House Art

eng btn

Thursday, 18 June 2015 15:18

ကင်ဆာရောဂါရနေသဖြင့် ဆေးခြောက် ပိုသုံးစွဲရတော့မည် ဖြစ်ကြောင်း ဟာသသရုပ်ဆောင် Tommy Chong ပြော

Written by 

tommy-chong

ကမ္ဘာကျော် ဟာသ သရုပ်ဆောင် Tommy Chong က သူသည် အစာဟောင်းအိမ်ကင်ဆာ (rectal cancer) ရောဂါအတွက် ဆေးကုသမှု ခံယူနေရကြောင်း ပြောကြားခဲ့သည်။ Tommy Chong မှာ ၁၉၇၀ ပြည့်လွန်နှစ်များက “Cheech and Chong” ဟာသဇာတ်မြူး ဖြင့် လူသိများခဲ့သူ ဖြစ်သည်။

ကင်ဆာရောဂါအတွက် ဆေးကုသမှု ခံယူနေရခြင်းနှင့် ပတ်သတ်၍ အသက် ၇၇ နှစ် အရွယ်ရှိပြီ ဖြစ်သည့် ဟာသ သရုပ်ဆောင်က သူ၏ပုံစံအတိုင်း ခပ်ရွဲ့ရွဲ့ ပြောဆိုခဲ့သည်။

“ကျွန်တော့်မှာ သတင်းကောင်းနဲ့ သတင်းဆိုး ရှိပါတယ်။ သတင်းဆိုးကို အရင်ဆုံး ပြောရရင် ကင်ဆာရောဂါဟာ ကျွန်တော့်ဆီ ပြန်ရောက်လာပါတယ်။ အဲဒါဟာ အရမ်းကို စိတ်ညစ်စရာ ကောင်းပါတယ်” ဟု Tommy Chong က သူ၏ တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။

“သတင်းကောင်းကတော့ ကင်ဆာကို ကုစားရင်းနဲ့ အခုဆိုရင် ကျွန်တော်ဟာ ဆေးခြောက်ကို ပိုပြီး သုံးစွဲရပါတော့မယ်” ဟု သူက ရေးသားခဲ့သည်။

“ကင်ဆာဝေဒနာအတွက် ဆေးကုသမှု ခံယူနေရချိန်မှာ၊ ကျွန်တော်ကံကောင်းစေဖို့ ကျေးဇူးပြုပြီး ဆုတောင်းပေးကြပါ။ ဆုတောင်းမေတ္တာပို့သမှုတွေနဲ့ အားပေးကူညီမှုတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်” ဟု Tommy Chong က တွစ်တာတွင် ရေးသားခဲ့သည်။

REF : BBC

Read 2878 times

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 110 guests and no members online