House Art

eng btn

Thursday, 18 June 2015 14:48

AIDS သုတေသနအဖွဲ့ amfAR ရန်ပုံငွေအတွက် မဂ္ဂဇင်းတွင်ပါသော ကိတ်လန်ဂျန်နာ ဓာတ်ပုံ အနုပညာလက်ရာကို လေလံတင်ရောင်းချခဲ့တဲ့ မိုင်လေဆိုင်းရက်စ်

Written by 

ကွန်တက်မြူးဇစ် (နယူယးယော့ခ်)။ ။ နာမည်ကျော် အဆိုတော် မိုင်လေဆိုင်းရက်စ်သည် AIDS သုတေသနအဖွဲ့ amfAR ရန်ပုံငွေအတွက် ၎င်း၏ အနုပညာလက်ရာ ပန်းချီကာသုံးချပ်ကို  ဇွန် ၁၆ရက်က လေလံတင်ရောင်းချခဲ့ကြောင်းနှင့် အဆိုပါပန်းချီကားများသည်  ကိတ်လန်ဂျန်နာ Vanity Fair မဂ္ဂဇင်း မျက်နှာဖုံးဓာတ်ပုံကို ပြန်လည်ပုံဖော်ရေးဆွဲထားသည့် ပန်းချီကားများဖြစ်သည်။

Miley-cyrus-caitlyn-jenner-artwork

 အဆိုတော် တစ်ဦးဖြစ်ပြီး ပရဟိတဒါနရှင် အသက်၂၂ နှစ်အရွယ်ရှိ ဆိုင်းရက်စ်သည် Vanity Fair မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံကို အခြေခံကာ ရေးဆွဲထားသည့် ပန်းချီကားများကို လေလံတင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆိုင်းရက်စ်သည် ပန်းချီကားများကို အရောင်များ၊ ပြိုးပြိုးပြက်ပြက် ရွှေမှုန်များထည့်သွင်းကာ နောက်ခံကိုပြင်ဆင်ချယ်သထားသည်။

အဆိုပါ ပန်းချီကား သုံးချပ်ကို အမေရိကန်ဒေါ်လာ ၆၉ ၀၀၀ဖြင့် လေလံတင် ရောင်းချနိုင်ခဲ့ကြောင်းနှင့် ပန်းချီကား ရောင်းရငွေများသည် amfAR အတွက် AIDS သုတေသနနှင့် HIV ပညာပေးရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် အထောက်အကူဖြစ်စေမည် ဖြစ်သည်။

ဆိုင်းရက်သည် amfAR ၏ ခြောက်ကြိမ်မြောက် နှစ်ပတ်လည် ပျော်ပွဲရွှင်ပွဲ အခမ်းအနားသို့ တက်ရောက်စဉ်အတွင်း ပန်းချီကား သုံးချပ်ကို လေလံတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။

နယူးယော့ခ်မြို့တွင် ပြုလုပ်သော အဆိုပါ အခမ်းအနားတွင် ဆိုင်းရက်စ်နှင့် အမေရိကန် ရုပ်မြင်သံကြား အစီစဉ်မှူး အန်ဒီချိုဟန်တို့သည် AIDS တိုက်ဖျက်ရေးတွင် ပါဝင်ကူညီခဲ့သည့်အတွက် ဂုဏ်ပြုခံခဲ့ရသည်။

ဆိုင်းရက်စ်သည် အဆိုပါ အခမ်းအနားတွင် LGBT (လိင်တူချင်း ဆက်ဆံသူများနှင့် လိင်ပြောင်းထားသူများ) လူငယ်များနှင့် အိမ်ခြေရာမဲ့များအတွက် ထောက်ပံ့မှုများ လုပ်ဆောင်ပေးမှုအတွက် Inspiration Award ဆုကို ချီးမြှင့်ခံခဲ့ရသည်။

ဆိုင်းရက်စ်သည် LGBT လူငယ်နှင့် ၎င်းတို့၏ မိသားစုများကို ကူညီထောက်ပံရေးအတွက် ရည်ရွယ်ကာ Happy Hippie Foundation ကို တည်ထောင်ထားသည်။ ယင်းမိသားစုများအတွင်း နားလည်မှုနှင့် လက်ခံနိုင်မှုကို တိုးမြှင့်ရန် ထောက်ပံ့မှုများ လုပ်ဆောင်ပေးလျက် ရှိသည်။

Read 2831 times

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 107 guests and no members online