Print this page
Thursday, 01 January 2015 14:52

စုံတွဲအယ်လ်ဘမ် ချစ်သူများနေ့အမီ မထွက် ဖြစ်ဟု စည်သူလွင် ဆို

Written by  ပန်းမြတ်ဇော်

ရန်ကုန်၊(မဇ္ဈိမ)။  ။အဆိုတော် စည်သူလွင်သည် ၂၀၁၅ ခုနှစ်၊Aဖဖော်ဝါရီ ၁၄ရက် (ချစ်သူများနေ့) အမီ စုံတွဲအယ်လ်ဘမ်ကို ထွက်ရှိရန် စီစဉ် ထားသော်လည်း ယင်းနေ့ ၌ထွက်ရှိရန် အချိန် မမီခြင်းကြောင့် ၂၀၁၅ ခုနှစ် အတွင်းသာ ထွက်ရှိ မည်ဟု ၎င်းက မဇ္ဈိမ ကိုပြောသည်။

Si-Thu-Lawn

“ကိုယ့်ကြောင့်”သီချင်းဖြင့် အောင်မှုရလာသည့် စည်သူလွင်။ ဓာတ်ပုံ-လွင်မောင်မောင်

“အစက ဖေဖော်ဝါရီ ၁၄ မှာ ထွက်ဖို့ စီစဉ်ထားတာ။ သီချင်းတွေက အခုမှ အသံစသွင်းတာဆိုတော့ အချိန် မမီတော့ဘူး။ ဖေဖော်ဝါရီမှာ မထွက်ဖြစ်ပေမယ့် ကြားလထဲမှာတော့ ထွက်ဖြစ်မှာပါ။ ဘယ်တေးရေးဆရာ ရဲ့ သီချင်းတွေကို အသုံးပြုဖြစ်မယ်ဆိုတာကို ပြောလို့မရသေးပါဘူး။

ဘယ်တေးဂီတ၀ိုင်းနဲ့ တီးမယ်ဆိုတာလည်းပြောလို့မရသေးသလို အသံသွင်းမယ့် စတူဒီယိုလည်း မသေချာသေးပါဘူး။ လျှို့ဝှက်ချက်ပေါ့”ဟု ၎င်းကပြောသည်။

၎င်း၏ စုံတွဲ အယ်လ်ဘမ်တွင် အချစ်သီချင်း များစွာ ပါဝင်မည်ဖြစ်ပြီး ယင်းသီချင်းများသည် ပေါ့ပ်ဂီတအမျိုး အစားများဖြစ်ကာ မည်သည့်တေးရေး ဆရာများ ၏သီချင်း များကို ထည့်သွင်း အသုံးပြု မည်ကို မဆုံးဖြတ်ရ သေးဟု ၎င်းကဆိုသည်။

အဆိုတော် စည်သူလွင်သည် မေလ ၁၀ ရက်က Si Thu Lwin @ National Theatre အမည်ဖြင့် တစ်ကိုယ်တော်ရှိုးပွဲ ကျင်းပပြု လုပ်ခဲ့သည်။ ၎င်းသည်ဂီတ အနုပညာလောကထဲကို ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာ လတွင် “ချစ်သူများရဲ့နေ့” တစ်ကိုယ်တော် အယ်လ်ဘမ်ဖြင့် စတင်ဝင်ရောက်ခဲ့ပြီး ယင်းအယ်လ်ဘမ်မှ  “ကိုယ့်ကြောင့်” သီချင်းသည် ပရိသတ်များကြားတွင် အောင်မြင်မှုရရှိခဲ့သည့်အပြင် တစ်ကိုယ်တော် အယ်လ်ဘမ် ရှစ်ခုထွက်ရှိခဲ့သည်။

Read 798 times