House Art

eng btn

Friday, 21 November 2014 18:06

အလှမယ် အိန်ဂျယ်လမုန် Miss Intercontinental 2014 ယှဉ်ပြိုင်ရန် ဂျာမနီသို့ သွားမည်

Written by  ပန်းမြတ်ဇော်

ရန်ကုန်၊ နိုဝင်ဘာ၂၁။ အလှမယ် အိန်ဂျယ်လမုန်သည် ဂျာမနီ နိုင်ငံတွင် ကျင်းပမည့် Miss Intercontinental 2014 ကို ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၂၄ရက် ညနေ ၆ နာရီခွဲ၌ ထွက်ခွာမည်ဟု Miss Golden Land Myanmar Organization မှ National Director ကိုဝေယံအောင်က ၎င်း၏ ဖေ့ဘွတ် စာမျက်နှာတွင် ကြေညာ ထားသည်။ ယင်းပြိုင်ပွဲသည် မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ၀င်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု ကိုဝေယံအောင်က ပြောသည်။

AngelLM

အဆိုပါ ပြိုင်ပွဲသည် ဂျော်ဒန် နိုင်ငံတွင် ကျင်းပရန် ရည်ရွယ်ထား သော်လည်း အိမ်နီးချင်း နိုင်ငံများ မငြိမ်မသက် ဖြစ်နေ ခြင်းကြောင့် ကျင်းပမည့် ရက်ကို ရွှေ့ဆိုင်း ခဲ့သည်။ ယင်း ပွဲကို အီဂျစ် နိုင်ငံတွင် ဒုတိယအကြိမ် ကျင်းပရန် ရည်ရွယ် ခဲ့သော်လည်း ယခု အခါတွင် ဂျာမနီနိုင်ငံ ဂျာမနီနိုင်ငံ မက်ဒီဘက်ခ်ျတွင် ကျင်းပခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။ အဆိုပါ ပြိုင်ပွဲသည် သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ခရီးသွား မြှင့်တင်ရေး ခေါင်းစဉ် အောက်တွင် ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်ဟု ကိုဝေယံအောင် က ရေးသား ထားသည်။

Miss Intercontinental 2014 ပြိုင်ပွဲတွင် အလှမယ် အိန်ဂျယ်လ်လမုန် ၀တ်ဆင်မည့် နိုင်ငံ ကိုယ်စားပြု ဝတ်စုံကို ဒီဇိုင်နာ မပုံ့ (My Favourite) မှ မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လူမျိုးများ၏ ပြယုဂ်ပေါ်လွင် စေရန် အသုံးအဆောင် ပစ္စည်းများ၊ အ၀တ်အစား များကို ယင်းဝတ်စုံတွင် ပေါ်လွင်အောင် စီစဉ်ပေး ထားပြီး ညနေခင်း ပွဲတက် ဝတ်စုံကို ဒီဇိုင်နာ သျှီလာက ဖန်တီး ချုပ်လုပ် ပေးထားသည်ဟု ကိုဝေယံအောင်က ပြောသည်။

အိန်ဂျယ်လ် လမုန်သည် ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ လေ့ကျင့်မှုများ ၊ စင်ပေါ်တွင် မော်ဒယ် လမ်းလျှောက် နည်းများ ၊ မိတ်ကပ် လိမ်းခြယ်မှု အဆင့်ဆင့် လေ့ကျင့်မှု များကို ပြုလုပ်လျက် ရှိသည့် အပြင် ပြိုင်ပွဲတွင် ရေကူးဝတ်စုံ ၀တ်ဆင်မှုတွင် ယုံကြည်မှု ရှိရန် အတွက် လေ့ကျင့် ၀တ်ဆင်လျက် ရှိသည်။

Miss Intercontinental 2014 ကမ္ဘာ့ အလှမယ် ပြိုင်ပွဲကို နိုဝင်ဘာလ (၂၄)ရက်မှ ဒီဇင်ဘာလ (၄)ရက် အထိ ကျင်းပမည် ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း (၈၀) ကျော်မှ နိုင်ငံ ကိုယ်စားပြု အလှမယ်များ ပါဝင် ယှဉ်ပြိုင် ကြမည်ဟု ကိုဝေယံအောင်က ပြောသည်။

Read 1561 times

Related items

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 79 guests and no members online