House Art

eng btn

Friday, 21 November 2014 19:07

အကယ်ဒမီ ဒုတိယအဆင့် အကဲဖြတ် အဖွဲ့၏ ဥက္ကဋ္ဌ ဦးနှင်းမိုးနှင့် တွေ့ဆုံခြင်း

Written by  မြင့်မြင့်စိုး

ရန်ကုန်၊ နိုဝင်ဘာ ၂၁။ ၂၀၁၃ ခုနှစ် အတွက် ရုံတင် ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၁၄ ကား ထဲမှ နောက်ဆုံး ဆန်ခါတင်အဆင့် ရွေးချယ်ခြင်း ခံရသည့် ရုပ်ရှင် ဇာတ်ကား ၆ ကားကို စိစစ် အကဲဖြတ် ပေးရသည့် အကယ်ဒမီ ဒုတိယအဆင့် အကဲဖြတ် အဖွဲ့၏ ဥက္ကဌ ဦးနှင်းမိုးနှင့် တွေ့ဆုံပြီး အကယ်ဒမီဆု ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ပွင့်လင်းစွာ မေးမြန်း ခဲ့ပါသည်။

UHninMoe

အကယ်ဒမီ ဒုတိယအဆင့် ရွေးချယ်တဲ့ အဖွဲ့မှာ ဥက္ကဌ တစ်ယောက်အနေနဲ့ တာဝန်ယူမှုက....။

ပထမပိုင်းမှာ ဥက္ကဋ္ဌက ဦးကြည်စိုးထွန်း။ အဲဒီမှာ အဖွဲ့ဝင် ၁၇ ယောက် ပါတယ်။ ပထမပိုင်းမှာ အမှတ်ပေး စနစ်နဲ့ လုပ်ဖို့ စီစဉ်ကြတယ်။ ဒါပေမယ့် အကယ်ဒမီ ဘုတ်အဖွဲ့ တော်တော် များများက အမှတ်ပေး စနစ်နဲ့ လုပ်ရင် အတိမ်းအစောင်းတွေ ဖြစ်နိုင်တယ် ဆိုတော့ အရင့်အရင် လုပ်ခဲ့တဲ့ မူအတိုင်းပဲ အသေးစိတ် ရေးတင် ရတယ်။ ကောက်နုတ်ချက် တွေကို အသေးစိတ် ရေးတင် ရတယ်။ အခုလည်း ပထမအဆင့် ကနေပြီးတော့  ပထမအဆင့် ၁၄ ကားမှာ ၆ ကား ရွေးတယ်။ ၆ ကားက အရည်အချင်း အဆင့်မီတဲ့ ကားပေါ့။ အဲဒီ ၆ ကားကို နောက်ဆုံး အဆင့် ထပ်ရွေးတယ်။ အဲဒီ ၆ ကားကို ပဏာမ ကြည့် ပြီးတော့ ဒုတိယတစ်ကြိမ် ထပ်ကြည့်တယ်။ တချို့ကားတွေဆို ၆ ကြိမ်လောက် အထိ ပြန်ကြည့် ရတယ်။ ပြီးမှ ဘယ်ကားမှာ ဘယ်သူက အရည်အချင်း ပြည့်မီတယ် ဆိုပြီး အသေးစိတ် ရေးပေး ရတာ။ အဲဒါကို ချိတ်ပိတ်ပြီး သိမ်းထားတယ်။ ဒီဇင်ဘာ ပထမပတ်လောက်မှာ ဖွင့်ဖောက်ပြီးတော့ ဘယ်သူရမယ် ဆိုတာကို အတည်ပြုမယ်။

ပြင်ပမှာ အကယ်ဒမီဆု ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ပြောစကားတွေကို ဘယ်လို့ သုံးသပ်မလဲ။

အရင်နှစ်တွေက ခပ်ရှင်းရှင်းပြောရရင် အကယ်ဒမီ အဖွဲ့ဝင်တွေက ဋ္ဌာနဆိုင်ရာက တစ်ဝက်၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက တစ်ဝက် အဲဒီလိုမျိုးလေ။ ၂၀၁၂ ခုနှစ်က စပြီး အစိုးရက လုပ်တာပဲ။ သို့သော် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက အကုန်လုံး တာဝန်ယူ ပေးရတယ်။ ဒီနှစ်ကျတော့ အားလုံးကို တာဝန်ယူရတာ ဖြစ်သွားတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ပြန်ကြားရေး ဝန်ကြီးဌာနနဲ့  အမြဲတမ်း ပူးပေါင်း နေရတာပါပဲ။ ဒီနှစ်မှာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက အဖွဲ့ဝင် တွေက အကုန်လုံး စိစစ်ပြီး ကြည့်ရတယ် ဆိုပေမယ့် တကယ်တမ်း ဆုကျတော့ ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ယူ ချီးမြင့်ပေးမှာ။

