House Art

eng btn

Monday, 27 April 2015 19:39

ရေဒီယို ဒစ္စနေဂီတဆုပေးပွဲတွင် ဂျေလို Hero ဆုရရှိ

Written by  မေးအွန်လိုင်း

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၂၇။     ။ ကမ္ဘာကျော် မင်းသမီး ဂျနီဖာ လိုပက်ဇ်သည် အမေရိ ကန်ပြည်ထောင်စုလော့စ် အိန်ဂျလိစ်မြို့တွင် ဧပြီ ၂၆ ရက် ကပြု လုပ်သောရေဒီယို ဒစ္စနေဂီတ ဆုပေးပွဲ တွင် Hero ဆုရရှိခဲ့သည်။ အသက် ၄၅နှစ်အရွယ်ရှိဂျေလိုသည် ဆုကိုလက်ခံယူစဉ် ၄င်းဝတ်ဆင်ထားသော အ၀တ် အစားများက ပွဲသို့တက်ရောက် လာသော သူများကို မှင်သက်ငေးမောစေ သည်။

2801B17300000578-3055831-image-m-151 1430024909252

ဂျေလိုသည်  လင်းလက်တောင်ပေနေသာ အပြာရောင် ၀တ်စုံကို ၀တ်ဆင်ထားကာ ရင်သပ်ရှုမောဖွယ် လှပနေသည်။ဂျေလိုသည် လက်သည်းကို အဖြူရောင် လက်သည်းဆိုးဆေး ဆိုးထား ပြီးခေတ်ဆန်သော လက်စွပ် များကို ၀တ်ဆင်ထားကာ နှုတ်ခမ်းကို အရောင်ဖျော့ဖျော့ နှုတ်ခမ်းနီးဆိုးထားပြီး  ၀တ်ဆင် ထားသော ၀တ်စုံနှင့် စတိုင်ကျ လှပနေသည်။

ဂျေလိုကို အကောင်းအဆုံး သရုပ်ဆောင် မင်းသားဆုနှင့် အကောင်းဆုံးတေး သီချင်းဆုတို့အတွက် ဆန်ခါတင်စာရင်း တွင်ပါဝင်သူ နစ်ခ်ဂျိုနက်စ်က  ဆုချီးမြှင့်ပေး ခဲ့သည်။

ဂျေလို သည်၎င်း၏ မိသားစုဖောင်ဒေး ရှင်းကိုယ်စား အမျိုးသမီး များနှင့် ကလေးများ အတွက် ပရဟိတ ကူညီထောက်ပံ့ပေး မှုများ အတွက် Heroဆုကိုရရှိ ခဲ့ခြင်းဖြစ် သည်။ဂျေလိုသည် ဆုလက်ခံ ရရှိသည့် ဓာတ်ပုံများနှင့် အဖြူအမဲဖြင့်ရိုက်ထားသည့် ဆုကိုကိုင်ဆောင်ထားသော ဓာတ်ပုံများကို Instagram တွင် တင်ခဲ့သည်။

” Hero ဆုကို ရရှိတဲ့ အတွက်ရေဒီယို ဒစ္စနေတေးဂီတဆုပေးပွဲ ကိုကျေးဇူး တင်ပါတယ်။ ဆုရရှိတဲ့ အတွက် စိတ်လှုပ်ရှား ရပါတယ် ” ဟုဂျေလိုက Instagram တွင်ရေးသားခဲ့သည်။

ဂျေလိုသည် Bridesmaids meets The First Wives Club ဇာတ်ကားကို ရုပ်ရှင်ထုတ်လုပ်မှု စီးပွားဖက်သောမတ်စ်၊ ဘန်နီမီဒီနာတို့နှင့်အတူ  ၄င်း၏ Nuyorican ထုတ်လုပ်ရေး တို့ဖြင့်ရိုက် ကူးထုတ်လုပ် သွားမည်ဖြစ်သည်။

Read 2772 times

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 140 guests and no members online