House Art

eng btn

Monday, 24 November 2014 21:03

အလှမယ် အိန်ဂျယ်လမုန်၏ နိုင်ငံ ကိုယ်စားပြု ဝတ်စုံကို တိုင်းရင်းသား များ၏ ရိုးရာ ဓလေ့ များနှင့် ပေါင်းစပ်ထား

Written by  ပန်းမြတ်ဇော်

အလှမယ် အိန်ဂျယ်လမုန် Miss Intercontinental Myanmar 2014 ၏ နိုင်ငံကိုယ်စားပြု ဝတ်စုံကို ဒီဇိုင်နာ မပုံ့ (My Favourite) က တိုင်းရင်းသား လူမျိုးစု များ၏ ရိုးရာဓလေ့ ဆင်ယင် ထုံးဖွဲ့မှုများကို ယင်းဝတ်စုံ တစ်စုံထဲ၌ ထည့်သွင်းပေါင်းစပ် တီထွင် ပေးထားသည်ဟု Miss Golden Land Myanmar Organization မှ ကိုဝေယံအောင် က မဇ္ဈိမကို ပြောသည်။

AngelCostume

ယင်းဝတ်စုံသည် မြန်မာရိုးရာ တိုင်းရင်းသား များ၏ ၀တ်စုံ အစစ်မဟုတ် သော်လည်း တိုင်းရင်းသား လူမျိုးစုများ ဖြစ်သည့် လီဆူ၊ အခါ၊ ချင်း၊ ကချင်၊ ပဒေါင် အစ ရှိသည့် တိုင်းရင်းသားမျာ၏ ၀တ်စားဆင်ယင်မှုများကို ယင်းဝတ်စုံ ပေါ်၌ ဖန်တီး ထားခြင်း ဖြစ်သည်ဟု ပြောသည်။ ဝတ်စုံတွင် ငွေမောင်းကွင်းများ၊ ငွေလက်ကောက်များ၊ လည်ကွင်း များကြောင့် ယင်းဝတ်စုံသည် လေးလံလျက် ရှိသော်လည်း ဆင်ယင်ထုံး ဖွဲ့မှု များတွင်ပါဝင်သည့် အဆင်တန်ဆာ များသည် တန်ဖိုးရှိပြီး ဒီဇိုင်နာ သျှီလာကလည်း ညနေခင်း ၀တ်စုံကို ဖန်တီးချုပ် လုပ် ပေးသည်ဟု ၎င်းကပြောသည်။

အလှမယ် အိန်ဂျယ်လမုန်သည် ယင်းပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် အတွက် ခန္ဓာကိုယ် လှပကြံ့ခိုင်မှု လေ့ကျင့်ခြင်းများ၊ မော်ဒယ် လမ်းလျှောက် နည်းများ၊ မိတ်ကပ် ပြင်ဆင် ခြယ်သခြင်း လေ့ကျင့်မှုများနှင့် ရေကူးဝတ်စုံ ၀တ်ဆင်မှုတွင် ယုံကြည်မှု ရှိစေရန် လေ့ကျင့်မှု များကို ဆောင်ရွက်လျက် ရှိသည်ဟု ကိုဝေယံအောင်က ပြောသည်။ ယင်း ပြိုင်ပွဲသည် သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ခရီးသွား မြှင့်တင်ရေး ခေါင်းစဉ်ဖြင့်ကျင်းပခြင်း ဖြစ်ပြီး အလှမယ် အိန်ဂျယ်လမုန်သည် နိုဝင်ဘာ ၂၄ ရက်တွင် ဂျာမနီ နိုင်ငံသို့ ထွက်ခွာ သွားပြီ ဟု၎င်းက ပြောသည်။

Miss Intercontinental 2014 ကမ္ဘာ့ အလှမယ် ပြိုင်ပွဲသည် ဂျာမနီ နိုင်ငံ မက်ဒီးဘက်ခ်ျ မြို့တွင် နိုဝင်ဘာလ (၂၄)ရက်မှ ဒီဇင်ဘာလ (၄)ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ပြီးနိုင်ငံပေါင်း (၈၀)ကျော်မှ နိုင်ငံကိုယ်စားပြု အလှမယ်များ ပါဝင် ယှဉ်ပြိုင် ကြမည် ဟု ကိုဝေယံအောင်က ပြောသည်။

Read 1799 times

Related items

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 57 guests and no members online