မဲစနစ်နဲ့ ရွေးမယ်လို့ ပြောတယ်။ အပြင်က မယုံကြည်လို့ အဲဒီမဲတွေကို စပေါ် တင်ပြီး ကြည့်မယ် ဆိုရင်ရော ခွင့်ပြုပေးလို့ ရလား။

တို့က အမှတ်ပေးစနစ်နဲ့ ရွေးတာလဲ မဟုတ်သလို မဲစနစ်နဲ့ ရွေးတာလဲ မဟုတ်ဘူး။ ပထမအဖွဲ့ ၁၇ ယောက်ထဲက အများက ဆန္ဒပြုတဲ့သူ။ ၉ ယောက်လောက်က ဒီလူကို ပေးထိုက်တယ် ဆိုရင် အမှတ်များတာကို ယူလိုက်မှာပဲ။ ဒုတိယ အဖွဲ့ မှာ ၂၁ ယောက် ရှိတယ်။ ၁၂ ယောက်လောက်က ဒီလူကို ပေးထိုက်တယ် ဆိုရင် ပေးလိုက်မယ်။ ပြီးရင် ပထမပိုင်းက လူဦးရေရယ်၊ ဒုတိယပိုင်းက လူဦးရေ ရယ်ကို ပေါင်းပြီး အများပြောတဲ့ သူကို ရွေးမယ်။ စပေါ် တင်ပြီး အမှတ်တွေ ကြည့်မယ် ဆိုတာ အခု ဆရာတို့ လုပ်တဲ့ စနစ်က လျို့ဝှက်စနစ် ဖြစ်တယ်။ ဘယ်အဆင့်ထိ ကြေညာပေး နိုင်သလဲ ဆိုရင်  ၂၁ ယောက် ရှိတဲ့ အထဲက ဘယ်နှစ်ယောက်က ဆန္ဒပြု ထားလဲ။ အဲဒီ လောက်ထိ ထုတ်ပြန် ကြေညာပေးလို့ ရတယ်။ ဘယ်သူက ဘယ်သူကို ပေးတယ် ဆိုတာ ကတော့ တိတိကျကျ ကတော့ ထိပ်တန်း လျို့ဝှက်ချက်လေ။

ပြန်ကြားရေးက ကျင်းပတဲ့ အကယ်ဒမီနဲ့ မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံးက ကျင်းပတဲ့ အကယ်ဒမီက တန်ဖိုး ဘယ်လို ကွာဟမှု ရှိမလဲ။

ရှင်းရှင်း ပြောရရင် တန်ဖိုးကတော့ ကွာခြားမှု မရှိပါဘူး။ တချို့ ကျတော့လည်း ဂုဏ်တို့ ဘာတို့ အရ ပြောကြတာတွေ မရှိဘူး မဟုတ် ပါဘူး။ ရှိပါတယ်။ ဒါပေမယ့် ဆုက အခုလည်း ပြန်ကြားရေးက ပေးမယ့်ဆုပဲ။ အရင်ကဆို ဝန်ကြီးက တက်ပြီး ချီးမြင့်တယ်။ ဒီနှစ်ဆို သမ္မတကြီး ကိုတောင် ဇူလိုင် ၁၂ ရက် အနုပညာရှင် တွေနဲ့ တွေ့ဆုံပွဲတုန်းက ဖိတ်လိုက်တယ်။ သမ္မတ အဆင့် ကျင်းပမယ့် ပွဲပါ။ အဆင့်အတန်း အနေနဲ့ နိမ့်တယ်လို့ ပြောလို့မရဘူး။ နိုင်ငံတော် အဆင့်ပဲလေ။ ဆုဆိုတာ ကလည်း ပြန်ကြားရေးက ပေးတဲ့ဆုပဲ။ အရင်မူ အတိုင်းပဲ။ ဆုံးဖြတ်တယ် ဆိုတာကလည်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အဖွဲ့ဝင်တွေ အကုန်လုံးက ဆုံးဖြတ်တာ။ ဒီနှစ်လည်း ဒီလူတွေပဲ ဆုံးဖြတ်တယ်။ မနှစ်ကဆိုရင် အဖွဲ့ဝင် တွေက ပြန်ကြားရေး ကလည်း ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ကလည်း ပါတယ်။ ဒီနှစ်တော့ အစည်းအရုံးကပဲ ရွေးတာ ဆိုတော့ ကိုယ့်အချင်းချင်းက ရွေးတာ ဆိုတော့ သတိထားရ တာပေါ့။ အခုဆိုရင် ဖွင့်ဖောက်တဲ့ နေရာမှာ ပထမအဆင့် ဥက္ကဋ္ဌ၊ ဒုတိယအဆင့် ဥက္ကဋ္ဌ၊ နောက်ပြီးတော့ နာယကထဲက တစ်ယောက်၊ ပုဏ္ဏားတိုင် သဘောမျိုး ထားဖို့ ဦးညွှန့်ဝင်းလို ပုဂ္ဂိုလ်မျိုး တစ်ယောက် ထားရမယ်။ သူတို့ ရှေ့မှာ ပြုပြင် ပြောင်းလဲလို့ ရတာမှ မဟုတ်တာ။ သူတို့ရှေ့မှာ ဖွင့်ဖောက်မယ်။


