House Art

eng btn

Thursday, 18 June 2015 09:28

Terminator 5 ဇာတ်ကား အရောင်းမြှင့်တင်ရေးအတွက် ဆိုးလ်မြို့သို့ သွားရောက်မည့် မင်းသားကြီး အာနိုး

Written by 

ကေပေါ့ဟာရယ် (ဆိုးလ်)။ ။ ဟောလီးဝုဒ် မင်းသားကြီး အာနိုးသည်  ဇူလိုင်၂ ရက်တွင် ကိုရီးယားနိုင်ငံ၌ပြသမည့် Terminator 5 ရုပ်ရှင်ကား အရောင်းမြှင့်တင်ရေးအတွက် ဇွန်လနှောင်းပိုင်းတွင် ကိုရီးယားနိုင်ငံသို့ အလည်အပတ်သွားရောက်မည် ဖြစ်သည်။

The-Last-Stand-sအာနိုးသည် သုံးရက်ကြာ အရောင်းမြှင့်တင်ရေး ခရီးစဉ်အတွက် ဇွန် ၃၀ ရက်တွင် ကိုရီးယားနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း ပြည်တွင်း ရုပ်ရှင်ထုတ်လုပ်ရေး Lotte Entertainment က ဇွန် ၁၆ ရက်တွင် ပြောကြားသည်။

ဗြိတိန် သရုပ်ဆောင် မင်းသမီး အီမီလီယာကလက်ခ်သည်လည်း မင်းသားကြီး အားနိုးနှင့်အတူ ဇာတ်ကား အရောင်းမြှင့်တင်ရေးတွင် ပါဝင်ရန် ဇူလိုင် ၁ ရက်နှင့် ၂ ရက်ကြားတွင် ဆိုးလ်မြို့သို့ အလည်ပတ်လာရောက်မည် ဖြစ်သည်။

အာနိုးသည် အနာဂတ်စိတ်ကူးယဉ် သိပ္ပံဇာတ်ကား Terminator ဇာတ်ကားတွင် Terminator အဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။ ကလက်ခ်သည် Terminator ဇာတ်ကားတွင် အမျိုးသမီး တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်ပြီး ဂျွန်ကော်နာ၏ မိခင်အဖြစ် သရုပ်ဆောင်ထားသည်။ကိုရီးယားမင်းသား လီဗြောင်ဟွန်းသည်လည်း ရက်စက်သော လုပ်ကြံသတ်ဖြတ်သူ စက်ရုပ်လူသားအဖြစ် ဇာတ်ပို့နေရာမှ ပါဝင်သရုပ်ဆောင်ထားသည်။

အာနိုးသည် လွန်ခဲ့သည့် နှစ်နှစ်ကလည်း The Last Stand ဇာတ်ကား အရောင်းမြှင့်တင်ရေးအတွက် တောင်ကိုရီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့သည်။ The Last Stand ဇာတ်ကားကို တောင်ကိုရီးယား ဒါရိုက်တာ ကင်ဂျီဝန် ရိုက်ကူးထားသည်။

Read 2986 times

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 99 guests and no members online