House Art

eng btn

Saturday, 27 December 2014 18:04

အကယ်ဒမီပွဲ တက်ရောက်လာသူများ၏ ရင်ခုန်သံ

Written by  မြင့်မြင့်စိုး

Myanmar-Academy-award-9

ဓာတ်ပုံ - သက်ကို

၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာ ၂၇ရက်တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် ညနေ ၄နာရီမှ စတင် ကျင်းပလျက်ရှိသည်။

အကယ်ဒမီပွဲသို့ တက်ရောက်လာသည့် မင်းသား၊ မင်းသမီးများ၊ ဒါရိုက်တာများ၏ ရင်ခုန်သံစကားများကို မဇ္ဈိမသတင်းထောက် မြင့်မြင့်စိုးက စုစည်းတင်ပြထားသည်။


ကိုဇော် (အရုဏ်ဦး)

ကျွန်တော်ပါဝင်တဲ့ ကားနှစ်ကားက သရုပ်ဆောင်တွေကို ပိုရစေချင်ပါတယ်။ ဖလင်နဲ့ ရိုက်ထားတာ ဒီနှစ်ကားနောက်ဆုံးပဲ နောက်ပိုင်းက ဒီဂျစ်တယ်နဲ့ပဲ ရိုက်တော့မှာလေ။ ဖလင်နဲ့ ရိုက်ရတာ အရမ်းခက်ခဲပါတယ်။ ဖလင်နဲ့ ရိုက်ရတာ တော်တော် ဒုက္ခရောက်တယ်။ အဲဒါကြောင့် ကျွန်တော်နဲ့ တွဲသရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကိုပဲ ပိုရစေချင်တယ်။

လူမင်း

ခံစားချက်ကနှစ်မျိုးပေါ့။ ကိုယ်ပါတဲ့ ဇာတ်ကားအတွက်လည်း ရင်ခုန်တယ်။ ဒီအခမ်းအနားကြီး အဆင်ပြေပြေပြီးသွားပါ့မလား ဆိုတာကိုလည်း အရမ်းရင်ခုန်နေတယ်။ ကြယ်စင်မော်ကွန်း ကားကတော့ ကျွန်တော်တော်တော်ကြိုးစားထားပါတယ်။

မြင့်မြင့်ခိုင်

ဆန်ခါတင်ခြောက်ကားလုံး ကြည့်ရတာ တော်တော်ကောင်းပါတယ်။ ဇာတ်ပို့ သရုပ်ဆောင်မှာဆို အရမ်းကောင်းတာ သုံးယောက်လောက်တောင်တွေ့တယ်။ ဇာတ်ဆောင်မှာ ဆိုလည်း နှစ်ယောက်တောင်တွေ့တယ်။ အရမ်းကောင်းလွန်းတော့ ဘယ်သူ အကယ်ဒမီရမလဲဆိုတာ ပြောရခက်တယ်။ အမျိုးသမီးသရုပ်ဆောင်မှာဆို ခိုင်သင်းကြည်လို့ ထင်ပါတယ်။

ဝိုင်း (ဒါရိုက်တာ)

တတ်နိုင်သလောက် ဒီဇာတ်ကားတွေကို ကြိုးစားထားပါတယ်။ ကျွန်တော်အကယ်ဒမီဆုကို လိုချင်တာ ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ပရိသတ်အတွက်ပါ။ ပရိသတ်အတွက် ဒီအကယ်ဒမီဆုကို ရယူပေးချင်တာပါ။ သူတို့ အားပေးမှုကို ထိုက်ထိုက်တန်တန်ဖြစ်စေချင်တာပါ။

သက်မွန်မြင့်

ပရိသတ်က သက်မွန်ကို ချစ်တဲ့ စိတ်နဲ့ ရစေချင်တာပါ။ ပရိသတ်ဆန္ဒကို ဖြည့်ဆည်းပေးချင်ပေမယ့် ဒီနှစ်တော့ ကိုယ့်ကိုယ်ကိုယ် သိပ်အားမရပါဘူး။

ဓိရာမိုရ်

ကျွန်တော်ပါဝင်တဲ့ ဇာတ်ကားနှစ်ကားလုံးက ကိုဝိုင်းနဲ့ တိုင်ပင်ပြီး အကောင်းဆုံးလုပ်ထားတာပါ။ အကယ်ဒမီထူးချွန်ဆု ရရှိဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ ရုပ်ရှင်လောကအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတာပါ။

နေတိုး

ဒီနှစ်မှာတော့ ကျွန်တော့် ဇာတ်ကားတွေက များများပါတော့ ပရိသတ်နဲ့ အတူရင်ခုန်ခွင့်ရှိတဲ့ နှစ်ပါ။ ဘယ်ကားရယ်မှမ ဟုတ်ပါဘူး။ ကျွန်တော် ဇာတ်ကားတွေကို စသရုပ်ဆောင်ကတည်းက သဘာဝကျပီပြင်အောင်သာ သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပါ တယ်။ အဆုံးအစွန်အထိ မမျှော်လင့်ထားပါဘူး။ အခြားသရုပ်ဆောင်တွေလည်း ဆိုင်ရာဆိုင်ရာဇာတ်ကားတွေမှာ သရုပ်ဆောင်တာ အရမ်းကောင်းပါတယ်။ အခြေအနေအမှန်ကိုတော့ စာအိတ်ဖွင့်ဖောက်တဲ့ အချိန်မှပဲ သိနိုင်မှာပါ။

