House Art

eng btn

Thursday, 18 June 2015 10:11

အဆိုတော် နေး(လ်)ယန်းက ထရမ့်(ပ်)အနေဖြင့် ရီပတ်ဘလစ်ကန် သမ္မတလောင်းဖြစ်ရေး မဲဆွယ်မှုတွင် သူ၏ သီချင်းကို မသုံးရန်တားမြစ်

Written by 

Donald-Trump

ကနေဒါ အဆိုတော်နှင့် သီချင်းရေးဆရာဖြစ်သူ နေး(လ်)ယန်း က အိမ်ခြံမြေလုပ်ငန်း ဘီလျံနာ ဒေါ်နယ်(လ်)(ဒ်)ထရမ့်(ပ်) အနေဖြင့် ရီပတ်ဘလစ်ကန်ပါတီအတွက် အမေရိကန် သမ္မတလောင်းအဖြစ် ရွေးချယ်အဆိုပြုခံရရေး မဲဆွယ်စည်းရုံးမှုတွင် သူ၏ သီချင်း “Rockin’ In The Free World” ကို အသုံးပြုခဲ့ခြင်းနှင့် ပတ်သတ်၍ ဝေဖန်ပြောဆိုလိုက်သည်။

ကနေဒါ နိုင်ငံ တော်ရွန်တိုမြို့တွင် မွေးဖွားခဲ့သော နေး(လ်)ယန်းသည် ယခုအခါ ကယ်လီဖိုးနီးယားတွင် နေထိုင်လျက်ရှိသည်။

ကြေညာချက်ထဲတွင် နေး(လ်)ယန်းက “ဒေါ်နယ်(လ်)(ဒ်)ထရမ့်(ပ်) ဟာ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် အကြောင်း ကြေညာတာမှာ “Rockin’ In The Free World” သီချင်းကို သုံးခွင့်မရှိပါဘူး” ဟု ကြေညာချက်ထဲတွင် ဆိုခဲ့သည်။

ကွန်ဂရက်လွှတ်တော်တွင် လွတ်လွတ်လပ်လပ် တက်တက်ကြွကြွ ရှိသော လစ်ဘရယ်များထဲမှ တစ်ဦးဖြစ်သူ Vermont အထက်လွှတ်တော်အမတ် ဘာနီဆန်ဒါ(စ်) ကို ကနေဒါ အဆိုတော်က အားပေးထောက်ခံကြောင်း သူ၏ ကြေညာချက်က ဆိုသည်။ ဘာနီဆန်ဒါ(စ်) သည် ၂၀၁၆ ခုနှစ် ဒီမိုကရက်တစ် ပါတီအတွက် သမ္မတလောင်း အဖြစ် အဆိုပြုခံရရန် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

ထရမ့်(ပ်) ၏ မဲဆွယ်စည်းရုံးရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကမူ ၄င်းတို့အဖွဲ့သည် မဲဆွယ်စည်းရုံးရေး စတင်ရာတွင် ထိုသီချင်းကို တရားဝင် အသုံးပြုခွင့်ရရန်အတွက် ငွေကြေးပေးချေကာ၊ အမေရိကန် တေးရေး၊ စာရေးဆရာ နှင့် ထုတ်ဝေသူများ အသင်း ထံမှ လိုင်စင်တစ်ခု ရယူခဲ့ပြီး ဖြစ်ကြောင်း ပြောခဲ့သည်။


“ဘာပဲဖြစ်ဖြစ် အဲဒီသီချင်းကို ကျွန်မတို့ ဆက်သုံးတော့မှာ မဟုတ်ပါဘူး။ ရွေးစရာ သီချင်းတွေ အများကြီး ရှိပါတယ်။ မစ္စတာ ထရမ့်(ပ်)ဟာ နေး(လ်) နဲ့ ခြားနားတဲ့ နိုင်ငံရေး အမြင်ရှိပေမဲ့၊ သူဟာ နေး(လ်)ရဲ့ သီချင်းတွေကို အရမ်းကြိုက်တဲ့သူ တစ်ယောက်ပါ” ဟုလည်း ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဆိုခဲ့သည်။

REF : The Telegraph

Read 3190 times

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 69 guests and no members online