House Art

eng btn

Monday, 15 December 2014 19:28

ပထမဆုံး ဖျော်ဖြေပွဲ၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ် မက်ဒေါနား ပြုလုပ်မည်

Written by 

ဒီဇင်ဘာ ၁၅။ အဆိုတော် မက်ဒေါနားသည် သူမ၏ ပထမဆုံး အယ်လ်ဘမ် ထွက်ရှိ ပြီးနောက် ၁၉၈၅ ခုနှစ်တွင် သူမ၏ ပထမဆုံး ဖျော်ဖြေရေး ခရီးစဉ်ကို ပြုလုပ်ခဲ့ရာ ရှေ့နှစ်တွင် အနှစ်သုံးဆယ် ပြည့်ပြီ ဖြစ်သဖြင့် အထိမ်းအမှတ် ပြုလုပ်ရန် ဂီတ ခရီးစဉ် တစ်ခုကို စီစဉ်နေသည်။ ထို့အပြင် One Republic အဖွဲ့မှ ရိုင်ရန်တက်ဒါနှင့် တွဲဖက်ကာ အယ်လ်ဘမ်အသစ် အတွက် သီချင်း များလည်း စီစဉ်နေသည်။

Madonna

ပထမဆုံး အယ်လ်ဘမ် ထွက်ရှိခဲ့စဉ်က မက်ဒေါနား။

သူမ၏ ပထမဆုံး ဖျော်ဖြေရေး ခရီးစဉ် အတွင်း မက်ဒေါနားသည် အမေရိကန်နှင့် ကနေဒါတလွှားတွင် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ပြီး ယခုအခါ အသက် ၅၆ နှစ်ရှိပြီဖြစ်သည့် မက်ဒေါနားသည် အထိမ်းအမှတ်ပွဲကို အထူးခြားဆုံး ဖြစ်ရန် စီစဉ်နေသည်။

“ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး မက်ဒေါနားကတော့ ပြောနေတာတွေ ရှိပါတယ်။ ဒါပေမယ့် သူ့အယ်လ်ဘမ်သစ် ထွက်ပြီးမှ ဖြစ်မှာပါ။ တကယ့်ကို ထူးခြားတဲ့ပွဲ ဖြစ်မှာပါ။ နှစ်သုံးဆယ်ပြည့် ဖြစ်တဲ့ အတွက် သူက နေရာတိုင်း နီးပါးမှာ ဖျော်ဖြေချင်နေ ပါတယ်” ဟု သတင်းရင်းမြစ် တစ်ခုက ပြောသည်။

၂၀၁၂ ခုတွင် ပြုလုပ်ခဲ့သည့် ဖျော်ဖြေရေး ခရီးစဉ်ကဲ့သို့ပင် ရက်ပေါင်း ၈၈ ရက် ကြာမြင့်မည် ဖြစ်ပြီး ဥရောပ၊ တောင်အမေရိကနှင့် အာရှတလွှားတွင် ခရီးသွားကာ မက်ဒေါနားက လှည့်လည်ဖျော်ဖြေမည်ဖြစ်ပြီး အယ်လ်ဘမ်သစ်ပြီးမှသာ ဖျော်ဖြေရေးခရီးစဉ်ကိစ္စကို အာရုံစိုက်နိုင်မည်ဟုဆိုသည်။

သူမ၏ အယ်လမ်ဘမ်သစ်ကိုလည်း အောင်မြင်မှုအကြီးအကျယ်ရရှိစေရန်မက်ဒေါနားက ကြိုးပမ်းနေပြီး ဟစ်သီချင်းများကို ရေးစပ်ခဲ့ သည့် တေးရေးများနှင့် ထုတ်လုပ်သူများကိုဆက်သွယ်ကာ အသေအချာစီစဉ်ထားသည်ဟုလည်း ပြောသည်။

မက်ဒေါနားကိုကူညီပေးနေသည့် ရိုင်ရန်တက်ဒါက သူပါဝင်သည့်အပိုင်းများကို ပြောကြားပေးရန် နှုတ်လုံနေသော်လည်း အသစ်ထွက်မည့် အယ်လ်ဘမ်သည် ဆယ်ဆုနှစ် တစ်ခုအတွင်း သူမ၏ အကောင်းဆုံး အနုပညာဖန်တီးမှုတစ်ခု ဖြစ်လိမ့်မည်ဟုဆိုခဲ့သည်။

မက်ဒေါနားသည် သူမ၏ အနုပညာသည် ဘ၀တွင် ဂီတဖျော်ဖြေပွဲ ခရီးစဉ် ကိုးခု ပြုလုပ်ခဲ့ပြီး ယခုလ အစောပိုင်း တွင်လည်း မီဒီယာ တစ်ခုအတွက် အပေါ်ပိုင်း အ၀တ်ဗလာဖြင့် ပုံများ ရိုက်ကူး ပေးခဲ့သည်။ “ဖျော်ဖြေရေး ခရီးစဉ်သစ်မှာ ဘယ်သူမှ မမြင်ဖူးတဲ့ သူမရဲ့ တခြားပုံစံ တစ်ခုကိုတွေ့ရမှာပါ” ဟု အဆိုပါ သတင်းရင်းမြစ်က ဖြည့်စွက်ခဲ့သည်။

Ref: Mirror

Read 1022 times

Related items

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 141 guests and no members online