ပွဲကျင်းပမယ့် နေရာ ပြောင်းလဲသွားတဲ့ အပေါ်မှာရော ဆရာဘယ်လို ပြောချင်ပါ သေးလဲ။

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေနဲ့ လူများများ ဆန့်မယ့် နေရာကို အဓိက ရွေးတယ်။ သုဝဏ္ဏဆိုရင် လူက ကန့်သတ်ထားသလို ဖြစ်နေတယ်။ အဲဒီလိုမျိုး ဖြစ်မှာစိုးလို့ အားလုံးသော အနုပညာ သမားတွေ ဝင်ဆန့်နိုင်အောင် ကျယ်ကျယ်ပြန့် ပြန့် ရှိတဲ့ နေရာကို ရွေးတာပါ။

Read 4723 times

Related items

  • ဆန်းသစ်တီထွင် အကယ်ဒမီပွဲတက် ဖက်ရှင်
  • အကယ်ဒမီမှန်းချက်နှင့် လွဲခဲ့ရသူများ

    Neto

    ဓာတ်ပုံ - သက်ကို

    ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ချီးမြင့်ပွဲကို ဒီဇင်ဘာ ၂၇ ရက်က စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း ပရိသတ်ခန့်မှန်းချက်နှင့် လွဲမှားမှုများကြုံခဲ့ရသည့် အနုပညာရှင်များကို မဇ္ဈိမမှ လေ့လာကြည့်ဖြစ်ခဲ့သည်။

  • စပွန်ဆာ အ၀တ်အစားအဆင်မပြေဖြစ်ခဲ့ကြရသည့် ဒိန်းဒေါင်နှင့် ခင်လှိုင်

    ၂၀၁၃ခုနှစ် အကယ်ဒမီပွဲတက်ဝတ်စုံကို ကူညီပံ့ပိုးသည့် စပွန်ဆာများ၏ အ၀တ်အစားများကြောင့် ဒီဇင်ဘာ ၂၇ရက်တွင် တက်ရောက်မည့် အကယ်ဒမီပေးပွဲ၌ အခက်အခဲများတွေ့ခဲ့ ကြရသည်ဟု ဒိန်းဒေါင်က မဇ္စျိမကို ပြောသည်။

  • အကယ်ဒမီဆုရှင်များ၏ ရင်တွင်းစကားများ

    Academy-award-ceremony-26

    ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ

    ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် နောက်ခံတေးဂီတဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု ခြောက်ဆု ပေးအပ်ခဲ့သည်။

    နောက်ခံတေးဂီတဆုကို စန္ဒယား တင်ဝင်းလှိုင်၊ အမျိုးသမီး ဇာတ်ပို့ဆု ခိုင်သင်းကြည်၊ အမျိုးသား ဇာတ်ပို့ဆု မင်းဦး၊ အမျိုးသမီး ဇာတ်ဆောင်ဆု ဝတ်မှုံရွှေရည်၊ အမျိုးသား ဇာတ်ဆောင်ဆု ပြေတီဦး၊ ဒါရိုက်တာဆု ဝိုင်းတို့က အသီးသီး ရရှိခဲ့သည်။ ဆုရရှိသူများက ဆုရပြီးတဲ့နောက် ဘယ်လိုခံစားရလဲ၊ ကျေးဇူးတင်စကားကို ဘာတွေပြောကြလဲ မဇ္ဈိမသတင်းထောက် မြင့်မြင့်စိုးက စုစည်းတင်ပြထားသည်။

  • အကယ်ဒမီပွဲ တက်ရောက်လာသူများ၏ ရင်ခုန်သံ

    Myanmar-Academy-award-9

    ဓာတ်ပုံ - သက်ကို

    ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာ ၂၇ရက်တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် ညနေ ၄နာရီမှ စတင် ကျင်းပလျက်ရှိသည်။

    အကယ်ဒမီပွဲသို့ တက်ရောက်လာသည့် မင်းသား၊ မင်းသမီးများ၊ ဒါရိုက်တာများ၏ ရင်ခုန်သံစကားများကို မဇ္ဈိမသတင်းထောက် မြင့်မြင့်စိုးက စုစည်းတင်ပြထားသည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 341 guests and no members online