House Art

eng btn

Thursday, 18 December 2014 18:16

ပရိသတ်ကို နိုင်ငံကိုယ်စားပြု ဝတ်စုံ၊ ညနေခင်း ဝတ်စုံတို့ဖြင့်ရိုက်ထားသည့် ဓာတ်ပုံများ သျှားထွဋ်အိန္ဒြာ ထုတ်ပြမည်

Written by  ပန်းမြတ်ဇော်

ရန်ကုန်၊ ဒီဇင်ဘာ ၁၈။ ဇန်န၀ါရီ လတွင် အမေရိကန် နိုင်ငံ၌ ကျင်းပမည့် မယ်စကြာဝဠာ ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် သျှားထွဋ်အိန္ဒြာ (Miss Myanmar Universe 2014)သည် နိုင်ငံကိုယ်စားပြု ၀တ်စုံနှင့် ညနေခင်း ပွဲတက် ၀တ်စုံတို့ဖြင့် ရိုက်ကူးထားသည့် အလှဓာတ်ပုံ များကို ဒီဇင်ဘာ ၂၀ တွင် ၎င်း၏ Facebook စာမျက်နှာ၌ ပရိသတ်များကို ပြသမည်ဟု ပြောသည်။

၎င်းသည် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်တွင် အမေရိကန်နိုင်ငံ မီယာမီ ကမ်းခြေ၌ ကျင်းပမည့် Miss Universe 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဒီဇင်ဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ဆိုသည်။

"ပြိုင်ပွဲဝင်ဖို့ မသွားခင်အထိ ခန္ဓာကိုယ်ပိုင်းနဲ့ ပတ်သက်ပြီး လေ့ကျင့်နေ ပါတယ်။ ညီမတို့ဆီမှာ ပန်ထွာ ဘုရင်မ ရှိခဲ့တာကို ပြချင်တယ်။ မြန်မာ အမျိုးသမီး တစ်ယောက်ရဲ့ ရဲရင့် ထက်မြက်တဲ့ ပုံစံတွေ ကိုလည်း ပြသ သွားမှာပါ"ဟု အလှမယ် သျှားထွဋ် အိန္ဒြာက ပြောသည်။

ယင်းပြိုင်ပွဲတွင် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ အဖိုးတန် ရှေးဟောင်း အမွေအနှစ်များ အကြောင်းကို လေ့လာပြင်ဆင် ထားပြီး မိတ်ကပ် ပြင်ဆင်မှုပိုင်း ဆိုင်ရာများနှင့် ခန္ဓာကိုယ်ပိုင်း ဆိုင်ရာများ ကိုလည်း လေ့ကျင့် ပြင်ဆင်လျက် ရှိသည်ဟု ၎င်းက ပြောသည်။

အလှမယ် သျှားထွဋ်အိန္ဒြာ၏ နိုင်ငံကိုယ်စားပြု ဝတ်စုံကို ဒီဇိုင်နာ မပုံ့ (My Favourite)မှ ဗိဿနိုးပြည်ကို အုပ်ချုပ်ခဲ့သည့် ပန်ထွာ ဘုရင်မ ၀တ်ဆင်သည့် ဝတ်စုံ ပုံစံအဖြစ် ဖန်တီးချုပ်လုပ်aပးထားပြီး ယင်းဝတ်စုံတွင် ရဲရင့်ပြတ်သား ခြင်းကို ပြသသည့် အနီရောင်နှင့် ရွှေဝါရောင် အရောင်အသွေးကို အသုံးပြု ချုပ်လုပ်ထား ကာ ပျူလူမျိုးများ စစ်တိုက်ရာ၌ အဓိက လက်နက် အဖြစ် အသုံးပြုသည့် လေးနှင့်မြား တို့ကိုလည်း ဟန်ရေး ပြသမှု၌ ပါဝင်မည် ဖြစ်သည်။

ယင်းအပြင် ဝတ်စုံနှင့် လိုက်ဖက်စေရန် တစ်ပေအမြင့် ရှိသည့် ခေါင်းဆောင်း၊ လက်မောင်းကျပ် လက်ဝတ်တန်ဆာ၊ လက်ကျပ် လက်ဝတ် တန်ဆာ၊ ခါးစည်း၊ ဒွါဒရာ၊ ခြေပတ်နှင့် လည်ဘယက် တို့ကို ပျူခေတ်၌ အသုံးပြု ခဲ့ကြသည့်  ကြေးသား ပုံစံအတိုင်း မြန်မာ ကနုတ် လက်မှု  အနုပညာများဖြင့်တွင်းထွက် ကျောက် မျက် အစစ် ၆ဝ ကျော် ဖြင့် ဖန်တီး ထားသည်ဟု အလှမယ် သျှားထွဋ် အိန္ဒြာက ပြောသည်။

"ဒီဝတ်စုံက မြန်မာနိုင်ငံမှာ ရှိတဲ့ ပျူလူမျိုးတွေ အကြောင်းကို သိရအောင်လို့ အဓိက တီထွင် ထားတဲ့ ဝတ်စုံ ဖြစ်တဲ့ အတွက် ပျူခေတ်က ခေတ်စားခဲ့တဲ့ ကြေး ထည် တွေနဲ့ အစ်မက ပြင်ဆင် ပေးထား ပါတယ်။ မြန်မာနိုင်ငံက မိုးကုတ်တွင်းထွက် ပစ္စည်းတွေကို အသုံးပြု ထားတယ်။ ဒီဝတ်စုံကို အချိန် သုံးလလောက်ပြင် ဆင်ရ ပါတယ်" ဟု ဒီဇိုင်နာ မပုံ့ (My Favourite)က ပြောသည်။

အလှမယ် သျှားထွဋ်အိန္ဒြာသည် Miss Universe 2014 ပြိုင်ပွဲ တွင်ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ဖိလစ်ပိုင် နိုင်ငံတွင် အလှမယ်နှင့် ပတ်သက်သည့် လေ့ ကျင့်မှုများ ဖြစ်သည့် စင်ပေါ်တွင် လမ်းလျှောက်နည်းများ၊ မိတ်ကပ် လိမ်းခြယ်မှုများ၊ အမေး အဖြေ ဖြေဆို လေ့ကျင့်မှု များကို သြဂုတ်လ ၅ ရက် မှ ၁၅ရက် အထိ သွားရောက် သင်ကြားလေ့လာ ထားသည်။

Read 1876 times

Related items

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 155 guests and no members online