House Art

eng btn

Friday, 26 December 2014 12:16

ဆန်းသစ်တီထွင် အကယ်ဒမီဖက်ရှင်

Written by 

၂၀၁၃ ခုနှစ် အကယ်ဒမီပေးပွဲမှာ တက်ရောက်ကြမယ့် အနုပညာရှင်များရဲ့ အကယ်ဒမီပွဲတက်ဖက်ရှင် အချို့ကို ကြိုတင်ခံစားဖို့ မျှဝေပေးလိုက်ပါတယ်။

အကယ်ဒမီပွဲတက်ရောက်ကြမယ့် အနုပညာရှင်တွေရဲ့ပွဲတက်ဖက်ရှင်ဆန်းတွေကို ဒီဇိုင်နာတွေကလည်း ဖန်တီးပုံဖော်နေကြတာမို့ ဒီဇိုင်နာ ဌေးဌေးတင် ပုံဖော်နေတဲ့ ဒီဇိုင်းအချို့ကို မဇ္ဈိမသတင်းထောက် မိုးသူနဲ့ သူဇာလင်းတို့က ဖော်ပြပေးလိုက်ပါတယ်။ 

 

သန်းသန်းစိုး(ဒီဇိုင်နာဌေးဌေးတင် SHI MI ZU)
ရွှေလွန်းတင်ပိုးထည်တိုက်က ချိတ်ရွှေဝါရောင်ကိုကျီးဥစိမ်းရောင်နဲ့စပ်ထားပါတယ်။

ချိုပြုံး
ဒီနှစ်လည်းချိတ်ပဲ ဝတ်မှာပါ။ မြတ်ပန်းပွင့် ပိုးထည်ကပါ။

စိုးရန်အောင်
ဒီနှစ် အဝတ်အစားက Aromaက စီစဉ် ပေးမှာပါ။ မြန်မာဆန်တဲ့ ဖက်ရှင်မျိုးပဲ ဝတ်မှာပါ။

အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ပါဝင်ကူညီခွင့်ရသည့် ဆင်ကိုးကောင် ဖိနပ်ဆိုင်ပိုင်ရှင်မစောကေသီမြိုင်နှင့်တွေ့ဆုံခြင်း

အကယ်ဒမီထူးခွန်ဆုပေးပွဲတွင်ပါဝင်လှုပ်ရှားသူများနှင့် အနုပညာရှင်များကို တဖက်တစ်လမ်းမှ ကူညီခွင့်ရသည့် ဆင်ကိုးကောင်ဖိနပ်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့် မစောကေသီမြိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

မြင့်မြင့်စိုး

ရွှေကြို ဆယ်ယောက်ကို စပွန်ဆာပေးဖို့ ဘယ်လို စီစဉ်တာလဲ။

မနှ စ်ကလည်း စပွန်ဆာပေးတယ်။ ဒီနှစ်လည်း မနှစ်ကလိုပဲ စပွန်ဆာပေးဖြစ်သွားတာပါ။ ထူးထူးခြားခြားတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီနှစ်မှာ ထူးထူးခြားခြား အမျိုးသားတွေလည်း ပါတယ်ဆိုတော့ အမျိုးသားတွေကို ကူညီပေးချင်တာပါ။ ရွှေကြို ဆယ်ယောက်တင် မကပါဘူး။ တခြား အနုပညာရှ င်တွေလည်း ပါတယ်။ ရန်အောင်၊ မင်းဦး၊ လူမင်း ဇနီးမောင်နှံ၊ ပြေတီဦး ဇနီးမောင်နှံ၊ ထက်ထက်မိုးဦး ဇနီးမောင်နှံ၊ ဝါဆိုမိုးဦး၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ သူထူးစံ၊ မြင့်မြတ်၊ ညီထွဋ်ခေါင်၊ ဒါရိုက်တာ ဝင်းထွန်းထွန်း၊ ဖိုးသောကြာ၊ ဇေရဲထက်၊ ရဲမွန်၊ ကျော်ကျော်ဗို၊ ခိုင်နှင်းဝေ၊ ခိုင်သင်းကြည်တို့ ဇနီးမောင်နှံ၊ သွန်းဆက်၊ ခင်ဇာခြည်ကျော်နဲ့ တခြားအနုပညာရှင်တွေလည်း ပါပါတယ်။

