House Art

eng btn

Friday, 26 December 2014 20:46

ဂျိမ်းစ်ဘွန်း ကားသစ် အတွက် စိတ်လှုပ်ရှား နေသည့် ဒယ်နီရယ် ခရိတ်

Written by  Mizzima

နယူးယော့ခ်၊ ဒီဇင်ဘာ ၂၆။ အသစ် ရိုက်ကူးနေသည့် ဂျိမ်းစ်ဘွန်း ဇာတ်ကားသစ် ‘Spectre’ တွင် ပါဝင်ရသည့် အတွက် မင်းသား ဒယ်နီရယ် ခရိတ်က အလွန် အမင်း ပျော်ရွှင်နေပြီး တွဲဖက် သရုပ်ဆောင်သစ်များနှင့် တွေ့ဆုံ ရိုက်ကူးရသည့် အတွက်လည်း ၀မ်းမြောက် မိသည်ဟု ဆိုသည်။

JamesBond

ဆိုနီ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးမည့် အဆိုပါဇာတ်ကားသည် မင်းသားဒယ်နီရယ်တွက် ဂျိမ်းစ်ဘွန်း ဇာတ်ကောင်အဖြစ် သရုပ်ဆောင်သည့် စတုတ္ထမြောက် ဇာတ်ကားဖြစ်ပြီး အဆိုပါ ဇာတ်ကားကို နောက်ဆုံး ထွက်ရှိထာသည့် ဂျိမ်းစ်ဘွန်း ရုပ်ရှင် ဖြစ်သော ‘Skyfall’ ကိုရိုက်ကူးခဲ့သည့် ဒါရိုက်တာ ဆမ်မန်ဒေးစ် ကပင် ဆက်လက် ရိုက်ကူးမည် ဖြစ်သည်။

“ဒီရုပ်ရှင် အတွက် ကျွန်တော်တို့ အတူတူ ကြိုးစား နေကြတာ နှစ်နှစ်လောက် ရှိပါပြီ။ ပြီးတော့ တော်တော်လေး ကြိုးပမ်းအားထုတ်ပြီး ခက်ခက်ခဲခဲ လုပ်ဆောင် ရတာတွေ အများကြီးပါ”ဟု ဒယ်နီရယ်က ဆိုသည်။

ဒါရိုက်တာ သာမက ‘Skyfall’ တွင် ပါဝင်ခဲ့သည့် သရုပ်ဆောင် များပါ ယခု ဇာတ်ကားတွင် ပါဝင်မည် ဖြစ်ပြီး ဒါရိုက်တာ ဆမ်နှင့် ထပ်မံ ဆုံတွေ့ ရခြင်း အတွက် လည်း “ဒီကား အတွက်တော့ သူတစ်ယောက်ပဲ လုပ်နိုင် မှာပါ။ ‘Skyfall’ မှာ အလွန် ကောင်းမွန်တဲ့ လုပ်ဆောင် မှုကို သူလုပ် ခဲ့တယ်။ ဒါကြောင့်ပဲ ခုလိုနောက် တစ်ကား ဆက်ရိုက်ဖို့ ဖြစ်လာတယ် ဆိုတာ မြင်သာတဲ့ ရွေးချယ်မှုပါပဲ” ဟု ဆိုခဲ့သည်။

ကမ္ဘာ တစ်ဝှမ်းတွင် ဒေါ်လာ တစ်ဘီလျံကျော် ၀င်ငွေ ရရှိခဲ့ပြီး အော်စကာဆု နှစ်ဆု ရရှိခဲ့သည့် ‘Skyfall’ ဇာတ်ကားကို မီအောင် ရိုက်ကူး ရခြင်းသည် လွယ်ကူ သည့် ကိစ္စရပ် မဟုတ်သော်လည်း မကြာသေးမီက ဆိုနီ၏ အချက် အလက်များ ခိုးယူ ခံရခဲ့ခြင်းမှ ပါက်ကြား လာခဲ့သော အချက် အလက်များ အရ ‘Spectre’ ဇာတ်ကားကို ရိုက်ကူး ကုန်ကျ စရိတ်ထက် အများကြီး သာစေမည့် ၀င်ငွေ ရရှိစေရန် ရည်ရွယ်ထားပြီး ဇာတ်ညွန်း ကိုလည်း အပြောင်းအလဲ ကြီးကြီး မားမားပြု လုပ်ရန် လိုအပ်ခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း ဒယ်နီရယ်သည် ၄င်းသရုပ်ဆောင်မည့် ရုပ်ရှင် အပေါ် လုံးဝ အကောင်းမြင်စိတ် ရှိပြီး ယခုလို ဖြစ်ရသည်မှာ ဇာတ်ကားတွင် ပါဝင်မည့် များပြား လှသော သရုပ်ဆောင် များ၏ အခန်းကဏ္ဍက တစ်စိတ်တစ်ပိုင်း ဖြစ်ခြင်းကြောင့် ဖြစ်သည်။

“နာအိုမီ ကမ့်ဘဲလ် ကလည်း ဒီကားမှာ ပြန်ပါ လာတယ်။ နောက်ပြီး တကယ့်ကို ထူးချွန်တဲ့ သူတွေလည်း ပါသေးတယ်။ ကျွန်တော် တို့တော့ ဘယ်လို လုပ်ဖြစ် မလဲ ဆိုတာတော့ မသိသေးဘူး။ ဒါကို လုပ်ချင်စိတ်တော့ ဖြစ်တယ်၊ ကျွန်တော်တို့ အတွက်ဖြစ်လာမယ့် အရာအပေါ် ရူးသွပ်စွာ လုပ်ဆောင်မှုထဲ ပါဝင်ချင်တယ် ” ဟု ဒယ်နီရယ်ကဆိုသည်။

Ref: Ace Showbiz

Read 1185 times

Related items

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 207 guests and no members online