္တလေးမြို့နန်းတော်ဆေးရုံ တွင်ဆေး ကုသမှု ခံယူနေသည့် ဟာသ သရုပ်ဆောင် ကင်းကောင်။ (ဓာတ်ပုံ- Mg Mg King facebook)

မအေးအးမွန်က "  မေမြို့ ဆေးရုံမှာ သွားပြတဲ့ အခါ ချော်လဲတဲ့ ဒဏ်ရာကြောင့် ဦးနှောက်သွေးကြော သေးသေးလေး တစ်ခုက သွေးခဲ နေတော့ ဆရာဝန်က လဲ ဦးနှောက် ဖြစ်တဲ့ အတွက် အခြေအနေက ဘယ်လိုမှန်း ပြောလို့ မရဘူး ဒီအတိုင်းလေးသူ့ဘာသာသူ ပြေရင်လဲပြေသွားမယ် တခုခု ဆိုရင် မေမြို့ထက် မန္တလေး ဖြစ်ဖြစ် ရန်ကုန်ဖြစ်ဖြစ်ဆေးရုံ တင်ဖို့ ပြောတာနဲ့ မန္တလေးမြို့က နန်းတော် ဆေးရုံကို မနေ့ညက တင်ခဲ့တယ် ‘ ဟု မဇ္ဈိမကို ပြောသည်။

‘နန်းတော် ဆေးရုံက ဆရာဝန်က ဓာတ်မှန် ထပ်စစ်ကြည့်တဲ့အခါ သွေး တော့ နည်းနည်း ခဲနေတယ်။ ဦးကင်းကို မေးတဲ့ အခါ သတိလဲရတယ် စကားလဲပြောနိုင်တယ် အကုန်လုံး လဲ မှတ်မိတယ် ဆိုတော့ အဲဒီ အနေ အထားက ခွဲစိတ်မှု လုပ်စ ရာ မလိုသေးတဲ့ အတွက် လေးရက်လောက် ကို ဆေးတွေနဲ့ သွေးခဲနေတာကို ဖျော်မယ် ပြီးရင် CT Scan ထပ်ရိုက် မယ်။ အခုက စောင့်ကြည့်နေတဲ့ အနေ အထားပဲ ရှိပါသေးတယ်" ဟု  ၄င်းက ဆက်လက်ပြောသည်။  

သရုပ်ဆောင် ကင်းကောင်သည် မေမြို့၌ ဗီဒီယို ဇာတ်ကား ရိုက်ကူးနေခြင်းဖြစ်ပြီး ယခုကဲ့သို့ချော်လဲ၍ သွေးခဲမှု မဖြစ် ပွားခင် ဆိုင်ကယ်မတော်တဆမှုကြောင့် ဘယ်ဘက် လက် နှင့် ခြေထောက် တွင်လည်း ဒဏ်ရာ ရရှိခဲ့သေးသည်။  

သရုပ်ဆောင် ကင်းကောင်၏ လက်ရှိ အခြေအနေမှာ သတိပုံမှန် ရှိပြီး ခေါင်းမူးခြင်း ၊ အော့ခြင်း အန်ခြင်း မရှိဘဲ စကား လည်းပြောနိုင်သောကြောင့် မန္တလေး နန်းတော် ဆေးရုံ၌ သွေးခဲပျော်အောင် ကုသပေးပြီး စောင့်ကြည့်နေသည့် အနေ အထားဖြစ်သည်။

သရုပ်ဆောင် ကင်းကောင်နှင့် တွဲဘက် သရုပ်ဆောင်မှု အများဆုံဖြစ်သည့် လူရွှင်တော် (ဦး) အရိုင်းကလည်း " ခွဲစိတ် ရတာမျိုး မရှိဘူး ကြီးကြီးမားမားလဲ သိပ်မဖြစ်တဲ့ အတွက် တော်သေးတယ်။ သူက အကုန် သတိရတယ်။ သူ အရေးပေါ် ကားနဲ့ မန္တလေးဆေးရုံ သွားနေတဲ့ အချိန် ကျွန်တော် သူ့ဘေးမှာ ပါလာတဲ့ တစ်ယောက်ကို ဖုန်းဆက်တော့ သူပြန်ဖြေပေးနေတာတွေ ကြားရတယ်။ အမြန်ဆုံး သက်သာ လာပါစေလို့ ဆုတောင်းပေးပါတယ်" ဟု ပြောသည်။

သရုပ်ဆောင် ကင်းကောင် ဆေးရုံ တင်ထားရသည့် အတွက် အနုပညာရှင်မောင်နှမများကလည်း ၄င်းတို့၏ လူမှုကွန်ယက် စာမျက်နှာများတွင်‘ဦးကင်း အမြန် ဆုံးသက်သာပါစေ’  ဆိုသည့် စာများဖြင့် ရေးသားပြီး ဆုတောင်း ပေးထားကြသည်။

Read 3883 times

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 115 guests and no members online