House Art

eng btn

Friday, 26 December 2014 18:15

ဟောလီးဝုဒ် သတင်းတိုများ

Written by  Mizzima

 ChrisNCurrenche

 

 

 

 

 

 

ချစ်သူနှင့် ပြန်ပေါင်း ထုတ်ပြီလား ခရစ်ဘရောင်း

အဆိုတော်ခရစ်ဘရောင်းတစ်ယောက်ပြီး ခဲ့ သည့်လတွင်မှ ချစ်သူနှင့် လမ်းခွဲပြတ် စဲခဲ့ပြီ ဟုကြေ ညာပြော ဆို ခဲ့သော်လည်း ယခု ရက်ပိုင်း အတွင်း အဆိုတော်ကို ပြတ်စဲ ခဲ့ပြီ ဟု ကြေငြာ ထားသည့်    ၄င်း၏ ချစ်သူကယ်  ရူချီထရန် နှင့်အတူ အများ မြင်ကွင်း တွင်တွဲသွားတွဲလာလုပ်နေသည်ကို မြင်တွေ့ရသဖြင့် ၄င်းတို့နှစ် ဦးပြန်ပေါင်း ထုပ်နေ ပြီလားဟု မေးခွန်းများပေါ်ထွက် နေသည်။ ၄င်းတို့ကို လော့စ်အိန်ဂျယ်လိစ် မြို့ရှိကလပ် တစ်ခုအတွင်း မှ အတူတွဲ ထွက်လာ သည်ကို မီဒီယာ များက အမိအရ မှတ်တမ်းတင်နိုင် ခဲ့ကြပြီး ၄င်းတို့ နှစ်ဦး သည်ကား တစ်ယောက် တစ်စီးစီဖြင့် ထွက်ခွါသွားခဲ့သည်။

RojanTheInterview

 

 

 

 

 

 

‘The Interview’ ရုပ်ရှင်ပြသပွဲ ဆစ်သ်ရိုဂျန်တက်ရောက်

အငြင်းပွားဖွယ်ရာ ဇာတ်ကား တစ်ကား ဖြစ်သော ‘The Interview’ ရုပ်ရှင်ကို ခရစ္စ မတ်နေ့ က ရုံတင်ပြသရာတွင် အဆိုပါ ဇာတ်ကားထဲမှ သရုပ်ဆောင် တစ်ဦး ဖြစ် သူ ဆစ်သ်ရိုဂျန် လည်း ကြိုတင် စီစဉ်ထားခြင်း မရှိဘဲ တက်ရောက် ခဲ့သည်။ အဆိုပါ ဇာတ် ကားကို ကိုယ်တိုင် ပါဝင် သရုပ်ဆောင် ရိုက်ကူးသူ ဆစ်သ်သည် အခြား အဖော် တစ်ဦး တစ်ယောက်မှ မပါဘဲ တစ်ဦးတည်း တက်ရောက် လာခြင်း ဖြစ်ပြီး “ခင်ဗျားတို့ကို ရေ လည် ကျေးဇူး တင်တယ်။ ကျွန်တော်တို့က ဒီလိုမျိုး လုံးဝ ဖြစ်မလာ တော့ဘူးတောင် ထင်ထားတာ”ဟု ပရိသတ်ကို ဆစ်သ်က နှုတ်ဆက်ခဲ့သည်။

Ammy

 

 

 

 

 

‘Twilight’ ကိုငြင်းခဲ့သည့် အမ်မီရိုဆမ်

မင်းသမီး အမ်မီရိုဆမ်သည် ‘Twilight’ ဇာတ်ကားတွင် ပါဝင်ရန် ကမ်းလှမ်းခြင်း ခံခဲ့ရ သော် လည်း ၄င်းဘက်က ငြင်းပယ် ခဲ့သည်ဟု ဆိုသည်။ လူတကာ သဘော ကျ နေသည့် အဓိက ဇာတ်ဆောင် ဇာတ် ရုပ်ကို ငြင်းပယ် ခဲ့ရခြင်းသည် ဇာတ်ညွှန်းကို သဘောမ ကျခြင်းကြောင့်ဖြစ် သည်ဟု ဆိုသည်။ ‘Twilight’ နှင့် နှိုင်းယှဉ် ခံရသည့် သွေးစုပ် ဖုတ်ကောင် ရုပ်သံ ဇာတ်လမ်း တွဲ ‘Beautiful Creatures’ ဇာတ်ကား တွင်မူ အမ်မီက ပါဝင် သရုပ်ဆောင်ခဲ့ပြီး ထိုကားတွင် ပါဝင် ခဲ့ခြင်းမှာ “ဒီဇာတ်ရုပ် ကတော့ ကွဲပြား ပါတယ်။ အမျိုးသမီး တွေကို ခွန်အား တက်စေ တယ်။ အမျိုးသမီး ဇာတ်ရုပ် တော်တော် များများက ကိုယ်တိုင် ဘာဖြစ်လာမယ်၊ ကိုယ့်ဘ၀ကို ကိုယ်ဘယ်လိုနေ ထိုင်မယ် ဆိုတာကို ဆုံးဖြတ်နိုင် ကြတယ်”ဟု ဆိုခဲ့သည်။

ALavigne

 

 

 

 

 

ကောလာဟလ များကို အဗရယ်လာဗင်း ဟားတိုက်

ပရိသတ် မြင်ကွင်းမှ ခုနှစ်လ နီးပါး ကြာေ အာင် ပျောက်ကွယ် နေခဲ့သည့် အဆိုတော် အဗရယ် လာဗင်းသည် ပြန်လည် ထူထောင်ရေး စခန်းတွင် ဆေးကုသမှု ခံယူ နေရသည် ဆိုသောကော လာဟလ များကို ဟာသ လုပ်ခဲ့ပြီး ပရိသတ်ကို ၎င်း၏ လူမှုကွန်ယက် မီဒီယာ စာမျက်နှာမှ တစ် ဆင့် ခရစ္စမတ် ဆုမွန်ကောင်း တောင်းခဲ့သည်။ ပြီးခဲ့သည့် လက၎င်း၏ ကျန်းမာရေး အခြေအနေ အတွက် ပရိသတ်များကို ဆုတောင်းပေး ကြပါဟု အဆိုတော်က ရေးခဲ့ ပြီးနောက် ကောလာ ဟလ များစွာ ထွက်ပေါ်ခဲ့ပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အဆိုတော်က ‘တကယ့်ဟာသတွေ ပါပဲ။ အားလုံးပဲ ပျော်စရာ ခရစ္စမတ် ဖြစ်ကြ ပါစေ’ ဟု တုံ့ပြန် ရေးသား ခဲ့သည်။

 

Ref: Daily Mail

Read 787 times Last modified on Friday, 26 December 2014 21:48

Related items

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 154 guests and no members online