House Art

eng btn

Tuesday, 28 April 2015 22:23

ကန်ဒဲလ် ဂျန်နာ နှင့် ဂျနီဖာလောရင့်စ်တို့ကိုကျော်လွန်ကာ မစ်ရှဲလ်ကီဂန် ၂၀၁၅ခုနှစ်အတွက် ကမ္ဘာ့ ညို့အားပြင်းအမျိုးသမီးအဖြစ် သတ်မှတ်ခံရ

Written by  မေးအွန်လိုင်း

နယူးယော့ခ်၊ဧပြီ ၂၈။       ။ ဗြိတိန်မော်ဒယ် သရုပ်ဆောင် မင်းသမီး မစ်ရှဲလ်ကီဂန်သည်  FHM မဂ္ဂဇင်း၏ ၂၀၁၅  ခုနှစ်အတွက် ကမ္ဘာ့ညို့အားပြင်း အမျိုးသမီး အဖြစ်ရွေးချယ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

fkofbndoislk

သရုပ်ဆောင်မင်သမီး  မစ်ရှဲလ်ကီဂန်သည် ကန်ဒဲလ်ဂျန်နာ နှင့် ဂျနီဖာ လောရင့်စ်တို့ကိုကျော်လွန်ကာ ယခုကဲ့သို့ ကမ္ဘာ့ညို့ အားပြင်း အမျိုးသမီး အဖြစ် ထိပ် ဆုံးတွင် ရပ်တည်ခဲ့သည်။ မစ်ရှဲလ်ကီဂန်သည် လက်ရှိအချိန်တွင် မတ်ခ်ဝိုက်နှင့်လက်ထပ်ရန် စီစဉ်လျက်ရှိသည်။

အသက် ၂၇နှစ် အရွယ်ရှိ မီရှဲလ် အတွက် ကမ္ဘာ့ညို့ အားအပြင်းဆုံး အမျိုးသမီး အဖြစ် ထိပ်ဆုံးတွင် ရပ်တည်ခဲ့မှုသည် ပထမဆုံး အကြိမ်ဖြစ်ပြီး ၂၀၁၄ခုနှစ်က ဒုတိယ အဖြစ်သတ်မှတ် ခံခဲ့ရကြောင်းနှင့် ၂၀၁၃ခုနှစ်က စတုတ္တ အဖြစ်သတ်မှတ် ခံခဲ့ရသည်။

၂၀၁၀ ခုနှစ်က လူ ၃၀ ဦးစာရင်းတွင် ပထမဆုံး အကြိမ် ပါဝင်ခဲ့သူ မစ်ရှဲလ်ကို မကြာသေးမီက ဘီဘီစီ ရုပ်သံလိုင်းမှ ထုတ်လွှင့်သော  Ordinary Lies ဇာတ် ကားနောက် ဆုံးအပိုင်း တွင်တွေ့မြင် ခဲ့ရသည်။

 “ ကမ္ဘာ့ညို့အားပြင်းအမျိုးသမီး အဖြစ် သတ်မှတ် ခံခဲ့ရ တဲ့အတွက် မီရှ်ကို ဂုဏ်ပြု ပါကြောင်း၊ ဒီနှစ် ညို့အားပြင်း အမျိုးသမီး ၁၀၀ မဲပေးရွေးချယ်မှုဟာ ဆိုရင် ယခင်နှစ်တွေကထက် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မဲပေးရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ မဲတစ်သန်းကျော် ရှိပါတယ်။ကျွန်တော် နဲ့ FHM အဖွဲ့အ တွက်ကတော့ အရည်အချင်းရှိတဲ့ ဗြိတိန်သရုပ်ဆောင်မင်းသမီးတစ်ဦးကို ယခုလိုညို့အားပြင်းအမျိုးသမီးအဖြစ် ထိပ်ဆုံးနေရာမှာမြင်တွေ့ ရတဲ့အတွက် အရမ်း ကို ၀မ်းသာမိပါတယ်”ဟု FHM အယ်ဒီတာ ဂျိုးလ် ဘာနက်စ်ကပြောကြားသည်။

FHM မဂ္ဂဇင်းက ရွေးချယ်သတ်မှတ်သော  ၂၀၁၅ခုနှစ်အတွက် ကမ္ဘာ့ညို့အားအပြင်းဆုံး ထိပ်တန်းအမျိုးသမီး ဆယ်ဦးစာရင်း နံပါတ်တစ်နေရာတွင် မစ်ရှဲလ် ကီ ဂန်၊  နံပါတ်နှစ်နေရာတွင် ကန်ဒဲလ် ဂျန်နာ ၊ နံပါတ်သုံးနေရာတွင် ဂျန်နဖာလောရင့်စ် ၊  နံပါတ် လေးနေရာတွင်  ကိတ်အက်တန်၊ နံပါတ်ငါးနေရာတွင် ကာ ရိုလိုင်းဖလက်ခ်၊ နံပါတ်ခြောက်နေရာတွင် အရီနာဂရိတ်ဒ်၊ နံပါတ် ခုနစ်နေရာတွင် မာဂေါ့ရိုဘီ၊ နံပါတ်ရှစ်နေရာတွင် လုစီမက်ခ်လန်း ဘရက်၊နံပါတ် ကိုးနေ ရာ တွင် အီမီလီယာခလက် နှင့် နံပါတ် တစ်ဆယ်နေရာတွင် ကာလီဘရော့ခ်တို့ပါဝင်သည်။

FHM မဂ္ဂဇင်း၏ ညို့အားပြင်းအမျိုးသမီး ၁၀၀စာရင်း အချပ်ပိုကို ဇွန်လထုတ် FHM မဂ္ဂဇင်းတွင်ဖော်ပြသွားမည်ဖြစ်ပြီး ယင်းမဂ္ဂဇင်းကို ဧပြီ ၃၀ရက်တွင်ရောင်း ချသွားမည်ဖြစ်သည်။ FHM မဂ္ဂဇင်း၏ ညို့အားပြင်းအမျိုးသမီး ၁၀၀ကျော်စာရင်းကို www.fhm.com/ 100 sexiets တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်။

Read 3105 times

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 137 guests and no members online