ရွှေကြိုတွေကို စပွ န်ဆာပေးမယ့် ဖိနပ်ကို တီထွင်ထားတဲ့ ပုံစံက။

ဒီဖိနပ်တွေ တစ်ရန်ကို ၁၃,ဝ၀ဝ ပါ။ ခါတိုင်းနှစ်လို တစ်ရောင်တည်းမသုံးဘဲ ဒီနှစ်က ပိုးချိတ်အရောင်အတိုင်းကို ပိုးကတ္တီပါရောင်စုံနဲ့ ပိုပြီး ဆန်းသစ်ထားတာပေါ့နော်။ သဲကြိုးပေါ်မှာတော့ စိန်လေးတွေ စီထားတယ်။ နောက်ဆုံးပေါ် ဒီဇိုင်းလေးတွေနဲ့ ပိုပြီး ဆန်းသစ်ထားပါတယ်။ ဒီနှစ်ကတော့ ပိုးချိတ်အရောင်အတိုင်းကို ရောင်စုံလုပ်ထားတယ်။ အမျိုးသား ဝတ်စုံဝတ်တဲ့အတွက် အပါးပဲ ခုံနည်းနည်းထူထားတယ်။ သူတို့ကို တစ်ခါတည်း အပိုင်ပေးလိုက်တာပါ။

မင်းသမီးတွေအတွက်ကိုရော ဘယ်လိုဒီဇိုင်းတွေ ဆန်းသစ်ထားလဲ။

မင်းသမီးတွေကတော့ လေးလက် မခုံမြင့် အထူတွေကိုပဲ ကတ္တီပါနဲ့ ချုပ်တယ်။ ပိုးကတ္တီပါနဲ့လည်း ချုပ်တယ်။ အင်္ဂလန်ကလာတဲ့ ပိုးဖဲအထူသားတွေကိုလည်း ချုပ်တယ်။ ဒီဇိုင်းတွေကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ အချို့စိန်အပြည့်ခတ်ထားတယ်။ စိန်အပြည့်ခတ်ဆိုတာ ကွာလတီကောင်းတဲ့ ကိုရီးယား စိန်၊ ခရစ္စတယ် အကောင်းစားကို သုံးပြီး ဒီဇိုင်းအမျိုးမျိုးနဲ့ လုပ်ထားတယ်။ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။

ဘယ်အချိန်ကနေစပြီး အကယ်ဒမီအတွက် စပွန်ဆာပေး ဖြစ်တာလဲ။

မနှစ်ကတော့ ဗန်းကိုင်တွေကိုစပြီး စပွန်ဆာပေးဖြစ်တယ်။ ဒီနှစ်တော့ ရွှေကြိုတွေပေါ့။ မင်းသမီး မင်းသားတွေကို အကယ်ဒမီပွဲအတွက် စပွန်ဆာပေးဖြစ်တာကတော့ လေးနှစ်ရှိပြီ။ လေးနှစ် ဆက်တိုက် ချုပ်ပေးခဲ့ရတဲ့ မင်းသား မင်းသမီးတွေကတော့ သူထူးစံ၊ ခန့်စည်သူ ရှိမယ်။ မြင့်မြတ်၊ ပြေတီဦးတို့ ဇနီးမောင်နှံ၊ ဖိုးသောကြာ၊ ထွန်းထွန်းတို့ပါ။

ဖိနပ်လုပ်ငန်း စတင်တည်ထောင် ဖြစ်ခဲ့ပုံက။

စတည်ထောင်တာကတော့ ၁၉၉၄ ခုနှစ်ကတည်း ကပါ။ အစ်မတို့ ယောက္ခမတွေကတော့ သားရေစက်ရုံရှိတယ်။ အစ်မတို့က ကုန်ချော ဆက်ထုတ်တာပေါ့။

soe
Read 4358 times Last modified on Friday, 26 December 2014 13:23

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 149 guests and no members online