ထွန်းအိန္ဒြာဗို

အနုပညာသမားတိုင်းမျှော်လင့်ရတဲ့ ဆုတစ်ခုပါပဲရှင့်။

ဖွေးဖွေး

ဆန်ခါတင်ခြောက်ကားထဲမှာ ပါတဲ့ ဇာတ်ကားတွေအကုန်လုံးထဲက သရုပ်ဆောင်တွေက ဒိတ်ဒိတ်ကြဲတွေချည်းပဲဆိုတော့ တကယ်တော်တဲ့သူရပါစေလို့ မျှော်လင့်ဆုတောင်းပေးပါတယ်။

စိုင်းစိုင်းခမ်းလှိုင်

ကျွန်တော်က အားပေးဖို့ လာတာပါဗျ။ အားလုံးဘယ်သူပဲရရ ကျွန်တော်အားပေးမှာပါ။ တစ်ကားချင်းတော့ မပြောတတ်ပါဘူး။ အားပေးဖို့ပဲ လာတာပါ။ အကယ်ဒမီကတော့ ကျွန်တော်နဲ့ မထိုက်တန်သေးပါဘူး။

ခိုင်သင်းကြည်

အမရင်ခုန်နေပါတယ်။ အကယ်ဒမီဆုကြီး ရခဲ့ရင်တော့ အရမ်းဝမ်းသာမှာပါ။ တကယ်လို့ မရခဲ့ရင်လည်း အမမတော်လို့ မဟုတ်ပါဘူး။ မရသင့်သေးတဲ့ အချိန်မို့လို့ မရသင့်သေးဘူးလို့ မှတ်ယူပါတယ်။

ဝတ်မှုန်ရွှေရည်

ကစ်အရမ်းရင်ခုန်နေပါတယ်။ ဒီအကယ်ဒမီပေးပွဲက ကစ်အတွက် ပထမဆုံး ရင်ခုန်ခွင့် ရတဲ့နှစ်ပါ။ ပရိသတ်ကလည်း ကစ်ကို ခန့်မှန်းပေးလို့ ကစ်အရမ်းရင်ခုန်နေပါတယ်။

Read 3431 times Last modified on Sunday, 28 December 2014 16:57

Related items

  • ဆန်းသစ်တီထွင် အကယ်ဒမီပွဲတက် ဖက်ရှင်
  • အကယ်ဒမီမှန်းချက်နှင့် လွဲခဲ့ရသူများ

    Neto

    ဓာတ်ပုံ - သက်ကို

    ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ချီးမြင့်ပွဲကို ဒီဇင်ဘာ ၂၇ ရက်က စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း ပရိသတ်ခန့်မှန်းချက်နှင့် လွဲမှားမှုများကြုံခဲ့ရသည့် အနုပညာရှင်များကို မဇ္ဈိမမှ လေ့လာကြည့်ဖြစ်ခဲ့သည်။

  • စပွန်ဆာ အ၀တ်အစားအဆင်မပြေဖြစ်ခဲ့ကြရသည့် ဒိန်းဒေါင်နှင့် ခင်လှိုင်

    ၂၀၁၃ခုနှစ် အကယ်ဒမီပွဲတက်ဝတ်စုံကို ကူညီပံ့ပိုးသည့် စပွန်ဆာများ၏ အ၀တ်အစားများကြောင့် ဒီဇင်ဘာ ၂၇ရက်တွင် တက်ရောက်မည့် အကယ်ဒမီပေးပွဲ၌ အခက်အခဲများတွေ့ခဲ့ ကြရသည်ဟု ဒိန်းဒေါင်က မဇ္စျိမကို ပြောသည်။

  • အကယ်ဒမီဆုရှင်များ၏ ရင်တွင်းစကားများ

    Academy-award-ceremony-26

    ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ

    ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် နောက်ခံတေးဂီတဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု ခြောက်ဆု ပေးအပ်ခဲ့သည်။

    နောက်ခံတေးဂီတဆုကို စန္ဒယား တင်ဝင်းလှိုင်၊ အမျိုးသမီး ဇာတ်ပို့ဆု ခိုင်သင်းကြည်၊ အမျိုးသား ဇာတ်ပို့ဆု မင်းဦး၊ အမျိုးသမီး ဇာတ်ဆောင်ဆု ဝတ်မှုံရွှေရည်၊ အမျိုးသား ဇာတ်ဆောင်ဆု ပြေတီဦး၊ ဒါရိုက်တာဆု ဝိုင်းတို့က အသီးသီး ရရှိခဲ့သည်။ ဆုရရှိသူများက ဆုရပြီးတဲ့နောက် ဘယ်လိုခံစားရလဲ၊ ကျေးဇူးတင်စကားကို ဘာတွေပြောကြလဲ မဇ္ဈိမသတင်းထောက် မြင့်မြင့်စိုးက စုစည်းတင်ပြထားသည်။

  • အကယ်ဒမီ ထူးချွန်ဆု ချီးမြင့်ပွဲ၏ အဓိက ပံ့ပိုးကူညီသူ အဖြစ် Alpine သောက်ရေသန့် ရရှိ

    ရန်ကုန်၊ ဒီဇင်ဘာ ၅။ ၂၀၁၃ ခုနှစ် အတွက် ချီးမြင့်မယ့် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ချီးမြင့်ပွဲ အတွက် အဓိက ပံ့ပိုး ကူညီ သည့်သူ အဖြစ် Alpine သောက်ရေသန့် ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိခဲ့ သည်ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးက ထုတ်ပြန် ခဲ့သည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 139 guests and no members online